Shwe Yathar Tropical Gelato Ice-cream & Ice popsicles

Shwe Yathar Tropical Gelato Ice-cream & Ice popsicles Italy နည်းပညာဖြင့် ထုတ်လုပ်ထားသော ရေခဲမုန့်၊ရေခဲချောင်း

ရေခဲမုန့်မှာစားလို့ရပါပြီရှင့်
15/12/2025

ရေခဲမုန့်မှာစားလို့ရပါပြီရှင့်

သင်တန်းအပ်လို့ရပါပြီ
15/12/2025

သင်တန်းအပ်လို့ရပါပြီ

🙏🙏Deepawali နေ့ ဆုမွန်ကောင်း ယနေ့ကျရောက်သော ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ဒီပါဝါလီပွဲတော်နေ့မှစ၍ ဟိန္ဒူဘာသာဝင်ညီအကိ...
19/10/2025

🙏🙏Deepawali နေ့ ဆုမွန်ကောင်း

ယနေ့ကျရောက်သော ဟိန္ဒူဘာသာဝင်တို့၏
အထွဋ်အမြတ်ထားရာ ဒီပါဝါလီပွဲတော်နေ့မှစ၍ ဟိန္ဒူဘာသာဝင်ညီအကိုမောင်နှမ မိတ်ဆွေများသာမက
မြန်မာပြည်သူပြည်သားများအားလုံး ကံကောင်းခြင်းနှင့်ပြည့်စုံပြီး စီးပွားလာဘ်လာဘများ
တိုးတက်ကြပါစေ၊ဘေးဘယာအပေါင်းမှကင်းဝေးကြပါစေလို့ Shwe Yathar Gelato Ice-cream မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်


Tropical Gelato Ice-cream & Ice popsicles

ပင်မှည့်အသီးစစ် ရေခဲထုပ်
24/09/2025

ပင်မှည့်အသီးစစ် ရေခဲထုပ်

24/09/2025

ပင်မှည့်အသီးစစ်စစ် ရေခဲထုပ် ပညာဒါန video

#လိုအပ်သူများ အသုံးပြုနိုင်ပါစေ
Shwe War
Yathar Gelato Ice-cream

📣📣Basic Ice-cream Group Class လေး ထပ်ခေါ်ပါမယ် 29.9.2025 to 3.10.2025 ထိ 5ရက်တိတိ တက်ရမဲ့ သင်တန်းပါသင်တန်းမှာ ဘာတွေသင်မှ...
24/09/2025

📣📣Basic Ice-cream Group Class လေး ထပ်ခေါ်ပါမယ်

29.9.2025 to 3.10.2025 ထိ 5ရက်တိတိ တက်ရမဲ့ သင်တန်းပါ

သင်တန်းမှာ ဘာတွေသင်မှာလဲ ????

-Custard Base ice-cream
-Gelato ice-cream
-Sorbet ice-cream
-Sherbet ice-cream ဆိုပြီး ရေခဲမုန့်ကို အခြေခံကျကျ သင်ယူရမှာဖြစ်ပါတယ်

ပါဝင်ပစ္စည်းတွေ အကြောင်းကိုလဲ သူတို့ရဲ့အလုပ်လုပ်ပုံ ထည့်ရမဲ့ အချိုးအစား ကို သေသေချာချာ လေ့လာရမှာဖြစ်ပြီး စာတွေ့ 30% လက်‌တွေ့ 70% လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင်

-လုပ်ငန်းစတင်ဖို့ အတွက် လိုအပ်တဲ့ စက်ပစ္စည်း အကြောင်း
-လုပ်ငန်းတစ်ခု လုပ်ဖို့ အတွက် လိုအပ်တဲ့ လုပ်ငန်းလိုင်စင် နဲ့ Food Safty အကြောင်း
- ice-cream ရဲ့ Shelf-life တာရှည်ခံသက်တမ်းနဲ့ ပါကင် ထုပ်ပိုး ရောင်းချပုံ ၊ထိန်းသိမ်းထားရှိရမဲ့ Freezing point control အကြောင်း
- အရင်း/အမြတ် တွက်ချက်ပုံ အကြောင်း ‌ ......ကို အပို လက်ဆောင် သင်ကြား ပေးမှာပါ

- သင်တန်းနောက်ဆုံးရက်မှာ စာတွေ့၊လက်တွေ့ စာမေးပွဲ ဖြေဆိုပြီးမှသာလျှင် Certificate ကိုလဲ ပေးအပ်မှာဖြစ်ပါတယ်ရှင်

ရေခဲမုန့် ဘယ်နှစ်မျိုးသင်မှာလဲ ???

မမေးပါနဲ့ ❌❌❌

အခြေခံ ပိုင်နိုင်လျှင် ဘယ်လိုအရသာ လုပ်ချင်သလဲ??? ကြိုက်တဲ့အရသာ လုပ်လို့ရပါတယ် ။ ကြိုက်တဲ့ ရေခဲမုန့်အမျိုးအစား လုပ်လို့ရပါတယ် ......ok 👍👍

# # # #ခံယူမဲ့ လက်ဗလာ နဲ့သာ လာခဲ့ပါ ....
အပြည့်အဝ ရရှိစေမှာ ......Shwe Yathar

သင်တန်းလိပ်စာ -အမှတ် 35 ဘောဂသိဒ္ဓိလမ်း ဘောဂသိဒ္ဓိကွန်ဒို အနီး 2ရပ်ကွက် မရမ်းကုန်း
09-975471582/09-455052375

# Yathar Gelato Ice-cream
# Shwe War

📣📣ပညာသင် ဝန်ထမ်းအလိုရှိသည်Shwe Yathar Gelato Ice-cream နဲ့ သင်တန်းကျောင်းအတွက် ပညာသင် အကူ ဝန်ထမ်းအလိုရှိပါတယ် ။ရေခဲမုန့်...
14/08/2025

📣📣ပညာသင် ဝန်ထမ်းအလိုရှိသည်

Shwe Yathar Gelato Ice-cream နဲ့ သင်တန်းကျောင်းအတွက် ပညာသင် အကူ ဝန်ထမ်းအလိုရှိပါတယ် ။

ရေခဲမုန့် ထုတ်လုပ်ရေးနဲ့ သင်တန်းကျောင်းအတွက် လိုအပ်တာ ကူပေးရမည်ဖြစ်ပြီး 6လ ဆက်တိုက် အလုပ်လုပ်နိုင်သူ ဖြစ်ရမည် ။

လိုအပ်တဲ့ပညာ အားလုံး သင်ပေးမည်ဖြစ်ပြီး 6လ ကျော်ပါက ထိုက်တန်သည့်လစာ စီစဉ်ပေးပါမည်။

ပထမ ပညာသင်ကာလ 6 လအတွက် စားစရိတ် /လမ်းစရိတ် အဖြစ် 150000ကျပ် ထောက်ပံ့ ပေးပါမည် ။

👍👍👍လိုအပ်သည့်အရည်အချင်း

1..ရေခဲချောင်း၊ရေခဲမုန့် လုပ်ငန်းအား စိတ်ပါဝင်စားရမည်
2.အနည်းဆုံး ပညာအရည်အချင်း အလယ်တန်း အဆင့် ရှိရမည်
3.အသက် 18 မှ 35နှစ် အတွင်းသာ
4.သင်ယူလိုစိတ် အပြည့်ရှိရမည်

ပိတ်ရက်အဖြစ် တပတ် တရက် နားခွင့်ပေးမည်
အလုပ်ချိန် မနက် 8နာရီ ညနေ 5နာရီ
လိုအပ်ပါက အချိန်ပိုဆင်းနိုင်သူဖြစ်ရမည် ။အချိန်ပိုကြေးခံစားခွင့်ရှိသည်။
ကျား /မ လျှောက်ထားနိုင်ပါသည်

လိပ်စာ - အမှတ် 35 ဘောဂသိဒ္ဓိလမ်း ဘောဂသိဒ္ဓိ ကွန်ဒိုရှေ့ 2ရပ်ကွက် ‌မရမ်းကုန်းမြို့နယ်

09-975471582/09455052375

Shwe Yathar Gelato Ice-cream ရဲ့ 🥑🥑🥑ထောပတ်သီး အသီးစစ် ice-cream လေးနဲ့ မိတ်ဆက်ပေးပါရစေ 😍😍ပိုးသတ်ပြီး စနစ်တကျ ကြိုချက်ထား...
09/07/2025

Shwe Yathar Gelato Ice-cream ရဲ့ 🥑🥑🥑ထောပတ်သီး အသီးစစ် ice-cream လေးနဲ့ မိတ်ဆက်ပေးပါရစေ 😍😍

ပိုးသတ်ပြီး စနစ်တကျ ကြိုချက်ထားတဲ့ 100% နွားနို့စစ်စစ်ရယ်🥑🥑 Hass ထောပတ်သီးရဲ့ လတ်ဆတ် တဲ့ အရသာရယ် ပေါင်းစပ်ထားပြီး အချိုလျှော့၊အဆီလျှော့ ထုတ်လုပ်ထားတဲ့ Avocado Gelato Ice-cream လေးပါ ။

လူမျိုးဘာသာ မရွေးစားသုံးနိုင်ပြီး ကလေးလေးကနေ ဘိုးဘိုးဘွားဘွားတွေ အထိ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်ရှင် 😍😍

Yathar Gelato Ice-cream
တိုက် 7 ဧဒင်အိမ်ရာ သမိုင်းလမ်းဆုံ မရမ်းကုန်းမြို့နယ် ၊ရန်ကုန်မြို့

📞📞09975471582

23/06/2025

Shwe Yathar Tropical Gelato Ice-cream & Ice Popsicles လေး 2နှစ်ပြည့်ပြီးမှာ ကြော်ငြာစရာ သတင်းလေးရှိပါတယ်

ဒီ page လေးကနေ နောက်ထပ် page အသစ်တစ်ခု ဖွင့်ထားပါတယ် ။ like & share လေး လုပ်ပေးကြပါ အုံးနော်

https://www.facebook.com/share/16hWzTopcT/

ကျွန်မတို့ ‌Shwe Yathar ကနေ ရေခဲထုပ်၊ရေခဲချောင်းလုပ်ငန်းကို လုံးဝ ရပ်နားလိုက်ပြီး ရေခဲမုန့် သီးသန့်ပဲ ရောင်းပေးတော့မှာပါ
အဲ့အပြင် ရေခဲမုန့်၊ရေခဲချောင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုလိုသူများအတွက် သင်တန်းလေးတွေ စတင်ပြီးဖွင့်လှစ်နေပြီဆိုတဲ့ အကြောင်း သတင်းကောင်းလေး ပါးပါရစေရှင်

Ice Cream Shop

Shwe Yathar Tropical Gelato Ice-cream & Ice Popsicles page လေး 2နှစ်ပြည့်ပြီ😍😍😍
23/06/2025

Shwe Yathar Tropical Gelato Ice-cream & Ice Popsicles page လေး 2နှစ်ပြည့်ပြီ😍😍😍

ကျွန်မကို ရေခဲမုန့်သင်တန်းဖွင့်လား ??ရေခဲမုန့်လုပ်ငန်းလုပ်ဖို့ အရင်းဘယ်လောက်ကုန်မလဲ ???အမေးများလို့    ဖြေပေးလိုက်ပါတယ် ...
08/06/2025

ကျွန်မကို
ရေခဲမုန့်သင်တန်းဖွင့်လား ??
ရေခဲမုန့်လုပ်ငန်းလုပ်ဖို့ အရင်းဘယ်လောက်ကုန်မလဲ ???
အမေးများလို့ ဖြေပေးလိုက်ပါတယ် ။

1. ရေခဲမုန့် သင်တန်းဖွင့်လား ???

ဟုတ်ကဲ့ ဖွင့်ဖို့ကြိုးစားနေပါတယ်
ကျွန်မသည် ဘာသင်တန်းပဲဖွင့်ဖွင့် ကိုယ်ပိုင် own recipe ဖြင့်သာ သင်ကြားပေးပါတယ်
အဲ့ဒါကြောင့် ရေခဲမုန့် သင်တန်း ကို ဖွင့်နိုင်ဖို့ အချိန်ပေးပြီး ပြင်ဆင်နေရလို့ပါ။ သိပ်မကြာခင် ပညာဒါန သင်တန်းတွေ စတင်မှာပါ ။

2. ရေခဲမုန့် လုပ်ငန်းလုပ်ဖို့ အရင်းအနှီး ဘယ်လောက်လိုသလဲ ????

ဟုတ်ကဲ့ ကိုယ်က ရေခဲမုန့်လုပ်ငန်း လုပ်ချင်တယ်ဆိုတဲ့ product idea ရှိပြီ ဆိုရင်
ဘယ်ဈေးကွက်ကို သွားမှာလဲ ??? ဆိုတာ တိတိကျကျ သိဖို့လိုပါတယ်

ရန်ကုန်နဲ့ မန္တလေး ဈေးကွက်မတူသလို နယ်တွေနဲ့လဲ လုံးဝ မတူပါဘူး
လက်ရှိမြန်မာပြည်မှာ စားသောက်ကုန် ဈေးကွက်ထဲကို နည်းမျိုးစုံနဲ့ တိုးဝင်နေကြတဲ့သူတွေ အများကြီးပါ

ကိုယ်က ရေခဲမုန့်ကို
-Street food အနေနဲ့ ရောင်းမှာလား ???
-ဆိုင်လေးဖွင့်ပြီး တခြားတခုခုနဲ့တွဲရောင်းမှာလား???
-ထုတ်လုပ်ဖြန့်ချီတဲ့ ဘက်ကို သွားမှာလား ????

နောက်တခုက မျှော်မှန်းထားတဲ့ ဈေး
ရေခဲမုန့် တခွက်ကို
500 တန် ရောင်းမှာလား???
2500တန် ရောင်းမှာလား ???
6500 တန်ရောင်းမှာလား ???

အဲ့ဒါတွေ ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်

အဲ့ဒါတွေ သိပြီ ဆိုရင် ကိုယ်နေတဲ့ နေရာဒေသ ရဲ့ အခြေအနေနဲ့ ဈေးကွက်ကို အသေးစိတ် လေ့လာပါ

ဥပမာ ကိုယ်နေတဲ့နေရာက တစ်နေ့ကို မီး 2 နာရီ 2ခါပဲလာတယ်

ရေခဲမုန့် Auto စက် ဝယ်ပြီး လုပ်လို့ အဆင်ပြေပါ့မလား ???
ရေခဲနဲ့ ဆား ထည့်ပြီး လှည့်လို့ရတဲ့ စက် ဝယ်ပြီး လုပ်ဖို့ အဆင်ပြေမလား ????

လက်ရှိ ရေခဲမုန့် အတွက်အသုံးပြုရမဲ့ အခြေခံ စက်ဈေး

-Auto 5 လီတာစက် -28 သိန်း /30 သိန်း ပတ်ချာလည်
-မြန်မာစက် -16 သိန်း ဝန်းကျင်( ရေခဲနဲ့ ဆား ထည့်လှည့်)
-Freezer တစ်လုံး -16 သိန်းမှ 30ကြား

ကုန်ကြမ်းဖိုး၊ ပါကင် ပစ္စည်းဖိုး ၊ သင်တန်းကြေး

ကိုယ့်ဘာသာ ဆက်သာတွက်ကြည့်တော့

အသေးစိတ် တိုင်ပင်ချင်ရင်တော့ 09-975471582
လာမေးလို့ ရပါတယ်

ကျွန်မက ကျွန်မသင်တန်းတက်ပါလို့ မြူဆွယ်မဲ့ ထဲတော့ မပါဘူး
အချိုမှုန့် လက်တစ်ခုပ်
ပါဝါ လက်တစ်ဆုပ်
ရေ ၆ ဖလား ထည့်တဲ့ ဆရာကြီးတွေ ကြောက်လို့ .....😆😆😁😁😁

Address

တိုက် 7 ဧဒင်အိမ်ရာ ရန်ကုန်-အင်းစိန် လမ်းမကြီး၊သမိုင်းလမ်းဆုံ ၊မရမ်းကုန်း
Yangon

Telephone

+959975471582

Website

Alerts

Be the first to know and let us send you an email when Shwe Yathar Tropical Gelato Ice-cream & Ice popsicles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Yathar Tropical Gelato Ice-cream & Ice popsicles:

Shortcuts

Share

Category