Ngwe Saung Seafood Delivery

Call Directions

Ngwe Saung Seafood Delivery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngwe Saung Seafood Delivery, Seafood Restaurant, Kyaukkyi.

မောနင်းပါ။ မနက်3နာရီခွဲမှာ ထခူးရတဲ့ ကျနေ့ရဲ့ ကောက်ရိုးမှိုလေးတွေပါ 😊 ကျနော့်ရဲ့ စိုက်ကုန်ရောင်းကုန်လေးကို ဝယ်ယူအားပေးလို...
07/08/2025

မောနင်းပါ။ မနက်3နာရီခွဲမှာ ထခူးရတဲ့ ကျနေ့ရဲ့ ကောက်ရိုးမှိုလေးတွေပါ 😊 ကျနော့်ရဲ့ စိုက်ကုန်ရောင်းကုန်လေးကို ဝယ်ယူအားပေးလို့ ရပါတယ် ခင်ဗျာ။
09 790570458 09 400206006

ကျနော်နဲ့ကျနော့်အကိုဆရာတို့ စိုက်ပျိုးတဲ့‌ ရှယ်ကောက်ရိုးမှိုများ 1ပိသာလျှင် 25000ကျပ်ဖြင့် ကျောက်တန်းမြို့အထွက် ပီလခတ်အသ...
06/08/2025

ကျနော်နဲ့ကျနော့်အကိုဆရာတို့ စိုက်ပျိုးတဲ့‌ ရှယ်ကောက်ရိုးမှိုများ 1ပိသာလျှင် 25000ကျပ်ဖြင့် ကျောက်တန်းမြို့အထွက် ပီလခတ်အသွားလမ်းတွင် ရရှိပါပြီခင်ဗျာ။ မှာယူအားပေးလိုပါက 09 790570458
09 400206006သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

 #ရခိုင်ရှူးရှဲငကြင်းငပိချက်============ငါးကြင်း ကို ရေ အနည်းငယ်ဖြင့် ပြုတ်၍အရိုး နွှင် ထား ပါ . .!ငပိရည် ကို ဆနွမ်း အနည...
20/06/2025

#ရခိုင်ရှူးရှဲငကြင်းငပိချက်
============

ငါးကြင်း ကို ရေ အနည်းငယ်ဖြင့် ပြုတ်၍အရိုး နွှင် ထား ပါ . .!

ငပိရည် ကို ဆနွမ်း အနည်းငယ်ခက် ကျို ပီးအရိုးစစ် ထုတ် ၍ အရည် သာ ဖယ်ထားပါ .!

ကြက်သွန် ဖြူ များများ ကို မညတ်တညတ် ထောင်းပါ. .!

ကြက်သွန်နီ နည်းနည်းကို ပါးပါးလှီးပါ. .!

အိုးထဲ ဆီ အနည်း ငယ်မျှ သာ ထည့် ၍

ထောင်းထားသော ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ထည့်၍ ဆီသက်ပါ . .!

ထို့နောက် အရိုးနွှင်ထားသော ငါး ကို ထည့်၍ ဆီသက်ပါ. .!

ငါးဆီသက် ပီးလျှင် အရိုးစစ်ထုတ်၍ ဖယ်ထားသော ငပိရည်ကျို ကို လောင်းထည့် ပါ. .!

အချိုမှုန့် အနည်းငယ် ထည့် ပီး လိုသလောက် အရည်အနေအထား ရသည်အထိ တည်ပါ. .!

ထို့ နောက် ငရုပ်သီးစိမ်း များများ ထောင်းပီး ထည့်၍ ခဏအပူပေးကာ အိုးချ ၍ သုံးဆောင် လို့ ရပါပီရှင်. .!

( ငရုပ်သီးစိမ်း စားလို့ ဗိုက်နာ တက်လျှင် ငရုပ်သီးစိမ်းများ ကို အရင် လှော်ပီးမှ ထောင်းထည့်ပါ)

(ချဉ်ငံစပ် စားချင်လျှင် မန်ကျည်းရည် အနည်းငယ်ထည့်ပါ)

( တခါ ချက်ဆို ပင်စိမ်း or နံနံပင်အုပ်၍ ချက်နိုင်ပါသည် )

အရမ်းမွှေးပီး ထမင်းမြိန်မှာ ဧကန်ပါ. .!

*ငါး နေရာတွင် ပုစွန် အစားထိုး၍လည်း ဤနည်းအတိုင်း ရခိုင်ရရှူးရှဲ ပုစွန်ငပိချက် ချက်နိုင်ပါသည် *

Credit Myamyint Zu

အရိုးပြုတ်ရည် ဆိုတာ သဘာဝကော်လာဂျင်ဟင်းရည်ပါ...အရိုး ၊ အဆစ်အတွက် ကောင်းတယ် အသားအရေတွန့်တာလျော့ပါးပြီးနုပျိုစေတယ်ကိုယ်ခံအာ...
20/12/2024

အရိုးပြုတ်ရည် ဆိုတာ သဘာဝကော်လာဂျင်ဟင်းရည်ပါ...
အရိုး ၊ အဆစ်အတွက် ကောင်းတယ်
အသားအရေတွန့်တာလျော့ပါးပြီးနုပျိုစေတယ်
ကိုယ်ခံအားကောင်းစေတယ်
ကြိုက်ရာ အရိုးကို ဂျင်းနဲ့ ၂နာရီ လောက် မီးအေးအေးနဲ့ ပြုတ်ပါ
ရလာတဲ့အရည်ကို သီးသန့်သောက်လည်းရပါတယ်
အရွက်၊ အသားစုံအောင်ထည့်သောက်လည်းရပါတယ်
တပတ် ၂ကြိမ် ၃ကြိမ် သောက်ပေးခြင်းဖြင့် ၁၀နှစ်လောက်တော့ နောက်ဆုတ်ထားနိုင်ပါတယ်...
ညနေခင်းစာ ထမင်းမစားဘဲ သောက်ပေးရင် ပိုကောင်းပါတယ်

crd

အမဲသားကြိုက်သူများအတွက်ကြော်နည်း၊ ချက်နည်း၊ကင်နည်းများ👇👇ပုံဖိကြည့်ပါနော်🤗🤗🤗 #မူရင်းပို့စ်ပိုင်ရှင်များအားလုံးကိုcreditပေ...
17/12/2024

အမဲသားကြိုက်သူများအတွက်ကြော်နည်း၊ ချက်နည်း၊ကင်နည်းများ👇👇

ပုံဖိကြည့်ပါနော်🤗🤗🤗

#မူရင်းပို့စ်ပိုင်ရှင်များအားလုံးကိုcreditပေးပါတယ်

ကြက်သောက်စမ်းချက်နည်း 😋😍=============ကြက်သောက်စမ်းပါဝင်ပစ္စည်းများ -- ဗမာကြက်၄၀သား- ကြက်သွန်ဖြူ၄ဥ- ဂျင်းလက်တဆစ်- စပါးလင်...
21/07/2024

ကြက်သောက်စမ်းချက်နည်း 😋😍
=============
ကြက်သောက်စမ်း
ပါဝင်ပစ္စည်းများ -
- ဗမာကြက်၄၀သား
- ကြက်သွန်ဖြူ၄ဥ
- ဂျင်းလက်တဆစ်
- စပါးလင်တပင်
- ငြုပ်သီးရှည်ခြောက်၆တောင့်
- စူကာညွန့် ဖယုံညွန့် မုန်ညှင်းစိမ်း
- မှို ၁၀ သား
- ပင်စိမ်းတစည်း ရှမ်းနံနံ
- သံပုရာသီးတလုံး
- ငြုပ်သီးစိမ်းလက်တဆုတ်
- ကြက်သွန်နီ၂လုံး
ချက်ပြုတ်နည်း -
▫️ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ
▫️ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကိုမညက်တညက်ထောင်းပါ
▫️ပြီးရင် ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့် ငံပြာရည် ထည့်ပီး ထောင်းထားတာနဲ့ရောသမနယ်ပြီးနှပ်ထားပါ စပါးလင်အရင်းပိုင်းကိုတစောင်းလှီးထားပါ
▫️ဒယ်အိုးတလုံးတွင် ရေတလီတာထည့်ပီးတည်ထားပါ
▫️ရေဆူရင် ကြက်သားလုံးထားတာနဲ့စပါးလင်ကိုထည့်ပီးအဖုံးအုပ်ထားပါ
▫️ဆယ်မိနစ်ကြာလို့ ကြက်သားနူးလောက်ပီဆို
▫️မှို ကြက်သွန်နီလေးစိပ်ခွဲ ငြုပ်သီးစိမ်းထည့်ပီး ထပ်တည်ထားပါ အရသာပေါ့ငန်မြည်းပါ
▫️ပီးရင် အညွန့်အရွက်စုံ ရှမ်းနံနံ ပင်စိမ်းတို့ကိုထည့်ပီးအဖုံးအုပ်ပီးမီးပိတ်လိုက်ပါ ပြီးမှသံပုရာရည်ညှစ်ပီးအသင့်စားလို့ရပါပီး
#သောက်ဆမ်းဟင်းဖြစ်တဲ့အတွက် ဟင်းရည်အကျဲအပြစ်ကို လိုသလောက်ရေနွေးထည့်ပီး စားသုံးနိုင်ပါတယ် 🙏💟😋
#ဟင်းချက်နည်းများ
#ငွေဆောင်

ငါးသောက်ဆမ်း မွန်ချက် 😋😋ကကတစ်ငါး.....၃၀ သား (ခုတ်ပြီရေဆေးပြီရင် ဆားနဲ့နယ်ထားပါ)ကြက်သွန်နီ......၁လုံး (ထောင်းထားပါ) ကြက်သ...
02/07/2024

ငါးသောက်ဆမ်း မွန်ချက် 😋😋

ကကတစ်ငါး.....၃၀ သား (ခုတ်ပြီရေဆေး
ပြီရင် ဆားနဲ့နယ်ထားပါ)

ကြက်သွန်နီ......၁လုံး (ထောင်းထားပါ)
ကြက်သွန်ဖြူ.....၅မွှာ (ထောင်းထားပါ)

စပါးရင်.... တပင် (ထုထားပါ)
ဂျင်း.... ၂ ပြား( ပိုင်းထားပါ)
ဆီ...အနည်းငယ်
ခရမ်းချဥ်သီး..... ၃လုံး (လှီးထားပါ)
နံနံပင်/ ရှမ်းနံနံ...... အနည်းငယ်
ငရုပ်သီးစိမ်း..... ၈တောင့်ခန့်
နနွင်းမှုန့်....... အနည်းငယ်
မရမ်းပြား.......၈ပြား
ငါးပိ...အနည်းငယ်

အိုးထဲဆီထည့် ဆီပူလာရင် ကြက်သွန်နီဖြူ ဆီသတ် ဆနွင်းမှုန့်ထည့် ခရမ်းချဥ်သီး ငါးထည့်
စပါးလင် ဂျင်းပါထည့် လှိမ့်
ငရုပ်သီးစိမ်းညှပ်ထည့်
ရေထည့် ငပိ ဆား ထည့် မရမ်းပြားချေထည့်ပြီ အဖုံးအုပ်ထားပါ
အချဥ်ပါတခါထဲထည့်မယ်နော်
ဆူလာလို့ အနံ့မွှေးလာရင်
နံနံပင် နဲ့ ရှမ်းနံနံ ထည့်အုပ်
အရသာမြည်း
ချဥ်ငံစပ်လေးနဲ့
ထမင်းမိန်စေမယ့် ဟင်းတခွက်လေး
ရပါပြီနော်။

ပြန်လည်ကူးယူဝေမျှခြင်းအမဲသားကြော် ကြွပ်ကြွပ်မွမွလေးတခါတလေ ဆီပြန်ဟင်းတွေလည်း မချက်ချင်တဲ့အခါ လွယ်လွယ်ကူကူပဲ အမဲသားကြော် က...
02/07/2024

ပြန်လည်ကူးယူဝေမျှခြင်း

အမဲသားကြော် ကြွပ်ကြွပ်မွမွလေး
တခါတလေ ဆီပြန်ဟင်းတွေလည်း မချက်ချင်တဲ့အခါ လွယ်လွယ်ကူကူပဲ အမဲသားကြော် ကြွပ်ကြွပ်လေးကြော်ပြီး ထမင်းကို ဆီနဲ့ဆားနဲ့နယ်စားကြည့်ပါ အရမ်းစားလို့ကောင်းပါတယ်။ အမဲသားကြော်က အာဟာရလည်းပြည့်၊ ချက်ရပြတ်ရတာလည်း အလုပ်မရှုပ်ဘူးဆိုတော့ အိမ်ရှင်မတွေအတွက် ရွေးချယ်သင့်တဲ့ ဟင်းတစ်ခွက်ပါ။ ပဲဆီနံမွှေးမွှေးလေးနဲ့ ထမင်းဖြူ‌လေးရယ်
အမဲသားကြော် ကြွပ်ကြွပ်မွမွလေးရယ် သွားရည်တောင်ကျလာပြီမဟုတ်လား

ပါဝင်ပစ္စည်းများ
အမဲသား ၂၅ ကျပ်သား
ဂျင်းထောင်းပြီးသား ၅ ကျပ်သား
ကြက်သွန်ဖြူထောင်းပြီးသား ၅ ကျပ်သား
ကြက်သားမှုန့် ထမင်းစားဇွန်း သုံးပုံနှစ်ပုံ
ဆီ ၂၅ ကျပ်သား
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ တစ်လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ
၁။ ပထမဆုံးအမဲသားတွေကို အနေတော်တုံးပြီး ရေဆေးထားပါ။ အသားတွေကို အိုးတစ်ခုထဲထည့်ပြီး ညှီနံပျောက်အောင် ဂျင်း၊ ကြက်သွန်ဖြူထောင်းထားတဲ့ အရည်ရောအဖတ်ရောကိုထည့်၊ ငရုတ်ကောင်းနဲ့ ကြက်သားမှုန့်ထည့်ပြီး ၅မိနစ်ခန့် နယ်နှပ်ထားပါမယ်။
၂။ အသားထဲ အမွှေးအကြိုင်တွေစိမ့်ဝင်သွားပြီဆိုမှ အဲ့ဒီအိုးထဲ ရေတစ်လီတာထည့်ကာ မီးပြင်းပြင်းနဲ့ရေခမ်းချိန်ထိပြုတ်ထားပါမယ်။
၃။ ရေခမ်းချိန်မှ ပြုတ်ထားတဲ့ အသားတွေကိုထုတ်ပြီး အသားမျှင်နည်းနည်းဖြဲကာ အအေးခံထားပါမယ်။
ဆီကိုအိုးမကပ်တဲ့ ဒယ်အိုးထဲထည့်၊ ပူအောင်တည်ပြီး ခုနက အမဲသားမျှင်တွေကို ဆီထဲ ထည့်ကြော်ပါမယ်။
၄။ အမဲသားတွေ အပြင်ရောင်ညိုလာပြီးကြွပ်လာပြီဆိုတာနဲ့ အိုးထဲကနေ ထုတ်ပြီး အရသာရှိတဲ့ အမဲသားကြွပ်ကြော်မွမွလေးကို ဆီဆားနယ်ထားတဲ့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။ Very Good ပါ

အမဲသားကို အသားတွေမမျှင်ဘဲ အတုံးလိုက်စားချင်ရင်တော့ ပြုတ်ပြီး မကြော်ခင် အနည်းငယ်ထောင်းပြီးမှ ကြော်ပါ။ အစပ်ကြိုက်ရင် ငရုတ်သီးထည့်ကြော်လို့ရပြီး တခြားကြိုက်နှစ်သက်ရာ ပျဉ်တော်သိမ်ရွက်၊ ကြက်သွန်နီတို့ရဲ့ ရောကြော်လည်းရပါတယ်။
မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။credit

ငါးကင်(အကင်ဆိုင်ကင်နည်း)Share ထားလို့ရပါတယ် ရှယ်နော်ငါးကင်လုပ်နည်းမေးထားတဲ့သူများအတွက် အနံ့မွှေးမွှေးငါးကင်လေးပါ။ပါ၀င်သေ...
13/12/2023

ငါးကင်(အကင်ဆိုင်ကင်နည်း)
Share ထားလို့ရပါတယ် ရှယ်နော်

ငါးကင်လုပ်နည်းမေးထားတဲ့သူများအတွက် အနံ့မွှေးမွှေးငါးကင်လေးပါ။

ပါ၀င်သောပစ္စည်းများ
၁။ စလားဗီးယား ငါး (သို့) ကြိုက်နှစ်သက်ရာ ငါး - ၁ ကောင်
၂။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (သို့) အနည်းငယ် (ငါးအကောင် အကြီးအသေးပေါ်မူတည်ရ်ျ)
၃။ ဂျင်း - လက်တဆစ်
၄။ ကြက်သွန်ဖြူ - ၂ မွှာ
၅။ နံနံပင် - ၁၀ ပင်
၆။ ရှမ်းနံနံ - ၁၀ ပင်
၇။ ငရုတ်သီးစိမ်း - ၅ တောင့်
၈။ ငရုတ်သီးဆီချက် (တရုတ်မပုံ ပုလင်း) (မရှိလျှင် ငရုတ်သီးအကြမ်းမှုန့်နှင့် တရုတ်မဆလာကို ဆီသပ်ထားပါ။)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ငါးကို သန့်စင်ပြီး တဖက်တချက်ဆီကို မွှန်းထားပါ။
ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။

၂။ ဂျင်းနှင့် ကြက်သွန်ဖြူ မှ အ၇ည်ကို ငါးပေါ်သို့အနှံ့ညှစ်ချပါ။ ဗိုက်သားထဲကို ပါ ညှစ်ပါ။ ထို့နောက် ဆားဖြင့် ငါး အနှံ့သုတ်ပါ။

၃။ အရည်ညှစ်ထားသော ဂျင်း၊ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ နံနံပင် တို့ကို ထောင်းပါ။ ထောင်းထားသောအစာပလာများကို ငါးရဲ့ဗိုက်သားထဲကို အစာသွပ်ပါ။

၄။ ငရုတ်သီးဆီချက်ကို ငါးရဲ့မျက်နှာပြင် ၂ ဖက်လုံးကို စုတ်တံ ဖြင့်သုတ်ထားပါ။

၅။ ငါးကင်လို့ရပါပြီ။ ငါးကင်နေစဉ်မှာ ငါးရဲ့မျက်နှာပြင်ကို ငရုတ်သီးဆီချက်ဖြင့် သုတ်ပေးပါ။
(အစပ်ကြိုက်လျှင် ငရုတ်သီးအဖတ်တွေပါ သုပ်ပါ။)
♦️*ငါးကင်ကင်မည့် သံပြားကိုလဲဆီသုတ်ပါ။ ငါးအရေခွံများ ကပ်မသွားအောင်လို့ပါ။*♦️

credit - မူရင်းပိုင်ရှင်
photo - credit

ခရမ်းချဥ်သီး ပန်ထွေဖျော်ခရမ်းချဥ်သီး ငရုတ်သီးစိမ်းအညှာခြွေကြက်သွန်ဖြူ တို့ကို ရေဆေးပြီး မီးကင်ငပိအနည်းငယ် မီးကင်အားလုံး ...
05/12/2023

ခရမ်းချဥ်သီး ပန်ထွေဖျော်

ခရမ်းချဥ်သီး
ငရုတ်သီးစိမ်းအညှာခြွေ
ကြက်သွန်ဖြူ တို့ကို
ရေဆေးပြီး မီးကင်
ငပိအနည်းငယ် မီးကင်
အားလုံး မီးကင်ပြီးရင် ခရမ်းချဥ်သီး ကို အခွံနွှာ
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတွေကို
ကြိတ်စက်ထဲ ဆားထည့်ပြီး ကြိတ်

(ကြိတ်စက်မရှိလဲ ခရမ်းချည်သီးလေတွေကို ဇွန်းလေးနဲ့ခြေပီးဖျော်လည်းရတယ်
​ငရုတ်သီး၊ကြက်သွန်ဖြူလေးတွေကို ငရုပ်ဆုံလေးနဲ့ထောင်းပြီးမှဖျော်ထားတဲ့ခရမ်းချည်သီးထဲကိုထည့်ပီးမွှေ )

နံနံပင် ပါးပါးလှီးပြီး ကိုယ်ကြိုက်တဲ့
အသီးနှံတွေနဲ့ တွဲစားလို့ရပါပြီရှင်။ 😋😋😋

မင်မင်တော့အရမ်းကြိုက်😋😋😋

#ခရမ်းချဉ်သီးပန်ထွေဖျော်

Address

Kyaukkyi

Telephone

+959403130166

Website

Alerts

Be the first to know and let us send you an email when Ngwe Saung Seafood Delivery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share