EI SHWE ZIN

EI SHWE ZIN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EI SHWE ZIN, Restaurant, Bago, Bago.

24/12/2022

ဘဝနေထိုင်နည်း
============
( ၁ ) သိသလောက် မပြောပါနဲ့

ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး
လူတစ်ယောက်ရဲ့ လက်ခံနားလည်မှူဆိုတာ အရွယ်နဲ့ဆိုင်သလို
သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့
ဆိုင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို
မိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့
တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ်
သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။

( ၂ ) အမြင်မတော်ရင် မျက်နှာလွဲနေပါ

အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့
အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်
အထုတ်ခံရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်
တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင်
သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင်စောင်းကြပါလိမ့်မယ်။
လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ
လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ"လို့
သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။

( ၃ ) ကြားတိုင်းမယုံပါနဲ့

နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို
ဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်
မယ်။ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါ
သလို ဦးနှောက်လည်း အပိုမပါဘူးလေ။လူတစ်ချို့က သင့်ကို တစ်မျိုး
ပြောမယ် ၊ နောက်လူတစ်ချို့က သင့် ကိုတစ်မျိုးလာပြောကြပါလိမ့်မယ်။
ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပီး
နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။
မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိူင်ရင်
သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံ
နိူင်သော စကားကို ပြောဆိုလာပါလိမ့်မယ်။

နှူတ် ကိုစောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။
အမြင်ကျယ်ကျယ်ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင်
သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်
သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို အခြားသူကို အပြစ်မြင်မှူ
လည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ သင်
ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။

သူငယ်ချင်း....
နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေ
ချည်းပါပဲ။

Credit _

24/12/2022

တစ်ဖက်က သူစိမ်းဆန်ဆန်ဆိုရင်
ကိုယ်ကတော့ တိတ်ဆိတ်မူကိုပဲ ရွေးချယ်လိုက်တယ် ။

မလိုအပ်လို့ချန်ထားတဲ့လူတွေအတွက်
ကိုယ်လည်းမလိုအပ်သလိုနေနိုင်တယ်။

ဘဝမှာဟိုလူရှိမှ၊ဒီလူရှိမှာရပ်တည်နိုင်တဲ့လူမျိုးထဲမှာ
ကိုယ်မပါဘူး။

ဘဝမှာတစ်ယောက်တည်းကျန်ခဲ့ရင်တောင်မှာ
အနာဂတ်ကို လှလှပပဆေးခြယ်ပြီး အပြုံးတွေနဲ့လျောက်လှမ်းနိုင်အောင်သာ ကြိုးစားမှာ။

#ဖားစည်ရည်ကျော်

24/12/2022

အဲဒါ အကူအညီမဟုတ်ဘူး
အဲဒါ ချစ်ခြင်းမေတ္တာ ...

24/12/2022

လူဆိုတာ
ကိုယ့်ဘဝနဲ့ကိုယ်
ကိုယ့်အရည်အသွေးနဲ့ကိုယ်လာကြတာချည်းပဲလေ ။

အတတ်နိုင်ဆုံး
ကိုယ်ချင်းစာစိတ်လေးနဲ့ ကြိုးစားပြီး နေထိုင်ကြည့်တာကလွဲရင်
ဘယ်သူ့ရဲ့ ဘယ်ဘဝကိုမှ အားမကျဘူး ။

ကိုယ့်နေရာ ကိုယ်သိပြီး
စားကောင်းတဲ့အသီးနဲ့ စားသင့်တဲ့ အသီးကိုပဲ စားတယ် ။
အဆိပ်သီးတွေ မစားတတ်ဘူး ။

#မနောသီရိ

24/12/2022

မင်းဘယ်တော့မှ မမေ့ပါနဲ့ ...၊🤗

01/11/2022

❤ #ကျန်မချစ်သောသူတွေကို
သတိရတဲ့အခါ မေတ္တာပို့ဖြစ်ပါတယ်...
မေတ္တာဆိုတာ အေးချမ်းတယ်...
ဒါကြောင့် ကျွန်မ ချစ်ရသူအားလုံးကိုလည်း
အေးချမ်းတဲ့မေတ္တာသာ ပေးချင်ပါတယ်။

❤ #ကျွန်မကိုမုန်းတဲ့သူတွေကို
ဥပေက္ခာ ပြုထားလိုက်ပါတယ်...
ကိုယ့်ကိုမလိုတဲ့သူကို ဂရုမစိုက်တက်ခြင်းက
ကိုယ့်ရဲ့စိတ်ကို အမုန်းမရှိကြည်လင်စေတာကြောင့်
ကျွန်မကို မုန်းနေသူတိုင်းကိုစိတ်ထဲမထားပဲ
ဥပေက္ခာပြုထားလိုက်ပါတယ်။

❤ #ရင့်ကျက်လာတာနဲ့အမျှ
အချစ်ဆိုတဲ့ ပူလောင်တဲ့အရာတွေထက်
အေးချမ်းတဲ့မေတ္တာသာ လိုချင်ခဲ့မိတယ်။

❤ #သည်းမခံနိုင်တဲ့စကားတစ်ခွန်းအတွက်
ခွန်းတုံ့ပြန် ချင်ပေမယ့်
နုတ်ဆိတ်စွာနေတက်လာတယ်။

💚 #ဘဝမှာ
သူတစ်ပါးဆီကပေးမှ ရတဲ့မေတ္တာထက်...
သူတစ်ပါးကို မေတ္တာပေးရင်း ကိုယ့်ကိုကိုယ်လည်း
မေတ္တာအရင်ထားတက်လာတယ်။

❤ #သူတစ်ပါးကူညီမှုထက်
သူတစ်ပါးကိုကိုယ်က
အရင်ကူညီတက်လာတယ်။

❤ #သူတစ်ပါးကလေးစားဖို့ထက်
သူတစ်ပါးကို ကိုယ်ကအရင်
လေးစားတက်လာတယ်။

❤ #သူတစ်ပါးကကိုယ့်ကိုတန်ဖိုးထားဖို့ထက်
သူတစ်ပါးကို ကိုယ်ကအရင်
တန်ဖိုးထားတက်လာတယ်။

❤ #သက်ရောက်မှု့တိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိပါတယ်
ဒီလိုပါပဲမတ်ေတာဆိုတာ
ရောင်ပြန်တက်တာကြောင့်...

💚 #ကျွန်မ ကိုချစ်သည်ဖြစ်စေ
💚 #ကျွန်မ ကိုမုန်းသည်ဖြစ်စေ
💚 #လူတိုင်းအပေါ်မေတ္တာသာ
💚 #အမြဲထားခဲ့မိပါတယ်။

💖.မေတ္တာဖြင့်♥♥♥

💖 ကျွန်မဖတ်ဖို့
💖~ ပန်း ပျိုး လက်✍️

Credit ,

04/10/2021

Address

Bago
Bago, NSW
2446

Website

Alerts

Be the first to know and let us send you an email when EI SHWE ZIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category