06/03/2026
မင်းသမီးလီဟာနီကိို Extreme Job မှာထဲက
လူတွေစသိလာပီး သူ့ရဲ့သဘာဝဆန်ဆန်နဲ့တကယ့်ရွပ်ရွပ်ချွံချွံသရုပ်ဆောင်ချက်တွေကြောင့်ရုပ်ရှင်လောကမှာနာမည်တခုရလာခဲ့ပါတယ်။
Lee Hanee (လီဟာနီ) ဟာ တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်ပီး အရင်က Miss Korea winner လည်း ဖြစ်ခဲ့ပါတယ်။
2006 ခုနှစ်မှာ Miss Korea ပြိုင်ပွဲကို အနိုင်ရခဲ့ပီး အဲဒီနောက် Miss Universe 2007 ပြိုင်ပွဲမှာလည်း တောင်ကိုရီးယားကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
အနုပညာလောကထဲကိုတော့ 2009 ခုနှစ် မှာ ဝင်ရောက်ခဲ့ပီး The Partner ဆိုတဲ့ drama မှာ ပါဝင်သရုပ်ဆောင်ရာက သရုပ်ဆောင်အလုပ်ကို စတင်ခဲ့တယ်လို့သိရတယ်။ နောက်ပိုင်းမှာတော့ သူရဲ့ သဘာဝကျပီး သွက်လက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိလာခဲ့ပါတယ်။ သူနောက်ထပ်ရိုက်ထားတဲ့
Tazza: The Hidden Card (2014), Extreme Job (2019), The Fiery Priest (2019)
တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ရာမှာလဲ ပရိသတ်တွေက ပိုပီးသတိထားမိလာကြတယ်။
ပရိသတ်အားပေးမှု့နှုန်းအများဆုံးဟာသကား
The Fiery Priest drama မှာ prosecutor Park Kyung-sun အဖြစ် သရုပ်ဆောင်ခဲ့ပြီး အရမ်းအောင်မြင်ခဲ့ပါတယ်။ ဒီ drama ကြောင့် 2019 ခုနှစ် SBS Drama Awards မှာ Top Excellence Award (Actress) ဆုကိုလည်း ရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း One the Woman (2021)
မှာ role နှစ်ခုကို သရုပ်ဆောင်ခဲ့ပီး သူရဲ့ acting skill ကို ပရိသတ်တွေထပ်မံချီးကျူးလို့မဆုံးအောင်ပဲ အရမ်းကိုပီပြင်သေသပ်လွန်းခဲ့တယ်။ ဒီ drama ကြောင့်လည်း 2021 SBS Drama Awards – Best Actress (Mini Series) ဆုကို ရရှိခဲ့တာဖြစ်ပီး
အခုချိန်ထိ လီဟာနီ ဟာ ကိုရီးယားရဲ့ talent ပြည့်ဝတဲ့ actress တစ်ယောက်အဖြစ် ပရိသတ်များစွာရဲ့ ချစ်ခင်မှုကို ဆက်လက်ရရှိနေဆဲ ဖြစ်ပါတယ်။🫶
ုတ်ဘူးဒါငါ့ဘဝ