Restaurant Mandalay

Restaurant Mandalay Kontaktinformationen, Karte und Wegbeschreibungen, Kontaktformulare, Öffnungszeiten, Dienstleistungen, Bewertungen, Fotos, Videos und Ankündigungen von Restaurant Mandalay, Burmesisches Restaurant, Brüsseler Str. 53, Cologne.

15/12/2025
14/01/2024
07/07/2023

ကျဆုံးလေပြီးသော
ပန်းပွင့်များ......
---------------
ဒဂုန်တာရာ

14/06/2023

မွေးနေ့သဝဏ်
------------

တိုင်းကျိုးပြည်ပြု
ကိုယ်စားပြုရှင်
မှိုင်းသခင်မှန်း
အောင်ဆန်းစုကြည်
စုဧကရီအား
မွေးဖွားရက်တွင်
ကျန်းမာပါစေ
ချမ်းသာပါစေ
ဆုသွင်သွင်လောင်းလိုက်ပါသည်။

ဒဂုန်တာရာ

13/06/2023

မြို့ပြကို CCTV နဲ့မသတ်နဲ့ 🚫

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ပြနေမိဘပြည်သူများခင်ဗျာ
ကျွန်ုပ်တို့တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးရဲဘော်များဟာ အာဏာရှင်၏လက်အောက်မှရုန်းထွက်ပြီး ညီညွတ်မျှတ အေးချမ်ဖွံ့ဖြိုးသော ဖက်ဒရယ်နိုင်ငံ‌တော်သစ်တည်ဆောက်နိုင်ရေးနှင့်ပြည်သူတရပ်လုံးဆုံးရှုံးနေခဲ့ရသော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ကိုယ်ပိုင်လူ့အခွင့်အရေးများပြန်လည်ရရှိနိုင်ရန် လိုအပ်နေသောဒီမိုကရေစီစနစ်အား ပြန်လည်ရယူနိုင်ရန်အတွက် အသက် သွေး ချွေး အနာဂတ်နှင့် မိသားစုဘဝများကိုပါစွန့်လွှတ်တိုက်ပွဲဝင်လျက်ရှိပါသည်။

ထိုသို့တိုက်ပွဲဝင်နေသောကာလအတွင်း အသက်များကိုစတေးခဲ့ရသည်မှာလည်းစာရင်းပြုစု၍ပင်မရအောင် အလွန်အမင်းများပြားခဲ့ပါပြီ။ ထိုသိုစတေးခံခဲ့ရသည်များထဲမှ အချို့မှာမစတေးသင့်ပဲစတေးလိုက်ရသည့်အခြေအနေများလည်းရှိခဲ့ပါသည်။ ထိုအကြောင်းအရာမှာ လမ်းမများပေါ်မှ CCTV ဟူသည့် လုံခြုံရေးကင်မရာများကြောင့်သာဖြစ်ပါသည်။

🔴 မြို့ပြနေ မိဘပြည်သူများခင်ဗျာ
တရားဥပ ဒေစိုးမိုးမှုမရှိသည့် ခေတ်ပျက်ကာလအတွင်း ပျက်စီးယိုယွင်းနေသော နိုင်ငံအတွင်းနေထိုင်ရသောကြောင့် မိမိတို့၏အိုးအိမ်ဥစ္စာများအား ကာကွယ်စောင့် ရှောက်ရန် CCTV များတပ်ထားခြင်းမှာ ဖြစ်သင့်သောလုပ်ဆောင်ချက်တစ်ခုဟု ကျွန်ုပ်တို့ နားလည်သိရှိပြီးဖြစ်ပါသည်။

သို့ပါသော်ငြားလည်း CCTV များအား မလိုအပ်သောနေရာများသို့ ချိန်ထားခြင်း၊ မလိုအပ်သောနေရာများတွင် အပိုတပ်ဆင်ထားခြင်းများကြောင့် မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပါ်နေသည့်အတွက် CCTV တပ်ဆင်ရာတွင် မိမိတို့ပစ္စည်းဥစ္စာများ၊ မိမိတို့အိမ်အဝင်တံခါးများ၊ ဆိုင်အတွင်းဧရိယာ၊ ကားပါကင်၊ ခြံဝင်းအတွင်းသို့သာလှည့်ပြီးတပ်ဆင်ထားကြပါရန်နှင့် မလိုအပ်သည့်အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမများ၊ မိမိတို့အိမ် ဆိုင် ရုံးခန်းဧရိယာကို ကျော်လွန်၍ချိန်ရွယ်တပ်ဆင်ထားခြင်းများကို မပြုလုပ်ကြပါရန်၊ CCTV မှတ်တမ်းများကိုလည်း ရက်အနည်းငယ်တစ်ကြိမ်ဖျက်ပေးကြရန်အနူးအညွတ် တောင်းဆိုလိုက်ပါရစေခင်ဗျာ။

မိမိတို့နေအိမ်၊ ရုံးခန်း၊ ဆိုင်ခန်းများအနီး သပိတ်အသံကြားခြင်း၊ ပြစ်ခတ်ပေါက်ကွဲသံကြားခြင်း၊ တော်လှန်ရေးရဲဘော်များကမ်ပိန်းလုပ်ခြင်းများ တွေ့မြင်ရလျှင်လည်း မိမိတို့ CCTV မှတ်တမ်းများကို ကြိုတင်ဖျက်ပေးထားကြပါရန်လည်းတောင်းဆိုပါရစေ။

မိမိတို့ကိုယ်ရေးကိုယ်တာ ပိုမိုလုံခြုံစေရန် မလိုအပ်သော CCTV တပ်ဆင်ထားခြင်းဟာ မြို့ပြ‌တွင်တိုက်ပွဲဝင်နေကြပါသော တော်လှန်ရေးတပ်သား၊ ရဲဘော်များ၏ လှုပ်ရှားမှုများကိုထိခိုက်စေရုံမျှမက ထိုလှုပ်ရှားသူတို့အား အသက်များပေးဆပ်စေနိုင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသူများတွင်လည်း မိသားစုရှိပါသည်၊ အနာဂတ်များ၊ အိပ်မက်များ၊ တန်ဘိုးထားရသောသူများရှိပါသည်။

အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးရဲဘော်များအားဖမ်းဆီးသတ်ဖြတ်ပြီး ၎င်းတို့၏အာဏာတည်မြဲရေးနှင့် ပြည်သူလူထုအားစစ်ကျွန်ဘဝတွင်းနှစ်မြှုတ်နိုင်ရေးအတွက် CCTV များအကူအညီဖြင့်စုံစမ်း ဖော်ထုတ်လျက်ရှိပါသည်။ ယခုလ ပထမအပတ်ထဲအတွင်း မြို့ပြရဲဘော်များ mission ပြုလုပ်အပြီး အဖွဲ့လိုက်ဖမ်းဆီးခံလိုက်ရသည့်အဖြစ် နှစ်ကြိမ်ရှိပြီး ရဲဘော်ဆယ်ဦးထက်မနည်းမတရားဖမ်းဆီးနှိပ်စက်ခံလိုက်ရပါသည်။

သို့ပါသောကြောင့် မြို့ပြနေမိဘပြည်သူများအနေဖြင့် မိမိတို့၏ CCTV ဖြင့် မြို့ပြတော်လှန်ရေးရဲဘော်များအား အကျဉ်းစံ၊ ကြိုးစင်ပေါ်မတက်ရအောင် ကူညီစောင့် ရှောက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ တော်လှန်ရေးရဲဘော်များအားမှတ်တမ်းမယူထားမိခြင်းဖြင့်တော်လှန်ရေးတွင် နိုင်ရာတာဝန်ထမ်းဆောင် ပေးပါခင်ဗျာ။

🔴 CCTV ဓာတ်ပုံကမ်ပိန်း

ဤကမ်ပိန်းအား ရက်အကန့်အသတ်မရှိပြုလုပ်ပါသည်။
မိမိတို့မျက်နှာအားလုံခြုံ စွာအုပ်၍ စာရွက်အဖြူပါ်တွင် ယခုကမ်ပိန်းနှင့်သက်ဆိုင် သောစာသားရေး၍ဖြစ်စေ၊ No CCTV on public area, No CCTV, မြို့ပြကို CCTV နဲ့မသတ်နဲ့၊ No CCTV for Urban Revolution, CCTVသည် ဝောာ်လှန်ရေးအဖွဲ့အစည်းများကို ဒုက္ခပေး‌ေနသည်၊ CCTV အန္တရာယ်ကို UGများအထူးသတိထားကြပါ စသောစာသားများရေး၍ဖြစ်စေ၊ လက်နှစ်ချာင်းအား cross ❌ sign လုပ်၍ဖြစ်စေ ပါဝင် ပေးနိုင်ပါတယ်။

ပြည်သူ့အရေးတော်ပုံ မုချအောင်မြင်ရမည်


#ရေဘဝဲ

19/11/2021

မြန်မာထမင်းဟင်း စစ်စစ် စာခြင်သူးများ ၃ရက် ကြိုတင်ပြီး ဆိုင်မှာ သုံးဆောင်နိုင်ပါတယ်။

ငါးသလောက်ပေါင်း
ငါးသလောက် အချဥ် ဆီပြန်
ငါးခူကြော်နှပ်
ငါးခူငါးဆုပ်
ငါးဖယ်ဆီပြန်
ဝက်သနီချက်
ချဥ်ပေါင်ကြော်
ငါး ဒန့်ဒလွန်သီး(ငါးဖယ် (သို့မဟုတ်)ငါးခူ)
ကြက်သားဗူသီး(ကြက်ကာလသားချက်)
ငါးခူ ရဲယိုရွက်
TEL, (0049) 0221_ 5101296 (ဆိုင်)
Home , 0221 - 2053974
Mobil 015770636110 Ko Aung Thu

အမိမြေအတွက်ကြွရောက်လှူဒါန်းကြသောမိတ်ဆွေများ
18/11/2021

အမိမြေအတွက်ကြွရောက်လှူဒါန်းကြသောမိတ်ဆွေများ

Free Daw Aung San Suu KyiFreiheit Für Daw Aung San Suu KyiFree BurmaFreiheit für Burma
20/06/2021

Free Daw Aung San Suu Kyi
Freiheit Für Daw Aung San Suu Kyi
Free Burma
Freiheit für Burma

15/06/2021

လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့ ဆုတောင်းမေတ္တာပို့ ဆုတောင်းပွဲ ဖိတ်ကြားလွှာ

ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆နှစ်မြောက် မွေးနေ့အထိမ်းအမှတ်
ဆုတောင်းပွဲနှင့်စစ်ဘေးရှောင်ပြည်သူများအတွက်ရံပုံငွေရှာဖွေမည့် အစီအစဉ်ဖြစ်ပါသည်

နေ့ရက်။ ။ ဇွန်လ ၁၉ ရက် စနေနေ့။
အချိန်။ ။ နေ့လည်၁၃ နာရီမှ ၁၅နာရီ အထိ။
နေရာ။ ။မ န္တလေးစားသောက်ဆိုင်
Köln 50674
Brüsseler Str 53
အကျွေးအမွေး။ ။ အုန်းထမင်းနှင့်ကြက်သား


🌹ဇွန် ၁၉-၂၀၂၁ မှာကျရောက်မည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဆုတောင်းပွဲကို လာရောက်ကြဖို့ ထပ်မံ လေးစားစွာဖိတ်ကြားအပ်ပါသည်🌹
ရရှိသောအလှူငွေများကိုစစ်ဘေးရှောင်ပြည်သူများသို့လှူဒါန်းပါမည်
ကိုးဗစ်စည်းကမ်းနှင့်အညီကျင်းပရမည်ဖြစ်ပါ၍ဆေးထိုးပြီးသူများကလက်မှတ်များနှင့်စစ်ဆေးထားသောလက်မှတ်များယူဆောင်လာကြပါရန်အသိပေးအပ်ပါသည်။
မိမိတို့ကြွ‌ ရောက်ချီးမြင့်မည်ကို၁၇.၀၆ရက်နေ့နောက်ဆုံးထား၍အကြောင်းကြားပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။

မန္တလေးနှင့်ကိုလုံးမြို့သားများ
၀၂၂၁၅၁၀၁၂၉၆(နေ့လည်၁၄နာရီမှ၁၇နာရီအတွင်းအကြောင်းကြားပါရန်)

Adresse

Brüsseler Str. 53
Cologne
50674

Öffnungszeiten

Montag 18:00 - 23:00
Dienstag 18:00 - 23:00
Mittwoch 18:00 - 23:00
Donnerstag 18:00 - 23:00
Freitag 18:00 - 23:00
Samstag 18:00 - 23:00
Sonntag 18:00 - 23:00

Telefon

+49 221 5101296

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Restaurant Mandalay erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen