31/08/2026
မနက်စာ မစားတဲ့သူနဲ့ စားတဲ့သူ ဘာကွာလဲ?
Diet လုပ်နေပြီဆိုရင်
မနက်စာမစားဘဲနေရင် ပိုဝိတ်ကျမလား?
မနက်စာစားတာက ပိုကောင်းလား? ဆိုပြီး တွေးမိတတ်ကြပါတယ်။
တကယ်တော့ မနက်စာ စားတာ၊ မစားတာထက် တစ်နေ့တာလုံး ဘယ်လောက်စားဖြစ်လဲ…
အာဟာရတွေကို မျှမျှတတ စားရရဲ့လား ဆိုတာက ပိုအရေးကြီးပါတယ်။
မနက်အိပ်ရာထတာနဲ့ ဗိုက်ဆာတတ်တဲ့သူဆိုရင်တော့ မနက်စာစားထားတာ ပိုအဆင်ပြေပါတယ်။
ဥပမာ ကြက်ဥ၊ ပေါင်မုန့်၊ အသီးအရွက်၊ အသီးအနှံ စတာတွေကို Protein နဲ့ Fiber ရအောင် တွဲစားပေးရင် အချိန်တိုတိုနဲ့ ပြန်ဗိုက်ဆာလာတာကိုလည်း လျော့စေနိုင်ပါတယ်။
တစ်ဖက်မှာလည်း မနက်ပိုင်းဆို ဗိုက်မဆာဘူး၊ မစားဘဲနေလည်း နေ့လည်အထိ အဆင်ပြေတယ်ဆိုရင်တော့ မနက်စာကို မဖြစ်မနေ ထည့်စားစရာ မလိုပါဘူး။
ဒါပေမယ့် မနက်စာမစားထားလို့ နေ့လည်ရောက်တဲ့အခါ ဗိုက်အရမ်းဆာပြီး အစားကို ထိန်းမရတော့တာ၊ တစ်ခါတည်း အများကြီးစားမိတာမျိုး ဖြစ်လာရင်တော့ ဒီပုံစံက ကိုယ့်အတွက် တကယ်အဆင်ပြေလားဆိုတာ ပြန်ကြည့်ဖို့လိုပါတယ်။
ပြီးတော့
မနက်စာစားလို့ ဝိတ်တက်တယ်…
မစားလို့ ဝိတ်ကျတယ်.. ဆိုတာမျိုးလည်း မဟုတ်ပါဘူး။
ဝိတ်ကျတာက မနက်စာတစ်နပ်တည်းပေါ် မူတည်နေတာမျိုးမဟုတ်ဘဲ တစ်နေ့တာ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ စုစုပေါင်း Calories တွေပေါ်မှာ ပိုပြီး သက်ရောက်ပါတယ်။
ဒါကြောင့် သူများက မနက်စာစားတယ်ဆိုပြီး ကိုယ်လည်း လိုက်စားစရာမလိုသလို၊ မစားဘူးဆိုပြီး ကိုယ်လည်း အတင်းမစားဘဲနေရမယ်ဆိုတာမျိုးလည်း မရှိပါဘူး။
ကိုယ့်ဗိုက်ဆာတဲ့အချိန်၊ ကိုယ့်ရဲ့ Lifestyle နဲ့ ကိုက်ညီပြီး ရေရှည်ဆက်လုပ်နိုင်တဲ့ပုံစံကို ရွေးချယ်ပါ…
Diet ဆိုတာ ကိုယ့်ဘဝနဲ့ အဆင်ပြေအောင် ပြင်ယူရတာပါ။
ကိုယ့်ဘဝကို Diet နဲ့ ကိုက်အောင် အတင်းပြောင်းစရာမလိုပါဘူး။
Busy Boss Diet
No Stress, No Fat