Holly Jolly

Holly Jolly Authentic Korean Flavors,Right Here!🇰🇷🥢

အားလုံးပဲ မဂ်လာပါရှင့် 🙏ဒီနေ့အတွက် အကုန်လုံးကို knowledge sharing လေးလည်းလုပ်ရင်းနဲ့ အကုန်လုံးလည်း inspire ဖြစ်စေမယ့်အကြ...
08/01/2025

အားလုံးပဲ မဂ်လာပါရှင့် 🙏
ဒီနေ့အတွက် အကုန်လုံးကို knowledge sharing လေးလည်းလုပ်ရင်းနဲ့ အကုန်လုံးလည်း inspire ဖြစ်စေမယ့်အကြောင်းအရာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင့် 💃
ဒီနေ့မှာဆိုရင်တော့ Myanmar Imperial College မှာ Holly Jolly ရဲ့ Campaign လေးအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင့်
ဒါဆိုရင်တော့ Holly Jolly ဖြစ်စဉ်လေး ဖြစ်ပေါ်လာတဲ့ အကြောင်းအရာလေးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင့်

ပထမဦးဆုံးအနေနဲ့ လူ၉ယောက် ဖွဲ့စည်းထားပြီး ဘယ် organization နာမည် ဘာလုပ်ရမလဲ ဆိုတာကို မတွေးထားခဲ့ကြပဲနဲ့ အကုန်လုံးနဲ့ ရင်းနှီးမှုရအောင် စကားပြောဆိုပြီး မိတ်ဆက်ကြတယ် ပြီးတော့ တယောက်ချင်းဆီရဲ့ အကြံပြုချက်တွေကို တယောက်က နားထောင်ပြီးလက်ခံတယ် အဲ့ကနေ အကုန်လုံး သဘောတူညီကြမယ်ထင်တဲ့ ဒီ Holly Jolly လေးကို စတင်ခဲ့ကြတာပဲဖြစ်ပါတယ်ရှင့်
နာမည်မရွေးခင်ကြားထဲမှာတော့ အရင်ဦးဆုံး ဘာတွေရောင်းကြမလဲ ဘယ်လိုတွေကိုယ့်ရဲ့ ချစ်လှစွာသော audience တွေကို ချပြမလဲဆိုတာရယ် ပြီးတော့ တခြားအဖွဲ့တွေရဲ့ ပြောစကားတွေကိုလည်း အကုန်လုံးနားစွင့်ထားရတယ်ပေါ့နော်
ပြီးတော့ မင်မင်တို့ကို Campaign Theme လေးချပေးလိူက်တဲ့အချိန်မှာ အကုန်လုံးက စုပြီးတော့ Chirstmas ဆိုတာနဲ့ မြင်နေကြတဲ့ dessert တွေကို လုပ်ကြတယ်ပေါ့နော် အဲ့အချိန်မှာ မင်မင်တို့လဲ theme နဲ့အညီ dessert လေးလုပ်မယ်ဆိုပြီး စဉ်းစားပေမဲ့ imperians တွေနေရာ စားသုံးသူ customer ဘက်ကနေ တွေးပြီးတော့ အချိုတွေကြီးပဲစားနေရရင် အီသွားမှာဆိုးလို့ မင်မင်တို့က မတူညီတဲ့ အစားအသောက်လေးလဲဖြစ်သလို အကုန်လုံးရဲ့ အသဲစွဲဖြစ်ကြတဲ့ ကင်မ်ချီမြေက အစားအသောက်လေးဖြစ်တဲ့ Kimbap, Egg Roll နဲ့ chicken nugget လေးကို စီစဉ်လိုက်ကြတယ်ပေါ့နော်
ပထမတော့ Korean တွေရဲ့ dessert တွေလုပ်မို့ စဉ်းစားပေမဲ့ ဗိုက်လည်းဝ အာဟာရလည်းပြည့်တဲ့ အစားအသောက်လေးဆို Imperians လေးတွေ အကြိုက်တွေ့မယ်ဆိုတာသိလို့ စီစဉ်လိုက်ကြတယ်ပ့ရှင်းးးး
စလုပ်ထဲက တစည်းတလုံးထဲသေချာလေး တိုင်တိုင်ပင်ပင်လုပ်ကြပေမဲ့လည်း အလုပ်ဆိုတဲ့အတိုင်း လုပ်ငန်းအတွင်းမှာစကားအချေအတင်ပြောရတာတွေလည်းရှိသလို ညိှု့ရနှိုင်းရတာတွေလည်း အနည်းအကျဉ်းတော့ရှိတာပေါ့နော်
ဒါမဲ့ ဘယ်လိုပဲဖြစ်နေပါစေ ဒီ လူ၉ယောက်လုံးရဲ့ ပန်းတိုင်က တခုထဲဖြစ်နေတဲ့ အတွက် အကောင်းဆုံးသေချာလေးညှိုနှိုင်းပြီး အခက်အခဲတိုင်းကို အကောင်းဆုံးကြောက်ရွံ သိမ်ငယ်မှုမရှိပဲကျော်ဖြတ်ခဲ့ကြပါတယ်ရှင်
ဒီစာလေးရဲ့ အဆုံးမှာတော့ ဒီလူ၉ယောက်လုံးရဲ့ အတုယူအားကျရတဲ့ အရာလေးကတော့ campaign ကရသမျှ ငွေပိုက်ဆံတွေရဲ့ ၃ပုံ၁ပုံကို CSR actvity အနေနဲ့ အမ”ခိုင်နှင်းဝေ” ရဲ့ မိဘမဲ့ ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာမှာ ကလေးလေးတွေရဲ့ အနာဂတ်မှာလမ်းကြောင်းအတွက် ပစ္စုပန်ကာလမှာ အခက်အခဲလိုလေသေးမရှိစေဖို့ရည်ရွယ်ပြီးတော့ လှူဒါန်းဖို့ လည်းရှိပါတယ်ရှင့်🙏
အဲ့အတွက် MIC က imperians လေးတွေအပါအဝင် မင်မင်တို့ကိုယ်တိုင် တဖက်တလှမ်းက တတ်နိုင်သလောက် ဗိုက်လည်းဖြည့်ရင်းအာဟာရလည်းပြည့်ရင်း အလှူလဲလုပ်ရင်း ကုသိုလ်တွေအများကြီးရခဲ့ပြီ ဖြစ်ပါတယ်ရှင့်🙏
အားလုံးကိုလည်း remind ပေးချင်တာကတော့ “ဘယ်အရာမဆို ကောင်းတာတွေဖြစ်ပြီးရင် ဒီလိုမျိုးကောင်းတာတွေ ဆက်ဖြစ်ဖို့ ဒီထပ်မက အောင်မြင် တိုးတက်စေဖို့ လုပ်သမျှအလုပ်အဆင်ပြေချောမွေ့စေဖို့ တဖက်တလှမ်း တတ်နိုင်တဲ့ဘက်ကနေ အလှူလေးတွေ လုပ်ဖို့၊ ကောင်းတာလေးတွေလုပ်ဖို့” အကြံပြုရင်းနဲ့ပဲ Holly Jolly Campaign Group လေးကို ဒီကနေ နှုတ်ခွန်းဆသ ပြုလိုက်ပါတယ်ရှင်✨
WE DID SUCH AN AMAZAING HARD WORK ✨






18/12/2024

Soft, fluffy, and officially the "comfort food of champions"🍗🏆
Today we'll show to you guys about making chicken nugget🥳
Ingredients for chicken nugget🙆‍♀️🤍
▪︎chicken
▪︎Egg
▪︎Light soy sauce
▪︎Salt
▪︎Pepper
▪︎Chicken powder
▪︎​ကော်မှုန့်
▪︎အ​ကြော်မှုန့်
Follow us on FB to see our menu and daily specials. We can't wait to serve you🤍
Special thanks for watching this video🤟💞

ကဲ အကုန်လုံးလည်း မျှော်နေကြပြီဖြစ်တဲ့ 𝟏𝟗.𝟏𝟐.𝟐𝟎𝟐𝟒 ရက်နေ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐈𝐦𝐩𝐚𝐜𝐭 𝐃𝐚𝐲 လေးမှာ Holly Jolly ကနေ ရောင်းချပေးသွားမယ့် men...
17/12/2024

ကဲ အကုန်လုံးလည်း မျှော်နေကြပြီဖြစ်တဲ့ 𝟏𝟗.𝟏𝟐.𝟐𝟎𝟐𝟒 ရက်နေ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐈𝐦𝐩𝐚𝐜𝐭 𝐃𝐚𝐲 လေးမှာ Holly Jolly ကနေ ရောင်းချပေးသွားမယ့် menu လေးပဲဖြစ်ပါတယ်ရှင့်
Menu တွေမှာ ဘာတွေပါသွားမလဲ? စျေးနှုန်းတွေကရော ဘယ်လောက်ရှိမလဲဆိုတာကို အားလုံးလည်း သိချင်နေပြီဲထင်ပါတယ်ရှင့်🤭

ဒါကတော့ menu & price လေးပါရှင်းးးး🥢🇰🇷 •Kimbap - 5000 kyats
•Egg Rolls - 3500 kyats
•Chicken Nuggets - 4500 kyats ပဲ ကျသင့်မှာဖြစ်ပါတယ်ရှင့် 🫶

ဒါ့အပြင် combo set လေး တစ် set ကိုမှ 13000 ကျပ်ပဲ ကျသင့်မှာဖြစ်ပြီး combo set လေးမှာ activity တစ်ခုလည်း ပါဝင်သွားမှာပဲ ဖြစ်ပါတယ်ရှင့်🎉🤓

𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲အနေနဲ့ကတော့ အရမ်းကိုမှ ရိုးရှင်းပြီး လွယ်ကူမယ်လို့ထင်တယ်ပေါ့နော်🤭

Activity name လေးကတော့ “𝐇𝐢𝐝𝐞 & 𝐒𝐞𝐞𝐤 “ လေးပါ။ ဒီ ဂိမ်းလေးရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်နဲ့သူနဲ့ကြားက ဘာကြောင့်ဝေးကွာနေလဲ ? ဝေးကွာနေရတဲ့ အကြောင်းအရာကရော ဘာတွေလဲ? အဲ့လိုအရာတွေကို solve လုပ်တတ်ဖို့ အရမ်းကိုမှ အရေးကြီးပါတယ်👀 ဒါကြောင့် သူ့ကြားထဲမှာ ဖုံးကွယ်ထားတဲ့ ခံစားချက်တွေကို ကိုယ်တိုင်ရှာဖွေရင်းနဲ့ ကိုယ်လိုချင်တဲ့ သူ့ရဲ့ အချစ်တွေရစေဖို့အတွက်ပဲ ဖြစ်ပါတယ်ရှင့်🤭
ဒါမဲ့ အကုန်လုံးလဲသိကြတဲ့အတိုင်းပဲ ဒီလိုမျိုး အကြောင်းအရာတွေရှာဖွေဖို့ဆိုတာ တကယ့်ကိုမှ ခက်ခဲနက်နဲတယ်ဆိုတာ 👀 အလားတူစွာပဲ ဒီactivity အစီစဉ်ထဲမှာ 𝐒𝐮𝐩𝐫𝐢𝐬𝐞 𝐂𝐡𝐢𝐫𝐬𝐭𝐦𝐚𝐬 𝐆𝐈𝐅𝐓 𝐁𝐎𝐗 လေးပါမှာဖြစ်ပါတယ်ရှင့် 🫣
Gift Box လေးကို ဒီတ်ုင်း ရိုးရိုးလေးပဲရရင် ဘယ်ပျော်စရာကောင်းတော့မလဲ အဲ့တာကြောင့် သူ့ရဲ့ အချစ်ကို ရှာဖွေသလို ဒီ 𝐆𝐢𝐟𝐭 𝐛𝐨𝐱 လေးရဖို့ 𝐇𝐨𝐥𝐥𝐲 𝐉𝐨𝐥𝐥𝐲 နာမည်ပါတဲ့ 𝐥𝐨𝐠𝐨 𝐜𝐚𝐫𝐝 လေးတွေ ကိုရှာဖွေရမှာပဲ ဖြစ်ပါတယ်ရှင့်👀

⚠️: combo set ဝယ်သူ သာအကြုံးဝင်မှာ ဖြစ်ပါတယ်ရှင့်

လာထုတ်ယူလို့ရှိရင် (3)logo cards + combo set card လေးနဲ့ လာထုတ်ရမှာပဲ ဖြစ်ပါတယ်ရှင့်🤓

So, Hope you guys are excited what’s inside 👀
𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐢𝐫𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐨𝐮𝐫 𝐉𝐨𝐥𝐥𝐢𝐚𝐧𝐬𝐬𝐬𝐬𝐬 𝐂𝐡𝐢𝐧𝐠𝐮𝐮𝐮𝐮🥳🫶

-Holly Jolly 🇰🇷🥢

17/12/2024

ဘာကြောင့် ဒီလိုလောက်ထိဖြစ်သွားရတာလဲ❓

“Real relationships don’t mean no fights. They mean fighting, but still not giving up.“

မင်မင်တို့နေနဲ့လဲ campaignတစ်ခုလုပ်ရတာအရာအားလုံးအဆင်ပြေနေတယ်တော့မဟုတ်ဘူးပေါ့နော်
အခုလိုအဆင်မပြေမှုတေ ကတောက်ကစဖြစ်မှုတေ တစ်ယောက်နဲ့တစ်ယောက်အမြင်မတူတဲ့အခါတေမှာ ညှိယူရတဲ့အပိုင်းတေရှိတယ်❗️
ဘယ်လိုဘဲအမြင်မတူတာတေရှိလာရှိလာ ကိုယ်တေteamworkနဲ့communityတစ်ခုနဲ့အလုပ်လုပ်ရတဲ့အချိန်တေရောက်ရင် တစ်ယောက်အမြင်တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောပြီး အကောင်းဆုံးdecisionချမှာ groupတစ်ခုကဆက် runနိုင်တာမို့လို့ အားလုံးလဲဘယ်လိုပြဿနာတေ အခက်အခဲတေကြုံလာကြုံလာ အချင်းချင်းညှိယူပြီး နားလည်မှုနဲ့ရှေ့ဆက်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်းး👊🏻

🇰🇷 Holly Jolly 🥢

Warmly welcome to our page Holly Jolly guys🎉Korea သွားစရာမလိုဘဲ korea​ရောက်သွားသလိုမျိုး ခံစားချင်တယ်ဆိုရင်​တော့ Holly J...
15/12/2024

Warmly welcome to our page Holly Jolly guys🎉

Korea သွားစရာမလိုဘဲ korea​ရောက်သွားသလိုမျိုး ခံစားချင်တယ်ဆိုရင်​တော့ Holly Jollyကိုလာ​ရောက်အား​ပေးဖို့ ဖိတ်​ခေါ်ပါတယ်ရှင့်🥳
တမူထူခြားတဲ့အရသာနဲ့​ပေါင်းစပ်ထားပြီး လှပတဲ့ပြင်ဆင်မှုက စားသုံးသူ​တွေလုံးဝစိတ်ကျေနပ်မှုရစေမှာပါ🙆🏻‍♀️❤️

19 December, 2024 (Myanmar Imperial College )မှာပြုလုပ်သွားမဲ့ Social Impact day မှာ မင်မင်တို့​ရောင်းမယ့် menu​လေး​တွေက​တော့ Kimbap, Egg roll, Chicken nugget တို့ပဲ ဖြစ်ပါတယ်ရှင့်🤍

🥢Kimbap
Kimbapမှာဆိုရင် ဆန်၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ နှင့် quality ကောင်းမွန်သောအသား​ချောင်းများ ပါဝင်ပြီး ပုံမှန် စားနေကျနဲ့ မတူပဲ တခြားတဲ့ spicy အရသာ ထမင်းလိပ်လေးဖြစ်တာကြောင့် try ကြည့်ဖို့ recommend ပေးချင်ပါတယ်ရှင့် 🇰🇷

🥚Egg roll

မင်မင်တို့​ရောင်းမယ့် ကြက်ဥလိပ်​လေးက​တော့ ကြက်ဥ နဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များကို ရောနှောပြီး နူးညံ့အိစက်တဲ့ ကြက်ဥလိပ်လေးဖြစ်အောင် ဖန်တီးထားတာဖြစ်တာကြောင့် ကျန်မာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ menu လေးတစ်ခုပဲဖြစ်ပါတယ်နော်💯

🍗Chicken nugget

အပြင်ပိုင်းကြပ်ကြွပ်ရွရွ​ texture လေးရယ် အတွင်းသား နူးနူးအိအိလေးနဲ့ စားလို့​ကောင်းတဲ့chicken nuggetလေးကိုတော့ အရည်အသွေးကောင်းမွန်တဲ့ ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားတာလေးဖြစ်ပါတယ်ရှင့်🙆🏼‍♀️

Holly Jollyက ယောခမမြေကအိုပါးတေမဟုတ်တဲ့ MICကအိုပါးတေ Noona ချော​ချော​လေး​တွေကိုယ်တိုင်ပြုလုပ်တဲ့ kimbap, egg roll, chicken nuggetလေးတွေဟာဆိုရင်ဖြင့် fresh, clean & delicious ဖြစ်တဲ့ homemade အရသာစစ်စစ်လေးတွေဖြစ်တာကြောင့် လာ​ရောက်
ဝယ်ယူအား​ပေးဖို့ ​Holly Jollyမှနွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ရှင့်👩🏻‍🍳💕

Join us at Holly Jolly, We're here to bring a little happiness to your day with our delicious, satisfying meals that are perfect for any occasion🎀🩷

🎉Welcome to  🎉𝐇𝐨𝐥𝐥𝐲 𝐉𝐨𝐥𝐥𝐲 🎉To spot for delicious, comforting meals!Holly Jollyမှ customerများကို ​နွေး​ထွေးစွာ ကြိုဆိုပါ...
14/12/2024

🎉Welcome to 🎉𝐇𝐨𝐥𝐥𝐲 𝐉𝐨𝐥𝐥𝐲 🎉
To spot for delicious, comforting meals!

Holly Jollyမှ customerများကို ​နွေး​ထွေးစွာ ကြိုဆိုပါတယ်ရှင့်🙆‍♀️

ဒီ pageလေးကတော့ Myanmar Imperial College ရဲ့ UB-04-2024 Digital Marketing Campaign တွက်ဖွင့်ထားတဲ့pageလေးပါရှင့်

Holly Jollyမှာ​ရောင်းမဲ့အစားအစာ​တွေက​တော့ imperians လေးတွေအကြိုက်တွေ့မှာဖြစ်တဲ့ ယောက္ခမမြေမှ အစားအ​သောက်များပဲ ဖြစ်ပါတယ်ရှင့်🤓 🇰🇷

Holly Jolly မှ member များကိုယ်တိုင် လုပ်ထားတာဖြစ်တဲ့အတွက် imperians လေးတွေကို Homemade အရသာစစ်စစ်နဲ့ member လေးတွေရဲ့ အချစ်တွေ ပေါင်းစပ်ထားတာမို့ တကယ့်ကို quality ကောင်းမွန်တဲ့ အစားအသောက်လေးတွေ ရောင်းချသွားမှာ ဖြစ်ပါတယ်ရှင်းးး🙆‍♀️

ဒါ့အပြင် imperians လေးတွေ ပျော်ပျော်ပါးပါးဆော့ကစား ဖို့ Holly Jolly ရဲ့ တာဝန်သာ ထားလိုက်တော့နော် 🤪

မင်မင်တို့ရဲ့အစားအ​သောက်​​ကောင်းတွေကို ​နောက်ထပ်post​တွေမှာ detail​ပြောပြသွားအုံးမှာ ဖြစ်တဲ့အတွက် imperian​လေးတို့​ဆက်လက်ပြီးတော့stalkလုပ်ပေးကြပါဦးနော်😝

ကယ်….အားလုံးလဲမိတ်ဆက်ပြီးပြီဆိုတော့ နောက်လာမဲ့𝐩𝐨𝐬𝐭 လေးတေအတွက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့် ဟီဟီးးးး 🤭

So, 𝐒𝐓𝐀𝐘 𝐓𝐔𝐍𝐄𝐃 ❗️

Address

Myanmar Imperial College
Yangon

Website

Alerts

Be the first to know and let us send you an email when Holly Jolly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share