mornin'sunshine natural coffee

mornin'sunshine natural coffee သဘာဝမေမြို့နှပ်ကော်ဖီ

ကော်ဖီချစ်သူတွေအတွက်...
25/05/2024

ကော်ဖီချစ်သူတွေအတွက်...

ဝိတ်ကျချင်ရင် black coffeeသောက်☕🟤ကော်ဖီသောက်ခြင်းဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေကို လောင်ကျွမ်းမှု ပိုမြန်အောင် လုပ်ဆောင်...
09/01/2024

ဝိတ်ကျချင်ရင် black coffeeသောက်☕

🟤ကော်ဖီသောက်ခြင်းဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေကို လောင်ကျွမ်းမှု ပိုမြန်အောင် လုပ်ဆောင်ပေးနိုင်တဲ့အတွက် အဆီတွေကြောင့် ဖြစ်ပေါ်လာတဲ့ အဝလွန်ရောဂါ‌တွေကို လျော့ချပေးနိုင်သလို၊ ဝိတ်လည်း ကျစေပါတယ်။

Weight loss ဖြစ်ချင်သူတွေ သောက်သင့်တဲ့ ကော်ဖီကတော့ Black Coffee ပဲဖြစ်ပါတယ်။

Black coffee မှာ calories ပါဝင်မှု နည်းသလို၊ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ antioxidant တွေလည်း ပါဝင်ပါသေးတယ်။

black coffeeကိုသံပရာခြမ်းလေးညှစ်ပီး သောက်ရင် weight loss ဖြစ်ချင်သူတွေအတွက် မြန်မြန်ဆန်ဆန် ဝိတ်ကျစေမှာပဲ ဖြစ်ပါတယ်။

ကော်ဖီက သောက်ရေပြီးရင် လူကြိုက် အများဆုံး သောက်စရာ တစ်မျိုးပါ။ ကော်ဖီကို မသောက်တဲ့သူက ခပ်ရှားရှားပါ။ ကော်ဖီက ကျန်းမာစေတာ...
09/01/2024

ကော်ဖီက သောက်ရေပြီးရင် လူကြိုက် အများဆုံး သောက်စရာ တစ်မျိုးပါ။ ကော်ဖီကို မသောက်တဲ့သူက ခပ်ရှားရှားပါ။ ကော်ဖီက ကျန်းမာစေတာကြောင့်လည်း ပါတာပေါ့။

ကော်ဖီ စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ ကော်ဖီ စစ်စစ်က နှလုံး ကျန်းမာစေနိုင်သလို တက်​ကြွလန်းဆန်းစေနိုင်ပါတယ်။ ပင်ပန်းမှုတွေကို ပြေပျောက်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းစေနိုင်ပါတယ်။

နောက်တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေးသလို နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့ အမျိုးအစား (၂) ဆီးချို နဲ့ အယ်လ်ဇိုင်းမားရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ဖို့ သောက်ပေးလို့ ရပါတယ်။

မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး

မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး
ကော်ဖီက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့် မနက်စောစော ဘာအစားမှ မစားခင် အိပ်ရာနိုးနိုးချင်းမှာတော့ ကော်ဖီ မသောက်ဖို့ ပြောပါရစေ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

မနက် အိပ်ရာက ထတာနဲ့ ရေချိုးခန်းထဲမဝင်ခင် မီးဖိုခန်းကို အရင်သွားပြီး ကော်ဖီ တစ်ခွက် အရင်ဖျော်တယ်ဆိုရင်တော့ ဒီအလေ့အထကို ပြင်ဆင်ဖို့ လိုနေပါပြီ။ မနက်ခင်းမှာ ကော်ဖီ သောက်သင့်တယ်ဆိုပေမယ့် မနက် အိပ်ရာနိုးနိုးချင်း ဘာမှ မစားခင်မှာ မသောက်သင့်ပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေပါ။

မနက်ခင်း ဘာမှ မစားရသေးခင် ကော်ဖီသောက်တာက အမျိုးသမီးတွေမှာ ကော်တီစော ဟော်မုန်း မြင့်တက်ပြီး

သားဥကြွေတာ
ကိုယ်အလေးချိန် နဲ့
ဟော်မုန်း ဟန်ချက်ညီမှုတွေအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။

ကော်ဆီစော ဟော်မုန်းက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေပြီး တက်တက်ကြွကြွ ဖြစ်နေအောင် လုပ်ဆောင်ပေးတာပါ။ ပုံမှန်အားဖြင့် မနက်ခင်းမှာ ကော်တီစော ဟော်မုန်းပမာဏ မြင့်တက်နေတတ်ပြီး ညနေပိုင်းမှာ ကျဆင်းသွားတတ်ပါတယ်။ မနက်ခင်းမှာ ကော်ဖီ စောက်လိုက်ခြင်းက ကော်တီစောပမာဏကို ထိုးတက်သွားစေပြီး ဟော်မုန်း မမျှတတာမျီုး ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး မနက်ခင်းမှာ ကော်ဖီ သောက်လိုက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ စုပ်ယူနိုင်စွမ်းကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ကော်တီစောက ကျန်းမာရေးအတွက် လိုအပ်တာ မှန်ပေမယ့် ခန္ဓာကိုယ်က ကော်တီစောကို လိုအပ်တာထက် ပိုထုတ်လုပ်တဲ့အခါ သွေးတိုးတာ၊ အင်ဆူလင် ဟော်မုန်းထွက်ရှိမှု များစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ကော်တီစော ပမာဏ များလွန်းတာက ကိုယ်အလေးချိန် တက်တာ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေမဲ့ ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် မနက်စောစော ကော်ဖီမသောက်သင့်တာလဲ

မနက်ခင်း စောစော ဘာမှ မစားရသေးခင် ကော်ဖီ သောက်တာက အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ ကော်ဖီက အစာခြေအက်ဆစ် ထွက်ရှိမှုကို များအောင် လှုံ့ဆော်တာကြောင့်ပါ။

အကျိုးဆက် အနေနဲ့ အစာခြေရည် ပြန်ဆန်တက်တာ၊ အစာအိမ် နံရံတွေ ထိခိုက်တာ၊ အူနံရံတွေ ထိခိုက်တာမျိုးတွေ၊ အစာခြေလမ်းကြောင်း တလျှောက် အစာခြေအက်ဆစ်လောင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

နောက်တစ်ချက်က မနက်စောစော ကော်ဖီသောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာ၊ ရေဓာတ် ခမ်းခြောက်တာကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မနက်ခင်း စောစောမှာ ကော်​ဖီ မသောက်ဖို့ ပြောရတာပါ။ မနက်စာကို ကော်ဖီလေးပါမှ စားတတ်တယ်ဆိုရင်တော့ စားမယ့် အစားအစာတွေထဲမှာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ပါဝင်အောင် စားသုံးပေးပါ။ ဘာမှမစားဘဲသောက်တာထက် အစာတစ်ခုခုစားရင်း သောက်ပေးပါ။
credit

အလုပ်သွားခါနီး ကော်ဖီ သောက်ရတာက အရသာရှိလှတဲ့ မနက်ခင်း အလေ့အထလေး တစ်ခုပါ။ အိပ်ရာထ မျက်နှာသစ်ပြီးတာနဲ့ ကော်ဖီပူပူလေး သောက်...
09/01/2024

အလုပ်သွားခါနီး ကော်ဖီ သောက်ရတာက အရသာရှိလှတဲ့ မနက်ခင်း အလေ့အထလေး တစ်ခုပါ။ အိပ်ရာထ မျက်နှာသစ်ပြီးတာနဲ့ ကော်ဖီပူပူလေး သောက်လိုက်ရမှ စိတ်ကျေနပ်ပီးတစ်နေကုန်ကို အလုပ်တွေ ကောင်းကောင်း လုပ်နိုင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား ……

သကြား မှတ်လို့ ...  ကိုယ်ကြိုက်တဲ့ ကော်ဖီထဲ ထည့်ခဲ့တာ ...ဆား မှန်း သိပြီးမှတော့ ... ကျိတ်မှိတ် မြိုချနေမဲ့အစား ... သွန်ပ...
18/12/2023

သကြား မှတ်လို့ ...
ကိုယ်ကြိုက်တဲ့ ကော်ဖီထဲ ထည့်ခဲ့တာ ...

ဆား မှန်း သိပြီးမှတော့ ...
ကျိတ်မှိတ် မြိုချနေမဲ့အစား ...
သွန်ပစ်လိုက်တာ ပိုကောင်းပါတယ် ...

ကော်ဖီ ... အသစ်တစ်ခွက် ...
ထပ်သောက်မယ် ..
ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း
ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် ....

မသင်ယူတတ်ခဲ့တုန်းကတော့ ....
ဒဏ်ရာလို့ ထင်တယ်
သင်ယူတတ်သွားတော့ ...
သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ...

သကြားယောင်ဆောင်သော ...
ဆားတွေနဲ့ ဝေးပါစေ


credit
mornin' sunshine natural coffee

အချစ် နှုင့် Coffee 🤎🍮Coffee နေ့စဥ် သောက်သူ များသည် အချစ်ရေးမှာအစွဲအလန်းကြီးတတ်ကြသည်။ Coffee မသောက်ရ မနေနိုင်သူများသည် အ...
10/12/2023

အချစ် နှုင့် Coffee 🤎🍮

Coffee နေ့စဥ် သောက်သူ များသည် အချစ်ရေးမှာ
အစွဲအလန်းကြီးတတ်ကြသည်။

Coffee မသောက်ရ မနေနိုင်သူများသည် အချစ်မရှိရင် မနေတတ်။

Coffee ကို တစ်နေ့ ၃ ခွက်နှုင့်အထက်သောက်သူများသည် အချစ်များတတ်သည်။

Coffee မသောက်ရလို့ စိတ်တိုတတ်သူများသည် အချစ်ရေးမှာ ညှိနှိုင်းမှုမရှိတတ်။

Coffee အရသာကို တစိမ့်စိမ့်ခံသောက်သူ များသည် ရေရှည် ချစ်တတ်ကြသည်။

Coffee ကို မြန်မြန်ဖျော် ပြီး ဂွပ်ကနဲ မော့သောက်တတ်သူများသည် မချစ်ရရင် မနေနိုင်၊ချစ်သူရှိရင်လည်း ဘယ်လိုချစ်ပေးရမှန်းမသိ ဖြစ်တတ်သည်။

ထမင်း မစားရပဲနေနိုင်တယ်။၊Coffee မသောက်ရရင်မနေနိုင်ဘူး ဆိုသူများသည် တစ်ယောက်ယောက် ကို ချစ်နေရမှ နေပျော်သည်။

Coffee ကို ခွက်ကြီးနဲ့ သာက်လိုက်ရမှ ကျေနပ်သူများသည် အချစ်ကြီးကြသည်။

Coffee အရသာ ကောင်းကောင်းလေးမှ သောက်တတ်သူများသည် ချစ်သူအပေါ် expectation များသူဖြစ်သည်။

Coffee ကို သိပ်မသောက်သူ / လုံးဝ မသောက်သူ များသည် အချစ်ရေး နဲ့ ပတ်သက်ပြီး ဘဝကို အထိခိုက်မခံတတ်သူများ ဖြစ်သည်။

ကျန်းမာရေး အရ Coffee မသောက်သူများသည် Self-Love ကောင်းသူများဖြစ်သည်။

အလုပ်မှာ ငိုက်လို့ Coffee သောက်ပြီး အလုပ်ဆက်လုပ်သူ များသည် ဆေးဖြစ်ဝါးဖြစ်ပဲ ချစ်တတ်သည်။
credit

အားလုံးရှိနေရာကဘာမှမရှိတော့တဲ့အခါဘယ်သူ့ကိုမှ ဘာမှပြောမနေချင်တော့တဲ့အခါကော်ဖီဖျော်ပါ ။သောက်တာ မသောက်တာကနောက်ကိစ္စ ။ ။-ဟန်...
05/11/2023

အားလုံးရှိနေရာက
ဘာမှမရှိတော့တဲ့အခါ
ဘယ်သူ့ကိုမှ ဘာမှ
ပြောမနေချင်တော့တဲ့အခါ
ကော်ဖီဖျော်ပါ ။
သောက်တာ မသောက်တာက
နောက်ကိစ္စ ။ ။

-ဟန်ထူးလွင်-

Address

ဒဂုံဆိပ်ကမ်းမြို့နယ်
Yangon

Telephone

+959448013213

Website

Alerts

Be the first to know and let us send you an email when mornin'sunshine natural coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to mornin'sunshine natural coffee:

Shortcuts

Share

Category