AIMI Language Center

AIMI Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AIMI Language Center, No(2), Room-9, Fourth Floor, Hledan Road, Kamayut Township, Yangon.

06/08/2025

Nani.....?

26/07/2025
26/07/2025
"ဖြည်းဖြည်းဘဲ သွားနေတာ ကိစ္စမရှိပါဘူး။ရပ်မပစ်လိုက်ဖို့ဘဲ အရေးကြီးတာပါ။"ゆっくり行っていても問題ありません。止めないで続けることが大切です。ゆっくりいっていてももんだい ...
15/07/2025

"ဖြည်းဖြည်းဘဲ သွားနေတာ ကိစ္စမရှိပါဘူး။
ရပ်မပစ်လိုက်ဖို့ဘဲ အရေးကြီးတာပါ။"

ゆっくり行っていても問題ありません。
止めないで続けることが大切です。

ゆっくりいっていてももんだい ありません。
とめないで つづけることが たいせつです。


အလုပ်ပိတ်ရက်မှာ ဂျပန်စာလေ့လာချင်သူများအတွက်⛩️အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက် မှာ ဂျပန်စာ level တစ်ခုကို Challenge လုပ်ချင်နေတဲ...
09/07/2025

အလုပ်ပိတ်ရက်မှာ ဂျပန်စာလေ့လာချင်သူများအတွက်

⛩️အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက် မှာ ဂျပန်စာ level တစ်ခုကို Challenge လုပ်ချင်နေတဲ့ သူများအတွက် AIMI ရဲ့ ရုံးချိန်လွတ် Level အတန်းများကို တက်ရောက်နိုင်ပါပြီရှင့်။✨

AIMI က ပညာရေးကို အဓိကထားတဲ့ကျောင်းဖြစ်တဲ့အတွက်ကြောင့် ဂျပန်ဘာသာစကားကို စနစ်တျ ကျွမ်းကျင် တတ်မြောက်လိုသူများကို အမြဲစောင့်မျှော် ကြိုဆိုလျက် ရှိပါတယ်ရှင့်။💯

⛩️AIMI မှာအတန်းများကို အပ်ချင်တယ်ဆိုရင်တော့ -

✉️ Page messenger

☎️ 09773458583, 09967813223

🚩Center 1
တိုက်(၂)၊ အခန်း(၉)၊ မြို့ပြအိမ်ရာစီမံကိန်း၊ လှည်းတန်းလမ်းမ၊ ကမာရွတ်မြို့နယ်။( လှည်းတန်း Center ရှေ့)

စတဲ့ နေရာများမှတဆင့် စုံစမ်းအပ်နှံလို့ရပါတယ်ရှင့်။✨

📌စာပြတ်ဖို့ထက် စာတတ်ဖို့ကို အဓိကထားသင်ကြားပေးနေတဲ့ AIMI Japanese Language Center




#ဂျပန် #ဂျပန်စာ

မနေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ N5+N4 Special Class ✨⛩️Pann Sensei ရဲ့ အသစ်ဖွင့်လိုက်တဲ့ အတန်းလေးမှာတော့ ကျောင်းသားများ ရင်းရင...
08/07/2025

မနေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ N5+N4 Special Class ✨

⛩️Pann Sensei ရဲ့ အသစ်ဖွင့်လိုက်တဲ့ အတန်းလေးမှာတော့ ကျောင်းသားများ ရင်းရင်းနှီးနှီး မိတ်ဆက်ကြရင်း အတန်းရဲ့ ပထမရက်လေးကို ပျော်ရွှင်ရင်းနှီးစွာ ဖြတ်သန်းခဲ့ကြပါတယ်ရှင့်။✨

မိနစံတို့ အားလုံးလဲ AIMI မှာ စာသင်ကြရင်း မိမိတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါစေရှင့်။🥰

📌စာပြတ်ဖို့ထက် စာတတ်ဖို့ကို အဓိကထား သင်ကြားပေးနေတဲ့ AIMI Japanese Language Center 💯


ဒီနေ့ကျောင်းမှာလုပ်ဖြစ်တဲ့ 七夕祭り(Tanabata)ကြယ်ပွဲတော် Activity ✨⭐နှစ်စဉ် ခုနစ်လပိုင်း ခုနစ်ရက်နေ့က တာနဘတ(七夕)လို့ခေါ်တဲ့ ပ...
07/07/2025

ဒီနေ့ကျောင်းမှာလုပ်ဖြစ်တဲ့ 七夕祭り(Tanabata)ကြယ်ပွဲတော် Activity ✨

⭐နှစ်စဉ် ခုနစ်လပိုင်း ခုနစ်ရက်နေ့က တာနဘတ(七夕)လို့ခေါ်တဲ့ ပွဲတော်ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။ Tanzakuလို့ခေါ်တဲ့ ရောင်စုံစက္ကူလေးတွေမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုတောင်းလေးတွေကို ချရေးပြီး ဝါးပင်လေးမှာ ချိတ်ဆွဲကာ ဆုတောင်းရတဲ့ ပွဲတော်လေးပါ။

AIMI ရဲ့ ကျောင်းသားများကတော့ သူတို့ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဝါးပင်လေးမှာ ချိတ်ပြီး ဆုတောင်းခဲ့ကြပါတယ်။✨

မိနစံတို့ရော ဆုတောင်းတွေသာ တကယ်ပြည့်နိုင်မယ်ဆိုရင် ဘာကိုဆုတောင်းချင်ကြလဲ ?



ဒီနေ့မှာကျရောက်တဲ့ ဂျပန်နိုင်ငံရဲ့🎋တာနဘတကြယ်ပွဲတော်(七夕祭り)🎋အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်ရှင့်။✨🌟နှစ်စဉ် ခုနစ်လပိုင်း ခု...
07/07/2025

ဒီနေ့မှာကျရောက်တဲ့ ဂျပန်နိုင်ငံရဲ့
🎋တာနဘတကြယ်ပွဲတော်(七夕祭り)🎋အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်ရှင့်။✨

🌟နှစ်စဉ် ခုနစ်လပိုင်း ခုနစ်ရက်နေ့က တာနဘတ(七夕)လို့ခေါ်တဲ့ ပွဲတော်ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။ Tanzakuလို့ခေါ်တဲ့ ရောင်စုံစက္ကူလေးတွေမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုတောင်းလေးတွေကို ချရေးပြီး ဝါးပင်လေးမှာ ချိတ်ဆွဲကာ ဆုတောင်းရတဲ့ ပွဲတော်လေးပါ။

💕ဒီပွဲတော်လေးက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကို အခြေခံပြီး ဖြစ်ပေါ်လာတာပါ။ ကြားဖူးတဲ့သူတွေလည်း ရှိမယ်လို့ ထင်ပါတယ်။

🎋ဟိုးရှေးရှေးတုန်းက Amanogawaလို့ခေါ်တဲ့ နဂါးငွေ့တန်းနားမှာ နေတဲ့ နတ်မင်းကြီးတစ်ပါး ရှိသတဲ့။ သူ့မှာ Orihimeလို့ခေါ်တဲ့ သမီးတော်လေးတစ်ပါး ရှိသတဲ့။ နတ်သမီးလေးက အလွန်ချောမောလှပပြီး ယက္ကန်း ခတ်တာလည်း အင်မတန် တော်တယ်။

🌟အဲ့ဒီနဂါးငွေ့တန်းကြီးရဲ့ အနောက်မှာက Hikooboshiလို့ခေါ်တဲ့ ကြယ်နတ်သားလေးတစ်ဦး နေပါတယ်။ သူကတော့ နွားကျောင်းသားလေး။ အလုပ်ကို အမြဲကြိုးကြိုးစားစား လုပ်တဲ့သူပေါ့။

✨ဒီလိုနဲ့ နတ်သမီးလေး လက်ထပ်ရမယ့်အရွယ် ရောက်တဲ့အခါ နတ်မင်းကြီးက အလုပ်ကြိုးစားတဲ့ နတ်သမီးလေးနဲ့ နွားကျောင်းသားလေးကို တွေ့ဆုံခွင့် ပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်သာ လက်ထပ်လိုက်ရင် အလုပ်တွေ ပိုလုပ်နိုင်မယ်ဆိုတဲ့အတွေးနဲ့ပေါ့ကွယ်။

🎋နတ်သမီးလေးနဲ့ နတ်သားလေးက တစ်ယောက်နဲ့ တစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်ခင်စုံမက်သွားကြသတဲ့။ ဒီလိုနဲ့ နှစ်ယောက်သား လက်ထပ်လိုက်ကြပြီး နေ့စဉ်နေ့တိုင်း ပျော်ပါးနေကြသတဲ့။ အလုပ်တွေ မလုပ်ဘဲ ပစ်ထားတော့ နတ်ပြည်မှာ ဝတ်စရာအဝတ်တွေလည်း မရှိတော့သလို နွားတွေကလည်း နာမကျန်းဖြစ်ကုန်ကြသတဲ့။

🌟ဒါကို နတ်မင်းကြီး သိသွားတဲ့အခါ အလွန်ဒေါသထွက်ပြီး နတ်သမီးလေးနဲ့ နတ်သားလေးကို နဂါးငွေ့တန်းရဲ့ တစ်ဖက်စီကို ခွဲလိုက်ပါတော့တယ်။ နတ်သမီးလေးနဲ့ နတ်သားလေးက တစ်ယောက်ကို တစ်ယောက် မတွေ့နိုင်ကြတော့ဘူးပေါ့။

✨ဒါကြောင့် နတ်သမီးလေးက နေ့စဉ်ရက်ဆက် မနားမနေ ငိုကြွေးတော့လေရဲ့။ နတ်မင်းကြီးကလည်း သမီးတော်လေးကို သနားလာလို့ တစ်နှစ်မှာ တစ်ရက်တော့ တွေ့ခွင့်ပေးမယ်ဆိုပြီး (၇)လပိုင်း (၇)ရက်ကို သတ်မှတ်ပေးလိုက်ပါတယ်။

🎋ဒီလိုနဲ့ နတ်သမီးလေးနဲ့ နတ်သားလေးက တစ်နှစ်လုံး အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး နှစ်စဉ်(၇)လပိုင်း (၇)ရက်နေ့ရဲ့ ညကို ရောက်ပြီဆိုရင် နှစ်ယောက်သား နဂါးငွေ့တန်းမှာ ဆုံတွေ့ကြသတဲ့။

🌟ဒီလို Orihimeကြယ်လေးနဲ့ Hikooboshiကြယ်လေး နှစ်စင်း ဆုံကြတဲ့ (၇)လပိုင်း(၇)ရက်နေ့မှာ ဂျပန်လူမျိုးတွေက ကြယ်တာရာဆုတောင်းပွဲ တာနဘတကို ကျင်းပကြပါတယ်။ အဲဒီနေ့မှာ တောင်းတဲ့ ဆုတောင်းကလည်း ပြည့်တယ်လို့ ယုံကြည်ကြတယ်။

✨(၇)လပိုင်း၊(၇)ရက်နေ့မှာဆို နတ်ကွန်းတွေ၊ ဈေးဝယ်ကုန်တိုက်တွေနဲ့ ကျောင်းတွေမှာ ဝါးပင်လေးတွေကို ချပြီး အလှဆင်ထားတာ တွေ့ပါလိမ့်မယ်။ အဲဒီမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုတောင်းလေးတွေကို ချရေးထားတဲ့ ရောင်စုံစက္ကူလေးတွေကို ချိတ်ဆွဲနိုင်ပါတယ်။

🍀မိနစံတို့‌ရော ဆုတောင်းတွေသာ တကယ်ပြည့်နိုင်မယ်ဆိုရင် ဘာကိုဆုတောင်းချင်လဲ ?


04/07/2025

မိနစံတို့ရဲ့ Luck Number လေးကရော❓

Hnin Sensei ရဲ့ N3 Class နောက်ဆုံး သင်တန်းဆင်းပွဲလေးမှာ JLPT ဖြေတော့မယ့် ကျောင်းသားများနဲ့ Interview ခဲ့တာလေးဘဲ ဖြစ်ပါတယ်ရှင့်။✨

AIMI မှာ သင်ကြားပြီး ကိုယ့်ရဲ့ အားနည်းချက်ကနေ အားသာချက်အဖြစ်ပြောင်းလဲ သွားတာကို ကြားရတဲ့အတွက် အများကြီး ၀မ်းသာပီတိဖြစ်ရပါတယ်ရှင့်။🥰

မိနစံတို့ အားလုံးလဲ စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ကြပါစေလို့ AIMI မှ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။✨

⛩️AIMI မှာ သင်တန်းများ စုံစမ်းအပ်နှံချင်တယ် ဆိုရင်တော့ အောက်ပါ link မှတဆင့် လေ့လာလို့ရပါတယ်ရှင့်။

https://www.facebook.com/share/p/1P9obyCub1/


December JLPT အမှီ AIMI ရဲ့ N3 တန်းခွဲသစ်များ ❗Moshi Moshi 🙋‍♀️JLPT ဖြေပြီးတဲ့ အခါ Level အသစ်ကို ထပ်ပြီး Challenge လုပ်ခ...
04/07/2025

December JLPT အမှီ AIMI ရဲ့ N3 တန်းခွဲသစ်များ ❗

Moshi Moshi 🙋‍♀️

JLPT ဖြေပြီးတဲ့ အခါ Level အသစ်ကို ထပ်ပြီး Challenge လုပ်ချင်သူများအတွက် လုံး၀တတ်ကိုတတ်သင့်တဲ့ N3 အတန်းလေးများနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။✨

Mon to Thus ဖြစ်နေလို့ အလုပ်မအားသူများအတွက်လဲ Sat-Sun ရုံးချိန်လွတ် အတန်းများလဲ ရှိတယ်နော်။

ဒါ့အပြင် အပြင်တန်းတတ်ရခက်ခဲသူများအတွက်လဲ
Zoom Class လေးပါ ဖွင့်ထားပေးတာမို့ ဘာလိုသေးလဲ။

ကဲ အချိန်တွေဆွဲမနေတော့ဘဲ လူမပြည့်ခင် အမြန်ဆုံး စာရင်းသွင်းထားလိုက်တော့နော်။🥳

⛩️AIMI မှာ အတန်းများကို အပ်နှံချင်တယ်ဆိုရင်တော့ -

✉️ Page messenger

☎️ 09773458583, 09967813223

🚩Center 1
တိုက်(၂)၊ အခန်း(၉)၊ မြို့ပြအိမ်ရာစီမံကိန်း၊ လှည်းတန်းလမ်းမ၊ ကမာရွတ်မြို့နယ်။( လှည်းတန်း Center ရှေ့)

ဆက်သွယ်ပြီး အပ်နှံလို့ရပါတယ်ရှင့်။✨

📌စာပြတ်ဖို့ထက် စာတတ်ဖို့ကို အဓိကထား သင်ကြားပေးနေတဲ့ AIMI Japanese Language Center 💯




#ဂျပန် #ဂျပန်စာ

JLPT ဖြေမယ့်ရက် နီးလာပြီတော့ စာရပြီး အမှားတွေမဖြစ်ရအောင် အရေးကြီးတာလေးတွေကိုဖတ်ကြည့်ရအောင်နော်။✨စာမေးပွဲဖြေအပြီး အတန်းတွ...
03/07/2025

JLPT ဖြေမယ့်ရက် နီးလာပြီတော့ စာရပြီး အမှားတွေမဖြစ်ရအောင် အရေးကြီးတာလေးတွေကိုဖတ်ကြည့်ရအောင်နော်။✨

စာမေးပွဲဖြေအပြီး အတန်းတွေ ဆက်တက်ချင်တယ်ဆိုရင်တော့ ၇လပိုင်းထဲများဖွင့်မယ့် N5/N4/N3/N2/Speaking/Tokutei အတန်းများကိုလဲအောက်ပါ Linkမှတစ်ဆင့် ၀င်ရောက်လေ့လာနိုင်ပါတယ်ရှင့်။✨

https://www.facebook.com/share/p/1P9obyCub1/



#ဂျပန်

Address

No(2), Room-9, Fourth Floor, Hledan Road, Kamayut Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 21:00 - 17:00
Saturday 21:00 - 17:00
Sunday 09:00 - 17:00

Telephone

+959889275743

Website

Alerts

Be the first to know and let us send you an email when AIMI Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AIMI Language Center:

Share