Burma & Beyond

Burma & Beyond Love the Taste. Trust the Hygiene. Feel the Care. That's what we mean by - "A taste of tradition, A Journey Beyond."

𝗢𝗽𝗲𝗻𝗶𝗻𝗴 𝗱𝗮𝗶𝗹𝘆 𝗳𝗿𝗼𝗺 𝟭𝗽𝗺 𝘁𝗼 𝟭:𝟯𝟬𝗮𝗺

(B&B)တစ်ထောင့်မှာကိုယ် စောင့်နေမှာပေါ့။ တတ်တူးဆင်တူထိုးဖို့...။ ( All star ) ဖိနပ်လေး ဆင်တူစီးဖို့...။ စီလုံတီးတစ်ခွက်နဲ...
19/09/2026

(B&B)တစ်ထောင့်မှာ
ကိုယ် စောင့်နေမှာပေါ့။

တတ်တူးဆင်တူထိုးဖို့...။
( All star ) ဖိနပ်လေး ဆင်တူစီးဖို့...။
စီလုံတီးတစ်ခွက်နဲ့ တိတ်တိတ်လေးထိုင်
( Supernatural ) ဇာတ်လမ်းတွဲ အတူတူကြည့်ဖို့...။

▪️စစ်ငြိမ်း



စီးကရက်တစ်လိပ်အီကြာ​ကွေးတစ်​ချောင်း ( ပေါင်မုန့်တစ်လုံး )၊ လက်ဖက်ရည်တစ်ခွက်ပဲတမ်းတပါတယ် ။မာဇဒါ၊ ရီကော်ဒါမန္တလေးဘီယာဒေါက်...
18/09/2026

စီးကရက်တစ်လိပ်
အီကြာ​ကွေးတစ်​ချောင်း ( ပေါင်မုန့်တစ်လုံး )၊ လက်ဖက်ရည်တစ်ခွက်ပဲ
တမ်းတပါတယ် ။

မာဇဒါ၊ ရီကော်ဒါ
မန္တလေးဘီယာ
ဒေါက်တာ ဇီးဗားဂိုးရုပ်ရှင်၊
တင်တင်လှ၏ တေးသံဂီတများ
သတိမရနိုင်ပါ ။

- သုခမိန်လှိုင်



မထိရက် မကိုင်ရက်သည်မှာမချစ်၍ မဟုတ် မြတ်နိုးလွန်း၍သာ ဖြစ်သည်။ #တက္ကသိုလ်ဘုန်းနိုင်  ​ P.S.  ကိုယ်နဲ့ သူနဲ့ ​ မသက်ဆိုင်​တေ...
17/09/2026

မထိရက် မကိုင်ရက်သည်မှာ
မချစ်၍ မဟုတ်
မြတ်နိုးလွန်း၍သာ ဖြစ်သည်။
#တက္ကသိုလ်ဘုန်းနိုင်


​ P.S. ကိုယ်နဲ့ သူနဲ့ ​ မသက်ဆိုင်​တော့​တာ​တောင် လက်ခံခဲ့ရတာမို့ ပုံနဲ့စာနဲ့ မဆိုင်လည်း
လက်ခံ​ပေးကြပါ ။ 😉





🎂✨ A Birthday Shared with Love 🤍 Happy Birthday To Our Supportive Chef Saimo Lone မနက်ဖြန်ကတော့ ( Burma & Beyond ) ရဲ့ (...
31/08/2026

🎂✨ A Birthday Shared with Love 🤍 Happy Birthday To Our Supportive Chef Saimo Lone

မနက်ဖြန်ကတော့ ( Burma & Beyond ) ရဲ့ ( Founder ) လည်းဖြစ် ( Head Chef )လည်းဖြစ်တဲ့ ကျွန်မတို့ရဲ့ ​တောင်​ပေါ်သားလေး ရဲ့ မွေးနေ့လေးပါ ။ 🎉

မွေးနေ့ရဲ့ ပျော်ရွှင်မှုကို ချစ်တဲ့သူတွေနဲ့သာမက၊ အားလုံးနဲ့ပါ မျှဝေချင်တဲ့စိတ်လေးနဲ့… 🤍

🍮( Pudding ) အချိုပွဲလေးများကို လူအယောက် (၃၀၀) အတွက် အလှူဒါနအဖြစ် ဝေမျှပေးသွားမှာဖြစ်ပါတယ်။

🗓️ Date: Tomorrow
🕒 Time: 5:00 PM onwards
📍 Burma & Beyond

မွေးနေ့တစ်နေ့ရဲ့ ပျော်ရွှင်မှုက တစ်ယောက်တည်းပျော်ရတာထက်…
အများနဲ့မျှဝေလိုက်တဲ့အခါ ပိုပြီးအဓိပ္ပာယ်ရှိသွားတာမျိုးပါ။ 🤍✨

🍮( Pudding ) လေးတစ်ခွက်နဲ့ ချိုမြိန်တဲ့ ပျော်ရွှင်မှုလေးတွေကို အတူတူ မျှဝေကြရအောင်နော် ။🫶🏻

လာရောက်ပြီး အလှူဒါနလေးမှာ ပါဝင်ရင်း ချိုမြိန်တဲ့ ( moment ) လေးတွေကို အတူတူဖန်တီးကြမယ်နော် ။🤍

" The Greatest joy is not in receiving , but in sharing ." ✨




29/08/2026

Plot Twist Coming .... 😋🫶

🍚 ပုန်းရည်ကြီး ငပိရည် ထမင်းနယ်ထမင်းပူပူလေးကို ပုန်းရည်ကြီးနဲ့ ငပိရည်လေးထည့်နယ် အတို့အမြုံလေးတွေပါ မြုံပြီး ...ပုန်းရည်ကြ...
27/08/2026

🍚 ပုန်းရည်ကြီး ငပိရည် ထမင်းနယ်

ထမင်းပူပူလေးကို ပုန်းရည်ကြီးနဲ့ ငပိရည်လေးထည့်နယ် အတို့အမြုံလေးတွေပါ မြုံပြီး ...

ပုန်းရည်ကြီးရဲ့ ဆိမ့်သက်သက်အရသာနဲ့၊ ငပိရည်ရဲ့ ​လေးပင်တဲ့အရသာတို့ကို​ပေါင်းစပ်ထားပြီး
အတို့အမြုံလေးတွေရဲ့ လတ်ဆတ်မှုနဲ့ ကြက်ပေါင်ကြော်လေးရဲ့ ကျွတ်ကျွတ်ရွရွ ​လေးကိုပါ ထပ်​ပေါင်းထည့်လိုက်တာမျိုးဆိုရင် အရမ်း ( Balance ) ဖြစ်​နေမှာပါ ။

အရသာတွေက တစ်ခုနဲ့တစ်ခု သူ့နေရာနဲ့သူ လိုက်ဖက်စွာ ​ပေါင်းစပ်ထားတာပါ။

( B&B ) ကို အမြဲလာ​နေတဲ့ ( customer ) ညီမ​လေး​တစ်​ယောက် အမြဲ ( request ) လုပ်တတ်တဲ့ ( Menu ) ​လေးကို ( Chef ) ရဲ့ လက်စွမ်းနဲ့ ( update ) လုပ်ထားတာလည်းဖြစ်ပါတယ် ။
မြန်မာ့အရသာ ဖြစ်တဲ့ ပုန်းရည်ကြီးနဲ့ငပိတို့ (၂) ခုရဲ့ ​ပေါင်းစပ်မူက​တော့ တကယ့် ( next level ) ထမင်းနယ် ပုံစံမျိုးပါ ။

တကယ်တော့ ထမင်းနယ်ဆိုတာ ဟင်းအများကြီးနဲ့ ခမ်းခမ်းနားနားစားရတာမျိုးမဟုတ်ဘဲ
ရိုးရိုးလေးနယ်ပြီး တစ်ဇွန်းစားလိုက်ရုံနဲ့
“အင်း… ဒီအရသာမျိုးကို လွမ်းနေတာ” လို့ ခံစားရတဲ့ အစားစာမျိုးပါ ။




#ပုန်းရည်ကြီး
#ငပိ

( Spain)  က အနိုင်ရသွားလို့( B&B ) ရဲ့ တစ်ဖက်ခြမ်းက​တော့ အ​ပျော်လွန်​နေပါတယ် ။ ​ကျော နံပါတ် ( 7 ) ကို ( ငongrate ) လုပ်​...
19/07/2026

( Spain) က အနိုင်ရသွားလို့( B&B ) ရဲ့ တစ်ဖက်ခြမ်းက​တော့ အ​ပျော်လွန်​နေပါတယ် ။

​ကျော နံပါတ် ( 7 ) ကို ( ငongrate ) လုပ်​ပေးရင်း ( 70 Aed ) နဲ့ အထက် ပြည့်တဲ့ ဝိုင်းတိုင်းကို မနက်ဖြန် တစ်ရက်အတွက် ( 10% discount ) ​ပေးမှာဖြစ်ပါတယ် ။

Once Again , Congratulations Spain ❤️💪



We're officially hiring for Steward Position and Waiter/Waitress Position. Please sent your CV through the what's app no...
03/07/2026

We're officially hiring for Steward Position and Waiter/Waitress Position. Please sent your CV through the what's app no 0561702904 .

" လုံးဝ ​ရောင်းထုတ်မှာ မဟုတ်လို့ လာမဝယ်ကြပါနဲ့​နော် " ဟုတ်ပါတယ်ရှင့် ​ခေါင်းစဥ်အတိုင်းပါပဲ လုံးဝ​ရောင်းမထုတ်ပါဘူး ....😝 ...
28/06/2026

" လုံးဝ ​ရောင်းထုတ်မှာ မဟုတ်လို့ လာမဝယ်ကြပါနဲ့​နော် "

ဟုတ်ပါတယ်ရှင့် ​ခေါင်းစဥ်အတိုင်းပါပဲ လုံးဝ​ရောင်းမထုတ်ပါဘူး ....😝

ကျွန်မတို့ဆိုင်က ( chef ) ​တွေက ( Menu ) အသစ်​တွေကို တစ်ချိန်လုံး ထုတ်ဖို့​တော့ ( testing ) လုပ်​ပေမဲ့ ( officially ) ထုတ်ခါနီးကျ အီ​ကြောင်​ကွေး လုပ်ကြပါတယ်ရှင့် ။ ( Salad Section က chef ​အ​ချော​လေးက လွဲလို့ ...🙂‍↕️)

သူတို့ ( testing ) လုပ်ပြီး ထုတ်ထားတာတွေကို ဓါတ်ပုံရိုက်ပြီး သိမ်းထားခိုင်းကြတာ ( gallery ) ထဲ မှာ ( folder ) တစ်ခုနဲ့ အ​လေးခံပြီး သိမ်းထား​နေရပါတယ် ။

​ ​​​အောက်ပါ ပုံအချို့က​တော့ ( B&B ) က လုံးဝ လုံးဝ ရောင်းထုတ်မှာမဟုတ်တဲ့ ပုံတချို့ပဲ ဖြစ်ပါတယ်ရှင့် ။ 😆
တပုံချင်းဆီ ကြည့်ပြီး အား​ပေးကြပါဦး။ 🤭

🎉 Burma & Beyond Restaurant 1 Year Anniversary 🎉(Burma & Beyond ) ရဲ့ (၁) နှစ်ပြည့် အမှတ်တရနေ့လေးကို ရောက်ရှိလာနိုင်ခဲ့တ...
08/06/2026

🎉 Burma & Beyond Restaurant 1 Year Anniversary 🎉

(Burma & Beyond ) ရဲ့ (၁) နှစ်ပြည့် အမှတ်တရနေ့လေးကို ရောက်ရှိလာနိုင်ခဲ့တာဟာ ( B&B Team ) ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်သာမက
( B&B ) ရဲ့ ( Soul ) များ ဖြစ်တဲ့ ( Customer )တစ်ယောက်ချင်းစီရဲ့ ယုံကြည်မှု​တွေ​ကြောင့်လည်း ဖြစ်ပါတယ်။ ❤️

ဒီ ( Special Day ) လေးကို ( Team Members ) များအားလုံးနဲ့အတူ
( Anniversary Celebration & Recreation Program ) အဖြစ် ကျင်းပသွားမှာဖြစ်တဲ့အတွက် [June,9 2026] တွင် ဆိုင်ကို (၁) ရက်တာ ပိတ်မှာဖြစ်​ကြောင်း အသိပေးအပ်ပါတယ်။

တစ်နှစ်တာလုံး ( Customer ) များအတွက် အကောင်းဆုံး​သော​တွေကို ​ပေးဖို့ ကြိုးစားခဲ့တဲ့ ( Team ) အတွက် အမှတ်တရအချိန်လေးတစ်ခု ဖန်တီးရင်းအားဖြည့်သွားမှာ ဖြစ်ပါတယ်။

[June, 10 2026] မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး
( Customer ) များ အတွက်လည်း ( Celebrate) လုပ်​ပေးမဲ့ အစီစဥ်​လေးရှိပါတယ် ။ ✨

( Burma & Beyond ) ရဲ့ ပထမဆုံး (၁) နှစ်တာ ခရီးစဉ်မှာ အတူရှိပေးခဲ့ကြတဲ့ ( Customer ) များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

နားလည်ပေးမှုအတွက်လည်း ကျေးဇူးတင်ရှိပြီး ပိုမို ​ကောင်းမွန်တဲ့ အ​ရာ​တွေနဲ့ ​နောက်ထပ် နှစ်​ပေါင်းများစွာ ဆက်လက်​တွေ့ဆုံနိုင်ဖို့ ​မျှော်လင့်​နေပါတယ်။

Thank you for being part of our journey. 🙏❤️





Address

No. 55, 26 B Street , Roof Top Of Vision Imperial Hotel, Al Rigga, Deira
Dubai

Opening Hours

Monday 13:00 - 02:00
Tuesday 13:00 - 02:00
Wednesday 13:00 - 02:00
Thursday 13:00 - 02:00
Friday 13:00 - 02:00
Saturday 13:00 - 02:00
Sunday 13:00 - 02:00

Telephone

+971545021937

Website

Alerts

Be the first to know and let us send you an email when Burma & Beyond posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma & Beyond:

Shortcuts

Share

Category