18/08/2026
“အန်တီ့ကို သိချင်တာရှိရင်လည်း ထပ်မေးဦး…”
သူ့ခမျာ ကြောက်စိတ်ကို သက်သာရာရမလားလို့ မျှော်လင့်တကြီးနဲ့ “ငါ့သားရယ်… ငါ့သားရယ်…” ဆိုတဲ့ စကားလုံးလေးတွေနဲ့ ဖြေရှာတယ်။
“ငါ့သား သိချင်တာပြော… အကုန်ဖြေမယ်…”
စကားမဆုံးခင်မှာပဲ—
“မလုပ်ပါနဲ့ သားရယ်… အဲ့ဒါလေးတော့ ယုံလေ ငါ့သားရဲ့…”
“ငါ့သား… အန်တီ့ကို သတ်မှာလားတဲ့…”
သူ့ကို ရက်စက် တော့မယ်ဆိုတာ သိနေခဲ့ပေမယ့် အသက်ချမ်းသာရမလားဆိုတဲ့ မျှော်လင့်ချက်လေးတစ်စ၊ ကြောက်စိတ်တစ်စနဲ့ ရသလောက်လေး ငြင်းနေရှာတယ်။