14/10/2023
Work-life balance & Project QS Experience In Ireland
Ireland မှာက Tender တွက်တဲ့ အပိုင်း Pre Contract ပိုင်းကို Estimator တွေက လုပ်ကြပြီး
Post contract ပိုင်းလို့ ခေါ်တဲ့ Project management ပိုင်းမှာ Quantity Surveyor တွေက တာဝန်ယူကြရပါတယ်
ကျနော်တို့ စင်ကာပူမှာ Builder QS လို့ ခေါ်တဲ့ Architect, Structural နဲ့ Civil ပိုင်း လုပ်တဲ့ QS တွေကို CSA QS လို့ အတိုကောက် ခေါ်ကြတယ်
အခုအလုပ်မှာ Senior CSA QS တစ်ယောက်နဲ့ အတူတွဲလုပ်ရပါတယ်
သူက Irish လူမျိုးဖြစ်ပြီး UK မှာ ၁၀ နှစ်ကျော်လောက် လုပ်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့သူပါ
သူက Civil ပိုင်းနဲ့ Architecture ပိုင်းလုပ် ကျနော်က M&E ပိုင်းလုပ်ပေါ့
လကုန်ရက်တွေဆိုရင် Progress application တွေ client ဆီကိုတင်ရပါတယ်
အမှန်ဆိုရင် M&E ပိုင်းအတွက် progress application ကို ကျနော်က ပြင်ရမှာပါ
ဒါပေမယ့် သူက သူ့ဘာသာ project manager တွေကိုမေးပြီး ကျနော်ရဲ့ M&E အပိုင်းပါ ကူလုပ်ပေးပါတယ်
တကယ်ကို စိတ်သဘောထားပြည့်ဝတဲ့ သူပါ
အလုပ်တွေ ကျွမ်းကျင်ပြီး အတွေ့အကြုံ အများကြီး ရှိတဲ့သူဆိုတော့ သူ့အတွက် အခက်အခဲမရှိဘူးပေါ့
Company တွေရဲ့ အလုပ်ခေါ်ကြတဲ့ ပုံစံပေါ် မူတည်ပြီး M&E QS ရော CSA QS တွေရော level 4 ဆင့်လောက်ခွဲထားပါတယ်
1. Junior QS
2. Intermediate QS
3. Project QS
4. Senior QS
စင်ကာပူမှာ QS နဲ့ နှစ်အတော်ကြာကြာ လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိတဲ့ သူတွေက Intermediate QS လောက်က စပြီး လျှောက်လို့ရပါတယ်
Estimator တွေကိုတော့
1. Junior Estimator
2. Estimator
3. Senior Estimator
ဆိုပြီး ခွဲထားတယ်
Ireland က အလုပ်တွေကို များသောအားဖြင့်
1. LinkedIn
2. Indeed
3. Glassdoor.ie
4. Irish jobs.ie မှာလျှောက်လို့ရပါတယ်
အလုပ်အများစု ရကြတာက LinkedIn မှာရကြတာဖြစ်ပါတယ်
Irish Company တွေအများစုကတော့ ဘာ visa pass ကိုင်ထားလဲမေးကြပါတယ်
ကျနော်တို့လို့ Critical skills pass သမားတွေက
Stamp 1 visa ရရှိပြီး
ကိုယ့်ရဲ့ spouse က Stamp 1G visa ရပါတယ်
Critical skills pass သမားက ကိုယ့်ရဲ့ ပထမဆုံး Ireland ကအလုပ်မှာ အနည်းဆုံး ၁ နှစ်လုပ်ပေးပြီးမှ အလုပ်ပြောင်းခွင့်ရှိပါတယ်
Critical skills pass နဲ့ ၂ နှစ်နေရင် သက်တမ်းထပ်တိုးစရာ မလိုဘဲ PR လျှောက်ပြီး နေထိုင်ခွင့်ရပါတယ်
Permit စကျတဲ့နေ့ကနေ ၅ နှစ်နေရင် နိုင်ငံသား လျှောက်ခွင့်ရှိပါတယ်
Stamp 1G သမားက Ireland နိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ခွင့်ရှိပါတယ်
ဒါပေမယ့် သူက ၄ ~၅ နှစ်ကြာမှ PR လျှောက်လို့ရပါတယ်
ဒါကြောင့် Stamp 1G သမားက အလုပ်ရပြီး အထိုင်ကျတာနဲ့ အလုပ်ကို Critical Skills pass လျှောက်ခိုင်းသင့်ပါတယ်
ဒါမှသာ ကိုယ်က ၂ နှစ်နဲ့ PR လျှောက်လို့ရပါလိမ့်မယ်
ကျနော်က အခု project QS နဲ့ လုပ်နေတာ ဆိုတော့ လကုန်ရက်တွေ နဲ့ လဆန်း တစ်ပတ်လောက်အထိ
VO တွေ , payment application တွေ , cost report s တွေ subcon / supplier တွေရဲ့ payment certificates တွေနဲ့ အလုပ်များပါတယ်
ပြီးတော့ Subcontract documents တွေပြင်ရပါတယ်
တခြားရက်တွေကတော့ ပုံမှန်လေး ပေါ့ပေါ့ပါးပါး လုပ်ရတာလောက်ပါပဲ
လုပ်ရတဲ့ အလုပ်နဲ့ ပတ်သက်ရင်
စလုံးမှာ ကျနော်တို့က Pre contract ပိုင်းရော Post contract ပိုင်းရော တာဝန်ယူရတဲ့ QS ဆိုတော့ အလုပ်က အရမ်းများပါတယ်
ကျနော်တို့ စင်ကာပူမှာ လုပ်ရတဲ့ QS scope of work အရဆိုရင် ၂ ပိုင်း ခွဲရမယ် ထင်ပါတယ်
ပထမအပိုင်းဖြစ်တဲ့
Pre contract လို့ ခေါ်တဲ့ Tender ပိုင်းဆိုရင်
1. ကိုယ်တိုင် project တစ်ခုလုံးအတွက် BQ ကောက်ရပါတယ် ( Tender project ရဲ့ size အလိုက် ၄ , ၅ ရက် ကနေ တစ်ပတ် နှစ်ပတ်အထိ ကြာပါတယ် ) BQ ကောက်ရတဲ့ အချိန်က Tender တစ်ခုလုံး လုပ်တဲ့ အချိန်တစ်ဝက်လောက်ကုန်ပါတယ်
2. Tender specification/ document တွေ ဖတ်ပြီး quotation တောင်းရပါတယ်
3. ပြီးရင် Tender project တစ်ခုလုံးရဲ့ စျေးနူန်းတွေ တွက်တာ cost comparison, calculation and price breakdown, SOT , SOR ပြင်တာလုပ်ရပါတယ်
5. Addendum/ corrigendum တွေ ရှိရင် BQ တွေ ထပ်ပြန်ကောက် စျေးတွေ ပြန်တွက် နဲ့ လုပ်ရပါတယ် တခါတလေ Design အထပ်ထပ်ပြောင်းလို့ အထပ်ထပ်တွက်ရပါတယ်
6. တချို့ Tender တွေမှာ Tender presentation PowerPoint slide ပြင်ရပါသေးတယ်
7. Design and Built tender ဆိုရင်တော့ ၂ ဆ ပင်ပန်းပြီပဲ ( Design အတွက်ရော စျေးနူန်းအတွက်ရော ကိုယ်ပဲ လုပ်ရတာ ဆိုတော့ )
ဒုတိယ တစ်ပိုင်း ဖြစ်တဲ့
Post Contract ပိုင်းမှာ ဆိုရင်
1. LOA မှာ ပါတဲ့ Contracts documents တွေ မှန်မမှန် drawings တွေ scope of work တွေ, contract terms and conditions တွေ မှန်မမှန် စစ်ရပါတယ်
2. Subcontractors တွေ အတွက် LOA တွေပြင်ဖို့ quotation comparison တွေ , Price negotiation တွေ , scope နဲ့ specification တွေ comply လုပ်ဖို့ meeting တွေ လုပ်ရ ပြင်ဆင်ရပါတယ်
3. Equipment တွေ materials တွေက PO ပဲထုတ်ရတာမလို့ purchaser တွေ PO ထုတ်နိုင်ဖို့ စျေးတွေ စစ်ပေးတာ ညှိပေးတာ scope နဲ့ specification တွေ comply လုပ်ဖို့ စစ်ပေးတာတွေ လုပ်ရပါတယ်
4. Project စပြီး run ပြီဆိုတာနဲ့ client or Main con ကို progress claim တွေ တင်ဖို့ လစဉ်ပြင်ရပါတယ်
5. Design change တွေ Additional တွေ omission တွေအတွက် Variations တွေ လုပ်ရပါတယ်
6. Final account ပြီးတဲ့ အထိ လတိုင်း အပေါ်က အလုပ်တွေကို လုပ်သွားရတာပါ
Variations တွေက အသေးစိတ် တွက်ရတာမလို့ Tender တွက်တာထက် အချိန် ၃ ဆ လောက် ကုန်ပါတယ်
စလုံးမှာက အပေါ်မှာ ရေးထားတဲ့ pre and post contract အလုပ်တွေ အကုန်လုံး ကို တစ်ပြိုင်တည်း တွဲလုပ်နေရတာပါ
အပတ်ပိုင်း လတိုင်းမှာ Tender တစ်ခုမဟုတ် တစ်ခုလုပ်နေရင်း ကိုယ့်ရဲ့ project အတွက် post contract ပိုင်းတွေ လုပ်နေရတာပါ
Ireland မှာကတော့ Pre contract ပိုင်းတွေ အားလုံးကို Estimator တွေက လုပ်တဲ့ အတွက် ကိုယ့်ရဲ့ Project QS scope ထဲ လုံးဝ မပါဝင်တော့ပါဘူး
အဲ့ဒီ အတွက် ကျနော်လုပ်ခဲ့ရတဲ့ တာဝန် တစ်ဝက်လောက်က အခု Ireland မှာလုပ်စရာမလိုတော့ပါဘူး ( ပြောရရင် work loads 50% ) သက်သာသွားတာပါ )
ဒါပေမယ့် တစ်ခါတလေ Tender အသေးလေးတွေ အတွက် စျေး တွက်ပေးတာ မျိုး ရှိပါတယ်
စျေးနူန်းပဲ တစ်ခုချင်းဆီ အသေးစိတ် တွက်ပေးရတာပါ
ဒီအလုပ်မှာက Drawing ဖတ်ပြီး BQ ကောက်ပေးစရာတောင် မလိုပါဘူး ( တခြား Ireland က company တော့ ဘယ်လို procedures တွေနဲ့ လုပ်လဲ မသိပါ)
ဒါပေမယ့် ဒီမှာလည်း Challenges တွေ အများကြီးပါပဲ
အဓိက စိန်ခေါ်မှုတွေက သူတို့ ခိုင်းတဲ့ အကြောင်းအရာကို ဘာကိုလိုချင်တာလဲ ဘယ်လိုပုံစံနဲ့ လိုချင်တာလဲ ဆိုတာ ချက်ခြင်းနားလည်ဖို့ ပါ
နောက်တစ်ခုက စကားပြော အရမ်းမြန် ပြီး လေသံတိုးတိုးနဲ့ပဲ ပြောလို့ language ပိုင်း နားယဉ်အောင် လုပ်ဖို့ လိုအပ်ချက်ပါ
အထူးသဖြင့် site ထဲက supervisor တွေ Manager တွေက စကားပြော အရမ်းမြန်ပါတယ်
နောက်တစ်ခုက သူတို့ လိုချင်တဲ့ procedure နဲ့ format ပါ
နိုင်ငံ တစ်ခုနဲ့ တစ်ခု မတူညီတာ Company တစ်ခုနဲ့ တစ်ခု မတူညီတာ တွေကြောင့် procedure နဲ့ format တွေကို နားလည်အောင် အထူးကြိုးစားရပါတယ်
တချို့ Manager တွေက last minute မှ ကိုယ်လိုတဲ့ information တွေ ပေးတတ်ကြလို့ အဲ့လို Manager တွေနဲ့ လုပ်ရရင် တကယ်ခေါင်းကိုက်ရပါတယ်
Email ပို့လည်း မပြန်, ဖုန်းဆက်လည်းမကိုင် message ပို့လည်း မပြန်နဲ့ တကယ့်ကို Deal လုပ်ရခက်တဲ့ သူတွေ လည်းရှိပါတယ် ( ခုထိတော့ အလုပ်ထဲမှာ ၁ ယောက် ၂ ယောက် ပဲ တွေ့ရသေးတယ် )
အဲ့ဒီသူတွေက ကိုယ်တွေ foreigner တွေကိုပဲ အဲ့လို ဆက်ဆံတာမဟုတ်ပါဘူး
သူတို့ Irish project QS တွေလည်း အဲ့ဒီလို ဆက်ဆံကြကြောင်း Project QS တွေ အချင်းချင်း စကားပြောကြရင်း ပြန်သိရပါတယ်
ဒီမှာက စလုံးမှာလို အရမ်းကြီး သွား chase လို့မရလို့ အဲ့ဒီ challenges တွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကျော်ဖြတ်ရပါတယ်
သူတို့ Irish အများစုက ဘာပဲ လုပ်လုပ် နောက်တစ်ခါ ပြန်မလုပ်ရအောင် အသေးစိတ် လုပ်ရတဲ့ အတွက်
အာရုံ စူးစိုက်မှုက စလုံးမှာထက် အများကြီး လိုအပ်ပါတယ်
ကျနော်တို့ထက် ဘာသာစကားကောင်းပြီး ပညာရေးမြင့်တဲ့ တောင်အာဖရိက ကျနော့်ထက် အရင် ၈ လလောက် စောပြီး အလုပ်ဝင်တဲ့ project QS ပြောတာလေး မှတ်မိသေးတယ်
သူဆိုရင် အလုပ်ဝင်ပြီး ၅လ ၆ လ လောက်အထိ anxiety ( စိုးရိမ်ပူပန်မှုတွေ ) အမြဲ ရှိနေခဲ့တာတဲ့
အမှန်ကတော့ သူက ဘာသာစကား ကျွမ်းကျင်ပေမယ့် အလုပ်အတွေ့အကြုံက ကျနော်တို့ စင်ကာပူမှာ လို Project မျိုးစုံ ကို လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ မရှိခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်
နောက်ပြီး အလုပ်တွေကျွမ်းကျင် လာပြီးတော့ သူထပ်ပြောတာက ငါတို့ ဒီမှာ ၅ ရက် လုပ်နေတဲ့ အလုပ်က တကယ် လုပ်ရင် ၃ ရက် အများဆုံး ၄ ရက် ဆိုပြီးတယ်တဲ့
တကယ်တော့ Ireland မှာက ကျနော့်အတွက် Work load တဝက်လောက် နည်းသွားတယ် ဆိုပေမယ့်
ကိုယ်လုပ်ရတဲ့ အပိုင်းတစ်ခုချင်းစီကို procedure အဆင့်ဆင့် နဲ့ အသေးစိတ်လုပ်ရတဲ့ အတွက်
အချိန်ပိုပြီး ယူရပါတယ် အမှားအယွင်းမပါအောင် အထပ်ထပ် စစ်ရပါတယ်
နောက်ထပ်အတွေ့အကြုံတွေကိုလည်း အလျင်းသင့်သလို လေ့လာ သိရှိသလောက် ဆက်ရေးပါ့မယ်
မှတ်ချက် ။ ကျနော်ရေးသော အတွေ့အကြုံအကြောင်း အရာများသည် ကျနော်ကိုယ်တိုင် ကြုံတွေ့ဖူးခဲ့သော အကြောင်းအရာများသာ ဖြစ်သောကြောင့်
နိုင်ငံ အလိုက် ၊ ကုမ္မဏီ တစ်ခုချင်းစီ အလိုက် သူတို့ရဲ့ standard, procedure, ကိုယ်ပါဝင်ရတဲ့ project team တစ်ခုချင်းဆီအပေါ်တွင် ကွာခြားမှုများရှိနိုင်ပါတယ်
အရင်ကရေးထားတဲ့ post တွေကို ပြန်ရှာဖတ်ရတာ လွယ်ကူအောင်လို့ အောက်မှာ ပြန်ပြီးစုစည်းပေးထားပါတယ်
Work life- balance in Ireland Part 1
https://www.facebook.com/100000011161547/posts/7093463660663936/?mibextid=uKtFVW
Project QS Experience in Ireland Part 1
https://www.facebook.com/100000011161547/posts/6811468912196747/?mibextid=uKtFVW
Project QS Experience in Ireland Part 2
https://www.facebook.com/100000011161547/posts/6858841974126107/?mibextid=uKtFVW
Project QS Experience in Ireland Part 3
https://www.facebook.com/100000011161547/posts/6903621802981457/?mibextid=uKtFVW
Ireland က အလုပ် ဘယ်လိုရခဲ့တာလဲ
https://www.facebook.com/100000011161547/posts/6835534323123539/?mibextid=uKtFVW
ရဲမျိုး ( 14/10/2023)