Wyne Wyne Lal Foods & Drinks

Wyne Wyne Lal Foods & Drinks Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wyne Wyne Lal Foods & Drinks, Restaurant, North Okkalapa, Yangon.

🏆Mango Smoothies 🏆
25/02/2024

🏆Mango Smoothies 🏆

အခုတ​လော စိတ်အခြေအနေ 🏆🏆
11/12/2023

အခုတ​လော စိတ်အခြေအနေ 🏆🏆

08/12/2023

“ကံကို ပုံချပြီး စိတ်အာသာမဖြေကြပါနဲ့”

🔳 တစ်ခါတလေကျတော့ ဗုဒ္ဓဘာသာဝင်တွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ တရားတွေကို စိတ်အာသာဖြေတဲ့ နေရာမှာ သုံးနေကြတာ များသလားလို့တောင် ထင်မိတယ်။

ကမ္ဘာကျော် အီစွပ်ပုံပြင်တစ်ပုဒ်လည်း ကြားဖူးကြမယ်။ ခွေးဟာ စပျစ်သီးကို လှမ်းခူးတာ ဘယ်လိုမှ မမီနိုင်မှန်း သိသွားတော့ ဒီစပျစ်သီးက ချဉ်ပါတယ်ကွာ ဆိုပြီး ပြောသွားတယ်။ ကိုယ်မမီရင် မမီဘူး ဝန်မခံဘူး။

အခု ကျွန်တော်တို့လည်း အဲ့ဒီလိုပဲ။ ကိုယ့်ရဲ့ ပျင်းရိမှု၊ မကြိုးစားလိုမှုတွေအတွက် ဒီတရားတွေကို ကာဗာအဖြစ် သုံးနေကြတယ်။

🔳 ချမ်းသာတဲ့သူတစ်ယောက် ဆုံးပါးသွားပြီဆို သံဝေဂတွေ ယူကြပြီ။ သေရင်လည်း ထားခဲ့ရတာပဲ မဟုတ်လားတဲ့။

သူ ရှင်သန်နေတုန်းမှာ ဒီပစ္စည်းဥစ္စာတွေကို အကြောင်းပြုပြီး ဘယ်လိုနေထိုင်သွားရတယ်၊ အများအကျိုးကို ဘယ်လိုလုပ်နိုင်ခဲ့တယ်၊ သူ့မျိုးဆက်ကို ဘယ်လိုထားပေးခဲ့နိုင်တယ်ကျ မစဉ်းစားကြဘူး။

သိပ်လှတဲ့ မင်းသမီးတစ်လက် အသက်ကြီးလို့ ရုပ်ကျလာပြီဆိုလည်း အသုဘ ဘာဝနာ ဝင်ရှုကြပြန်ရော။

ခုလို ဆီတန်းစီရ၊ ဒေါ်လာဈေးတွေတက်၊ ဒုက္ခပင်လယ်ဝေနေချိန်မှာလည်း ဘဝဆိုတာ ဒုက္ခပဲလေ ဆိုပြီး ဖြေတွေးနေကြပြန်တယ်။ ဒီဒုက္ခကို ဖြစ်စေတဲ့ အကြောင်းရင်းကိုတော့ သိနေပါလျက်နဲ့ ဘာမှ ဝင်မလုပ်ကြဘူး။

ကိုယ့်ကို ဒုက္ခပေးသွားသူကို ဘာမှ ပြန်မလုပ်နိုင်တဲ့အခါမှာလည်း ခွင့်လွှတ်ခြင်းလို့ ခေါင်းစဉ်တပ်လိုက်ကြပြန်တယ်။ ငါကိုက ဝဋ်ကြွေးပါလာတာလို့ တွေးပစ်လိုက်ပြန်တယ်။

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ညာနေကြတာပဲ။ ရသေ့စိတ်ဖြေ လုပ်နေကြတာပဲ။

🔳 လူရယ်လို့ ဖြစ်လာရင် အလုပ်ကြိုးစားရမယ်။ စီးပွားရှာရမယ်။ တင့်တင့်တယ်တယ် သပ်သပ်ရပ်ရပ် နေရမယ်။ ပြဿနာတွေ ကြုံရရင်လည်း သေချာရင်ဆိုင်ပြီး ဖြေရှင်းရမယ်။ အပြစ်ရှိသူကို အပြစ်​ပေးရမယ်။

အလွန်အကျွံ မဖြစ်ဖို့ပဲ လိုတာ။ ခုတော့ အလွဲသုံးစရာ စကားလုံးတွေ ဖြစ်နေပြီ။

🔳 ကံ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ရင်လည်း အဲဒီလိုပဲ။ ဘဝမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို အတိတ်ကံကြောင့်လို့ပဲ မှတ်ယူနေတဲ့သူနဲ့ တွေ့ဖူးတယ်။ သူ့အလိုအရဆို ဘဝက ကြိုတင်ရေးထားပြီးသား ဇာတ်ညွှန်းတစ်ပုဒ်လိုပဲ။ ချမ်းသာနေတာ တွေ့လည်း ကံကောင်းလို့၊ ဆင်းရဲနေတာ တွေ့လည်း ကံကောင်းလို့။ သူ တစ်ခုခု အမှားလုပ်လိုက်လည်း နောင်တမရဘူး။ သင်ခန်းစာလည်း မယူဘူး။ ကံဆိုးလို့ ဖြစ်သွားတာ။ ကျေးဇူးလည်း မတင်တတ်ဘူး။ သူကံကောင်းလို့သာ ဒီလူတွေက သူ့အပေါ် ကောင်းပေးနေကြတာပေါ့။ ဘယ်သူနဲ့ပဲ ပတ်သက်ပတ်သက်၊ သူပတ်သက်သမျှ လူတိုင်းက သူ့အပေါ် ကောင်းပေးနေမှာပဲပေါ့။

စဉ်းစားကြည့်။ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလဲ ဆိုတာ။

🔳 ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ကြတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ဗုဒ္ဓအဆုံးအမတွေက နေ့စဉ်ဘဝမှာ ထင်ဟပ်နေကြတယ် ဆိုတာ အထူးအဆန်း မဟုတ်ဘူး။ ဒါပေမဲ့ ခြေခြေမြစ်မြစ် နားလည်ပြီးမှ လိုက်နာကျင့်သုံးကြတာ ပိုကောင်းပါတယ်။

ခရစ်ယာန်မိတ်ဆွေတစ်ယောက် ကင်ဆာဖြစ်တယ်။ ဆရာဝန်တွေကအစ မျှော်လင့်ချက် သိပ်မရှိဘူးလို့ ပြောထားတာ။ ခွဲစိတ်တာ၊ ဓါတ်ရောင်ခြည်ပြတာ အကုန်လုပ်တယ်။ နာကျင်မှုတွေကို တောင့်ခံတယ်။ တကယ့်အံ့အားသင့်ဖွယ် နေပြန်ကောင်းလာခဲ့တယ်။ ဘုရားပေးတဲ့ခွန်အား၊ ဘုရားပေးတဲ့အသက်လို့ သူကတော့ ပြောတယ်။

စဉ်းစားမိတယ်။ ငါသာ အဲဒီလိုဖြစ်ရင် ဘယ်လိုတုံ့ပြန်မလဲ။ ဘယ်ကနေ ခွန်အားယူမလဲ။

🔳 ဒီခန္ဓာကိုယ်ကြီးက မတည်မြဲဘူးလေ၊ ရောဂါပေါင်းစုံ ဖိစီးနှိပ်စက်နေတာ၊ မတင့်မတယ်နဲ့ ရွံစရာကြီး၊ အားလုံး တစ်နေ့ ဒီလမ်းကို သွားရမှာပဲ စသဖြင့် နှလုံးသွင်းပြီး ဘာမှဆက်မကုဘဲ လက်လျှော့နေမိမလား။

ဒါဆိုရင်တော့ သေဖို့များမှာပဲ။

(ဒီနေရာမှာ ငွေကြေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ် စသဖြင့် အကုန်ပြည့်ပြည့်စုံစုံ ရှိနေတယ်လို့ မှတ်ယူပေးပါ။ လက်ရှိ မြန်မာပြည်လို အခြေအနေမှာ ဖြစ်ရင်တော့ ဒီလိုပဲ နှလုံးသွင်းရုံအပြင် မတတ်နိုင်ဘူးပေါ့)

🔳 ဒါဖြင့် ဒီအခြေအနေကို ရင်ဆိုင်ဖို့ ဗုဒ္ဓက ဘာနည်းလမ်း ပေးခဲ့သလဲ။

Acceptance ပါ။ ငယ်ငယ်ကြီးကြီး နာမကျန်းဖြစ်ရတဲ့ ဒုက္ခကို ဘယ်သူမှ မရှောင်ရှားနိုင်ဘူး ဆိုတဲ့ သဘာဝတရားကို ပြန်သတိရစေတယ်။ ဒီအခါ “ဘာလို့ ငါ့ကျမှ ဖြစ်ရတာလဲ” ဆိုတဲ့ ငြင်းဆိုမှုတွေကို ကျော်လွန်နိုင်သွားတယ်။ အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်လိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖြစ်လာလိမ့်မယ်။ လက်ကျန်နေ့ရက်တိုင်းကိုလည်း မကျေနပ်စိတ်တွေနဲ့ ဖြတ်သန်းမနေရတော့ဘဲ အပြည့်ဝဆုံး ရှင်သန်နိုင်သွားပါလိမ့်မယ်။

ဘယ်အချိန် သေမယ်က သူ့အလုပ်။ မသေခင် အကောင်းဆုံး ကြိုးစားဖို့က ကိုယ့်အလုပ် ဖြစ်ပါတယ်။

🔳 သေရင်လည်း ထားခဲ့ရတာပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ညာ၊ အပျင်းတစ်နေရင် သူများအောက်ကျနောက်ကျ ဘဝနဲ့ပဲ အဆုံးသတ်သွားရလိမ့်မယ်။ အများအတွက်လည်း ကြီးကြီးမားမား အကျိုးပြုနိုင်မှာ မဟုတ်ဘူး။

ပြဿနာတွေနဲ့ ရင်ဆိုင်ရချိန်မှာလည်း ကံကိုပုံချပြီး စိတ်ဖြေနေသရွေ့တော့ အဲဒီပြဿနာတွေက ပြေလည်မသွားတဲ့အပြင် ပိုပိုပြီးတောင် ဆိုးလာမှာ ဖြစ်ပါတယ်။

ဝဋ်ကြွေးလို့ ခံယူပြီး မကောင်းတဲ့ လူတစ်ယောက်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးလိုက်ခြင်းဟာ ကိုယ့်လိုလူတွေ အများကြီး ထပ်ပေါ်လာစေဖို့ လုပ်လိုက်တာနဲ့ အတူတူပဲ။ ဒီလူ့ကို ပြစ်ဒဏ်ကျူးလွန်ခွင့် ထပ်ပေးလိုက်တာပါပဲ။

🔳 ဒါကြောင့် ဘဝတစ်ခုကို တန်ဖိုးရှိရှိ နေချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မညာနဲ့။ စိတ်အာသာမဖြေနဲ့။ ပြဿနာတွေကို လက်တွေ့ကျကျ ရင်ဆိုင်ပါ။ ကြိုးစားပါလို့ပဲ ပြောချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၇.၁၂.၂၀၂၃

Photo credit - Pixabay

မြှီးရှည်ဆိုတဲ့ အသုံးအနှုန်းက တရုတ်စကား မီရှန့်ကနေ စတင်ဆင်းသက်လာပြီး  “မီ” ရဲ့အဓိပ္ပါယ် “ဆန်” နဲ့  “ရှန့်” ရဲ့အဓိပ္ပါယ် ...
04/12/2023

မြှီးရှည်ဆိုတဲ့ အသုံးအနှုန်းက တရုတ်စကား မီရှန့်ကနေ စတင်ဆင်းသက်လာပြီး “မီ” ရဲ့အဓိပ္ပါယ် “ဆန်” နဲ့ “ရှန့်” ရဲ့အဓိပ္ပါယ် ”နန်းလုံး” နှစ်ခုပေါင်းလိုက်တဲ့အခါ “ဆန်နဲ့ ပြုလုပ်ထားတဲ့ နန်းလုံး” လို့ ခေါ်တွင်ရာက စတင်ခဲ့ပါတယ်။ ကာလရွေ့လျားလာမှ နှောင်းလူတို့က မီရှန့်ကနေ မြှီးရှည်ဆိုပြီး ဆက်လက်ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ မြီးရှည်ကို ရှမ်းပြည်နယ်ဖက်ကနေ စတင်ခဲ့တယ်လို့ သိရပြီး၊ မန္တလေးမြို့မှာဆိုရင် ၁၉၈၀ ဝန်းကျင်လောက်က ရောက်ခဲ့တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ "မန္တလေးမြီးရှည်ရဲ့အစ ဦးချစ်မြို့က” လို့ ပြောစမှတ်ရှိပြီး မန္တလေးမြီးရှည်ကို ဦချစ်မြို့ဆိုသူက စတင်မိတ်ဆက်ခဲ့တာ ဖြစ်တယ်လို့ ရှေ့မှီနောက်မှီ လူကြီးမိဘများဆီက ကြားသိဖူးပါတယ်။

Owner Crd .....

🔔🔔🔔 Comming Soon 🔔🔔🔔

Trying to the best...🔥🔥🔥

🙏🙏🙏
27/11/2023

🙏🙏🙏

24/11/2023
Crd.. Owner
18/11/2023

Crd.. Owner

Menu update 🏆🏆🏆
22/09/2023

Menu update 🏆🏆🏆

Coming Soon 🔔🔔🔔
11/08/2023

Coming Soon 🔔🔔🔔

Address

North Okkalapa
Yangon

Telephone

+959443028841

Website

Alerts

Be the first to know and let us send you an email when Wyne Wyne Lal Foods & Drinks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wyne Wyne Lal Foods & Drinks:

Share

Category