29/05/2022
ဒီရက်ပိုင်း အရောင်းပိုစ့်လေးတွေခဏ နားထားပါတယ်ရှင့်။ ပို့ပေးနေကြ စက်ဘီး ဒလီက အဆင်မပြေဖြစ်နေလို့ပါနော်။
မုန့်က ပို့ပေးတာ ဂရုစိုက်ရတော့ Rider တိုင်း ကားဒလီတိုင်း နဲ့လည်း အဆင်မပြေလို့ပါ။
ဂရုတစိုက် သယ်ပေး၊ ဖုန်းကြိုဆက်ပေးတဲ့ သူမှ အဆင်ပြေတာပါ။
ပြီးပြီးရောတွေ နဲ့ကြုံ ရင် ရှိတဲ့ ဖောက်သယ် လေးတောင် ပျက်ပါတယ်။
ဒီကြားထဲတော့ ကားဒလီ အဆင်ပြေမယ် ထင်တာလေးတွေ ဖုန်းဆက်မေးတာလုပ်ပါသေးတယ်။ လမ်းကြောင်းနည်းတာရယ်၊ နေ့ချင်းပြီး ပို့ရတာဆိုတာကြောင့် မလုပ်ပေးချင်ကြပါဘူး။ Way နည်းလို့ လာယူပေးခတွေ လည်း အိတ်စိုက်ပါတယ်။ ဆီဈေးတက်လို့ ကားခများတာတွေလည်း ၅၀၀, ၁၀၀၀ အိတ်စိုက်ပါတယ်။ အဲ့လို အဆင်ပြေအောင်လုပ်နေရင်း တချို့ အဆင်မပြေတာလေးတွေကြုံ တော့ ခဏ နားလိုက်ပါအုံးမယ်ရှင့်။
ပိုအဆင်ပြေအောင် ပြင်ဆင်ပြီး ပြန်လာဖို့ကြိုးစားပါမယ်နော်။
ကျေးဇူးတင်ပါတယ်ရှင့်။
See you later!