Queen Thanbula Hotel Bagan

Queen Thanbula Hotel Bagan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Queen Thanbula Hotel Bagan, Corner of 6th Street and Yin Mar Street, Bagan.

We are a boutique hotel in new Bagan and we are delighted to provide our guests with a remarkable stay at a classic Colonial-style setting with a touch of elegance. Outdoor heated swimming pool available
Wide range of imported fine wines available
Panoramic views of Sunset and Sunrise
Rooftop Restaurant
Bagan fusion breakfast - A' Lar Carte'
Happy Hour 5-6 pm a Free glass of Red or White wine with local tapas

Queen Thanbula Hotel Bagan Welcomes Runners!The excitement is building as the Bagan Marathon (November) and Bagan Run (D...
07/08/2026

Queen Thanbula Hotel Bagan Welcomes Runners!

The excitement is building as the Bagan Marathon (November) and Bagan Run (December) draw near.

We’re preparing something special for runners—a thoughtfully designed Race Weekend Stay Package that combines comfort, convenience, recovery, and the warm hospitality of Queen Thanbula Hotel Bagan.

Whether you’re an experienced runner, a first-time participant, or joining the school race, we look forward to welcoming you for an unforgettable race weekend.

Stay tuned… Our Race Weekend Stay Package will be unveiled soon.

Stay. Run. Recover. Celebrate.

ဝါဆိုလပြည့်နေ့ထူးနေ့မြတ် အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဥပဒ်အန္တရာယ်မှ ကင်းဝေးပြီး စိတ်အေးချမ်းသာစွာဖြင့် လိုအ...
28/07/2026

ဝါဆိုလပြည့်နေ့ထူးနေ့မြတ် အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဥပဒ်အန္တရာယ်မှ ကင်းဝေးပြီး စိတ်အေးချမ်းသာစွာဖြင့် လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း Queen Thanbula Hotel Bagan မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Luxury Reimagined. Beyond the Ordinary.ပုဂံကို လာလည်တာဟာ ခရီးတစ်ခုထက်ပိုပါတယ်။အမှတ်တရဖြစ်စေမယ့် အတွေ့အကြုံတစ်ခုကို ရွေးခ...
24/07/2026

Luxury Reimagined. Beyond the Ordinary.

ပုဂံကို လာလည်တာဟာ ခရီးတစ်ခုထက်ပိုပါတယ်။
အမှတ်တရဖြစ်စေမယ့် အတွေ့အကြုံတစ်ခုကို ရွေးချယ်တာလည်း ဖြစ်ပါတယ်။

Queen Thanbula Hotel Bagan မှာတော့
360° Rooftop ပေါ်ကနေ ပုဂံရဲ့ နေထွက်ချိန်အလှကို ငေးမောရင်း၊
ဒေသထွက် မနက်စာနဲ့ ကော်ဖီပူပူလေးကို အေးအေးချမ်းချမ်းသုံးဆောင်နိုင်တဲ့ အခိုက်အတန့်က
သင့်ခရီးရဲ့ အလှဆုံးအစ ဖြစ်လာပါလိမ့်မယ်။

နေ့လယ်ပိုင်းမှာတော့
စက္ကူပန်းတွေနဲ့ ဝန်းရံထားတဲ့ အေးမြသန့်ရှင်းတဲ့ ရေကူးကန်ဘေးမှာ
စိတ်ရော လူရော အနားယူအပန်းဖြေနိုင်ပါတယ်။

အဆင့်အတန်းရှိတဲ့ တည်းခိုမှုဆိုတာ အသေးစိတ်တိုင်းမှာ ကွာခြားပါတယ်။
Queen Thanbula Hotel Bagan တစ်ခုလုံးမှာ Tap Water ကို သောက်သုံးနိုင်တဲ့အထိ အဆင့်မြင့် ရေသန့်စနစ်ကို အသုံးပြုထားတာဟာ Luxury ဆိုတဲ့ အဓိပ္ပာယ်က အသေးစိတ်အချက်အလက်တိုင်းအပေါ် ဂရုစိုက်မှုကနေ စတင်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

ထို့အပြင် Queen Thanbula Hotel Bagan ရဲ့ Bagan Signature Fusion Cuisine ဟာ
ဒေသခံရိုးရာအရသာကို ခေတ်မီဖန်တီးမှု နဲ့ ပြန်လည်အသက်သွင်းထားတဲ့ Signature Menu များဖြစ်ပြီး ပုဂံမှာ မလွတ်သင့်တဲ့ Dining Experience တစ်ခုကို ပေးစွမ်းပါတယ်။

ဖြူစင်ခန့်ညားတဲ့ Architecture၊
တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်နဲ့ အသေးစိတ်တိုင်းကို ဂရုတစိုက် ဖန်တီးထားတဲ့ Design တွေက အမှတ်တရဓာတ်ပုံလှလှလေးတွေကို ဖန်တီးပေးရုံသာမက အေးချမ်းတဲ့ အနားယူမှုရဲ့ အဓိပ္ပာယ်အသစ်ကိုပါ ခံစားစေမှာပါ။

ပုဂံရဲ့ အလှတရားကို သီးသန့်ဆန်ဆန်၊ အေးအေးချမ်းချမ်း၊ အဆင့်အတန်းရှိရှိ ခံစားချင်တယ်ဆိုရင်…

Queen Thanbula Hotel Bagan မှာ သင့်ရဲ့ အမှတ်တရခရီးကို စတင်လိုက်ပါ။

26/06/2026

Timeless Elegance & Quiet Luxury
Create unforgettable moments with your loved ones in the peaceful charm of Queen Thanbula Hotel Bagan.

အချိန်မရွေး လှပနေတဲ့ အဆင့်မြင့်အေးချမ်းမှုရဲ့ အရသာကို Queen Thanbula Hotel Bagan မှာ ခံစားလိုက်ပါ။ ကိုယ်ချစ်ရသူတွေနဲ့အတူ ဆိတ်ငြိမ်အေးချမ်းတဲ့ အငွေ့အသက်တွေကြားမှာ မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးလိုက်ပါ။

ပုဂံမြေရဲ့ မိုးရာသီအလှတရားနဲ့အတူအမှတ်တရဖြစ်စေမယ့် အရသာများမိုးလေးတဖွဲဖွဲကျပြီး ပုဂံမြေတစ်ခွင် စိမ်းစိုအေးချမ်းနေတဲ့ ညနေခ...
05/06/2026

ပုဂံမြေရဲ့ မိုးရာသီအလှတရားနဲ့အတူ
အမှတ်တရဖြစ်စေမယ့် အရသာများ

မိုးလေးတဖွဲဖွဲကျပြီး ပုဂံမြေတစ်ခွင် စိမ်းစိုအေးချမ်းနေတဲ့ ညနေခင်းအချိန်မှာ
Queen Thanbula Hotel Bagan ရဲ့ Rooftop Restaurant မှာ
Bagan Signature Fusion Cuisine များကို
သာယာလှပတဲ့ ရှုခင်းများနဲ့အတူ လာရောက်သုံးဆောင်ကြည့်ပါ။

အနုပညာဆန်ဆန် ဖန်တီးထားတဲ့ ဟင်းလျာများရဲ့
ထူးခြားဆန်းသစ်တဲ့ အရသာတွေဟာ
ပုဂံရဲ့ မိုးရာသီအလှနဲ့ ပိုပြီးလိုက်ဖက်နေမှာပါ။

ဒါ့အပြင် Queen Thanbula Hotel Bagan ရဲ့ Signature တစ်ခုဖြစ်တဲ့
သဘာဝ Organic Coffee ရနံ့သင်းသင်းလေးနဲ့အတူ
မိုးအေးအေး ညနေခင်းအနားယူချိန်လေးကို
နွေးထွေးပြီး လွမ်းမောဖွယ် Luxury Moment များအဖြစ်
ဖန်တီးလိုက်ပါ။

ကောင်းမွန်နွေးထွေးတဲ့ ဝန်ဆောင်မှုများ၊
အေးချမ်းသာယာတဲ့ မိုးရာသီအငွေ့အသက်များနဲ့အတူ
Queen Thanbula Hotel Bagan မှာ
ဧည့်သည်တော်များကို အမြဲစောင့်ကြိုနေပါတယ်။

ပုဂံမြေရဲ့ မိုးဦးရာသီ အမှတ်တရများ မိုးဦးကျချိန်ရောက်လာပြီဆိုတော့ ပုဂံရဲ့ အေးချမ်းလှတဲ့ သဘာဝအလှတရားတွေကို သတိရမိကြမှာပါ။Q...
29/05/2026

ပုဂံမြေရဲ့ မိုးဦးရာသီ အမှတ်တရများ

မိုးဦးကျချိန်ရောက်လာပြီဆိုတော့ ပုဂံရဲ့ အေးချမ်းလှတဲ့ သဘာဝအလှတရားတွေကို သတိရမိကြမှာပါ။

Queen Thanbula Hotel Bagan မှာ တည်းခိုခဲ့ဖူးတဲ့ ဧည့်သည်တော်များအတွက်တော့ ဒီလိုမိုးရာသီဟာ အမှတ်တရများစွာကို ပြန်လည်အမှတ်ရစေမယ့် အချိန်လေးတစ်ခုပါ။

ဝရန်တာလေးမှာ ကော်ဖီပူပူတစ်ခွက်နဲ့ မိုးစဲစ ပုဂံမြေရဲ့ အလှကို ငေးမောခဲ့ရတဲ့ မနက်ခင်းများ

မိုးလေးတဖွဲဖွဲရွာနေတဲ့ လမ်းကလေးများပေါ်မှာ စက်ဘီး၊ E-Bike လေးတွေနဲ့ အေးအေးလူလူ လျှောက်လည်ခဲ့ရတဲ့ နေ့ရက်များ

မိုးရေစိုစွတ်နေတဲ့ သစ်ပင်စိမ်းစိမ်းများကြားက အုတ်ညိုရောင် စေတီပုထိုးများကို ဖူးမြော်ခဲ့ရတဲ့ အချိန်များ

ဧည့်သည်တော်တို့အတွက် ဘယ်အမှတ်တရလေးက အမှတ်ရဆုံးလဲ?

Comment မှာ ပြန်လည်မျှဝေပေးခဲ့ပါဦး။

မိုးတွေစရွာလာပြီဆိုတော့ နွေရဲ့ပူပြင်းမှုတွေကို ဆေးကြောပစ်လိုက်သလိုမိုးဦးကျ မြေနံ့သင်းသင်းလေးတွေနဲ့အတူ စိမ်းစိုအုံ့မှိုင်...
16/05/2026

မိုးတွေစရွာလာပြီဆိုတော့ နွေရဲ့ပူပြင်းမှုတွေကို ဆေးကြောပစ်လိုက်သလို
မိုးဦးကျ မြေနံ့သင်းသင်းလေးတွေနဲ့အတူ စိမ်းစိုအုံ့မှိုင်းနေတဲ့ ပုဂံဟာ
တစ်ကျော့ပြန် သစ်လွင်လှပလာပြန်ပါပြီ။

တဖြောက်ဖြောက်ရွာသွန်းနေတဲ့ မိုးစက်တွေအောက်မှာ
မိုးနံ့နဲ့ရောနှောနေတဲ့ မြေသင်းရနံ့လေးတွေ၊
အုံ့မှိုင်းနေတဲ့ မိုးသားတိမ်တိုက်နောက်ခံနဲ့ ရှေးဟောင်းနီညိုရောင် ဘုရားပုထိုးတွေ၊
စိမ်းစိုလန်းဆန်းစပြုလာတဲ့ တောအုပ်လေးတွေဟာ
ဘယ်ရာသီနဲ့မှမတူတဲ့ အလှတရားမျိုးနဲ့
တကယ်ကို ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။

အခုလို စိမ်းစိုအုံ့မှိုင်းနေတဲ့ ရာသီဥတုမျိုးမှာ
မြေရနံ့သင်းသင်းလေးတွေရှုရှိုက်ရင်း
စက်ဘီးလေးနင်းရင်းဖြစ်စေ၊ E-Bike လေးစီးရင်းဖြစ်စေ
မြေနီလမ်းလေးတွေနဲ့ ဘုရာပုထိုးတွေကြားထဲ
ကိုယ့်ကိုယ်ကို ပြန်ရှာဖွေဖို့ အကောင်းဆုံးအချိန်ပါပဲ။

မိုးရေစက်တွေကြားက ရှေးဟောင်းမြို့တော် ပုဂံဟာ
စိမ်းစိုအုံ့မှိုင်းပြီး လွမ်းမောဖွယ်ကောင်းသလို
စိတ်အေးချမ်းတည်ငြိမ်မှုကိုလည်း ပေးစွမ်းနိုင်တာမို့
အခုပဲ အိတ်လေးပြင်ပြီး ပုဂံကို လှမ်းလာခဲ့တော့နော်။

ပုဂံရဲ့ မိုးဦးရာသီနဲ့အတူ
စိတ်ငြိမ်းချမ်းသာယာမှုကို ရှာဖွေခံစားချင်တယ်ဆိုရင်တော့
Queen Thanbula Hotel Bagan ကနေ နွေးထွေးစွာ စောင့်ကြိုနေပါတယ်။

အမေများနေ့မှာ ချစ်ခင်ရတဲ့ အမေ့ကိုအမှတ်တရဖြစ်စေမယ့် လက်ဆောင်လေး ပေးချင်ပါသလား?Queen Thanbula Hotel Bagan ရဲ့“၂ ညအိပ် အပန်...
06/05/2026

အမေများနေ့မှာ ချစ်ခင်ရတဲ့ အမေ့ကို
အမှတ်တရဖြစ်စေမယ့် လက်ဆောင်လေး ပေးချင်ပါသလား?

Queen Thanbula Hotel Bagan ရဲ့
“၂ ညအိပ် အပန်းဖြေခရီးစဉ် Gift Certificate” လေးကို
အမေများနေ့အတွက် အထူးလက်ဆောင်အဖြစ် ပေးလိုက်ပါ။

မိုးဦးမကျခင် ပုဂံမြို့ရဲ့
တိတ်ဆိတ်အေးချမ်းတဲ့ မနက်ခင်းများ၊
အေးမြတဲ့ ရေကူးကန်၊
သာယာတဲ့ Rooftop View တွေနဲ့အတူ
အမေ့အတွက် စိတ်ရော ကိုယ်ပါ အနားယူအပန်းဖြေနိုင်မယ့် အချိန်လေးတစ်ခု ဖြစ်စေမှာပါ။

အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့
F&B 10% Discount ကိုလည်း အထူးခံစားခွင့်ပေးထားပါတယ်။

ချစ်ရတဲ့ အမေ့အတွက်
နွေးထွေးတဲ့ အမှတ်တရလက်ဆောင်လေးကို
Queen Thanbula Hotel Bagan မှာ ဖန်တီးလိုက်ပါ

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏 မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ကဆုန်လပြည့်နေ့ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာ ...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ကဆုန်လပြည့်နေ့ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း
Queen Thanbula Hotel Bagan မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်တယ်ခင်ဗျာ။

ပူပြင်းတဲ့ နွေရာသီမှာအေးချမ်းတဲ့ အနားယူရာတစ်ခု လိုအပ်ပါသလား?Queen Thanbula Hotel Bagan မှာ-၂၄ နာရီ လျှပ်စစ်မီး- အေးမြသန့...
24/04/2026

ပူပြင်းတဲ့ နွေရာသီမှာ
အေးချမ်းတဲ့ အနားယူရာတစ်ခု လိုအပ်ပါသလား?
Queen Thanbula Hotel Bagan မှာ
-၂၄ နာရီ လျှပ်စစ်မီး
- အေးမြသန့်ရှင်းတဲ့ ရေကူးကန်
- ၃၆၀° ရှုခင်းနဲ့ Rooftop Fine Dining
- သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့ အခန်းများနဲ့အတူ စိတ်ရောကိုယ်ပါ
အေးအေးချမ်းချမ်း အနားယူနိုင်ပါပြီ။

အခန်းလေးတွေ အပြည့်မြန်တတ်တာမို့ မြန်မြန်လေး အခန်းကြိုယူထားမှ စိတ်ချရမယ်နော်။

Address

Corner Of 6th Street And Yin Mar Street
Bagan
22290

Alerts

Be the first to know and let us send you an email when Queen Thanbula Hotel Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Queen Thanbula Hotel Bagan:

Shortcuts

Share