Speak Easy with Poe

Speak Easy with Poe Welcome to Speak Easy with Poe. Let’s speak easy and grow together with me!

In this space, you’ll unlock your chance to learn languages—English and Thai—through simple and engaging videos that are easy to follow and apply in your daily communication.

အသက်ကြီးလာတာနဲ့အမျှ Appreciate လုပ်တတ်ဖို့ဆိုတာ တကယ်အရေးကြီးမှန်းသိလာတယ်ဥပမာ တစ်ယောက်ယောက်က ကိုယ့်အတွက် တစ်ခုခုလေးလုပ်ပေ...
31/05/2026

အသက်ကြီးလာတာနဲ့အမျှ Appreciate လုပ်တတ်ဖို့ဆိုတာ တကယ်အရေးကြီးမှန်းသိလာတယ်
ဥပမာ တစ်ယောက်ယောက်က ကိုယ့်အတွက် တစ်ခုခုလေးလုပ်ပေးလိုက်တာလေးကို ကိုယ်က ဪ သူငါ့အတွက်တော့ ဒါလေး effort စိုက်ပြီးလုပ်ပေးရှာတယ် ငါ့အတွက်စဉ်းစားပေးရှာတယ် ဆိုပြီး appreciate ဖြစ်တာမျိုး
နောက် တခြားလူတွေနဲ့မပါဘဲ ကိုယ်ရထားတဲ့ အခြေအနေပေါ်မှာ appreciate ဖြစ်တာမျိုး
ဟိုးအရင်ထဲက မြန်မာပြည်ရဲ့ တချို့ခေါင်ခိုက်တဲ့တောရွာတွေမှာ ဆန်အညံ့စား (တော်ရုံမြို့နေလူတန်းစားတွေအတွက်) မနည်းတောင်မျိုချရတဲ့ဆန်မျိုးတွေပဲစားရတယ် ကြားဖူးတယ် ဒီလိုနေရာကလူတွေကို ကိုယ်ချင်းမစာတာမျိုးမဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်အနေနဲ့တွေးကြည့်ရင်တောင် ကိုယ်နေတဲ့နေရာမှာ အနည်းဆုံးတော့ ထမင်းဝဝစားနိုင်တယ် သောက်ရေသန့်သောက်နိုင်တယ် အေးအေးချမ်းချမ်းနေထိုင်ရတယ် စသဖြင့်ပေါ့
ပြီးတော့ အများစုမေ့နေတတ်တဲ့ ကိုယ့်ကိုယ်ကို appreciate လုပ်တာမျိုး
ဒီနေ့အရမ်းပင်ပန်းခဲ့တာပဲ ဒါပေမဲ့ ငါကအကောင်းဆုံးလုပ်နိုင်ခဲ့တယ် Thank you for being strong enough to handle things well today ဆိုပြီး ကိုယ့်ခေါင်းလေးကိုယ် သပ်ပေးတာမျိုး
ဒီလို appreciation တွေက leads to gratitude နော် ဒါတွေကနေ ကျေးဇူးတင်လိုက်တာ ဆိုတာမျိုးဖြစ်လာတယ် တစ်စုံတစ်ယောက်ကို ဒါမှမဟုတ် တစ်စုံတစ်ခုကို နောက်ဆုံး ကိုယ့်ကိုယ်ကို ကျေးဇူးတင်နေတဲ့အချိန်လေးတွေမှာ စိတ်ထဲအေးချမ်းမှုဆိုတာ ခံစားရတယ် နောက်တစ်ဆင့်က ဒီလိုကောင်းတဲ့အရာလေး something tangible or intangible လက်ခံရတဲ့အတွက် စိတ်ကပျော်ရတယ်
တစ်ဖက်လူပါတဲ့အခြေအနေမျိုးမှာ ကိုယ့် gratefulness ကိုခံစားမိတဲ့ အဲ့ဒီလူဟာလဲ ဒီလိုလေးထပ်တူ ခံစားမိမယ်ထင်တာပဲ
Appreciate မလုပ်တတ်ရင် ရှိနေတာ ရနေတာကို မတင်းတိမ်နိုင်တာတွေ ပိုလောဘကြီးမိတာတွေဖြစ်လာတတ်တယ် ဒါဆိုရင်တော့ အပေါ်ကကောင်းတဲ့ခံစားမှုလေးတွေ ကိုယ့်စိတ်မှာမဖြစ်တော့ဘူးပေါ့
ပိုး ကတော့အဲ့လိုအသိဝင်လာရင် ကိုယ့်ကိုယ်ကို သတိပေးရတယ် perspective လေးပြောင်းပြီးကြိုးစားကြည့်ရတယ်
ငါခုဒီပြဿနာတက်နေပေမဲ့ at least I am healthy today. Nothing bad happened to my family. Or I’m lucky enough to be with my family ဆိုပြီးပေါ့
လွယ်တော့တော်တော်မလွယ်ဘူး 🥲 အမြဲတမ်းလဲ အဲ့လိုစိတ်ထိန်းနိုင်တာမျိုးဟုတ်မနေသေးပါဘူး လုပ်ပါများရင်တော့အကျင့်ဖြစ်လာမှာပါပဲ ပိုး အတွက်အစ်မအရင်းလိုချစ်ရတဲ့အစ်မတစ်ယောက်က ပိုး ကိုလဲ အရမ်းချစ်တာလေးတွေပြတော့ ဒီနေ့ စိတ်ထဲအများကြီးကျေးဇူးတင်မိရင်းက စိတ်ပေါက်လို့တွေးမိတာလေးချရေးတာ ဖတ်ရင်းထပ်ဖြည့်ပြောချင်တာလေးတွေရှိရင် comment ရေးသွားနိုင်ပါတယ် ❤️

ဒီ page လေးက education အတွက်ရည်ရွယ်ထားတာပေမဲ့ English နဲ့ဆိုင်တဲ့ video လေးတွေမလုပ်နိုင်သေးတုန်း ဒါလေးတင်ပါရစေ
ပုံကတော့ engagement တက်လိုတက်ငြား လှတာလေးတင်တာ 🤭

‘ကြိုက်တယ်’ ‘မကြိုက်ဘူး’ ကိုယ့်ရဲ့  preference ကို English လို ပြောကြမယ်Express Your Preferences in EnglishQuestion: Cof...
15/07/2025

‘ကြိုက်တယ်’ ‘မကြိုက်ဘူး’ ကိုယ့်ရဲ့ preference ကို English လို ပြောကြမယ်
Express Your Preferences in English

Question: Coffee or Tea?

တစ်ခုကို ပိုကြိုက်ကြောင်းပြောမယ်ဆိုရင် -

1. I prefer coffee to tea.
ကျွန်တော် coffee ကို tea ထက် ပိုကြိုက်တယ်
(prefer နောက်မှာ ပိုကြိုက်တာထည့်ပါ to နောက်မှာ သိပ်မကြိုက်တာထည့်ပါ)

2. I’d rather drink coffee.
ကျွန်တော် coffee ပဲ သောက်ချင်တယ်

3. I’m more into coffee than tea.
ကျွန်တော် tea ထက် coffee ကို ပိုကြိုက်တယ်
(than ရှေ့မှာ ပိုကြိုက်တာထည့်ပြီး than နောက်မှာ သိပ်မကြိုက်တာထည့်ပါ)

4. I’m crazy about coffee.
ကျွန်တော် coffee ကို အရူးအမူးကြိုက်တယ် (အငြင်းပြောင်းချင်ရင် I’m not နဲ့ရေး)

5. I’d love to choose coffee.
ကျွန်တော် coffee ကို ရွေးချင်ပါတယ်

6. I’m fond of coffee.
ကျွန်တော် coffee ကို နှစ်သက်တယ် (အငြင်းပြောင်းချင်ရင် I’m not နဲ့ရေး)

7. I’m a big fan of coffee.
ကျွန်တော်က coffee အရမ်းကြိုက်သူပါ (အငြင်းပြောင်းချင်ရင် I’m not နဲ့ရေး)

မကြိုက်တဲ့ အကြောင်းပြောချင်ရင် -

8. I’d prefer not to choose tea.
ကျွန်တော် tea ကို မရွေးချယ်ချင်ပါဘူး

9. I don’t like coffee very much.
ကျွန်တော် coffee ကို အရမ်းမကြိုက်ဘူး (ကြိုက်တယ်ပြောချင်ရင် I like လို့ပြော)

10. I’m not really a fan of tea.
ကျွန်တော်ဟာ တကယ်တော့ tea ကြိုက်သူမဟုတ်ပါဘူး (ကြိုက်တယ်ပြောချင်ရင် not ဖြုတ်)

အကုန်အဆင်ပြေတယ် ရတယ်လို့ ပြောချင်ရင် -

11. I don’t mind.
ကျွန်တော် အဆင်ပြေပါတယ် (ဘာဖြစ်ဖြစ်ရတယ်)

12. It doesn’t matter to me.
(ဘာပဲဖြစ်ဖြစ်) ကျွန်တော့အတွက် ကိစ္စမရှိပါဘူး

13. I like both.
ကျွန်တော် နှစ်ခုလုံးကြိုက်ပါတယ်

07/07/2025

“I am bored” or “I am boring”?
ငါ ပျင်းတယ် ကို ပြောမယ်ဆိုရင် bored နဲ့ boring ဘာသုံးပြီးပြောကြမလဲ
မှတ်ရလွယ်အောင် pattern လေးကြည့်ကြမယ်

Subject + be (am,is,are,was,were) + (adjective)-ed
ဆိုရင် ခံစားချက် feelings တွေကို ဖော်ပြတာပါ

I + am + bored. ငါပျင်းတယ်
He + is + tired. သူပင်ပန်းနေတယ်
They + are + excited. သူတို့ စိတ်လှုပ်ရှားနေကြတယ်

Subject + be (am,is,are,was,were) + (adjective)-ing
ဆိုရင်တော့ အဲ့ feelings တွေကို ဖြစ်စေတဲ့ အကြောင်းကိုပြောတာပါ

The movie + is + boring. ရုပ်ရှင်က ပျင်းစရာကောင်းတယ်
His job + is + tiring. သူ့အလုပ်က ပင်ပန်း(ရ/စေ)တယ်
The trip + is + exciting. ခရီးက စိတ်လှုပ်ရှားစရာကောင်းတယ်

အဲ့ဒီတော့ “ငါပျင်းတယ်” လို့ပြောချင်ရင် “I am bored” လို့ပြောမှမှန်ပါတယ် “I am boring” ဆိုရင် “ငါက ပျင်းစရာကောင်းတယ်” ဖြစ်သွားပါလိမ့်မယ်

Nouns Pluralization Rules: Rules to change singular nouns to plural nouns နာမ်အနည်းကိန်းတွေကို နာမ်အများကိန်းပြောင်းရန် ...
05/07/2025

Nouns Pluralization Rules: Rules to change singular nouns to plural nouns
နာမ်အနည်းကိန်းတွေကို နာမ်အများကိန်းပြောင်းရန် စည်းမျဉ်းများ

1. For most nouns, add -s
များသောအားဖြင့် -s ထည့်ပါ
• cat -> cats
• book -> books
• chair -> chairs

2. For nouns ending in -s, -ss, -sh, -ch, -x, -z, add -es
-s, -ss, -sh, -ch, -x, -z တို့ဖြင့် ဆုံးသော နာမ်များကို -es ပေါင်းထည့်ပါ
• bus -> buses
• box -> boxes
• brush -> brushes

3. (a) For nouns ending in -y, change y to i and add -es
-y ဖြင့် ဆုံးသော နာမ်ဖြစ်ပါက -y ကို i ပြောင်း၍ -es ပေါင်းထည့်ပါ
• baby -> babies
• party -> parties
• city -> cities

(b) For nouns ending in -y but preceded by a vowel, simply add -s
-y ဖြင့် ဆုံးသော်လည်း -y ရှေ့တွင် သရ ရှိနေပါက -s ထည့်ပါ
• toy -> toys
• key -> keys
• boy -> boys

4. For some nouns ending in -f or -fe, change -f, fe to -ves
တချို့သော -f သို့မဟုတ် -fe ဖြင့် ဆုံးသော နာမ်များတွင် -f သို့မဟုတ် -fe ကိုဖြုတ်၍ -ves ပေါင်းထည့်ပါ
• knife -> knives
• leaf -> leaves
• wolf -> wolves

Exceptions: some only add -s
ခြွင်းချက်အနေဖြင့် တချို့ကို -s သာပေါင်းထည့်ပါသည်
• roof -> roofs
• chief -> chiefs

5. Vowel(s) change inside the word
စာလုံးထဲမှ သရများကိုပြောင်းခြင်း
• man -> men
• tooth -> teeth
• woman -> women

6. Completely irregular forms
မူမမှန်ပုံစံများ
• child -> children
• mouse -> mice

7. No change (same in singular & plural)
အနည်းကိန်းရော အများကိန်းမှာပါ ပြောင်းလဲမှုမရှိသည့်ပုံစံများ
• sheep -> sheep
• fish -> fish
• deer -> deer

8. (a) For nouns ends in -o, add -es
-o ဖြင့် ဆုံးသော နာမ်များကို -es ပေါင်းပါ
• hero -> heroes
• mango -> mangoes

Exception: some of them are just added -s
ခြွင်းချက်အနေဖြင့် ထိုနာမ်များမှ တချို့ကို -s သာပေါင်းထည့်သည်များလည်းရှိပါသေးသည်
• photo -> photos
• kilo -> kilos

(b) For nouns ends in -o and preceded by a vowel, add only an -s
-o ဖြင့်ဆုံးသော်လည်း o ရှေ့တွင် သရ ရှိနေပါကလည်း -s သာပေါင်းထည့်ပါ
• bamboo -> bamboos
• video -> videos

မနေ့က ဒါလေးကိုအတိုချုပ် ဆိုင်ရာဥပမာတစ်ခုစီပေးပြီး video လေးတင်ထားပါတယ် (video link in the first comment👇🏻) ပိုပြီးရှင်းသွားအောင် ဒီနေ့ ထပ်တင်တာပါရှင် မသိတာရှိရင် comment မှာ မေးထားလို့ရပါတယ်နော် page messenger က လုံးဝ active မဖြစ်တော့ စာပို့ထားလဲမမြင်မှာစိုးလို့ပါ 😉

15/06/2025

ဒီနေ့က ဇူလိုင်လ ၁၅ရက်နေ့ ၂၀၂၅ ခုနှစ်ဆိုတာကို English လို format မှန်မှန်ကန်ကန်ဘယ်လိုရေးမလဲ ခန့်မှန်းကြည့်ကြမယ်နော်
မနက်ဖြန်ကျ video လေးတင်ပေးမယ်
ဒီနေ့တော့ဖျားနေလို့နော် 🤒

Address

Aungban

Telephone

+959450206806

Website

Alerts

Be the first to know and let us send you an email when Speak Easy with Poe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Speak Easy with Poe:

Share