Ma Latt Homemade Food

Ma Latt Homemade Food Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ma Latt Homemade Food, Restaurant, 140, Moe Swe Street, 14/2 Quarter, South Okkalpa, Yangon.

မလတ်စီမှာရောင်းတဲ့ ဟင်းထုပ်လုပ်တဲ့ ဆန်မူန့်နဲ့ ဟင်းထုပ်လုပ်စားဖြစ်တာလေး တင်ပေးမယ်နော် ဟင်းထုပ်အမူန့်ရဲ့နောက်ကျောမှာပါတဲ့...
23/11/2025

မလတ်စီမှာရောင်းတဲ့ ဟင်းထုပ်လုပ်တဲ့ ဆန်မူန့်နဲ့ ဟင်းထုပ်လုပ်စားဖြစ်တာလေး တင်ပေးမယ်နော်

ဟင်းထုပ်အမူန့်ရဲ့နောက်ကျောမှာပါတဲ့ အညွှန်းအတိုင်း လုပ်စားရုံပါပဲ လုံးဝမခက်ပါဘူးနော်

ပုံမှာလည်း စာလေးတွေ ရေးပြထားတယ်

02/09/2025

ကျန်းခမ်းသာလို့ မာပါစရှင်

ဟင်းတွေ ပြန်ချက်နေပါပြီလို့ သတင်းပေးတာပါရှင်

02/01/2025

Happy New Year 2025!!!
ဘာရယ်မဟုတ် အလုပ်တွေရူတ်နေတာနဲ့ ခုမှနယူးရီးယား ဆုတောင်းဖြစ်တယ်

အားလုံးသောသူတွေ လာမယ့်နေ့ရက်များမှာ အစစ အရာရာ အဆင်ပြေ ကြပါစေ မျှော်မှန်းထားသည်များ အောင်မြင်ကြပါစေ ဆုတောင်းပေးပါတယ်

မလတ်ကတော့ မိဘများ ကျန်းမာရေးအပါ်မူတည်ပြီး အချိန်ရရင် ရသလို ဟင်းတွေချက်မယ် ဈေးတွေရောင်းမယ် ချည်ထိုးမယ်

လုပ်ချင်တာတွေများပေမယ့် လုပ်နိုင်သလောက်လေးကိုပဲ ဖြည်းဖြည်းခြင်း လုပ်သွားရင်း ရှေ့ဆက်မယ်

ကျန်းမာရေး‌ပိုသတိထား ဂရုစိုက်မယ် အဲ့‌လောက်ပါပဲရှင်

ငါးမုန့်အကြေလေးတွေဆိုပေမယ့် အရသာက ငါးအစစ်နဲ့လုပ်ထားလို့  အလွန်ကောင်းတစ်ခါစားပြီးသွားရင် ထပ်ထပ်စားချင်သွားစေရမယ်နော် တစ်ထ...
22/11/2024

ငါးမုန့်အကြေလေးတွေဆိုပေမယ့် အရသာက ငါးအစစ်နဲ့လုပ်ထားလို့ အလွန်ကောင်း

တစ်ခါစားပြီးသွားရင် ထပ်ထပ်စားချင်သွားစေရမယ်နော်

တစ်ထုပ် ၂၀၀၀ ကိုကျော်လိုက်ရင် ပြထားတဲ့ ခွက်အကြီး ၂ခွက်ရပါတယ်

ဖက်ထမင်းရောင်းစဉ်က ချက်တဲ့ကြက်သားဟင်းချက်တာလေး ပြောပြပါဦးမယ်ကြက်သားကို လိုသလိုတုံးပြီး ဆား ဆနွင်း သကြား ဟင်းခတ်မူန့် ပဲ့...
21/09/2024

ဖက်ထမင်းရောင်းစဉ်က ချက်တဲ့ကြက်သားဟင်းချက်တာလေး ပြောပြပါဦးမယ်

ကြက်သားကို လိုသလိုတုံးပြီး ဆား ဆနွင်း သကြား ဟင်းခတ်မူန့် ပဲ့ငံပြာရည်အပြစ် ဒိန်ချဉ် (or) ဟင်းချက်ဝိုင်နဲ့ သေချာနယ်ပြီး အရသာကြိုနှပ်ထားပါတယ် မနက်ချက်မယ်ဆို ညကတည်းက နယ်နှပ်ပြီး ရေခဲသေတ္တာရိုးရိုးအခန်းထဲမှာ ထည့်ထားပါတယ်

ကြက်သွန်နီများများကို ပါးပါးလှီးထားပါတယ် (အချိန်ရရင် နေနည်းနည်းပြပြီးကြော်ရင် အချိန်နည်းနည်းသက်သာပါတယ်)

ကြက်သွန်ဖြူ ဂျင်းထောင်းထားပါတယ်

ချက်တော့မယ်ဆို ဆီထည့်ပြီး ဆနွင်းဆီသတ်ပြီး ကြက်သွန်နီကို ကြော်ပါမယ် (ဆီကတော့ ပုံမှန်ဟင်းချက်တာထက် ပိုရပါတယ်) ကြက်သွန်တွေနွမ်းလာရင် ဖြူ ဂျင်းထောင်းထားတာရယ် ဖာလာစေ့ ၃စေ့ရယ် ကရဝေး ၂ရွက်ရယ် သစ်ဂျပိုး ၁ချောင်းရယ်ထည့်ပါတယ် ဆီသတ်တာတွေ မွှေးလာပြီဆိုရင် ကြက်သားထည့်လုံးပါမယ် (ကြက်သွန်နီဆီသတ်တာက ကြွပ်တဲ့အထိ ချက်စရာမလိုပါဘူး)

ရေလုံးဝမထည့်ပဲ အသားကထွက်လာတဲ့ ရေကိုပဲ ခြောက်ပြီး အသားတွေတင်းလာတဲ့အထိ ချက်ပါတယ် အများအားဖြင့် ရေထပ်ထည့်စရာမလိုတော့ပါဘူး (အသားနူး မနူးပေါ်မူတည်ပြီး လိုအပ်ရင် ရေနွေး နည်းနည်းခြင်းထည့်ချက်လို့ ရပါတယ်) ဆီပြန်လာရင် ရပါပြီ

ကြက်သွန်အလုံးသေးတွေ အုပ်ချက်ရင်လည်း ရပါတယ် မထည့်လည်း အဆင်ပြေပါတယ်

အများအားဖြင့် CP ကြက်သားနဲ့ပဲချက်ဖြစ်ပါတယ် တစ်ခုတော့ရှိတယ် CP ခြင်းတူတူ ဈေးတွေထဲက ကြက်သားနဲ့ Makro ကကြက်သား ကွာပါတယ် Makro ကချက်လိုက်ရင် အတုံးသေးသွားတာ ပျော့လွန်းတာတွေ မဖြစ်ပါဘူး အစိမ်းနဲ့ အကျက်ပုံမှန်ကွဟမူပဲရှိပါတယ် ဈေးတွေထဲကတော့ ရေတွေထွက်ပြီးသေးကုန်ပါတယ် အများအားဖြင့်တော့ Makro ကဝယ်ပါတယ်

ပုံမှာ ပြထားတဲ့ ဟင်းနှစ်မျိုးလုံးချက်ထားတာ အပေါ်ကပြောတဲ့ နည်းနဲ့ပါပဲ ငရုတ်သီးအစိမ်းမူန့် မဆလာ မထည့်ထားပါဘူး ကြက်သွန်အိပြီးညိုလာတာရယ် ဆနွင်းရယ် ပဲငံပြာရည်အရောင်ကြောင့် အရောင်က ဝင်းနေတာပါ လူကြီး လူငယ်မရွေးစားနုင်တဲ့ အချိုအရသာပါ

Address

140, Moe Swe Street, 14/2 Quarter, South Okkalpa
Yangon
11901

Telephone

+95 9 506 7317

Website

Alerts

Be the first to know and let us send you an email when Ma Latt Homemade Food posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category