24/03/2026
Customer Complaint ဆိုတာ လုပ်ငန်းကို ဖျက်ဆီးမယ့်အရာမဟုတ်ဘဲ ပြုပြင်ဖို့ အခွင့်အရေးဖြစ်ပါတယ်။
"Customer is always right" ဆိုတဲ့စကားက ဝယ်သူကို အလိုလိုက်ဖို့သက်သက် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Service မှာ လိုအပ်ချက်ရှိနေတယ်ဆိုတာကို လက်ခံနိုင်ဖို့ ပြောတာပါ။
တကယ်တော့ ဝယ်သူတစ်ယောက်က လာပြီး Complaint တက်တယ်၊ မေးမြန်းတယ်ဆိုတာ ဆဲရေးတိုင်းထွာချင်လို့ မဟုတ်ပါဘူး။ သူတို့ပေးရတဲ့ တန်ဖိုးနဲ့ညီတဲ့ ဝန်ဆောင်မှုကို စိတ်ပူလို့ မေးမြန်းကြတာပါ။ ကိုယ့်ဘက်က အချိန်မီ မလုပ်ပေးနိုင်သေးလို့၊ သူများတွေလို မဖြစ်သေးလို့ ထောက်ပြတာကို "ငါ့ကို စော်ကားနေတာ၊ မနာလိုလို့ အပုပ်ချတာ" လို့ ခံယူလိုက်တာနဲ့ အဲဒီလုပ်ငန်းရဲ့ နိဂုံးဟာ စတင်နေပါပြီ။
ကိုယ်က Service ပေးတဲ့သူဖြစ်ရင် Complaint လာရင် "ဘယ်လိုရှင်းရမလဲ" ပဲ တွေးပါ။ အတ္တကို ရှေ့တန်းတင်ပြီး ဝယ်သူကို ရန်သူလိုမြင်နေရင်တော့ လုပ်ငန်းဘယ်လောက်ကြီးကြီး ပျက်စီးဖို့ပဲ ရှိပါတယ်။ ဝေဖန်မှုကို လမ်းညွှန်မှုအဖြစ် ပြောင်းလဲနိုင်မှသာ အောင်မြင်တဲ့ လုပ်ငန်းရှင် ဖြစ်လာမှာပါ။
ဒါကြောင့် ကျွန်မတို့ဆီက ဝန်ဆောင်မှုယူရာမှာ လိုအပ်ချက်တွေရှိနေပါကလည်း အချိန်မရွေး
ပွင့်ပွင့်လင်းလင်း ထောက်ပြပေးနိုင်ပါတယ်ရှင်။
လူကြီးမင်းတို့ရဲ့ အကြံပြုချက်တွေက ကျွန်မတို့လုပ်ငန်း ပိုမိုကောင်းမွန်လာဖို့အတွက် အကောင်းဆုံးသော တွန်းအားတွေပဲ ဖြစ်ပါတယ်။