Umi Sushi

Umi Sushi Sushi Umi Sushi is a small local business wich serving Sushi, japanish and asian food.

02/11/2022

သမီး မိန်းကလေးဖို့ အလုပ် // လူထုဒေါ်အမာ

(ကလျာမဂ္ဂဇင်း၊ အမှတ် ၁၂၇၊ ၁၉၉၅၊ စက်တင်ဘာလ )

---

အမေတို့ ငယ်ငယ်က သမီးမိန်းကလေးကို အင်္ဂလိပ်ကျောင်းထားဖို့ မိဘတိုင်းက စိတ်အားထက်သန်မှု မရှိကြဘူး။ အထက်တန်းလွှာလို့ခေါ်တဲ့ အရာရှိသားသမီးများသာ အင်္ဂလိပ်စာ သင်ရတယ်။ ရိုးရိုးအရပ်သား၊ ကုန်သည်သားသမီးများဆိုရင် မြန်မာစာအသင့်အတင့် တတ်ရင် ကျောင်းနုတ်ကြပြီး မန္တလေးက လူလတ်တန်းစားက သမီးမိန်းကလေးကို ဈေးသင်တယ်။

ဈေးသင်တယ်ဆိုတာ မန္တလေးဈေးချိုတော်ကြီးထဲက အသိမိတ်ဆွေ ဆိုင်တဆိုင်မှာ ဈေးရောင်းတတ်အောင် နေ့တိုင်း ဈေးလိုက်ထွက်ရပြီး ဈေးအရောင်း သင်ရတာကို ခေါ်တာ။ တကယ်လို့ အင်္ဂလိပ်စာသင်ရင်လည်း အင်္ဂလိပ်စာတတ်တဲ့ မိန်းကလေးကိုခေါ်တဲ့အလုပ်က စာရေးစာချီမ၊ ကျောင်းဆရာမနဲ့ သူနာပြုဆရာမဆိုတဲ့ အလုပ်မျိုးလောက် လုပ်ကြရတာကိုး။

ဈေးသင်တဲ့ မိန်းကလေးတွေကတော့ မိုးလင်းရင် အဝတ်လဲ ထမင်းချိုင့်ကလေးဆွဲပြီး ကိုယ်အရောင်းသင်တဲ့ ဆိုင်ကိုဖြစ်စေ၊ ဆိုင်ရှင့်အိမ်ကိုဖြစ်စေ လာခဲ့တာပဲ။ ဈေးကိုရောက်ကြတော့ ဆိုင်ကူဖွင့်ပြီး ဆိုင်ကူ ရောင်းကြတာပေါ့။ အဲဒီလို
တနှစ်၊ ဒါမှမဟုတ် နှစ်နှစ် ဆိုင်ရှင်နဲ့ အတူ ဈေးရောင်းရတယ်လေ။ ဆိုင်ရှင်က ရောင်းရင်းနဲ့ ဈေးသည်ကောင်းတယောက်ဖြစ်ရေးကို လက်တွေ့နဲ့တွဲပြီး သင်သွားတာပဲ။

ပထမသင်တာကတော့ ချိန်တွယ်ရောင်းရတဲ့ ပစ္စည်းဆိုရင် အချိန်အတွယ်သွက်လက် လည်ပတ်ဖို့ပေါ့။ ခြင်တွယ်ရောင်းရတာမျိုးဖြစ်ရင်လည်း အခြင်အတွယ် လည်ပတ်ဖို့ပေါ့။ ဒါတွေက လက်တွေ့လုပ်ရင်းနဲ့ ကျွမ်းကျင်သွားရတဲ့ကိစ္စ။

ပြီးတော့ ဈေးသည်တယောက်အနေနဲ့ အပြောအဆို၊ ချေငံယဉ်ကျေးဖို့ သင်ပါတယ်။ မန္တ လေးဟာ ရှင်ဘုရင်ရှိခဲ့တဲ့ မင်းနေပြည်မြို့ဟောင်းဆိုတော့ မန္တလေးမှာ စကားက အဆင့်ဆင့်ရှိပါတယ်။ ပဒေသရာဇ်မင်းများနဲ့ ပြောတဲ့အသုံးအနှုန်းတွေ၊ လူကြီးသူမနဲ့ လူငယ်နဲ့ပြောတဲ့အသုံးအနှုန်းတွေ၊ တန်းတူရည်တူ ရွယ်တူ ရွယ်တန်ချင်း ပြောတဲ့ အသုံးအနှုန်းတွေ၊ လက်အောက်ငယ်သားနဲ့အထက်ကလူနဲ့ပြောတဲ့ အသုံးအနှုန်းတွေ စသဖြင့် အဆင့်ဆင့်ရှိတာကို အမေတို့ငယ်ငယ်က ကြားခဲ့ သိခဲ့ရပါတယ်။ အဲဒီတော့ စကားကို တဘက်သားနဲ့ ပြောဆိုဆက်ဆံရာမှာ သူက ဘယ်အတန်းအစားထဲကမှန်း ကိုယ်က မသိပေမယ့် ကိုယ်က အောက်ကနေပြီး ကြို့ပြောဖို့ ဆိုင်ရှင်ဈေးသည်က သင်ပါတယ်။ “ လူ့အောက်ကြို့ရင် လူပိ မသေဘူး ” လို့လည်း ဆုံးမပါတယ်။ ပြီးတော့ “ နှုတ်ချိုရင်
လျှိုတပါး ” တဲ့ ဆိုတာမျိုး၊ “ ချစ်စေလို ခံတွင်းလက်လေးသစ် ၊ မုန်းစေလို ခံတွင်းလက်လေးသစ် ” ဆိုတာမျိုးတွေကိုရှင်းလင်းပြောပြပြီး တဘက်သားနဲ့ ချိုချိုသာသာ ဆက်ဆံရမယ်ဆိုတာကို တထစ်ချ လိုက်နာရမယ့်အနေနဲ့ သင်ကြားပါတယ်။

ဈေးသည်နဲ့ ဈေးဝယ် တချို့ဈေးဝယ်က မောက်မာတယ်။ တချို့က ရိုင်းစိုင်းတယ်။ ဒါမျိုးနဲ့ တွေ့ရင်တောင်မှ ကိုယ်က မတုန့်ပြန်ဘဲသည်းခံလိုက်ပါလို့ပဲ မှာကြားပါတယ်။ မှားစရာရှိရင် ဈေးဝယ်ကပဲ မှားသွားပါစေ၊ ကိုယ်က မမှားစေနဲ့တဲ့။

ပြီးတော့ ကိုယ်ရောင်းချမယ့် ကုန်ပစ္စည်းအကြောင်းကို ကိုယ်က နားလည်ထားဖို့ ကိုယ့်ကုန် ဘယ်လို ကောင်းတယ်ဆိုတာမျိုး၊ ကိုယ်က ဈေးဝယ်သူကို ပြောပြတတ်ဖို့လည်း သင်ကြားပေးတယ်။

ဈေးသည်မှာ အရေးကြီးဆုံးတချက်က ကိုယ်ရောင်းမယ့်ကုန်ကို ကိုယ်က တကယ် နားလည်ပြီး ပြန်ရောင်းစားဖို့ ဝယ်တဲ့အခါ ဝယ်တတ်ဖို့ပဲ ဖြစ်သတဲ့။ အဝယ်တော်မှ အရောင်းတော်တယ်။ ဝယ်ရာက ဈေးချောင်မှ ဈေးသက်သာမှ ကိုယ်က ပြန်ရောင်းတဲ့အခါ မြတ်လည်းမြတ်စွန်းနိုင်တယ်။ ဝယ်သူ ကိုယ့်ဖောက်သည် ဖြစ်သွားရအောင် လျှော့ပေါ့ပေး၊ လက်ဆောင်ပေးတာ ဆိုတာမျိုးလည်း လုပ်နိုင်တယ်။ ဝယ်ကတည်းက ဈေးကြီးနေတဲ့ကုန်ကို မြတ်အောင် ပြန်ရောင်းဖို့ မလွယ်ဘူးဆိုပြီး ကုန်ရဲ့ သဘော၊ ဈေးတက် ဈေးကျသဘော၊ အချိန်ကာလသဘော ဆိုတာတွေကိုလည်း သင်ပေးတယ်။

ပြီးတော့ ဈေးသည်အဖို့ လိုအပ်လှတဲ့ လူကဲခတ်ပညာကိုလည်း သမ္ဘာရင့် ဈေးသည်ကြီးများက လူငယ်တွေကို သင်ပေးသေးတယ်။ လူတယောက် ကိုယ့်ဆိုင်ရှေ့ဖြတ်လျှောက်လာရင် ဒီလူကို အကဲခတ်ပါ။ ဝယ်မယ့်လူ ဟုတ်မဟုတ်၊ ဝယ်ပြန်ရင် နည်းနည်း ဝယ်မှာလား၊ များများဝယ်မှာလား အကဲခတ်တတ်ဖို့ စကားတခွန်းနှစ်ခွန်း ပြောကြည့်ပြီး ကိုယ့်ပစ္စည်းအပေါ် ဘယ်လိုစိတ်ဝင်စားမှု ရှိတယ် မရှိဘူး စတာတွေကို အကဲခတ်တတ်ရမယ်။

ဈေးရောင်းတဲ့ပညာထဲမှာ ဈေးသည်က အစစ စဉ်းစားပြီး ဈေးဝယ်ရဲ့ အကဲကို ကိုယ်က သိထား နားလည်ထားရင် အလွန်နေရာကျတယ်။ ဈေးသည်လုပ်နေပြီး မ အ ရဘူး၊ အရာရာ ရိပ်စားမိအောင် ကြိုးစား၊ မျက်စိကလည်း လျင်ပါ။ ဈေးဝယ်ဆိုတာ လူမျိုးစုံ၊ တချို့က ဝယ်ဟန်ဆောင်ပြီး ပစ္စည်းကို လစ်တတ်သူလည်း လာတဲ့အခါ လာတတ်တယ်။ အဲဒီလိုလူမျိုးလက် ပစ္စည်း ပါမသွားအောင်လည်း လျင်ပါ၊ မြင်ပါ ဆိုတာမျိုးတွေ ဈေးသည်တို့တတ်အပ်တဲ့ တဆယ့်ရှစ်ရပ်ကို လက်တွေ့နဲ့တွဲပြီး ရောင်းရင်း ဝယ်ရင်း သင်ပေးသွားတာပဲ။

ဈေးဝါး တော်တော်ဝပြီ၊ လူကိုလည်း မကြောက်တော့ဘူး၊ ရောင်းတတ် ဝယ်တတ်ရှိပြီလို့ထင်တဲ့အခါ မိဘက တတ်နိုင်တဲ့ အရင်းအနှီးထုတ်ပေး၊ ဆိုင်လွတ် တနေရာ ရှာဝယ်ပြီး ဈေးဆိုင်တဆိုင် ဖွင့်စေတာပါပဲ။

အဲဒါ အမေတို့ ငယ်ငယ်တုန်းက မန္တလေးက မိန်းကလေးတွေ ဈေးသည်ဖြစ်ဖို့အတွက် သင်ကြားလေ့ကျင့်ခဲ့ရတဲ့ အဖြစ်ပဲ။ မန္တလေး ဈေးချိုတော်ကြီးထဲမှာ ဒီလိုနဲ့ပဲ ဈေးသည်လက်ဟောင်းကြီးတွေလို ဈေးသည်မျိုးဆက်သစ်တွေက ဆက်လက်ပြီးတော့ ရောင်းဝယ်သွားကြတာပဲ။ ဈေးချိုတော်ဟာ မန္တ လေးရဲ့ စီးပွားရေးအသက်သွေးကြော၊ ဈေးချိုသူဟာ မန္တလေးရဲ့ လည်ဆွဲပါ။

မန္တလေး ဈေးချိုတော်ကြီးက အဆင့်မြင့်တိုက်ဈေးကြီး ဖြစ်သွားတဲ့နောက် အမေ့မြေးအရွယ် မိန်းကလေးတွေ ဈေးရောင်းကြတဲ့ပုံစံတမျိုး အမေမြင်တွေ့လာရတယ်။

မိန်းကလေးတွေ လှကလှနဲ့၊ လိမ်းခြယ်သထားတာကလည်း ပွဲထိုင်သွားတော့မယ့် ပုံမျိုး၊ ခါးပေါ်မှာလည်း ထဘီမပါဘူး၊ စကတ်ကလေးတွေဝတ်လို့၊ခြေထောက် မှာလည်း ဗမာဖိနပ်မရှိဘူး လေဒီရှူးလေးတွေနဲ့။ ဒါနဲ့ အမေက ကျောင်းကပွဲ သွားကြရမှာထင်ရဲ့လို့ အောက်မေ့တာ။ ခဏနေတော့ ကားတစီးက သူတို့ကို လာခေါ်သွားတယ်။ အမေလည်း တည်းခိုခန်းကြီးတခုပေါ်က အဲဒီလို ဝတ်စားဖြီးလိမ်းပြီး ညနေ ၄ နာရီလောက် မိန်းကလေးတွေ ထွက်သွားကြတော့ ဘယ်ကျောင်းကပွဲပါလိမ့်လို့ စဉ်းစားနေတုန်း “ အမေ အဲဒါ မိန်းကလေးတွေ စီးကရက်ရောင်းဖို့ ၊ ဘီယာရောင်းဖို့ သွားကြတာ ” တဲ့။

“ ဒီလို ဝတ်စားဆင်ပြင်ပြီး ဘယ်လို ရောင်းကြရတာလဲကွယ် ” လို့ အမေကမေးတော့ စီးကရက်ရောင်းရတဲ့မိန်းကလေးက စီးကရက်ဘူးတွေ ဗန်းထဲထည့်ပြီး ရက်စတောရင့်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာ စားသောက်နေကြသူတွေ၊
ကာရာအိုကေ ကြည့်နေကြသူတွေကို စီးကရက် လိုက်တည်တာ ရောင်းတာတဲ့။ သောက်မယ့်လူကို မီးခြစ်ပြီး မီးညှိပေးတယ်။ ဘီယာရောင်းတဲ့ ကလေးမလေးတွေကလည်း ဒီလိုပဲ။ ဘီယာဘူး ဖွင့်ပေး၊ တိုက်ပေါ့တဲ့။

အနို့ကွယ် ဒီကလေးမတွေက ဘယ်လို အခကြေးငွေရတာလဲလို့မေးတော့ တချို့က လုပ်ခွင် ယူနီဖောင်း ရတယ်။ လခက တလ ငါးထောင်ကျပ်၊ ခြောက်ထောင်ကျပ် ရတယ်။ ပြီးတော့ ဘောက်ဆူးလည်း ရသေးတယ်တဲ့။

“ ဟဲ့ ဘောက်ဆူးက ဘာလို့ရရတာလဲ ”

လို့ မေးတော့

“ သူတို့စီးကရက်၊ သူတို့ဘီယာကို သောက်တဲ့ ဖောက်သည်တွေက သူတို့မီးညှိပေး၊ သူတို့ဘီယာငှဲ့ပေးတဲ့ အပြုအစုကို ကျေနပ်လို့ ကျေနပ်ဆု ပေးတာပေါ့ အမေရဲ့” တဲ့။

ပြီးတော့ ဒီအလုပ်ခွင်က ဘယ်အချိန်ပြန်ရတာလဲလို့မေးတော့ ညဆယ့်တနာရီမှာ တည်းခိုခန်း ပြန်ပို့ပေးသတဲ့။

အလုပ်ကတော့ တကယ်တမ်းပြောရရင် ခေါင်းရွက်ဗျပ်ထိုး အလုပ်ပါပဲ။ ဒါပေမယ့် ကုန်ပစ္စည်းရောင်းရတဲ့ အခြေအနေချင်းက ကွာလှပါကလား။ ရတဲ့ အခကြေးငွေကလည်း ကွာလှပါကလားလို့ အမေက ကြက်သီးထမိတယ်။

အမေက မေးကြည့်တယ်။ ဒီကလေးမလေးတွေ သဘောကကော ဘယ်လိုလဲဆိုတော့ သူတို့ကလည်း သူတို့လုပ်ခ သူတို့လုပ်ခွင်ကို ကျေနပ်လို့ ပျော်လို့ပါပဲတဲ့။

အမေတို့ဆီမှာ စီးကရက်ကြော်ငြာ ပိုစတာကြီးတွေ၊ ဘီယာနဲ့ အရက်ကြော်ငြာ ပိုစတာကြီးတွေ ကြည့်မလွဲ တွေ့မြင်နေရတဲ့ကြားထဲက ကုန်ပစ္စည်းနှစ်မျိုးကို ဒီလို ပုံစံတွေနဲ့ ကြော်ငြာပြီးလည်း ရောင်းနေသေးတယ်ဆိုတော့ ဆေးလိပ်ကိုအကြောင်း ပြုပြီးရလိုက် မယ့်ရောဂါဝေဒနာတွေ၊ အရက်ကိုအကြောင်း ပြုပြီး ရလိုက်မယ့် ရောဂါဝေဒနာတွေ အမေဖြင့် တွေးတောင်မတွေးဝံ့ဘူး။

အမေတို့အရင်က ကြားဖူးတာက အနောက်နိုင်ငံတွေမှာ ရေ မသောက်ဘူး၊ ဘီယာ သောက်ကြတာပဲတဲ့။ သူတို့ဆီက ပူတဲ့နိုင်ငံမျိုးမှ မဟုတ်ဘဲ။ ရေငတ်စရာ အကြောင်းမရှိတော့ ဘီယာကိုသောက်တယ်ဆိုတာ မဆန်းပါဘူး။ အဲဒါဟာအနောက်က ယဉ်ကျေးမှုလို့ ထင်မှတ်ပြီး အမေတို့နိုင်ငံလို ပူတဲ့ အိုက်တဲ့နိုင်ငံ တနေ့ကို ရေအေးလေးငါးခွက်ထက် မနည်း မသောက်ရရင်မနေနိုင်တဲ့ နိုင်ငံတွေက သူတို့စတိုင် ရေအစား ဘီယာသောက်ကြမယ်ဆိုရင်တော့ အစောကြီး သေကုန်ကြမှာ ဧကန်ပဲ။ ဘီယာထဲမှာလည်း အရက်ပါတယ်လေ။

မိန်းကလေးတွေတောင် အရက်တို့ ဘီယာတို့ သောက်နေတယ်ဆိုတာမျိုးကြားရတော့ တမျိုးသားလုံး အသက်တိုကြမယ့်လမ်းပါ ကလားလို့ အမေ ရင်လေးမိတယ်။

အမေတို့ လူ့အဖွဲ့အစည်းက မတော်ရင် မတော်ဘူးလို့ ပြောဆိုဆုံးမ တားမြစ်မှုနဲ့ အချင်းချင်း ထိန်းသိမ်းစောင့်ရှောက်တဲ့ လူ့အဖွဲ့ အစည်းပါ။ မတော်တာကိုတော့ မတော်ဘူးလို့ အရင်ကလိုပဲ လူကြီးသူမ ဆရာသမား သက်ကြီးရွယ်အိုနဲ့ ဆရာတော် သံဃာတော်များကပါ ဆုံးမတားမြစ်ကြပါဦးလို့ အမေ မေတ္တာရပ်ခံချင်လှတယ် ။

---

#လူထုဒေါ်အမာ
#သမီးမိန်းကလေးဖို့အလုပ်


13/10/2022

မြေပဲ // မြသန်းတင့်

---

ကျွန်တော်တို့ အိမ်နောက်ဖေးတွင် မြေကွက်လပ်တခု ရှိပါသည်။

“ဒီမြေကွက်လပ်လေးကို အလကားပစ်ထားရတာ နှမြောပါတယ် ကွယ်။ ငါ့သားတွေကမြေပဲကြိုက်ကြတယ် မဟုတ်လား။ ဒီတော့ ဒီမြေကွက်လပ်လေးပေါ်မှာနည်းနည်းစိုက်ရရင်မကောင်းဘူးလား”

ဟု အမေက ပြောပါသည်။

ကျွန်တော်တို့ကလေးတသိုက်နှင့် အိမ်ဖော်မကလေးများမှာ ဝမ်းသာနေကြပါသည်။

အချို့က မျိုးစေ့များကို ယူလာခဲ့ကြပါသည်။ အချို့က မြေကို တူးဆွ၍ရေလောင်းကြပါသည်။ လအနည်းငယ်အတွင်းတွင် ကျွန်တော်တို့ အသီးအပွင့်ရခဲ့ပါသည်။

“တို့များ ဒီညနေ ကောက်သိမ်းပွဲအထိမ်းအမှတ် လုပ်ကြရအောင်၊ တို့စိုက်ထားတဲ့ မြေပဲလတ်လတ် ဆတ်ဆတ် ကလေးတွေ မြည်းကြည့်ရအောင်၊ မင်းတို့ အဖေကိုလည်း ဖိတ်ရမယ်”

ကျွန်တော်တို့အားလုံး သဘောတူကြပါသည်။ အမေက မြေပဲပါသည့်စားသောက်ဖွယ်မျိုးစုံကို လုပ်ပါသည်။ အထိမ်းအမှတ်ပွဲကို ခြံထဲကသက်ကယ်တဲကလေးထဲတွင် လုပ်ဖို့လည်း ပြောပါသည်။

ထိုနေ့ညပိုင်းက ရာသီဥတုမှာ များစွာမကောင်းလှပါ။ သို့ရာတွင် အဖေကိုယ်တိုင်ပင် ရောက်လာပါသည်။ အဖေသည် လာခဲလှပါသည်။

“မြေပဲကို ကြိုက်ကြသလား”

ဟု အဖေက မေးပါသည်။

“ကြိုက်ပါတယ်အဖေ”

ဟု ကျွန်တော်တို့ အားလုံးက ဖြေကြပါသည်။

“ဒါဖြင့် မြေပဲက ဘာကောင်းသလဲကွာ”

“စားလို့ကောင်းပါတယ်အဖေ”

ဟု အစ်မကြီးက ပြောပါသည်။

“ဆီကြိတ်လို့လည်း ရတယ်အဖေ”

ဟု အစ်ကိုကြီးက ပြောပါသည်။

“ဘယ်သူဖြစ်ဖြစ် လူတိုင်းဝယ်နိုင်တယ်၊ လူတိုင်းလည်း ကြိုက်တယ်၊ ဒါကြောင့်မြေပဲက ကောင်းတယ်”

ဟု ကျွန်တော်က ပြောပါသည်။

အဖေက ပြောပါသည်။

“အမှန်ကတော့ မြေပဲကို အမျိုးမျိုးအသုံးချလို့ရတယ်။ ဒါပေမယ့် မြေပဲမှာအဖိုးတန်ဆုံးကတော့ ဒီလိုကွ။ မြေပဲဟာ ပန်းသီးနဲ့လည်း မတူဘူး။ မက်မုံသီးနဲ့လည်း မတူဘူး။ သလဲသီးနဲ့လည်း မတူဘူး။ အဲဒီသစ်သီးတွေက သစ်ကိုင်းတွေပေါ်မှာ ကြွားကြွားဝင့်ဝင့် လှလှပပသစ်သီးတွေ၊ မြင်ရသူအဖို့ကြည့်လို့လှတယ်၊ နှစ်သက်စရာ ကောင်းတယ်။ မြေပဲကတော့မြေကြီးထဲမှာမြှပ်နေပြီး အောင်လို့ လူတွေက ဖော်ကြည့်တော့မှ မြင်ရတာ။ မြေပဲပင် လှီလှီကလေးတပင် မြင်လိုက်ရင် မြေပဲဥတယ် မဥဘူး ဆိုတာကိုသေသေချာချာ ပြောလို့ မရဘူး။ ဖော်ကြည့်လိုက်တော့မှ ဥတွေကို တွေ့ရတာ”

ကျွန်တော်တို့အားလုံး ထိုအချက်ကို သဘောတူကြပါသည်။ အမေကလည်းခေါင်းညိမ့်ပါသည်။ အဖေက ဆက်၍ပြောပါသည်။

“ဒီတော့ မင်းတို့အားလုံးလည်း မြေပဲနဲ့တူအောင် ကြိုးစားကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပဲဟာ ကြွားကြွားရားရား၊ လှလှပပ မရှိပေမယ့်အသုံးကျလို့ပဲ”

“ဒါဖြင့် လူတွေဟာ နာမည်ကြီးဖို့၊ ကြီးကျယ်ဖို့ မကြိုးစားဘဲ အသုံးကျဖို့ကြိုးစားသင့်တယ်လို့ အဖေ ပြောချင်တာလား”

ဟု ကျွန်တော်က မေးပါသည်။

“ဟုတ်တယ်၊ ငါ့သားသမီးတွေကို အဲဒီလို ဖြစ်စေချင်တယ်”

ဟု အဖေက ပြောပါသည်။

ကျွန်တော်တို့သည် ညဉ့်နက်သည့်တိုင်အောင် စကားပြောနေကြပြီးမှလူစုခွဲလိုက်ကြပါသည်။ ကျွန်တော်တို့သည် ထိုနေ့ညနေက မြေပဲများ အားလုံးကို ကုန်အောင် စားပစ်ခဲ့ကြသော်လည်း အဖေ၏ စကားများသည် ကျွန်တော့်နှလုံးသားထဲတွင် စွဲနေပါသည်။

---

#မြသန်းတင့်
#မြေပဲ


Adresse

Friedberger LandStr. 140
Frankfurt
60316

Öffnungszeiten

Montag 12:00 - 14:30
17:00 - 21:30
Dienstag 12:00 - 14:30
17:00 - 21:30
Mittwoch 12:00 - 14:30
17:00 - 21:30
Donnerstag 12:00 - 14:30
17:00 - 21:30
Freitag 12:00 - 14:30
17:00 - 21:30
Sonntag 16:00 - 21:30

Telefon

+496997691462

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Umi Sushi erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an Umi Sushi senden:

Verknüpfungen

Teilen

Kategorie