Eco Meal Box

Eco Meal Box 🥗Chef-prepared. Nutritionist-supervised.
✨ We deliver happiness in every bite—fresh, balanced meals designed for Myanmar’s diverse lifestyles.✨
"Tasty Meals.

Healthy Feels."

Eco Meal Box နှင့် Healthy Nara တို့ ပူးပေါင်းပြီး အာဟာရအထူးပြုဆရာဝန် Dr.Nu Yee Aye မှ ကလေးတွေရဲ့ကျန်းမာကြံ့ခိုင်မှုအတွက...
12/09/2026

Eco Meal Box နှင့် Healthy Nara တို့ ပူးပေါင်းပြီး
အာဟာရအထူးပြုဆရာဝန် Dr.Nu Yee Aye မှ ကလေးတွေရဲ့
ကျန်းမာကြံ့ခိုင်မှုအတွက် လိုအပ်တဲ့ အာဟာရ များနှင့် ပတ်သက်ပြီး ဆွေးနွေးပေးသွားမယ့် Nutrition Webinar လေးကို စိတ်ဝင်စားသူများ Join လို့ရပါတယ်နော် 💚🤗

‼️ 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐀𝐥𝐞𝐫𝐭 ‼️‼️

သားသားမီးမီးတို့ရဲ့ ကျန်းမာကြံ့ခိုင်မှုဟာ သင်ကျွေးမွေးလိုက်တဲ့ အာဟာရဓာတ်တွေပေါ်မှာ မူတည်နေတယ်ဆိုတာ သိပါသလား။ 🌱✨

ကလေးငယ်တစ်ယောက် ငယ်ရွယ်စဉ်မှာ ရရှိတဲ့ အာဟာရဟာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုသာမက ဦးနှောက်ဉာဏ်ရည်နဲ့ ရေရှည်ကျန်းမာရေးအတွက် အရေးအကြီးဆုံးသော အရာဖြစ်ပါတယ်။ အာဟာရ ပြည့်ဝမှန်ကန်သော ကျွေးမွေးမှုစနစ်ဖြင့် ရင်သွေးလေးတွေရဲ့ အနာဂတ်ကို လှပစွာ ပုံဖော်ပေးနိုင်ဖို့ဖို့အတွက် 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐍𝐚𝐫𝐚 နှင့် 𝐄𝐜𝐨 𝐌𝐞𝐚𝐥 𝐁𝐨𝐱 မှပူးပေါင်းပြီး 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 𝐖𝐞𝐛𝐢𝐧𝐚𝐫 တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။

✨ 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐓𝐨𝐩𝐢𝐜
"ကလေးတိုင်းအတွက် အာဟာရပြည့်ဝသည့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု"
(𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐚 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐅𝐮𝐭𝐮𝐫𝐞 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐁𝐚𝐛𝐲 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧)

✨ 𝐆𝐮𝐞𝐬𝐭 𝐒𝐩𝐞𝐚𝐤𝐞𝐫 - 𝐃𝐫. 𝐍𝐮 𝐘𝐞𝐞 𝐀𝐲𝐞
𝐌.𝐁.𝐁.𝐒 (𝐘𝐠𝐧), 𝐌.𝐒𝐜 (𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐃𝐢𝐞𝐭𝐞𝐭𝐢𝐜𝐬) (𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐁𝐞𝐝𝐟𝐨𝐫𝐝𝐬𝐡𝐢𝐫𝐞-𝐔𝐊)

✨ 𝐃𝐚𝐭𝐞 : 𝟏𝟗𝐭𝐡 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫,𝟐𝟎𝟐𝟔
✨ 𝐓𝐢𝐦𝐞 : 𝟖:𝟎𝟎 𝐏.𝐌 𝐌𝐌𝐓
✨ 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦

✅ ဆွေးနွေးမျှဝေသွားမည့် အဓိကအချက်များ
- ကလေးငယ်များ၏ အသက်အရွယ်အလိုက် လိုအပ်သော မရှိမဖြစ် အာဟာရဓာတ်များ
- နေ့စဉ် ကျွေးမွေးမှုတွင် အာဟာရမျှတအောင် စီမံပြင်ဆင်နည်းလမ်းများ
- အာဟာရချို့တဲ့ခြင်း (သို့မဟုတ်) အလွန်အကျွံဖြစ်ခြင်းမှ ကာကွယ်နည်း
- အာဟာရပြည့်ဝသော အစားအစာများဖြင့် ရင်သွေးငယ်၏ ရေရှည်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးပုံများ ကိုသိရှိရမှာဖြစ်ပါတယ်။

𝐖𝐞𝐛𝐢𝐧𝐚𝐫 တက်ရောက်ရန် စိတ်ပါဝင်စားသော မိဘများအနေဖြင့် အောက်ပါ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐋𝐢𝐧𝐤 မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

📍𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤:
https://forms.gle/K6vFs6NcATLydBY36

📣September ProMotion 📣🚚Healthy Lunch Box 5 ဘူးမှာရင် Free Delivery🚚📣ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ Eco Meal Box တွေ...
31/08/2026

📣September ProMotion 📣

🚚Healthy Lunch Box 5 ဘူးမှာရင် Free Delivery🚚

📣ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ Eco Meal Box တွေကို အိမ်မှာ ချက်ပြုတ်ဖို့လည်း
အချိန်မပေးန်ိုင်လျှင် မိသားစု၊ ရုံးသူ/ရုံးသားတွေနဲ့
အတူတူ အော်ဒါမှာယူလိုက်ပါ📣
💚တစ်ခါမှာရင် ၅ ဘူးနှင့် အထက် မှာယူရုံနဲ့
အိမ်အရောက် ပို့ဆောင်ခ အခမဲ့ (Free Delivery)(Pandago
Rider ဖြင့် ဝန်ဆောင်မှုရနိုင်သော မြို့နယ်များအတွက်သာ) ရရှိမှာဖြစ်ပါတယ်။ 🥗📦
✨ Eco Meal Box ရဲ့ အားသာချက်များ
-Fresh & Organic ပါဝင်ပစ္စည်းများသာ အသုံးပြုထားခြင်း
-ကျန်းမာရေးအတွက် မျှတတဲ့ အာဟာရဓာတ်များ ပါဝင်ခြင်း
-အာဟာရဆရာဝန်များရဲ့လမ်းညွှန်ချက်နှင့်အညီ
ကျွမ်းကျင်သော Chef မှ စီမံချက်ပြုတ်ပေးခြင်း

📲 အသေးစိတ်မေးမြန်း/အော်ဒါမှာယူရန်:
Page Chatbox (သို့မဟုတ်)
📞 09420318545 မှတစ်ဆင့် ဆက်သွယ်မှာယူနိုင်ပါပြီ။
Tasty Meals, Healthy Feels, Good for Health 💚

💚 Hello လေး လုပ်ဖို့ အချိန်ရောက်ပါပြီနော်! 👋🏻✨ECO Meal Box ရဲ့ Promotion လေး ကုန်ဆုံးဖို့ ရက်ပိုင်းသာ ကျန်တော့တာမို့မစား...
29/08/2026

💚 Hello လေး လုပ်ဖို့ အချိန်ရောက်ပါပြီနော်! 👋🏻✨
ECO Meal Box ရဲ့ Promotion လေး ကုန်ဆုံးဖို့ ရက်ပိုင်းသာ ကျန်တော့တာမို့
မစားရသေးတဲ့သူတွေ၊ မှာမလို့ စဉ်းစားနေဆဲသူတွေ…
အခုလေးတင် Hello 👋🏻 လုပ်ပြီး ကိုယ့်အတွက် Healthy Meal လေး ရွေးလိုက်ကြရအောင်နော် 🥰🍱
✨ အရသာရှိရှိ
🥗 Balanced & Healthy ဖြစ်ပြီး
👩🏻‍⚕️ Nutritionist ဦးဆောင်ထားတဲ့ Menu တွေကို
👨🏻‍🍳 Executive Chef တွေက သေချာပြင်ဆင်ပေးထားတာမို့
စားကောင်းရုံတင်မက ကျန်းမာရေးအတွက်ပါ စိတ်ချရတဲ့ Meal လေးတွေ ရရှိမှာပါရှင့် 💚
⏰ Promotion ကုန်ဆုံးဖို့ ရက်ပိုင်းသာ ကျန်တော့တာမို့…
“နောက်မှမှာမယ်” ဆိုပြီး မထားလိုက်နဲ့နော် 😆
📩 Hello လေးလုပ်လိုက်ပါ — Eco Meal Box က စောင့်နေပါတယ်ရှင့်! 💚🍱

💚ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှု -
Eco Meal Box 💚

📣📣📣သင့်နေ့စဉ် အစားအသောက်အတွက် စိတ်ပူနေရပြီလား? အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ Eco Meal Box က သင့်အတွက် အဆင်သင့်ရှိနေပါပြီ!

🎉Promotion (July 31 - August 31) 🎉

✅ Healthy Diet Subscription Plans:
5 Days Plan: အမြန်စမ်းသပ်ချင်သူများအတွက်
10 Days Plan: ကျန်းမာရေးထိန်းညှိသူများအတွက်
1 Month Plan: ရေရှည်ကျန်းမာရေးကို ဦးတည်သူများအတွက် (အထူးခံစားခွင့်များပါဝင်)

✅ Events & Meetings အတွက်လည်း အထူးစီစဉ်ပေးတယ်!
ပွဲ (၃၀) ကနေ (၅၀) အထိ မှာယူသူများအတွက်လည်း အထူးပရိုမိုးရှင်းနဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်ပါပြီ။ ရုံးပွဲ၊ မိသားစုပွဲ သို့မဟုတ် မည်သည့်ပွဲမျိုးမဆို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေနဲ့ တည်ခင်းဧည့်ခံလိုက်ပါ။

📣🗓 Promotion ကာလ: July 31 မှ August 31 အထိသာ။

အခုပဲ မှာယူပြီး ကျန်းမာတဲ့ Lifestyle ကို စတင်လိုက်ပါ!
💬 အသေးစိတ် သိရှိလိုပါက Chat Box သို့မဟုတ်
Viber or Phone 09420318545သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်💚

August 22-23 စနေ / တနင်္ဂနွေ တွင် ကျင်းပခဲ့သောNIEC International Schooll Graduation ပွဲတွင် ပါဝင်ခဲ့တဲ့ Eco Meal Box ရဲ့...
24/08/2026

August 22-23 စနေ / တနင်္ဂနွေ တွင် ကျင်းပခဲ့သောNIEC International Schooll Graduation ပွဲတွင်
ပါဝင်ခဲ့တဲ့ Eco Meal Box ရဲ့ Activities များကို အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ်ရှင်💚

အခုလို ကလေးများ အရမ်းကြိုက်ပြီး အများကြီးအားပေးခဲ့တဲ့ အတွက်လည်း Eco Meal Box မှ
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏🏼🙏🏼🙏🏼

💚ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Weight Loss Meal Box နဲ့ Healthy Lunch Box တွေ မှာယူတဲ့ တစ် ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင် ...
15/08/2026

💚ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Weight Loss Meal Box နဲ့ Healthy Lunch Box တွေ မှာယူတဲ့ တစ် ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင် 💚🤗🙏🏼
❇️ကိုယ်အလေးချိန် လျှော့ချချင်သူတွေနဲ့ ကျန်းမာရေးကို ဂရုစိုက်သူတွေအတွက် အာဟာရပြည့်ဝပြီး အရသာရှိတဲ့ ဟင်းပွဲတွေကို ဂရုတစိုက် အမြဲပြင်ဆင်ပေးထားပါတယ်ရှင်🤗
💚ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ECO MEAL BOX နဲ့ အတူတူ တည်ဆောက်လိုက်ရအောင်! 💪🍱

✅ ဒီနေ့အတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ Meal Box တွေ အဆင်သင့်ပါပဲ💚Weight Loss အတွက်ဖြစ်ဖြစ်၊ အလုပ်မှာ အဆင်ပြ...
08/08/2026

✅ ဒီနေ့အတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့
ညီညွတ်တဲ့ Meal Box တွေ အဆင်သင့်ပါပဲ💚
Weight Loss အတွက်ဖြစ်ဖြစ်၊ အလုပ်မှာ အဆင်ပြေပြေ စားဖို့ဖြစ်ဖြစ် အော်ဒါတင်နိုင်ပါပြီ💚
ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး အာဟာရလည်း ပြည့်ဝတဲ့ Meal Box တွေကို အမြန်ဆုံး အော်ဒါတင်လိုက်ပါ💚

📣📣📣Promotion လေးတွေလည်းရှိတော့ အခုချိန်
Healthy Meal Box စားမယ်ဆို အရမ်းတန်နေပါပြီနော် 💚

💬 အသေးစိတ် သိရှိလိုပါက Page Message Box ကနေ
တစ်ဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
☎️ 09420318545 ၊ 09795297292
📲 Viber: 09420318545

🥗✨ ဒီနေ့အတွက် Weight Loss & Healthy Lunch Box အော်ဒါများ အဆင်သင့်ပါရှင်💚ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ အစားအစာတွေကိ...
03/08/2026

🥗✨ ဒီနေ့အတွက် Weight Loss & Healthy Lunch Box အော်ဒါများ အဆင်သင့်ပါရှင်💚
ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ အစားအစာတွေကို စားသုံးရင်း ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက် အထူးစီစဉ်ထားတဲ့ Meal Plan တွေပါ။ 🍱😋
ဆီလျှော့၊ ဆားလျှော့ပြီး ပရိုတင်းဓာတ်ပြည့်ဝတဲ့
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ။ 💪
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ နေ့စဉ်မရိုးရအောင် အရသာရှိအောင် ပြင်ဆင်ပေးထားပါတယ်ရှင်💚💚💚
💬 အသေးစိတ် သိရှိလိုပါက Page Message Box ကနေတစ်ဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
☎️ 09420318545 ၊ 09795297292
📲 Viber: 09420318545

အဝလွန်ခြင်းကို ဘယ်လိုနည်းမှန်လမ်းမှန်နဲ့ လျော့ချရမလဲဆိုတာကို Eco Meal Box ရဲ့ အာဟာရအထူးပြုဆရာဝန် Dr.Nu Yee Aye က အသေးစိတ...
31/07/2026

အဝလွန်ခြင်းကို ဘယ်လိုနည်းမှန်လမ်းမှန်နဲ့
လျော့ချရမလဲဆိုတာကို Eco Meal Box ရဲ့
အာဟာရအထူးပြုဆရာဝန် Dr.Nu Yee Aye က အသေးစိတ်ရှင်းပြပေးထားပါတယ်ရှင်💚

📣📣📣အဝလွန်ခြင်းကို အန္တရာယ်ကင်းကင်း နည်းမှန်လမ်းမှန်နဲ့ လျှော့ချမယ်💚

❇️မိမိ ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ ပုံမှန် အလေးချိန် (Ideal Body Weight) ထက် ကျော်လွန်နေတာကို ကျန်းမာရေးနဲ့ အာဟာရဗေဒ ရှုထောင့်ကနေ ကြည့်ရင် BMI (Body Mass Index) ပေါ် မူတည်ပြီး အဝလွန်ခြင်း စတင်သည့် အဆင့် (Overweight) သို့မဟုတ် အဝလွန်ခြင်း (Obesity) လို့ သတ်မှတ်ပါတယ်။

✅ဒါက အလှအပတစ်ခုတည်းအတွက် မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ စနစ်တကျ ထိန်းညှိပေးဖို့ လိုအပ်တဲ့ သင်္ကေတတစ်ခုပါ။

⚠️ ကိုယ်အလေးချိန် လွန်ကဲနေခြင်းကြောင့် ဖြစ်လာနိုင်သော ကျန်းမာရေး ပြဿနာများ

(၁) နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ: သွေးတိုးခြင်း၊ ကိုလက်စထရော တက်ခြင်း။
(၂)ဇီဝဖြစ်စဉ် ဆိုင်ရာ ရောဂါများအမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားခြင်း။
(၃)အရိုးနှင့် အဆစ် ပြဿနာများ: ခါးနာခြင်း၊ ဒူးနာခြင်း၊ အရိုးအဆစ် ရောင်ရမ်းခြင်း။
(၄)ဟော်မုန်းနှင့် အိပ်စက်မှုဆိုင်ရာ ပြဿနာများ: အိပ်နေစဉ် အသက်ရှူရပ်ခြင်း (Sleep Apnea) နှင့် အမျိုးသမီးများတွင် မမျိုးဥအိမ် ရောဂါစု (PCOS) ဖြစ်ပွါးခြင်း။

✅✅✅ဝိတ်ချရာတွင် လုပ်ဆောင်သင့်သည့်
နည်းလမ်းများ

1. Calorie Deficit (ကယ်လိုရီ လျှော့ချခြင်း):
တစ်နေ့တာ ခန္ဓာကိုယ်က လောင်ကျွမ်းတဲ့ ကယ်လိုရီထက် စားသုံးတဲ့ ကယ်လိုရီနည်းအောင် စနစ်တကျ ထိန်းပါ သို့မဟုတ်
သက်ဆိုင်ရာ အာဟာရဆရာဝန်များလမ်းညွှန်ချက်နှင့်အညီ သေချာ တွက်ချက်ထားတဲ့ Healthy Meal Box များ စားနိုင်ပါတယ်။
2. Balanced Diet (မျှတသော အာဟာရ စားသုံးခြင်း):
WHO လမ်းညွှန်ချက်အတိုင်း အသီးအရွက်၊ အမျှင်ဓာတ် (Fiber)၊ အသားဓာတ် (Protein) ကို တိုးစားပြီး သကြား၊ အချိုရည်နှင့် ပြုပြင်ထားသော အစားအစာ (Processed Foods) များကို လျှော့ပါ။
3. Flaxseeds ကဲ့သို့ Superfoods များကို ကူညီဘက်အဖြစ် သုံးခြင်း:
အမျှင်ဓာတ် ကြွယ်ဝတဲ့ Flaxseeds၊ Chia seeds စတာတွေကို အစာစားချိန် ကြားထဲ ဗိုက်ဆာသက်သာစေဖို့နဲ့ အစာချေစနစ် ကောင်းမွန်စေဖို့ ထည့်သွင်း စားသုံးပေးပါ။
4. Physical Activity (ကိုယ်လက် လှုပ်ရှားမှု):
တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ မျှတသော လေ့ကျင့်ခန်း (ဥပမာ- လမ်းခပ်သွက်သွက် လျှောက်ခြင်း၊ ရေကူးခြင်း) ပြုလုပ်ပေးပါ။

✅❇️ကိုယ်အလေးချိန် လျှော့ချရာမှာ ရုတ်တရက်
အမြန်ကျအောင် လုပ်ခြင်းထက်
တစ်ပတ်လျှင် ၀.၅ ကီလိုမှ ၁ ကီလို (၁ ပေါင်မှ ၂ ပေါင်ခန့်)
ပုံမှန်ကျဆင်းအောင် ရေရှည်စနစ်တကျ လုပ်ဆောင်ပေးတာက ကျန်းမာရေးအတွက် အကောင်းဆုံးနဲ့ အန္တရာယ်အရင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။






🙏🏼🙏🏼🙏🏼ဒီနေ့ ကျရောက်သော ဝါဆိုလပြည့် (ဓမ္မစင်္ကြာ အခါတော်နေ့) မင်္ဂလာအခါသမယမှာ မြတ်စွာဘုရားရှင် တရားဦးဓမ္မစင်္ကြာ စတင်ဟောက...
29/07/2026

🙏🏼🙏🏼🙏🏼ဒီနေ့ ကျရောက်သော ဝါဆိုလပြည့် (ဓမ္မစင်္ကြာ အခါတော်နေ့) မင်္ဂလာအခါသမယမှာ မြတ်စွာဘုရားရှင် တရားဦးဓမ္မစင်္ကြာ စတင်ဟောကြားခဲ့သည့် ဓမ္မအလင်းရောင်နှင့်အတူ -
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ🙏🏼🙏🏼🙏🏼
အနာရောဂါဘယများ ကင်းဝေးကြပါစေ🙏🏼🙏🏼🙏🏼
ဓမ္မအရိပ်အောက်မှာ အေးချမ်းသာယာစွာဖြင့် လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း Eco Meal Box မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🏼🙏🏼🙏🏼

💚Customer ရဲ့ အမှတ်တရ Birthday Event လေးမှာ Eco Meal Box က ပါဝင်ခွင့်ရခဲ့လို့ ဝမ်းသာကြည်နူးရပါတယ်ရှင့် ✨🥪☕️ကျန်းမာရေးနဲ့...
28/07/2026

💚Customer ရဲ့ အမှတ်တရ Birthday Event လေးမှာ
Eco Meal Box က ပါဝင်ခွင့်ရခဲ့လို့
ဝမ်းသာကြည်နူးရပါတယ်ရှင့် ✨🥪☕️

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ ကျွန်မတို့ရဲ့
Egg Sandwich & Coffee လေးတွေကို စိတ်ချယုံကြည်စွာ မှာယူအားပေးခဲ့တဲ့အတွက် Eco Meal Box မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်💚

ရှေ့ဆက်ပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့ အရသာ၊ သန့်ရှင်းသပ်ရပ်မှုနဲ့ ဝန်ဆောင်မှုတွေကို
အမြဲမပြတ် ပေးသွားနိုင်အောင် ဆက်ပြီးကြိုးစားပါ့မယ်နော် 💚✨

🎂 Happy Birthday ပါလို့လည်း Eco Meal Box မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်! 🎉

Address

51st Street
Yangon

Website

Alerts

Be the first to know and let us send you an email when Eco Meal Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share