Taste My Days

Taste My Days Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taste My Days, Stand de restauration, dubai, Yangon.

🦆ဘဲကင် ကောင်းကောင်းလေး စားချင်တဲ့သူတွေအတွက် နေရာလေး ညွှန်းပေးချင်ပါတယ်။📍 ဆိုင်အမည် - Quanjude Restaurant (International ...
27/05/2026

🦆ဘဲကင် ကောင်းကောင်းလေး စားချင်တဲ့သူတွေအတွက် နေရာလေး ညွှန်းပေးချင်ပါတယ်။

📍 ဆိုင်အမည် - Quanjude Restaurant (International City ထဲမှာ)

ဒီဆိုင်မှာ ဘဲကင်အပြင် တရုတ်အစားအစာ အများကြီး စားလို့ရပါတယ်။

🦆 ဘဲကင် - ၂ မျိုးရှိတယ်။
ကိုယ်တွေကတော့ Waiter လေး recommendation လုပ်တဲ့ဟာကို စားကြည့်တယ်။ တော်တော်လေး စားကောင်းပါတယ်။

“ဒီဘဲကင်က ပထမဆုံး ရွှေဝါရောင်ကြွပ်ဆတ်တဲ့အရေခွံကို အရင်ချပေးတာ သူ့အရေခွံ့ကိုသကြားနဲ့တို့စားရတယ် ။အမြင်က မြင်လိုက်ရတာနဲ့ အရမ်းကိုစားချင်စရာဖြစ်စေတယ်။ အသားက နူးညံ့ပြီးအရည်ရွှမ်းတယ်။ အရေခွံရဲ့
ကြွပ်ဆတ်မှုနဲ့ အသားရဲ့နူးညံ့မှုက ပါးစပ်ထဲမှာ ပျော်ဝင်သွားစေတယ်။ တို့စားဖို့ပေးတဲ့ sauces ကလဲ ဘဲရဲ့အရသာကို ပိုမိုကောင်းစေတယ်။တစ်ကောင်လုံး 118AED ဆိုတာ ဒီအရသာအတွက်ဆို သိပ်တန်တယ်လို့ပဲ ပြောချင်တယ်။”

💰 စျေးနှုန်း
တစ်ကောင်လုံး (၁၁၈AED) - လူနှစ်ယောက်ဆို တခြားဘာမှ ထပ်မှာစရာမလိုအောင် ဗိုက်ပြည့်တယ်။ သုံးယောက်လောက်တောင် စားလို့ရပါတယ်။

ကိုယ်တွေက ကြက်ဥထမင်းကြော်နဲ့ ခေါက်ဆွဲအရည်ကို ထပ်မှာလိုက်မိတယ်။ ခေါက်ဆွဲလာချတဲ့ ပန်းကန်ကို မြင်လိုက်ရတော့ပဲ Portion အရမ်းများလွန်းလို့ ခေါင်းတောင်မူးသွားတယ်။ 🤭

တစ်ပွဲလုံး ထုတ်ပြန်လာရတယ်နော်။

စျေးလည်းတန်တယ်။ စားလို့လဲကောင်းတယ်။

ဘေကျင်းဘဲကင် စားချင်လို့ တောင့်တနေတဲ့သူတွေအတွက် ရည်ရွယ်ပြီး ညွှန်းပေးလိုက်ပါတယ်။

🍜ပူပူလောင်လောင်စပ်စပ်လေးတွေကြိုက်သူတွေအတွက် လမ်းညွှန်ပေးလိုက်ပါရစေ😍🍲တရုတ်စာထဲက ပူစပ်တဲ့အရသာကို ကြိုက်တဲ့ #သူတွေအတွက် Int...
24/05/2026

🍜ပူပူလောင်လောင်စပ်စပ်လေးတွေကြိုက်သူတွေအတွက် လမ်းညွှန်ပေးလိုက်ပါရစေ😍

🍲တရုတ်စာထဲက ပူစပ်တဲ့အရသာကို ကြိုက်တဲ့ #သူတွေအတွက် International City က 72 Malaysia Station မှာ သွားစားကြည့်သင့်တယ်နော်။

🍜ဒီဆိုင်ရဲ့ ခေါက်ဆွဲက 25 AED ပဲပေးရပြီး အရမ်းကောင်းပါတယ်။ မင်ကိုယ်တိုင် အကြိုက်ဆုံးကလည်း ဒီဆိုင်ရဲ့ ခေါက်ဆွဲပဲလို့ ပြောရမယ်။

🔥ပူစပ်၊ မွှေး၊ ကောင်း — သုံးပွင့်ဆိုင်ပါပဲ။

🔥အစပ်ကြိုက်တဲ့သူတွေအတွက် သွားtry ကြည့်သင့်တဲ့နေရာလေးပါ။

24/05/2026
ဒီနေ့တော့ စင်္ကာပူစတိုင် ကြက်ဆီထမင်းလေး သွားစားဖြစ်တယ်။ အတော်လေး အရသာရှိတယ်။ မြန်မာတွေရဲ့ ပါးစပ်နဲ့ ကွက်တိကျတယ်။ ထမင်းက ...
24/05/2026

ဒီနေ့တော့ စင်္ကာပူစတိုင် ကြက်ဆီထမင်းလေး သွားစားဖြစ်တယ်။ အတော်လေး အရသာရှိတယ်။ မြန်မာတွေရဲ့ ပါးစပ်နဲ့ ကွက်တိကျတယ်။ ထမင်းက တအားမများ၊ တအားမနည်း လူတစ်ယောက် ဗိုက်ဝစာလောက် ရှိတယ်။ ဈေးက 7 AED ပဲဆိုတော့ မဆိုးဘူးပေါ့။

ကြက်သားကျတော့ ပုံစံနှစ်မျိုး ရတယ် - Steamed နဲ့ Roasted။ ကိုယ်တို့ကတော့ Roasted ပဲ မှာလိုက်တယ်။ အရသာ 9/10 ပေးရမယ်။ အသားက နူးအိပြီး အတွင်းထိအရသာဝင်တယ်။ တစ်ကောင်လုံးဆို 110 AED၊ တစ်ခြမ်းဆို 64 AED။ လူနှစ်ယောက်ဆို တစ်ခြမ်းနဲ့ လောက်လောက်ငငစားလို့ရတယ်။

နောက်တစ်ပွဲ အနေနဲ့ Beef with Pepper Sauce လေး မှာကြည့်တယ်။ ကြက်သားပါပြီးသားမို့ ထပ်ကြက်သားပဲစားရင် ငြီးငွေ့မှာစိုးလို့ပါ။ ဒါလည်း တော်တော်စားကောင်းတယ်။ ဈေး 35 AED နဲ့ တန်တယ်။

နောက်ထပ် Calamari ကလည်း ကြွပ်ကြွပ်ရွရွလေး၊ ပူတုန်းလေး စားလိုက်ရတာ တကယ်ကောင်းပါတယ်။ဒါက 25 AED

ကြက်ဆီထမင်းနဲ့ တွဲစားဖို့ အခမဲ့ပေးတဲ့ ဟင်းရည်ကလည်း တော်တော်ကောင်းတယ်။ အခမဲ့ဆိုပြီး ဖြစ်သလို မလုပ်ထားဘူး။

မြန်မာတွေနဲ့ တကယ်ကိုက်ညီမယ့်ဆိုင်လေးမို့ sharing လုပ်ပေးလိုက်ပါတယ်။ နေရာက Al Basha 1 မှာပါ။ ဆိုင်နာမည်ကိုတော့ ဓာတ်ပုံထဲမှာ ထည့်ပေးထားပါတယ်။
ကြက်ဆီထမင်းလွမ်းနေတဲ့သူတွေရှိရင် သွားစားကြည့်ကြနော်
#ကြက်ဆီထမင်း

Address

Dubai
Yangon

Telephone

+959960915532

Website

Alerts

Be the first to know and let us send you an email when Taste My Days posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share