Rangoon Yum – Where Home Meets Flavor!

“မုန့်ဟင်းခါးအစ ….ခေတ်က”(English below)မုန့်ဟင်းခါးဘယ်ကစလဲ ဆိုတဲ့ သမိုင်းကြောင်းဟာ ကျွန်တော်တို့လက်လှန်းမီသလောက် အထောက်အ...
18/11/2024

“မုန့်ဟင်းခါးအစ ….ခေတ်က”(English below)

မုန့်ဟင်းခါးဘယ်ကစလဲ ဆိုတဲ့ သမိုင်းကြောင်းဟာ ကျွန်တော်တို့လက်လှန်းမီသလောက် အထောက်အထားသေချာမရှိတာကြောင့် “မုန့်ဟင်းခါး” ဆိုတဲ့ အသုံးအနှုန်းကို အစောဆုံးတွေ့ရှိခဲ့တဲ့ကာလ ကုန်းဘောင်ခေတ်ကို သွားလိုက်ကြရအောင်

ကုန်းဘောင်ခေတ်က စာဆိုစလေဦးဦးပုညရဲ့ လင်္ကာတစ်ပုဒ်ထဲမှာ “မုန့်ဟင်း” ဆိုတဲ့ အသုံးကို စတင်တွေ့ရှိခဲ့ပြီး ကုန်ဘောင်ခေတ် ဒုတိယပိုင်းမှာတော့ စာဆိုတော်ဦးမင်းရဲ့ “မုန့်တီ”ဆိုတဲ့ ဖော်ပြချက်အရ မုန့်ဟင်းခါးဟာ ကုန်းဘောင်ခေတ်မှာစပြီး လူစားများတဲ့ အစားအသောက်တစ်ခုဖြစ်နေနိုင်ပါတယ်

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေဟာ ဒီနေ့အထိ “ မုန့်၊မုန့်ဟင်း၊မုန့်တီ”ဆိုပြီး ခေါ်ဆိုနေတာတွေရှိသေးတာကြောင့် မုန့်ဟင်းခါးဟာ ကုန်းဘောင်ခေတ်ထက်လည်း စောတဲ့ အစားအစာလည်းဖြစ်နိုင်ပါတယ်

မြန်မာ့ရိုးရာ စားစားစရာဖြစ်တဲ့ မုန့်ဟင်းခါးဟာ ရိုးရာစားသောက်ဖွယ်ဖြစ်တာနဲ့အညီ နေရာဒေသအလိုက် အခေါ်အဝေါ်၊ချက်နည်း၊အရသာ၊ပါဝင်ပစ္စည်းတွေ များစွာ ကွာခြားချက်တွေရှိပေမယ့် ဒီကနေ့ထိ လူကြိုက်များတဲ့ အစားအစားထဲပါဝင်နေပါတယ်

အဲ့အထဲမှာ ရန်ကုန်မုန့်ဟင်းခါးနဲ့ ဧရာဝတီတိုင်းဘက်က မုန့်ဟင်းခါးကတော့ လူကြိုက်များပြီး မနက်စာအပြင် သာရေး၊နာရေး၊ပွဲလမ်းသဘင်တွေမှာပါ စားသုံးတည်ရှိနေပါတယ်

ဒီနေ့ခေတ်မှာတော့ အသင့်စား မုန့်ဖက်ခြောက်၊ဟင်းရည်ခြောက်တွေကို မြန်မာမှာသာမက တခြားနိုင်ငံတွေမှာပါ ဝယ်ယူလို့ရနေတာကြောင့် ဘယ်နိုင်ငံရောက်ရောက် မုန့်ဟင်းခါးယဉ်ကျေးမှုမှာပါဝင်လို့ရနေပြီဘဲဖြစ်ပါတယ်

မိတ်ဆွေတို့ဘက်မှာရော မုန့်ဟင်းခါးအပြင် ဘယ်လိုခေါ်ကြလဲ ၊ မုန့်ဟင်းရည်ကို ငါးအပြင် တခြားဘယ်အသားတွေနဲ့ ချက်ပြုတ်ကြပါသလဲ?

ကိုယ်တိုင်ချက်ပြုတ်ဖို့ အချိန်မပေးနိုင်သူတွေအနေနဲ့ ကျွန်တော်တို့ Rangoon Yumမှာ ငါးခူမုန့်ဟင်းခါး ရောင်းချပေးနေပြီဖြစ်ကြောင်းလည်း အသိပေးပါ
တယ်ခင်ဗျာ ။

The Origins of Mohinga… Through the Ages
The history of where Mohinga originated is somewhat unclear, but let’s journey back to the Konbaung Dynasty, where the term “Mohinga” first appeared.
In the Konbaung era, the poet U Ponnya mentioned “Mohinga” in his writings. Later, in the second half of the Konbaung period, the poet U Min described “Monti,” suggesting that Mohinga was already a popular dish.
However, some regions in Myanmar still refer to it as “Mont,” “Mohinga,” or “Monti,” indicating that Mohinga might have existed even before the Konbaung Dynasty.
As a beloved traditional dish, Mohinga varies in name, cooking methods, flavors, and ingredients across different regions. Yet, it remains a favorite food to this day.
Among the most popular versions are Yangon Mohinga and Ayeyarwady Mohinga, enjoyed not only for breakfast but also at various ceremonies and events.
Today, ready-to-eat Mohinga packs and dried soup mixes are available not just in Myanmar but also in other countries, making it possible to enjoy Mohinga culture anywhere in the world.
How do you call Mohinga in your region? Besides fish, what other meats do you use in your Mohinga broth?
For those who can’t find the time to cook, we at Rangoon Yum offer delicious catfish Mohinga.


#ချင်းမိုင်မြို့လေးထဲကမြန်မာမုန့်ဟင်းခါး

ပျော်စရာ တန်ဆောင်မုန်းလပြည့် အခါတော်နေ့လေးပါဗျမြန်မာပြည်သူပြည်သားအားလုံး ချစ်ရတဲ့သူတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်က...
15/11/2024

ပျော်စရာ တန်ဆောင်မုန်းလပြည့် အခါတော်နေ့လေးပါဗျ
မြန်မာပြည်သူပြည်သားအားလုံး ချစ်ရတဲ့သူတွေနဲ့
အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ကြပြီး
ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေဗျာ...

#ချင်းမိုင်မြို့လေးထဲကမြန်မာမုန့်ဟင်းခါး

“စနေ၊တနင်္ဂနွေမှာ စားစရာ”မြန်မာမုန့်ဟင်းခါးကောင်းကောင်းလေးလည်း စားချင်တယ် ကိုယ်တိုင်လည်း ချက်ပြုတ်ဖို့ အချိန်မပေးနိုင်ဘူ...
12/11/2024

“စနေ၊တနင်္ဂနွေမှာ စားစရာ”
မြန်မာမုန့်ဟင်းခါးကောင်းကောင်းလေးလည်း စားချင်တယ် ကိုယ်တိုင်လည်း ချက်ပြုတ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်
Rangoon Yumရဲ့ အိမ်ချက်ငါးခူမုန့်ဟင်းခါးလေးကို အော်ဒါထားလို့ရနေပါပြီဗျာ

အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ
အော်ဒါလက်ခံပြီး စနေ၊တနင်္ဂနွေမှာ အိမ်အရောက်ပို့ပေးတဲ့ မုန့်ဟင်းခါးလေးစားပြီး ကိုယ့်နားရက်လေးကို အရသာရှိရှိဖြတ်သန်းမယ်လို့တွေးထားရင် ခုဘဲ messenger ကနေHelloလိုက်လို့ရပါပြီ

စျေးနှုန်းလေးတွေအနေနဲ့

ငါးခူမုန့်ဟင်းခါးအလွတ် ၁ပွဲ -၃၅ ဘတ်

ငါးခူမုန့်ဟင်းခါး + ပဲကြော် - ၄၀ဘတ်

ငါးခူမုန့်ဟင်းခါး + အိုးကြက်ဥ(တစ်ခြမ်း)-၄၀ဘတ်

ငါးခူမုန့်ဟင်းခါး + အိုးကြက်ဥ(တစ်လုံး)-၄၅ဘတ်

ချင်းမိုင်မြို့၊ဟန်ဒုံးအနီးတစ်ဝိုက်အတွက် တည်နေရာပေါ်မူတည်ပြီး ပို့ခfree နဲ့ အသက်သာဆုံး ကျွန်တော်တို့ရဲ့ Delivery လေးရနေပါပြီဗျာ

#ချင်းမိုင်မြို့လေးထဲကမြန်မာမုန့်ဟင်းခါး

ငါးခူမုန့်ဟင်းခါး ပထမအပတ် orderလေးတွေကတော့ ဗိုက်ထဲ အဆင်ပြေပြေရောက်သွားကြပြီထင်ပါတယ်ဗျ သန့်ရှင်းလတ်ဆတ်တဲ့ အိမ်ချက်အရသာစစ်...
11/11/2024

ငါးခူမုန့်ဟင်းခါး ပထမအပတ် orderလေးတွေ
ကတော့ ဗိုက်ထဲ အဆင်ပြေပြေရောက်သွားကြပြီ
ထင်ပါတယ်ဗျ

သန့်ရှင်းလတ်ဆတ်တဲ့ အိမ်ချက်အရသာစစ်စစ်ငါးခူမုန့်ဟင်းခါးလေးကို လျာဖျားကတောင့်တလို့ စားချင်လာပြီဆို Rangoon Yum!ရဲ့ messengerကနေ ခုဘဲ လာရောက် အော်ဒါထားလို့ရနေပါပြီ

အပတ်တိုင်း ပိတ်ရက်မရှိ မုန်ဟင်းခါးorderတွေကိုလက်ခံပေးနေပြီး စနေ၊တနင်္ဂနွေတိုင်းမှာ ပို့ဆောင်ပေးတာဖြစ်လို့ လာမယ့် နားရက်တွေအတွက် ဒီနေ့ကစပြီး ကြိုတင် အော်ဒါထားလို့ရပါတယ်ဗျာ

ဒီကြားထဲမှာ deliveryအချိန်အခက်အခဲကြောင့်
ကြန့်ကြာမှု့လေးတွေရှိခဲ့တာကို အထူးပြင်ဆင်နေပြီး နောက်အပတ်လာမယ့် ငါးခူမုန့်ဟင်းခါးပွဲတွေကို ချောချောမွေ့မွေ့ရောက်ဖို့ ကြိုစားထားပါတယ် 🙏🙏🙏
“အားပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
အစားကောင်းတစ်ခုစားရင်း မိတ်ဆွေတွေကိုဝေမျှပေးပါဦး”

#ချင်းမိုင်မြို့လေးထဲကမြန်မာမုန့်ဟင်းခါး

“ငါးခူမုန့်ဟင်းခါး + အိုးဘဲဥ လူသုံးဦးစာ (၃)ပွဲ free”Edit-၃ပွဲပြည့်ပါပြီဗျာချင်းမိုင်မိုးအေးအေးနဲ့ မနက်ဖန် စနေနေ့လေးမှာ မ...
08/11/2024

“ငါးခူမုန့်ဟင်းခါး + အိုးဘဲဥ လူသုံးဦးစာ (၃)ပွဲ free”
Edit-၃ပွဲပြည့်ပါပြီဗျာ
ချင်းမိုင်မိုးအေးအေးနဲ့ မနက်ဖန် စနေနေ့လေးမှာ မုန့်ဟင်းခါးလေးစားပြီး အေးဆေးနားဖို့ Readyဘဲလား
Rangoon Yum ရဲ့ ဒီအပတ်menuဖြစ်တဲ့ ငါးခူမုန့်ဟင်းခါးအတွက် လူ(၃)ဦးစာ free(3)ပွဲကို ကာစတမ်မာ အစ်မတစ်ယောက်က မတည်ဝေမျှပေးသွားပါတယ်
ကျွန်တော်တို့ ရဲ့ page messengerကို ဒီpostရဲ့ss ပြပြီး free မုန့်ဟင်းခါး Free Orderလို့ရပါပြီဗျာ
ဟန်ဒုန်း အနီးတဝိုက် Delivery freeဖြစ်ပြီး ကျန်တဲ့နေရာတွေတော့ အကွာအဝေးပေါ်မူတည်ပြီး အသက်သာဆုံး ကိုယ်တိုင်Deliveryရှိပါမယ်ဗျ
မိုးအေးအေးလေးနဲ့ မနက်ဖန် စနေ၊တနင်္ဂနွေမှာ ငါးခူမုန့်ဟင်းခါးလေးစားပြီးဖြတ်သန်းမယ်လို့တွေးထားရင် ဒီနေ့orderထားလို့ရပါသေးတယ်ဗျ
စျေးနှုန်းလေးတွေအနေနဲ့

ငါးခူမုန့်ဟင်းခါးအလွတ် ၁ပွဲ -၃၅ ဘတ်

ငါးခူမုန့်ဟင်းခါး + ပဲကြော် - ၄၀ဘတ်

ငါးခူမုန့်ဟင်းခါး + အိုးကြက်ဥ(တစ်ခြမ်း)-၄၀ဘတ်
နဲ့ စတင်မှာယူအားပေးလို့ ရနေပါပြီဗျ
#ချင်းမိုင်မြို့လေးထဲက မြန်မာမုန့်ဟင်းခါး

သင် ဒီနေ့ မုန့်ဟင်းခါးစားပြီးပြီလား ?မစားရသေးရင် Rangoon Yum!မှာ လာမယ့် စနေ တနင်္ဂနွေအတွက်ကြိုပြီး orderထားလို့ရပြီနော်အ...
07/11/2024

သင် ဒီနေ့ မုန့်ဟင်းခါးစားပြီးပြီလား ?
မစားရသေးရင် Rangoon Yum!မှာ လာမယ့် စနေ တနင်္ဂနွေအတွက်ကြိုပြီး orderထားလို့ရပြီနော်

အပတ်စဉ် တနင်္လာနေ့ကစပြီးသောကြာနေ့ထိ Rangoon Yumရဲ့ စပါယ်ရှယ်menu “ငါးခူမုန့်ဟင်းခါးလေး”ကို စတင်အားပေးလို့ရပါတယ်ဗျာ

ကိုယ်တိုင် အိမ်မှာ ချက်စားရသလို သန့်ရှင်းလတ်ဆက်စွာ ချက်ပြုတ်ထားလို့ ဆီသန့်၊ အချိုမှုန့်မပါဝင်ဘဲ သဘာဝငါးခူအချိုဓာတ်လေးကဲနေတဲ့ မုန့်ဟင်းရည်လေးက မြန်မာ့မုန်ဟင်းခါးအရသာစစ်စစ်ကို လွမ်းနေတဲ့ သူတွေကို စိတ်တိုင်းကျစေမှာပါ 🤤

Orderတွေအတွက် လာမယ့် စနေ၊တနင်္ဂနွေမှာ Delivery ကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမှာဖြစ်လို့ ကိုယ်စားချင်တဲ့ နေ့လေးရွေးပြီး Page messengerကနေ ကြိုတင်မှာယူထားလို့ရပါတယ် 💬💬💬

စျေးနှုန်းလေးတွေအနေနဲ့
ငါးခူမုန့်ဟင်းခါးအလွတ် ၁ပွဲ -၃၅ ဘတ်

ငါးခူမုန့်ဟင်းခါး + ပဲကြော် - ၄၀ဘတ်

ငါးခူမုန့်ဟင်းခါး + အိုးကြက်ဥ(တစ်ခြမ်း) -၄၀ဘတ် နဲ့ စတင်မှာယူအားပေးလို့ ရနေပါပြီနော်

Rangoon Yumရဲ့ Deliveryဖြစ်တာမလို့ ပို့ဆောင်ရမယ့် နေရာအကွာအဝေးပေါ်မူတည်ပြီး

Delivery ခ လေးတော့ရှိပါမယ်ဗျာ<
#ချင်းမိုင်မြို့လေးထဲက မြန်မာမုန့်ဟင်းခါး

ငါးခူမုန့်ဟင်းခါးမွှေးမွှေးလေး ချင်းမိုင်မှာရပြီ !ဟုတ်ပါတယ် အပတ်စဉ် တနင်္လာနေ့ကစပြီးသောကြာနေ့ထိ မှာယူလို့ရတဲ့ Rangoon Yu...
05/11/2024

ငါးခူမုန့်ဟင်းခါးမွှေးမွှေးလေး ချင်းမိုင်မှာရပြီ !

ဟုတ်ပါတယ် အပတ်စဉ် တနင်္လာနေ့ကစပြီးသောကြာနေ့ထိ မှာယူလို့ရတဲ့ Rangoon Yumရဲ့ စပါယ်ရှယ်menu “ငါးခူမုန့်ဟင်းခါးလေး”ကို စတင်အားပေးလို့ရပါပြီနော်🍛

ကိုယ်တိုင် အိမ်မှာ ချက်စားရသလို သန့်ရှင်းလတ်ဆက်စွာ ချက်ပြုတ်ထားလို့ ဆီသန့်၊ အချိုမှုန့်မပါဝင်ဘဲ သဘာဝငါးခူအချိုဓာတ်လေးကဲနေတဲ့ မုန့်ဟင်းရည်လေးက မြန်မာ့မုန်ဟင်းခါးအရသာစစ်စစ်ကို လွမ်းနေတဲ့ သူတွေကို စိတ်တိုင်းကျစေမှာပါ 🤤

Orderတွေအတွက် လာမယ့် စနေ၊တနင်္ဂနွေမှာ Delivery ကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမှာဖြစ်လို့ ကိုယ်စားချင်တဲ့ နေ့လေးရွေးပြီး Page messengerကနေ ကြိုတင်မှာယူထားလို့ရပါတယ် 💬💬💬

စျေးနှုန်းလေးတွေအနေနဲ့
ငါးခူမုန့်ဟင်းခါးအလွတ် ၁ပွဲ -၃၅ ဘတ်

ငါးခူမုန့်ဟင်းခါး + ပဲကြော် - ၄၀ဘတ်

ငါးခူမုန့်ဟင်းခါး + အိုးကြက်ဥ(တစ်ခြမ်း) -၄၀ဘတ် နဲ့ စတင်မှာယူအားပေးလို့ ရနေပါပြီနော်

Rangoon Yumရဲ့ Deliveryဖြစ်တာမလို့ ပို့ဆောင်ရမယ့် နေရာအကွာအဝေးပေါ်မူတည်ပြီး

Delivery ခ လေးတော့ရှိပါမယ်ဗျာ<
#ချင်းမိုင်မြို့လေးထဲက မြန်မာမုန့်ဟင်းခါး

"ဆောင်းတွင်းဟာ လွမ်းစရာတွေများပါတယ် မုန့်ဟင်းခါးပူပူလေးစားရင်း ခံစားလိုက်ပါ" #ချင်းမိုင်မြို့လေးထဲက မြန်မာမုန့်ဟင်းခါး
05/11/2024

"ဆောင်းတွင်းဟာ လွမ်းစရာတွေများပါတယ်
မုန့်ဟင်းခါးပူပူလေးစားရင်း ခံစားလိုက်ပါ"
#ချင်းမိုင်မြို့လေးထဲက မြန်မာမုန့်ဟင်းခါး

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Rangoon Yumผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์