16/09/2026
ကိုယ့်အမှားကိုပဲ လိုက်ရှာနေတဲ့သူတွေ
သီးသန့်ရှိနေရင်
ဘယ်လိုပြန်တုံ့ပြန်မလဲ?
အချက် (၅) ချက်နဲ့ ပြောပြပါမယ်။
စိတ်ပျက်ပြီး စိတ်ဓာတ်ကျမသွားခင်
ဒီစာကို သေချာဖတ်ပါ။
လုပ်ငန်းခွင်မှာ
ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုးစား
ကိုယ့်အမှားကိုပဲ လိုက်ရှာတဲ့သူတေ
ရှိလာနိုင်တယ်။
တစ်ခုခုကောင်းကောင်းလုပ်ထားတာကို
မမြင်ဘဲ..
အမှားတစ်ခုဖြစ်တာနဲ့
အဲ့ဒီအမှားကိုပဲ ထပ်ခါထပ်ခါ
ထောက်ပြနေတတ်တယ်။
အဲ့လိုအချိန်မှာ
စိတ်တိုပြီး ပြန်တိုက်တာထက်
အထာကျကျ တုံ့ပြန်တတ်ဖို့လိုတယ်။
(၁) မေးခွန်းပြန်မေးတတ်အောင်လုပ်ပါ။
သူက
“ဒါမှားနေတယ်”
လို့ ပြောလိုက်တိုင်း
“ဟုတ်ကဲ့ပါ”
ဆိုပြီး ချက်ချင်း သူပြောတဲ့အတိုင်း
လုပ်လိုက်တာမျိုး မလုပ်ပါနဲ့။
အနည်းဆုံးတော့
“ဘယ်အပိုင်းက မှားနေတာလဲ?”
“ဘာကြောင့် မှားတယ်လို့ ထင်တာလဲ?”
“ဒီနေရာမှာ ဘယ်လိုလုပ်ရင် မှန်မလဲ?”
ဆိုပြီး
အကြောင်းပြချက်ကို ပြန်မေးတတ်ပါစေ။
မေးခွန်းမေးတာက
ပြန်ရန်ဖြစ်တာ မဟုတ်ဘူး။
ကိုယ့်အလုပ်ကို နားလည်ချင်လို့
မေးတဲ့ အထာဖြစ်သွားပြီ
သူ့မှာ အကြောင်းပြချက်မရှိဘဲ
အထက်စီးကနေ ပြောချင်ရုံသက်သက်ဆိုရင်တော့
သူ့ပုံရိပ်သူ မှန်ထဲမှာ အထင်သားမြင်ရသလို..
မျက်စိပျက် မျက်နှာပျက် ဖြစ်သွားလိမ့်မယ်။
အကြောင်းပြချက် ရှိလည်းပဲ..
ပြုံးပြုံးလေးနဲ့
“ဟုတ်ကဲ့၊ နားလည်ပါပြီ”
လောက်နဲ့ ပြီးလိုက်ပါ။
ဒါပေမယ့်
သူ့စကားတိုင်းကိုတော့
မျက်စိမှိတ်ပြီး လိုက်လုပ်စရာမလိုဘူး။
(၂) အမှားနဲ့ အပြစ်တင်တာကို ခွဲခြားပါ။
ကိုယ်တကယ်မှားတာရှိရင်
လက်ခံပြီး ပြင်ရမယ်။
ဒါပေမယ့်
အလုပ်မှာ အမှားတစ်ခုရှိတာနဲ့
ကိုယ့်ကို အရာအားလုံးအနေနဲ့
အပြစ်တင်ခွင့်ရှိသွားတာ မဟုတ်ဘူး။
“ဒီအလုပ်မှာ ဒီအပိုင်းမှားနေတယ်”
ဆိုတာနဲ့
“မင်းက အမြဲတမ်း ဒီလိုပဲ”
ဆိုတာ မတူဘူး။
အလုပ်ကို ဝေဖန်တာကို
လက်ခံနိုင်ရမယ်။
ဒါပေမယ့်
ကိုယ့်လူတစ်ယောက်လုံးကို
အရှက်ခွဲသလို၊
နှိမ်သလို ပြောလာရင်တော့
အဲ့ဒါက အလုပ်အမှားကို ပြင်ပေးတာ
မဟုတ်တော့ဘူး။
(၃) စိတ်တိုပြီး ချက်ချင်းမတုံ့ပြန်ပါနဲ့။
တစ်ခါတလေ
သူက ကိုယ့်ကို ဒေါသထွက်အောင်
ရည်ရွယ်ပြီး ပြောတာလည်း ဖြစ်နိုင်တယ်။
ကိုယ်က ဒေါသထွက်ပြီး
ပြန်အော်လိုက်တာနဲ့
အလုပ်မှာ ပြဿနာက
သူ့အမှားကနေ ကိုယ့်တုံ့ပြန်မှုဘက်ကို
ရောက်သွားနိုင်တယ်။
ဒါကြောင့်
စိတ်တိုလာရင် ခဏရပ်ပါ။
အသက်ရှူပါ။
ပြီးမှ ပြောပါ။
“ဟုတ်ကဲ့၊ နားလည်ပါတယ်။
ဘယ်လိုပြင်ရမလဲ ပြောပေးပါ”
ဆိုပြီး
အလုပ်ဘက်ကိုပဲ ပြန်လှည့်ပါ။
စိတ်ကို ထိန်းနိုင်တဲ့သူက
အခြေအနေကို ပိုထိန်းနိုင်တယ်။
(၄) ကိုယ့်အလုပ်ကို မှတ်တမ်းထားပါ။
ဒီအချက်က
အလုပ်ခွင်မှာ တော်တော်အသုံးဝင်တယ်။
ဘယ်သူက ဘာပြောခဲ့လဲ၊
ဘယ်လိုညွှန်ကြားခဲ့လဲ၊
ကိုယ်က ဘယ်လိုလုပ်ခဲ့လဲဆိုတာ
အရေးကြီးတဲ့ကိစ္စတွေမှာ
မှတ်ထားပါ။
အထူးသဖြင့်
“ဒီလိုလုပ်ပါ”လို့ ညွှန်ကြားပြီး
နောက်မှ
“ဘာလို့ ဒီလိုလုပ်တာလဲ”
လို့ ပြန်ပြောတတ်တဲ့သူမျိုးဆို
မှတ်တမ်းက ကိုယ့်အတွက် အရေးကြီးတယ်။
အဲ့ဒီအချိန်မှာ
စိတ်နဲ့ ပြန်ငြင်းစရာမလိုဘူး။
“အဲ့ဒီတုန်းက ဒီလိုညွှန်ကြားထားလို့
ဒီအတိုင်း လုပ်ခဲ့တာပါ”
ဆိုပြီး
အချက်အလက်နဲ့ ပြန်ရှင်းနိုင်တယ်။
စကားနဲ့ အနိုင်ယူဖို့ထက်
အချက်အလက်နဲ့ ကိုယ့်ဘက်ကို
ရှင်းနိုင်တာက ပိုအားကောင်းတယ်။
(၅) ကိုယ့်တန်ဖိုးကို သူ့အမြင်နဲ့ မတိုင်းပါနဲ့။
ဒါက အရေးကြီးဆုံးပဲ။
တစ်ယောက်ယောက်က
ကိုယ့်အမှားကိုပဲ မြင်တယ်ဆိုပြီး
ကိုယ်က အလုပ်မတော်တဲ့သူ
ဖြစ်သွားတာမဟုတ်ဘူး။
သူက ကိုယ့်ရဲ့
အမှားတစ်ခုကိုပဲ မြင်တာ ဖြစ်နိုင်တယ်။
ကိုယ်ကတော့
နေ့တိုင်းကြိုးစားနေရတာ၊
အခက်အခဲတွေကြားက
အလုပ်ကို ဆက်လုပ်နေရတာ၊
တိုးတက်အောင် ကြိုးစားနေရတာတွေကို
ကိုယ်တိုင် သိတယ်။
ဒါကြောင့်
သူတစ်ယောက်ရဲ့ စကားတစ်ခွန်းနဲ့
ကိုယ့်ကိုယ်ကို မယုံကြည်တော့တာမျိုး
မလုပ်ပါနဲ့။
အလုပ်မှာ
ကိုယ့်အမှားကို လိုက်ရှာနေတဲ့သူရှိရင်
အကောင်းဆုံးတုံ့ပြန်နည်းက
သူ့ထက် ပိုကျယ်ကျယ်အော်တာ မဟုတ်ဘူး။
ကိုယ့်အလုပ်ကို ပိုသေချာအောင်လုပ်ပါ။
မသိတာကို မေးပါ။
မှားရင် ပြင်ပါ။
မမှားတာကိုတော့
အကြောင်းပြချက်နဲ့ ရှင်းပြပါ။
ပြီးတော့
ကိုယ့်စိတ်ကို မပျက်စေနဲ့။
ဘာလို့လဲဆိုတော့…
လုပ်ငန်းခွင်မှာ
လူတိုင်းကို ကျေနပ်အောင်
နေဖို့ မဖြစ်နိုင်ဘူး။
ကိုယ်ဘယ်လောက်ကောင်းကောင်း
တစ်ယောက်ယောက်က
အပြစ်ရှာနေဦးမှာပဲ။
အရေးကြီးတာက
သူတို့အမြင်အတွက်
ကိုယ့်ကိုယ်ကို ပြောင်းလဲနေရတာ မဟုတ်ဘူး။
ကိုယ့်အလုပ်ကို ကိုယ်နိုင်အောင်လုပ်ပြီး
ကိုယ့်တန်ဖိုးကို ကိုယ်မချမိဖို့ပါ။
မှတ်ထားပါ။
“အမှားလုပ်မိတာက
ကိုယ်ညံ့လို့ မဟုတ်ဘူး။
အမှားကို သိပြီး
မပြင်တာကပဲ ပြဿနာပါ။”
သူများက ကိုယ့်အမှားကို
လိုက်ရှာနိုင်တယ်။
ဒါပေမယ့်
ကိုယ့်စိတ်ဓာတ်ကိုတော့
သူတို့လက်ထဲ မအပ်လိုက်ပါနဲ့။
#လုပ်ငန်းခွင် #နိုင်ငံခြား