Pyi Myanmar Nyein Cham Real Estate Services

Pyi Myanmar Nyein Cham Real Estate Services အရသာရှိ၍အထားခံသောမြန်မာအစားအသောက်များ

 #ဒဂုံဆိပ်ကမ်းယုဇနဥယျာဥ်မြို့‌တော်အနီး  #စက်မှု့ဇုန်အနီးမြေကွက် ဝယ်ယူလိုသောမိတ်ဆွေများအတွက်အရောင်းပိုစ့်လေးပါဗျ 💁💁💁 #ဒဂု...
01/12/2023

#ဒဂုံဆိပ်ကမ်းယုဇနဥယျာဥ်မြို့‌တော်အနီး
#စက်မှု့ဇုန်အနီးမြေကွက် ဝယ်ယူလိုသောမိတ်ဆွေများအတွက်အရောင်းပိုစ့်လေးပါဗျ 💁💁💁

#ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်

1️⃣
🏡 ရပ်ကွက် (91)
🏡 မြေကွက်အမှတ် 667+668
🏡 အကျယ်အဝန်း ( 60'×80' )
📝မြေအမျိုးအစား ပါမစ်မြေ
💰စျေးနှုန်း. သိန်း (1900)/ညှိနှိုင်း

➖➖➖➖➖➖➖➖➖➖➖➖➖➖

2️⃣
🏡 ရပ်ကွက် (91)
🏡 မြေကွက်အမှတ် 661
🏡 အကျယ်အဝန်း ( 40'×60' )
📝မြေအမျိုးအစား ဂရမ်မြေ
💰စျေးနှုန်း သိန်း (1100)/ညှိနှိုင်း

📌 အုတ်ပတ်ပြီး။

➖➖➖➖➖➖➖➖➖➖➖➖➖➖

3️⃣
🏡 ရပ်ကွက် (91)
🏡 မြေကွက်အမှတ် 481
🏡 အကျယ်အဝန်း ( 40'×60' )
📝မြေအမျိုးအစား ပါမစ်မြေ
💰စျေးနှုန်း. သိန်း (1000)/ညှိနှိုင်း

➖➖➖➖➖➖➖➖➖➖➖➖➖➖

4️⃣
🏡 ရပ်ကွက် (91)
🏡 မြေကွက်အမှတ် 230
🏡 အကျယ်အဝန်း ( 40'×60' )
📝မြေအမျိုးအစား ပါမစ်မြေ
💰စျေးနှုန်း. သိန်း (970)/ညှိနှိုင်း

➖➖➖➖➖➖➖➖➖➖➖➖➖➖

5️⃣
🏡 ရပ်ကွက် (91)
🏡 မြေကွက်အမှတ် 149
🏡 အကျယ်အဝန်း ( 40'×60' )
📝မြေအမျိုးအစား ပါမစ်မြေ
💰စျေးနှုန်း. သိန်း (1000)/ညှိနှိုင်း

➖➖➖➖➖➖➖➖➖➖➖➖➖➖

✅ မြေပြင်အရှုပ်ရှင်းကင်း၊အိုးအိမ်၊စည်ပင် စစ်ဆေးထားသော မြေကွက်များဖြစ်ပြီးသက်ဆိုင်ရာကျွမ်းကျင်ရှေ့နေများနှင့် စိတ်တိုင်းကျစာချုပ်ချုပ်ဆို၍၀ယ်ယူနိုင်ပါတယ်ခင်ဗျာ။💁💁

🌿လူကြီးမင်းတို့‌မြေကွက်ကို စိတ်၀င်စား၍အသေးစိတ်သိရှိလိုပါက
☎️ 09405897700
☎️ 09780987469
သို့ ဖုန်း, Viber ဖြင့်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျာ။

🟣လူကြီးမင်းတို့ရောင်းချလိုသောမြေကွက်များအားလည်း မှန်ကန်၊မြန်ဆန်၊တိကျစွာ အကျိုးဆောင်ရောင်းချပေး‌နေသောကြောင့်ယုံကြည်စွာအပ်နှံနိုင်ပါတယ်ခင်ဗျာ။💁💁

🔴မြေကွက်ကိုလာကြည့်ချင်တယ်ဆိုရင်တော့ (၃)နာရီခန့်ဖုန်းကြိုဆက်ပေးပါဗျ။🙆🙆

#ငြိမ်းချမ်းအိမ်ခြံမြေအကျိုးဆောင်
#ဒဂုံဆိပ်ကမ်းမြေကွက်များ
#‌စက်မှု့ဇုန်နီးမြေကွက်များ
#91ရပ်ကွက်မြေကွက်များ

 #ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချု...
30/11/2023

#ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်

(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်

(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်

(ဃ) ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။
ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။
မြေရှင်လက်မှတ်ယူပါ သို့သော် တိုက်ခန်းအရောင်းအဝယ်စာချုပ်တွင် မြေရှင်လက်မှတ်ရေးထိုးရမည်ဟု ဥပဒေပြဌာန်းချက်မရှိပါ
ဓလေ့ထုံးစံတစ်ရပ်အနေဖြင့် လက်မှတ်ထိုးခပေးခြင်း ဖြစ်ပါသည်

(င) အဝယ်စာချုပ်၌ ဝယ်ယူသည့်တိုက်ခန်းကို မည်သည့်နေ့ရက်၌ နောက်ဆုံး​ထားပေးအပ်ရမည်ဟု ပါရှိရမည် သတ်မှတ်ရက်၌ တိုက်ခန်းလွဲပြောင်းမပေးပါက တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ပါသည်

(စ) ပစ္စည်းလွဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၄၈အရ ပထမ ရောင်းချ၍ ဝယ်ယူခြင်းကို ဦးစားပေးရမည်ဟု ဆိုထားသော်လည်း ကြိုပွိုင့်စနစ်ဖြင့် အရစ်ကျ ငွေပေးချေ၍ ထုံးစံနှင့်အညီ တိုက်ခန်းဝယ်ယူသူက လက်ဝယ်ထားပိုင်ခွင့်ရှိကြောင်း မြွက်ဟကြေညာ၍ လက်ရောက်ရခွင့်ရှိသည်။

အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက #ဂရန်ပျောက်​ကိုပြန်လည်လျှောက်ထားနိုင်သောနည်းလမ်းများ _____________...
25/11/2023

အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက
#ဂရန်ပျောက်​ကိုပြန်လည်လျှောက်ထားနိုင်သောနည်းလမ်းများ
_____________________

အိုးအိမ်ဂရန်လား၊ စည်ပင်ဂရန်လား ခွဲခြားသိပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
- မိမိပျောက်ဆုံးတဲ့ မြေငှါးဂရန်မိတ္တူကို အိုးအိမ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်လား၊ ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ ဂရန်လား အသေအချာကြည့်ရပါမယ်။ ရန်ကုန်မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ ဂရန်မှာတော့ (၂) မျိုး ခွဲခြားပြီး သိရပါမယ်။

(က) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ နေထိုင်သူများရဲ့ မြေဂရန်တွေကို ယခင်က ရန်ကုန်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းလက်ခံဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် အိမ်ဂရန် ပျောက်တာ ဆိုလျှင်တော့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက် လျှောက်ထားရပါမယ်။ ဂရန်ပျောက် စတင်လျှောက်ထားတဲ့ နေရာကတော့ ရန်ကုန်မြို့တော်ခန်းမ (၄၆-လမ်း) မှာ လျှောက်ရမှာဖြစ်ပါတယ်။ ရုံးဖွင့်တဲ့ သတ်မှတ်နေ့ရက်မှာ လျှောက်လို့ ရပါတယ်။

(ခ) ဒုတိယအချက်ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ စက်မှုဇုန်မြေကွက် ဂရန်တွေကိုတော့ နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြေငှါးစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးရင် ဂရန်မိတ္တူထုတ်ပေးရန်လျှောက်ထားရာမှာ ယူဆောင်သွားရမယ့် လိုအပ်ချက်များကတော့
အနှစ် (၃၀) / အနှစ် (၆၀) / မြေငှါးစာချုပ် / အိမ်ဂရန်လျှောက်ရင် လိုအပ်ချက်များ
(၁) နိုင်ငံသားကတ်ပြားမိတ္တူ / အမျိုးသားမှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) အမည်ပေါက်ကိုယ်တိုင်လျှောက်ထားခြင်း
(၃) မြေငှါး (ဂရန်) စာချုပ်အမှန်တကယ် ပျောက်ဆုံး / ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာ (မူရင်း) နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ (မူရင်း)
(၄) မှတ်ပုံတင် စာချုပ်စာတမ်းများ
(၅) တရားစွဲလို့ အနိုင်ရခဲ့တဲ့ ဂရန်ဖြစ်ရင် တရားရုံး အမိန့်ဒီဂရီတို့အပြင် အိမ်မြေ မြေငှါး ဂရန်ပျက်စီးသွားကြောင်း မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မှန်ကန်ကြောင်း ထောက်ခံချက် ထုတ်ပေးပါတယ်။
(၆) အဲ့ဒီမှန်ကန်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှာ သွားရောက်ပြီး မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံချက် လက်မှတ်ရေးထိုးပေးရန် လျှောက်ထားရပါမယ်။
(၇) ပျောက်ဆုံးခြင်းဖြစ်ပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါရှိရပါတယ်။ အဲဒီထောက်ခံချက်များ ရပြီးရင် ရန်ကုန်မြို့တော်စည်ပင်မှာ ဆက်လျှောက်ရပါမယ်။

ရှင်းလင်းချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(အမည်ပေါက်သေဆုံးရင် ကျန်ရစ်သူ ဇနီး/ ခင်ပွန်း (သို့မဟုတ်) ဇနီး / ခင်ပွန်း သေဆုံးရင် သား(သို့) သမီး များက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။ မြို့တော်စည်ပင်မြေယာဌာနမှာ အမွေဆက်ခံပ်ိုင်ဆိုင်ကြောင်း မြေပုံ/ မြေရာဇဝင် ကူးရပါမယ်။ အဲဒီလို မြေပုံကူးတဲ့အခါ ။ မြေအမည်ပေါက်သူရဲ့ ဇနီး (သို့) ခင်ပွန်းတို့အား အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးက တရားသူကြီးရှေ့မှာ ကျမ်းကျိန်လုပ်ရပါတယ်။ ထို့အတူ ခြေရင်းခေါင်းရင်း (သို့) တစ်လမ်းတည်းနေ သူတို့ကလည်း မြေအမည်ပေါက်သူနှင့် ဇနီး / ခင်ပွန်းတော်စပ်ကြောင်း သေဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံးမှာ ကျမ်းကျိန်ပြုလုပ်ပေးရပါမယ်။ မြေအမည်ပေါက်သူ မိဘနှစ်ပါးလုံးမရှိလျှင် ကျန်ရစ်သော သားသမီးများက အထက်ပါတိုင်း ကျမ်းကျိန်ရပါမယ်။

ကျမ်းကျိန်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာ ဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်နှင့် မွတ်စလင်ဘာသာဝင်များအတွက်တော့ ကျမ်းကျိန်လို့မရပဲ ကတိသစ္စာပြုလွှာ လို့ရေးပါမယ်။ ဒါ့အပြင် မြေအမည်ပေါက်ကွယ်လွန်သူဟာ သူသေရင် ဘယ်သူ့ကို ပေးပါဆိုတဲ့ သေးတမ်းစာရေးသားခဲ့ခြင်း မရှိဘူးဆိုတာ ထည့်သွင်း ကတိသစ္စာပြုရပါမယ်။ ယခုရှင်းပြနေတာတွေကတော့ အမည်ပေါက် ကိုယ်တိုင်သေဆုံးခဲ့ရင် ကျန်ရစ်သူများက လျှောက်ထားပုံကို ရှင်းပြတာ ဖြစ်ပါတယ်။

စီစစ်ထုတ်ပေးခြင်း တရားဝင်သေတမ်းစာရေးခဲ့ရင် သေတမ်းစာမှာပါအရ အမွေဆက်ခံသူက အထက်ပါအတိုင်း ကတိပြုရမယ်။ မြေငှါးဂရန်စာချုပ် မိတ္တူကို မူလအမည်ပေါက်ဖြင့်ပင် ထုတ်ပေးပါတယ်။ မြေငှါး ဂရန်မိတ္တူထုတ်ပေးရာမှာ မြေယာဌာနက အောက်ပါအတိုင်းဆောင်ရွက်ပေးပါတယ်။

ဆောင်ရွက်ပုံအဆင့်ဆင့်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သတ်မှတ်ထားသော ပုံစံကို အိမ်ဂရန်ပျောက်လျင် ရန်ကုန်မြို့တော်ခန်းမ မြေယာဌာန သွားရမယ်။
စက်မှုဂရန်ပျောက်ဆုံးပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (မြေနှင့်အခွန်) ဌာနတို့မှာ ပုံစံဝယ်ယူပြီး ယင်းပုံစံမှာ ဖြည့်သွင်းရပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ သက်ဆိုင်ရာစာချုပ်စာတမ်း အထောက်အထားများကို တင်ပြရမယ်။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ ပြည့်စုံမှုရှိ မရှိ သက်ဆိုင်ရာမြေငှါးဂရန် မိတ္တူ လျှောက်တဲ့ မြို့နယ်က ဌာနစုမှူးက မှန်ကန်မှုရှိ မရှိ မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ မှန်ကန်မှုရှိရင် မူရင်းများကို ပြန်ပေးပြီး အမှုတွဲကို လက်မှတ်ထိုးပြီး လက်ခံပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ ကြော်ငြာကပ်ရမယ် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာရွက် (၄)ရွက်ကိုပါ တစ်ပါတည်းထည့်ပေးလိုက်ပါတယ် ။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်နှိပ်ပေးပါလိမ့်မယ်။

စာရွက် (၄) ရွက်ကတော့ မိမိလက်ခံက တစ်စောင် ၊ ရပ်ကွက်ရုံးတစ်စောင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကြော်ငြာကပ်ဖို့ (တစ်စောင်) ရန်ကုန်မြို့တော်စည်ပင်မြေယာဌာနကို ပြန်ပို့ပေးရမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က စည်းတံဆိပ်နဲ့ လက်မှတ်ပါတဲ့ ကန်ကွက်နိုင်ကြောင်း တစ်စောင် ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ကြော်ငြကို (၇) ရက်ပြည့်ရင် မြို့တော်ခန်းမ မြေယာဌာနကို ပြန်ပို့ရပါတယ်။

ကြေးမုံ/ မြန်မာ့အလင်း သတင်းစားများတွင် (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာပေးခြင်း ကို ပြုလုပ်ရပါတယ်။ မြေယာဌာနက မြေတိုင်းဆင်းပြီး ကွင်းဆင်းကြည့်ရှုမယ်။ မြေပြင်တွေ့ရှိချက်နဲ့ လျှောက်ထားမှုက မှန်ကန်မှုရှိ မရှိ အဆင့်ဆင့်တင်ပြပါတယ်။ နေ့စဉ်ထုတ်မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာလည်း မြေငှါးဂရန် မိတ္တူလျှောက်ထားမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်သူ ရှိမရှိ ကြော်ငြာပေးရပါတယ်။ ကန့်ကွက်သူရှိမရှိ စောင့်ကြည့်ရပါတယ်။ တရားရုံးတွင် အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတစ်ရာမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါတယ်။

ကန့်ကွက်သူမရှိရင် မြေငှါးဂရန် မိတ္တူထုတ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက်ပေးပါတယ်။ ကန့်ကွက်သူရှိရင်လည်း ဘာကြောင့်ကန့်ကွက်ရကြောင်း အထောက်အထားခိုင်လုံစွာနဲ့ မြို့တော်ခန်းမမှာ လာရောက် လျှောက်ထားရပါတယ်။ လိုအပ်ရင် မြေယာ ဌာနမှူးက နှစ်ဘက်ခေါ်ယူတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်သာယာ မြေနည်းဥပဒေ အပိုဒ် (၂၅) အရ ကန့်ကွက်ရန်ကြော်ငြာ တစ်လထုတ်ရခြင်း ဖြစ်ပါတယ်။

တိုက်ဆိုင်စစ်ဆေးပြီး ဂရန်ထုတ်ပေးခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(က) တစ်လထုတ်ပြန်ပြီးပါက မြေစာရင်းနှင့် လျှောက်ထားသူရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ တိုက်ဆိုင်စစ်ဆေးခြင်း တရားရုံးက အနိုင်ရသူဖြစ်ပါက တရားရုံး အမိန့်ဒီဂရီ များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း

(ခ) ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းကန့်သတ်သည့် ဥပဒေနင့် ငြိစွန်းမှု ရှိ/ မရှိ စစ်ဆေးခြင်း။

(ဂ) ပြည့်စုံမှန်ကန်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဂရန်ထုတ်ပေးရေး ဘုတ်အဖွဲ့သို့ တင်ပြရပါတယ်။ ပြည့်စုံမှန်ကန်ကြောင်း ဘုတ်အဖွဲ့က ခွင့်ပြုချက်ရရှိရင် မြေငှါးဂရန် စာချုပ်မိတ္တူ ထုတ်ပေးနိုင်ရန် ဌာနတွင် သတ်မှတ်သည့် မြေငှါးခငွေ ပေးသွင်းပြီးရင် မြေငှါးဂရန် မိတ္တူ ထုတ်ယူလို့ရပါပြီ။

ဒါကြောင့် မြေငှါးဂရန် ပျောက်ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနနှင့် ရန်ုကုန်/ နေပြည်တော် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှာ မြေငှါးဂရန်မိတ္တူကို ကိုယ်တိုင်သွားရောက်လျှောက်လို့ရပါပြီ။
Credit​ to လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

ที่อยู่

Bangkok
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pyi Myanmar Nyein Cham Real Estate Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Pyi Myanmar Nyein Cham Real Estate Services:

แชร์