28/01/2022
မင်မင်တို့ရဲ့ Country Road , Take Me Home (33 seaters ၃၃ယောက်ဆန့် ကားလေး)နဲ့ ကလောမြို့လေးကို သွားကြရအောင် 🤗🤗🤗
တော်လှန်ရေးကာလ ဆိုတာ သိပေမယ့် deli ပို့လို့ရလောက်တဲ့ ဆီစျေးမဟုတ်တော့လို့ ကလော (ဟိုတယ်၃ညအိပ် ၄ရက်) ခရီးစဥ်လေး ကြားဖြတ် ရောင်းပါရစေခင်ဗျ 🤗🤗🤗
ထွက်ခွာမယ့်နေ့လေးကတော့ Feb 3ရက်နေ့ မနက်စောစော ဖြစ်ပြီး ရန်ကုန်ပြန်ရောက်မယ့်နေ့လေးကတော့ Feb 6 ရက်နေ့ ညနေပဲ ဖြစ်ပါတယ်နော် 🤗🤗🤗
Leisure Tour လေးဖြစ်တာမို့ ဖုတ်ကူမီးတိုက် မသွားပဲ သက်တောင့်သက်သာလေးပဲ သွားကြရမှာမို့ အားပေးကြအုန်းနော် 🤗🤗🤗
သုံးမယ့် ဟိုတယ်လေးကတော့ ကလောမှာ မြင်ကွင်းအလှဆုံး Hill Top Villa Resort လေးမှာ ၃ညအိပ် ကြမယ်နော် 🤗🤗
စျေးနှုန်းလေးကတော့ ၁ယောက်ကို ၂သိန်း၂သောင်းကျပ်
1 pax - 220000 kyats
အစားအသောက်ကတော့ မနက်စာ၃ကြိမ် , နေ့လည်စာ ၂ကြိမ် , ညစာ ၃ကြိမ် နဲ့ coffee time ၁ကြိမ် ပါဝင်မှာပါနော် 🤗🤗🤗
Tour Leader လိုမျိုးတော့ မဟုတ်ပေမယ့် မင်မင်ကိုယ်တိုင်ကပဲ မင်မင့်ဧည့်သည်တွေကို အကောင်းဆုံးကြိုးစားပြီး service ပေးသွားပါ့မယ်နော် 😬😬😬
ခရီးစဥ် အသေးစိတ်လေးကတော့
Day 1 (3 Feb 2022)
ရန်ကုန် မဟာမြိုင်မှတ်တိုင်မှ မနက် ၆နာရီလောက် စထွက်ကြပါမယ်နော် 🤗🤗
နေ့ခင်းစာကိုတော့ ကိုယ့်အစီစဥ်နဲ့ ကိုယ် စားသောက်ရမှာဖြစ်ပြီး ညစာကိုတော့ Hotel Restaurant မှာ စီစဥ်ထားပါမယ်နော် 🤗🤗🤗 ကလော အဝင် ရေယားရွာက
Photo Booth လေး ၁ခု အချိန်ရရင် ဝင်ပေးမယ်နော် 😬😬
Hill Top မှာ ၁ည အိပ်ပါမယ်နော်🤗🤗
Day 2 (4 Feb 2022)
1.ကလော View Point
2. နှီးဘုရား
3.ကလော နာရီစင်
4. ကလော ဘူတာ
5.Lunch ကို ရှမ်းမလေး မှာ တရုတ်စာ
6. Kalaw Heritage Hotel မှာ coffee break☕☕
7. ကလော က နာမည်ကြီးတဲ့ သရဲအိမ် 👻👻👻
8.Dinner ညစာလေးကတော့ နာမည်ကြီး သုမောင် မှာ ညစာ စားကြမယ်နော်🤗🤗
Hill Top မှာ ပြန်အိပ်ကြမယ်နော် 🤗🤗
Day 3 (5 Feb 2022)
1. အိုးစည်တောင် တိမ်ပင်လယ် ကို ထကြည့်ကြရအောင်
2. ကလောစျေး
3. Kalaw City View Point
4. ဗျိုက်တောင်
5. နှစ်၁၀၀ Church ကျောင်း နဲ့
6. Coffee ဆိုင် လှလှလေးတွေ ပို့ဆောင်ပေးမှာပါနော် 🤗🤗
Hill Top မှာ ၃ညမြောက် အိပ်ကြမယ်နော် 🤗🤗🤗
Day 4 (6 Feb 2022) မှာတော့ မနက်စာ စားပြီး ရန်ကုန် ပြန်ကြမှာပါခင်ဗျ 🤗🤗🤗
၃၃ယောက်စီး (33 seaters) ကို အပြတ် ငှားထားတာမျိုးမို့ လမ်းကြုံ ဝင်ချင်တာလေးတွေ ရှိရင်လည်း အချိန်ရှိရင် ဝင်ပေးအုန်းမှာမို့ လိုက်ပါအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော် 🤗🤗🤗
☆☆ ဗလာမပါ ကံစမ်းမဲ အစီအစဥ်လေးတွေလည်း ထည့်ဆွဲထားသလို , စိတ်ပါရင် မင်မင်တို့ ကားပေါ်မှာ ကာရာအိုကေတွေလဲ စိတ်ကြိုက်ဆိုလို့ရအောင် မင်မင်တို့ ဖန်တီးပေးထားမှာမို့ မြန်မြန်လေး စာရင်းပေးလိုက်ကြစို့နော် 🤗🤗🤗
အော်... cash မရှိလည်း mobile banking ရတာမို့
(နောက်လဆို VPN လဲ သုံးမရတော့မှာမို့ VPN ရတုန်းလေး စျေးရောင်းတာပါနော်😢😢😢)
ခုံတွေ ဗုန်းဘောလအော အမြန်ပြည့်မြန်ပါစေဆုတောင်းရင်းး page messenger မှာ မင်မင် မအိပ်ပဲ စောင့်နေပါတယ်နော် 😬😬😬
#ကလော