21/12/2021
နာကျင်အောင် မလုပ်ပါနဲ့....
ကိုယ်မှ နာတတ်ရင်
တ်ခားသူကို
နာကျင်အောင် မလုပ်ပါနဲ့။
ဘာဖြစ်လို့လဲ ဆိုတော့
သူလည်း ခံစားတတ်တဲ့
နှလုံးသားပါတယ်လေ။
ကိုယ်မှ ငိုရတာ မုန်းရင်
တ်ခားသူကို
ငိုအောင် မလုပ်ပါနဲ့။
ဘာဖြစ်လို့လဲ ဆိုတော့
ကိုယ်ငိုရတာက
အမှတ်အတေး မရှိတတ်ပေမဲ့
သူငိုနေတာက
တစ်သက္တာ
အနာဖြစ်သွားစေတတ်တယ်။
ကိုယ်မှ မကင်းနိုင်သေးရင်
သည်းခံနေတာက
အကောင်းဆုံးပါ။
ဘာဖြစ်လို့လဲ ဆိုတော့
ဘာမဟုတ်တဲ့ ဒေါသကို
ရှေ့တန်းတင်မိရင်
ကောင်းကျိုးထက်
ဆိုးကျိုးကို ဖိတ်ခေါ်နေသလို
ဖြစ်နေတတ်တယ်။
ကိုယ်မှ လိမ္တာ မခံနိုင်ရင်
သူမ်ားကို မလိမ်ပါနဲ့။
ဘာဖြစ်လို့လဲ ဆိုတော့
လိမ်ညာခြင်းဆိုတာ
တစ်ခါလိမ်မိရင်
အလိမ်မပေါ်အောင်
အကြိမ်တစ်ရာ မက
ထပ်လိမ်နေရလို့ပါ။
ကိုယ်မှ မပြင်နိုင်သေးရင်
တ်ခားသူကို
မဆုံးမတာ ကောင်းပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့
တချို့သော ဆုံးမမှုတွေက
ကိုယ့်ဆီက
မကောင်းတဲ့ အမူအကျင့်တွေကို
စတေးရတာတွေ ရှိနေတတ်တယ်။
ကိုယ်မှ တာဝန်မယူနိုင်ရင်
ကတိမေပးတာက
ပိုကောင်းပါလိမ့်မယ်။
ဘာဖြစ်လို့လဲ ဆိုတော့
တချို့သော ကတိတွေက
အသက်လောက် တန်ဖိုးကြီးပြီး
ဂုဏ်သိက္ခာပါ
အေလ်ာ်အစား လုပ်ရတတ်လို့ပါ။
-ဇင်းနစ်(မကွေး)