
Lett Yar Mon Myanmar Restaurant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lett Yar Mon Myanmar Restaurant, Restaurant, 부평구 부평동 546/50, Incheon.

06/02/2024
07/11/2022

တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)ဆိုတာ.....................
ဗုဒ္ဓမြတ်စွာဘုရားရှင်က သာသာနပြု မင်းကြီးလို့ ကျမ်းဂန်တွေမှာ ဖော်ပြထားတဲ့ အဇာတသတ်မင်းကို တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကိုဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့” အဖြစ် သတ်မှတ်ကြတာလို့ ဆိုပါတယ်။

ကျမ်းဂန်တွေရဲ့အဆိုအရ “သာမညဖလ” ၏ အဓိပ္ပာယ်ကတော့ “ရဟန်းပြုရခြင်း ၏အကျိုး”လို့ ဖော်ပြထားပြီးတော့ ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ် ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”လို့လည်း ခေါ်ဆို သမုတ်ကြတယ်လို့ ဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား သာမညဖလ သုတ္တန်တရားကို ဟောကြားတော်မူသည်ကိုအကြောင်းပြုပြီးတော့ တန်ဆောင်မုန်း လပြည့်နေ့မှာ သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

အဇာတသတ်မင်းက ဒေဝဒတ်ကို ဆရာအတင်မှားမိလို့ ဖခင်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးကို သတ်မိတာကြောင့် ကံကြီးထိုက်သူ ဖြစ်ခဲ့ပေမယ့် မြတ်စွာဘုရားရှင်ရဲ့ သာမည ဖလသုတ္တန် တရားတော်ကို ကြားနာရသည့်အချိန်မှ စပြီးတော့ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတယ်လို့လည်းအဆိုရှိကြပါတယ်။

စာပေ ကျမ်းဂန်တွေရဲ့အဆိုအရ သာမညဖလသုတ္တန်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်ပြီး ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို သုတ္တန်ဖြင့် ထင်ဟပ် စေနိုင်တယ်လို့လည်းဆိုပါတယ်။

အလားတူ ဘုရားရဲ့ သားတော် ရဟန်းသံဃာတွေကို ကိုးကွယ်ဆည်းကပ်နေကြတဲ့ ဒါယိကာတွေအနေနဲ့ မိမိတို့ ကိုးကိုယ်နေတဲ့ ရဟန်းသံဃာတွေရဲ့ ကျင့်ကြံအားထုတ်မှု တွေက စစ်မှန်တယ် မမှန်ဘူးဆိုတာကိုလည်း သာမညဖလ သုတ္တန်နဲ့ နှိုင်းယှဉ် ချိန်ထိုး ကြည့်နိုင်တယ်လို့လည်းအဆိုရှိပါတယ်။

ဒီနေရာမှာ ပါချုပ်ဆရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသက အခု ရက်ပိုင်းအတွင်းမှာပဲ ဝိနယာလင်္ကာရစာအောင်ဆုနှင်းသဘင်ပွဲမှာ ဆရာတော်ကြီး မိန့်ကြားတာ လေးသွား သတိရပါတယ်။

ဆရာတော်ကြီးက အဆိုပါ စာမေးပွဲမှာ ကိုရင်ငယ်လေးတွေ ရဟန်းတွေနဲ့ ရှင်သာမဏေ လေး လိုက်နာရမည့် ဝိနည်းစည်းကမ်းတွေကို လိုက်နာဖို့ အခု မိန့်ကြားခဲ့သလို …

· မလုပ်သင့်တာ လုပ်လို့လည်း အပြစ်ဖြစ်တယ်၊

· လုပ်သင့်တာ မလုပ်လို့လည်း အပြစ်ဖြစ်တယ်၊

· မပြောသင့်တာ ပြောလို့လည်း အပြစ်ဖြစ်တယ်၊

· ပြောသင့်တာ မပြောလို့လည်း အပြစ်ဖြစ်တယ်။

လောကမှာ မလုပ်သင့်မလုပ်ထိုက်တာတွေလည်း အများကြီးရှိတယ်၊ လုပ်သင့် လုပ်ထိုက်တာတွေလည်း အများကြီး ရှိတယ်။အဲတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ နှစ်ခုကိုသိပြီးတော့ လုပ်သင့်တာကို လုပ်ပြီး၊ မလုပ်သင့်တာကို ရှောင်ကြဉ်ဖို့ လိုတဲ့အကြောင်း မှတ်သားမိပါတယ်။

ယနေ့ ခေတ်ကာလအခြေအနေအရ ဒါယိကာ ဒါယိကာမတွေအနေနဲ့ သာမညဖလ သုတ္တန်ရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ မိမိတို့ကိုးကိုယ်နေတဲ့ ရဟန်းသံဃာတွေရဲ့ ကျင့်ကြံအားထုတ်မှုတွေ စစ်မှန်တယ်/ မစစ်မှန်ဘူးဆိုကိုလည်း သာမညဖလ သုတ္တန်နဲ့ နှိုင်းယှဉ်ကြဖို့နဲ့ အဇာတသတ်လို့ ဆရာအတင်မှားတဲ့ မင်း/ပုဂ္ဂိုလ်မျိုး မဖြစ်အောင် သတိရှေ့ဆောင် ပြုမှုသင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန် >>>
https://www.myanmaplatform.com/a/64972.html
https://t.me/myanmaplatform

ဟင်းပါဆယ် ဈေးနှုန်းလေးတွေ မေးထားတဲ့ ညီကိုတွေ အတွက်ပါဗျ.....🙂🙂🙂ဆိတ်သားနှပ်                12000 ဝမ်အမဲသားနှပ်            ...
06/11/2022

ဟင်းပါဆယ် ဈေးနှုန်းလေးတွေ မေးထားတဲ့ ညီကိုတွေ အတွက်ပါဗျ.....🙂🙂🙂

ဆိတ်သားနှပ် 12000 ဝမ်
အမဲသားနှပ် 12000 ဝမ်
အမဲမွှကြော် 10000 ဝမ်
ဝက်သားဟင်း 10000 ဝမ်
ငါးကြင်းကြော်နှပ် 10000 ဝမ်
ပုဇွန်ဆီပြန် 12000 ဝမ်
ငံပြာရည်ကြော် 10000 ဝမ်
မန်ကျည်းသီးငပိကြော် 10000 ဝမ်
ချဉ်ပေါင်ကြော် 10000 ဝမ်
ကြက်မွှကြော် 10000 ဝမ်
ငါးရှဥ့်ခြောက်စပ်. 10000 ဝမ်

06/11/2022

ခုလိုအေးတဲ့ရာသီမှာ အမဲမွှကြော်ကို ဆိုဂျူးလေးနွဲ့မြည်းမလား
ထမင်းလေးနဲ့လူးစားမလား ရှယ်ကောင်း.....😋😋😋
ပါဆယ် မှာယူချင်တယ် ဆိုရင်တော့ ဟလိုသာ လုပ်လိုက်တော့
Ph: 010 2766 6102......

တဖြည်းဖြည်းနဲ့ ဆောင်းဝင်လာပီဆိုတော့  အခန်းမှာ အေးလွန်းလို့ ဟင်းမချက်နိုင်တဲ့ ညီကိုတို့ရော...မြန်မာလက်ရာတွေကိုစားမှ ထမင်း...
05/11/2022

တဖြည်းဖြည်းနဲ့ ဆောင်းဝင်လာပီဆိုတော့ အခန်းမှာ အေးလွန်းလို့ ဟင်းမချက်နိုင်တဲ့ ညီကိုတို့ရော...မြန်မာလက်ရာတွေကိုစားမှ ထမင်းမြိန်ကြတဲ့ ညီကိုတို့ရော ဟင်းပါဆယ်များ မှာယူလို့ ရနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ဗျာ..........

မှာယူလိုပါက
Ph: 010 2766 6102 (or)
Page Messenger မှာလဲ
မှာယူလို့ ရပါတယ် ဗျာ....

လက်ရာမွန် စားသောက်ဆိုင်တွင် ကွမ်းအစုံထုပ် ၀ယ်ယူအားပေးလို့ ရပါပြီရှင့်... ဆိုင်ကိုလဲ လာရောက်အားပေးနိုင်သလို စာတိုက်ကနေလဲ ...
26/10/2022

လက်ရာမွန် စားသောက်ဆိုင်တွင် ကွမ်းအစုံထုပ် ၀ယ်ယူအားပေးလို့ ရပါပြီရှင့်... ဆိုင်ကိုလဲ လာရောက်အားပေးနိုင်သလို စာတိုက်ကနေလဲ ပို့ပေးနေတာမို့ ကွမ်းအစုံထုပ်နှင့် မြန်မာဟင်းလျာများကိုလဲ ဆက်သွယ်မှာယူ နိုင်ပါပြီရှင်...

ကဲ....ကဲ.... ဟန်းဂုရောက် ရွှေမြန်မာတို့....  စက်ရုံမှာ ot ဆက်တိုက် ဆင်းနေရလို့ ဟင်းမချက်နိုင်တာပဲ ဖြစ်ဖြစ်ဟင်းကလဲ မချက်တ...
15/10/2022

ကဲ....ကဲ.... ဟန်းဂုရောက် ရွှေမြန်မာတို့.... စက်ရုံမှာ ot ဆက်တိုက် ဆင်းနေရလို့ ဟင်းမချက်နိုင်တာပဲ ဖြစ်ဖြစ်
ဟင်းကလဲ မချက်တတ် လက်ရာကောင်းကောင်းတော့စားချင်သား...😃😀
တနေ့တနေ့ ဘာဟင်းချက်စားရမှန်းကို မသိတော့ပါဘူးကွာ😌😌
ဆိုတဲ့ ကိုယ့်အမျိုးတွေကို ကျွန်တော်တို့ "လက်ရာမွန်" စားသောက်ဆိုင် မှာ

အမဲမွကြော်
ကြက်မွကြော်
ကြက်ကြော်နှပ်
ဆိတ်သားနှပ်
အမဲသားနှပ်
မန်ကြီးသီးငပိကြော်
ငံပြာရည်ကြော်
ချဉ်ပေါင်ကြော်

*ကွမ်းအစုံထုပ် *
ပါဆယ်များ မှာယူနိုင်ပါပီလို့ သတင်းကောင်း ပါးအပ်လိုက်ရပါတယ်ဗျာ......🙂🙂🙂

မှာယူလိုသူများ. Page messenger (or)
010 2766 6102
သို့ ဆက်သွယ်မှာယူနိုင်ပါပီလို့.........

15/10/2022

ကြက်မွကြော် ပါဆယ်များ မှာယူလို့ ရပါပီဗျာ.......

မှာယူလိုသူများ page messenger (or)
010 2766 6102 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ဗျာ......... 🙂🙂🙂

🙏မင်္ဂလာပါရှင်🙏“လက်ရာမွန် မြန်မာစားသောက်ဆိုင်”မှ နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်…ဒီတစ်ခေါက် စနေ/တနင်္ဂနွေပိတ်ရက်တွင် မြန်မ...
14/10/2022

🙏မင်္ဂလာပါရှင်🙏
“လက်ရာမွန် မြန်မာစားသောက်ဆိုင်”မှ နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်…ဒီတစ်ခေါက် စနေ/တနင်္ဂနွေပိတ်ရက်တွင် မြန်မာဟင်းလက်ရာ အားပေးခြင်သူများအတွက် “လက်ရာမွန် စားသောက်ဆိုင်”တွင် ရရှိနိုင်မယ့် ဟင်းမီးနူးများပဲ ဖြစ်ပါတယ်ရှင်…ထို့အပြင် ပိတ်ရက်တိုင်းရဲ့ စပါယ်ရှယ်မီနူးများဖြစ်ကြတဲ့ ငါးရှဉ့်ဟင်း၊ ဖားသားဟင်းနှင့် လက်ရာမွန် မြန်မာဒံပေါက်တို့ကိုလဲ အားပေးလို့ရပါပြီနော်…
🏠ဆိုင်ကို လာရောက်အားပေးလိုသူများအနေဖြင့် ဆိုင်လိပ်စာလေးကတော့- ဘူဖျောင်းစာတိုက်နောက် S one မိုတယ်နား🏠

***ပါဆယ်မှာစားခြင်သူများအတွက်လဲ “လက်ရာမွန် မြန်မာစားသောက်ဆိုင်”မှ မြန်မာဟင်းလျာများနှင့် မန်းကျည်းသီးငပိကြော်၊ ချဉ်ပေါင်ကြော်၊ ငံပြာရည်ကျော်တို့ကိုလဲ မှာယူအားပေးနိုင်ပါပြီရှင်***

🙏🙏🙏အားပေးမှုအတွက် လက်ရာမွန် မြန်မာစားသောက်ဆိုင်မိသားစုမှ အမြဲကျေးဇူးတင်လျှက်🙏🙏🙏

မင်္ဂလာပါလို့ "လက်ရာမွန် မြန်မာစားသောက်ဆိုင်"မှ နှုတ်ခွန်းဆက်သပါတယ်ရှင်...ကိုယ်တွေ ကိုရီးယားရောက် ရွှေမြန်မာများဆိုသည်မှာ ဘယ...
11/10/2022

မင်္ဂလာပါလို့ "လက်ရာမွန် မြန်မာစားသောက်ဆိုင်"မှ နှုတ်ခွန်းဆက်သပါတယ်ရှင်...
ကိုယ်တွေ ကိုရီးယားရောက် ရွှေမြန်မာများဆိုသည်မှာ ဘယ်ဒေသပဲရောက်ရောက် ကိုယ့်အမိမြေရဲ့ အစားအသောက်သာ စွဲမြဲနှစ်သက်ကြစမြဲပါ...မြန်မာဟင်းလေးပါမှ ထမင်းစားမြိန်တဲ့ လူကြီးမင်းတို့အတွက် အရသာကောင်းမွန်တဲ့ မြန်မာဟင်းလျာများနှင့် ဟင်းအရံများကို "လက်ရာမွန် မြန်မာစားသောက်ဆိုင်"တွင် မှာယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်...လူကြီးမင်းတို့ရဲ့ လိပ်စာအရောက် စာတိုက်ကနေတဆင့် ပို့ဆောင်ပေးနေပါပြီရှင်...

🙏🙏🙏လက်ရာမွန် မြန်မာစားသောက်ဆိုင်အား ယုံကြည်စွာဖြင့် အမြဲအားပေးသူများအား ကျေးဇူးတင်လျှက်ပါရှင်🙏🙏🙏

“လက်ရာမွန် မြန်မာစားသောက်ဆိုင်” ရဲ့ စားဖူးသူတိုင်း အမြဲကြိုက်နှစ်သက်ကြတဲ့ အရသာလုံးဝထိမိနေသော "ငါးသံပုရာပေါင်း" ပါရှင့်လာ...
10/10/2022

“လက်ရာမွန် မြန်မာစားသောက်ဆိုင်” ရဲ့ စားဖူးသူတိုင်း အမြဲကြိုက်နှစ်သက်ကြတဲ့ အရသာလုံးဝထိမိနေသော "ငါးသံပုရာပေါင်း" ပါရှင့်
လာရောက်အားပေးလိုသူများအနေဖြင့် ဆိုင်လိပ်စာလေးကတော့- ဘူဖျောင်းစာတိုက်နောက် S one မိုတယ်နားပါရှင်

🙏အားပေးမှုအတွက် လက်ရာမွန် မြန်မာစားသောက်ဆိုင်မိသားစုမှ အမြဲကျေးဇူးတင်လျှက်🙏

Address

부평구 부평동 546/50
Incheon

Telephone

+821027666102

Website

Alerts

Be the first to know and let us send you an email when Lett Yar Mon Myanmar Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lett Yar Mon Myanmar Restaurant:

Share

Category