28/06/2025
#မဆုရတနာအောင် (၁၇ နှစ် ၅ လ) တွေ့ရှိသူအား ကျေးဇူးဆပ်ငွေ သိန်း ၂၀၀ ပေးပါမည်။
ဒီသမီးလေးကို ခေါ်ယူစောင့်ရှောက်ထားသူများ သို့မဟုတ် သူ့နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်၊ ပုံရိပ်တွေနဲ့ အမှန်တကယ်ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ ပို့ပေးနိုင်သူကို ကျေးဇူးဆပ်ငွေ သိန်း ၂၀၀ ပေးပါမယ်။ အချက်အလက်တွေ ရတာနဲ့ ၅ မိနစ်အတွင်း KPay၊ KBZ Bank ဒါမှမဟုတ် သင်အဆင်ပြေမယ့် ဘဏ်အကောင့်ထဲကို ချက်ချင်းလွှဲပေးပါမယ်။
* ဖခင်: ကိုစိုင်းနောင်
* မိခင်: ဒေါ်စမ်းစမ်းအေး (ဖုန်း - ၀၉-၂၅၃၃၂၈၇၇၅, ၀၉-၂၅၄၄၀၁၄၁၉)
မေမေရဲ့ ရင်ဖွင့်သံ
မေမေ ရန်ကုန်လာပြီး သမီးကို ရှာနေတာ တစ်လကျော်ပြီ။ သမီးငယ်လေးကို ဘယ်လိုရှာရမလဲ မသိတော့ဘူး။ မေမေ့ကို တစ်ခွန်းမှ မပြောဘဲ ဘာလို့ထွက်သွားရတာလဲ သမီးချစ်ရယ်။ မေမေ ဘယ်လိုဖြေသိမ့်ရမလဲ၊ မေမေ အသက်မရှင်ချင်တော့ဘူး သမီးရယ်။ မေမေ့ကို အမြန်ဆုံး ဆက်သွယ်ပါတော့နော်။
သမီးငယ်လေး မဆုရတနာအောင်ကို ခေါ်ယူစောင့်ရှောက်ထားသူများအနေနဲ့ မိဘတွေနဲ့ အမြန်ဆုံးဆက်သွယ်ပေးဖို့ ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်။ သင့်လျော်စွာ ကျေးဇူးဆပ်ပါမယ်ရှင်။
ပျောက်ဆုံးသူ အချက်အလက်
* အမည်: မဆုရတနာအောင်
* အသက်: ၁၇ နှစ် ၅ လ
* ပညာအရည်အချင်း: ၂ ကွင်း လူရည်ချွန် (Grade 12)
* ပျောက်ဆုံးသည့် နေ့ရက်: ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်
* ပျောက်ဆုံးသည့် နေရာ: လှည်းကူးမြို့၊ မိုးသောက်ပန်းဘော်ဒါဆောင်မှ မနက် ၇ နာရီခွဲဝန်းကျင်တွင် မုန့်ထွက်ဝယ်ရင်း ပျောက်ဆုံးသွားခြင်း ဖြစ်ပါသည်။
* အခြေအနေ: သမီးလေးမှာ ဖုန်းယူမသွားတဲ့အတွက် သတင်းအစအန မရသေးပါ။
အကူအညီတောင်းခံခြင်း
တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
* ဖုန်း: ၀၉-၂၅၃၃၂၈၇၇၅
* ဖုန်း: ၀၉-၂၅၄၄၀၁၄၁၉
ဒီကြော်ငြာလေးကိုလည်း အများပြည်သူသိရှိစေရန် Share ပေးကြပါဦး ရှင့်။
မိခင် ဒေါ်စမ်းစမ်းအေး