ZAK Onlineshopping

ZAK Onlineshopping သဘာဝအစားအသောက်နှင့်HandMade

မှာယူလိုပါက. Hello📞☎
06/02/2025

မှာယူလိုပါက. Hello📞☎

ဒီလကုန် ရင် နိုင်ငံခြားသွားမဲ့ ညီမလေးအတွက် လက်ဆောင်ပေးဖို့ အတွက်ဆိုတဲ့ အိတ်လေးအမှတ်တရလေးတွေအတွက် ဖန်တီးခွင့်ရလို့ များစွ...
30/08/2024

ဒီလကုန် ရင် နိုင်ငံခြားသွားမဲ့
ညီမလေးအတွက် လက်ဆောင်ပေးဖို့ အတွက်ဆိုတဲ့ အိတ်လေး

အမှတ်တရလေးတွေအတွက် ဖန်တီးခွင့်ရလို့
များစွာ ကျေနပ်ပီတိဖြစ်ရပါတယ် ခင်ဗျာ

မန္တလေး ပို့ပေးရမဲ့ ကာကာလေးအမှာ အိတ်လေးစိတ်ကြိုက်အရောင်နဲ့ ဒီဇိုင်းလေးဝယ်ယူအားပေးမှုကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ
30/08/2024

မန္တလေး ပို့ပေးရမဲ့ ကာကာလေးအမှာ အိတ်လေး

စိတ်ကြိုက်အရောင်နဲ့ ဒီဇိုင်းလေး
ဝယ်ယူအားပေးမှုကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ

လှည်းကူး က အမှာလေးပါစိတ်ကြိုက်အရောင်လေးနဲ့ မှာသွားတဲ့ ကာကာလေးစိတ်ကူးနဲ့ တထပ်ထဲဆိုလို့ ဝမ်းသာရပါတယ်ဗျနောက်တလုံးထပ်မှာသွား...
09/08/2024

လှည်းကူး က အမှာလေးပါ
စိတ်ကြိုက်အရောင်လေးနဲ့ မှာသွားတဲ့ ကာကာလေး

စိတ်ကူးနဲ့ တထပ်ထဲဆိုလို့ ဝမ်းသာရပါတယ်ဗျ
နောက်တလုံးထပ်မှာသွားလို့ ကျေနပ်😍
ရက်ချိန်းလေးကြာနေတာလေးတော့ နားလည်ပေးပါ
မန္တလေး ကအမှာလေးနဲ့ ပြည်ပမထွက်ခင်ယူသွားမဲ့ အမှာလေး လည်းတင်ပေးပါမယ်နော်

လက်မှုပညာHandMade လေးတွေဖန်တီးရတာ ကြိုက်တဲ့ ကျနော့်အတွက်မှတ်တိုင်တခု အဖြစ် ဖန်တီးမိသော
20/07/2024

လက်မှုပညာ
HandMade လေးတွေဖန်တီးရတာ ကြိုက်တဲ့ ကျနော့်အတွက်

မှတ်တိုင်တခု အဖြစ် ဖန်တီးမိသော

HandMade Bag လေးများ လက်လီ လက်ကား ရရှိနိုင်ပါပြီခင်ဗျာလက်ဆောင်ပဲပေးပေးကိုယ်တိုင်ပဲ လွယ်လွယ်အသင့်တော်ဆုံးပဲနော်လိုချင်တဲ့...
10/03/2024

HandMade Bag လေးများ
လက်လီ လက်ကား ရရှိနိုင်ပါပြီခင်ဗျာ

လက်ဆောင်ပဲပေးပေး
ကိုယ်တိုင်ပဲ လွယ်လွယ်အသင့်တော်ဆုံးပဲနော်

လိုချင်တဲ့ အရောင်လေးနဲ့ မှာယူနိုင်ပါတယ်
စျေးနူန်းလေးက အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ်

လူငယ်ဆန်ဆန်လေးလား?တည်တည်ငြိမ်ငြိမ်လေးလား?
03/03/2024

လူငယ်ဆန်ဆန်လေးလား?

တည်တည်ငြိမ်ငြိမ်လေးလား?

🌸 အဆောင်တွေအစွမ်းထက်စေလိုတဲ့အခါ......⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️ကနဦးရှင်းပြလိုတဲ့အရာလေးကတော့အဓိကအနေနဲ့ကျွန်တော်တို့လူ့ပ...
13/01/2024

🌸 အဆောင်တွေအစွမ်းထက်စေလိုတဲ့အခါ......
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

ကနဦးရှင်းပြလိုတဲ့အရာလေးကတော့
အဓိကအနေနဲ့
ကျွန်တော်တို့လူ့ပတ်ဝန်းကျင်မှာအလှအပအနေနဲ့
ဝတ်ဆင်အသုံးပြုနေကြတဲ့ ရွှေ ၊ ငွေ ၊ သံ ၊ စတီး နဲ့
တွင်းထွက်ကျောက်အမျိုးမျိုးမှာသဘာဝအတိုင်း
မတူညီတဲ့စွမ်းအင်ကိုယ်စီရှိကြသလို လျှပ်သိုစွမ်းအင်လည်းရှိတယ်ဆိုတာကနဦးသိဖို့လိုအပ်ပြီး
ထိုအရာဝတ္ထုလေးတွေကိုသန့်စင်တဲ့လျှပ်တစ်ခု
စီးဝင်တဲ့အခါသာမာန်အရာတွေကနေအစွမ်းထက်တဲ့
မှော်ပစ္စည်းတစ်ခုဖြစ်သွားခဲ့တာပါပဲ။

သံလိုက်တုံးလေးတစ်တုံးရဲ့ဆွဲငင်တဲ့ဓာတ်ဟာ
သံမှုန်သံစတွေနဲ့ထိတွေ့မှရုတ်တရက်ထွက်ပေါ်
လာတာဖြစ်သလို ဖန်မီးသီးလေးတစ်လုံးဟာလည်း
လျှပ်စစ်ဓာတ်လေးစီးဝင်တဲ့အခါ ချိန်သားကိုက်
မီးအလင်းရောင်စွမ်းအင်ထုတ်လွှတ်ပေးသလိုပါပဲ။

ဘယ်သို့သောအရာထဲမဆိုသန့်စင်တဲ့စွမ်းအင်တစ်ခု
စီးဝင်တဲ့အခါသဘာဝကဖန်တီးထားတဲ့စွမ်းအင်တွေ
နိုးထလာတာပါပဲ။

👉 သန့်စင်တဲ့စွမ်းအင်တစ်ခုဟာဘယ်ကနေ
အလွယ်တကူရနိုင်မလဲဆိုရင် ကျွန်တော်တို့ရဲ့ခန္ဓာ ၊
ကျွန်တော်တို့ရဲ့အတွေးလှိုင်းတွေနဲ့စိတ်ခံစားချက်
တွေဆီကပဲလို့ပြောရပါလိမ့်မယ်။

ဝမ်းသာတဲ့အခါပဲဖြစ်ဖြစ် ၊ ပီတိစိတ်လေးတစ်ခု
ဖြစ်လာတဲ့အချိန်ပဲဖြစ်ဖြစ် ကောင်းမွန်တဲ့အတွေးနဲ့
ခံစားချက်တွေဖြစ်ပေါ်တဲ့အခါ သန့်စင်တဲ့လျှပ်စစ်
ဓာတ်လေးတစ်ခုခန္ဓာကိုယ်ကထွက်ပေါ်လာတတ်
သလို မကောင်းတဲ့စိတ်အတွေးနဲ့ခံစားချက်တွေဟာ
ဆိုးတဲ့စွမ်းအင်ကိုထွက်ပေါ်လာစေပါတယ်။

ဒါဟာဘာကြောင့်လဲဆိုရင် ကျွန်တော်တို့လူသား
ခန္ဓာဆိုတာ ဇီဝလျှပ်စစ်ခန္ဓာကိုယ်ပဲဖြစ်နေလို့ပါပဲ။

🌸 ယခုအထက်မှာဖော်ပြခဲ့တဲ့အချက်လေးနှစ်ချက်
ကိုအသုံးချပြီးကိုယ်အသုံးပြုနေကျ အမြဲဝတ်ဆင်
နေကျအရာလေးတစ်ခုကိုစွမ်းအင်တစ်ခုရှိအောင်
လုပ်ကြရအောင် ။

မိမိကိုယ်တိုင်ဝတ်ဆင်အသုံးပြုဖို့ဖြစ်စေ
အခြားသူတစ်ယောက်အတွက်ဖြစ်စေဖန်တီးစီရင်
ပေးလို့ရတဲ့နည်းလမ်းလေးဖြစ်သလို
လိုအပ်တာလေးတွေကိုစတင်ပြီးပြောပြသွား
ပေးပါ့မယ်။

- ဆား
- စာရွက်အပိုင်းအစလေးတစ်ခု
- ခဲတံ or ခဲသားဘောပင်
- အိတ်အသေးလေးတစ်ခု
- ဖယောင်းတိုင်မီးခြစ်
- အသုံးပြုဝတ်ဆင်မယ့်ပစ္စည်း
- ပတ်ဖြန်းရမည့်အမွှေးနံ့သာရေမွှေးတခုခု
- ည ( ၁၂ )

ဘယ်နေ့ရက်မဆို
ညဖက် ( ၁၂ : ၀၀ ) နာရီဆိုတာနေ့တစ်နေ့ရဲ့
ကုန်ဆုံးချိန်ဖြစ်သလို နေ့တစ်နေ့အစပြုတဲ့အချိန်
ဖြစ်တဲ့အတွက် အစီအရင်ပြုခြင်းတွေမှာ
အကောင်းဆုံးအချိန်ပါ။

ဦးစွာမိမိစီရင်ပြုလုပ်မယ့်နေရာကို
တံမျက်စည်းလှည်းသန့်ရှင်းရေးလုပ်
ကာအမွှေးနံ့သာရေမွှေးပတ်ဖြန်းထားပြီး
ကိုယ်လက်ဆေးကြောသန့်စင်ကာ
မိမိအတွက်ပေါ့ပေါ့ပါးပါးဖြစ်စေမယ့်
အဝတ်အစားတို့ကိုဝတ်ဆင်ကာ
ဆားကိုအသုံးပြု၍စက်ဝိုင်းပုံသဏ္ဍာန်ပြုပါ။
ထို့နောက်စက်ဝိုင်းအတွင်းမှာဖယောင်းတိုင်ထွန်းပါ
အဆောင်အဖြစ်
ပြုလုပ်မယ့်ပစ္စည်းကိုလည်းစက်ဝိုင်းအတွင်း
ထည့်ပါ ။

ထို့နောက်သက်တောင့်သက်သာလေးထိုင် ၊
မျက်လုံးအစုံကိုခပ်ဖွဖွလေးမှိတ်ပြီး
မိမိခန္ဓာကိုယ်ပေါ်ကို မိုးပေါ်ကနေ ရွှေရောင်ရှိတဲ့
စွမ်းအင်အမှုန်လေးတွေကျလာတယ်လို့စိတ်ကူး
ယဉ်ပေးရမှာပဲဖြစ်ပါတယ် ။

ရွှေရောင်မှုန်လေးတစ်မျိုးတင်မဟုတ်ပဲ
မိမိစိတ်ကူးအာရုံမှာ မိမိသဘောကျတဲ့အရာလေး
တွေပြန့်ကြဲကျလာတယ်လို့လဲပုံဖော်လို့ရပါတယ်။
ဥပမာ ပန်းရောင်ရှိတဲ့ပန်းပွင့်လေးတွေကျလာပြီး
ကိုယ့်နဘေးမှာပါပြန့်ကျဲပြီး ကိုယ်ပေါ်ကိုကျလာတဲ့
အရာလေးတွေက ခန္ဓာကိုယ်ထဲစိမ့်ဝင်နေတယ်လို့
အာရုံလေးပြုပေးရပါမယ်။

🌸 ထူးခြားတဲ့စွမ်းအင်တစ်ခုလှုပ်နှိုးလာသလို
မကြာခင်ပဲခံစားမိလာတဲ့အခါ မျက်လုံးလေးကို
အသာအယာဖွင့်ပါ ။

ခဲတံလေးနဲ့စာရွက်အပိုင်းလေးပေါ်မှာ
မိမိနှစ်သက်ရာပုံလေးတစ်ခုအစွမ်းထက်တယ်လို့ယုံကြည်တဲ့သင်္ကေတလေးတခုကိုဆွဲတာပဲဖြစ်ဖြစ်
မိမိရဲ့လက်မှတ်လေးကိုပဲဖြစ်ဖြစ်ရေးထိုးလိုက်ပါ။
ပြုမူလုပ်ကိုင်သမျှမလောပါနဲ့အေးအေးဆေးဆေး
လေးလုပ်ပါ။ပြီးရင်အဲ့ဒီစာရွက်လေးကိုပါစက်ဝိုင်း
အတွင်းကိုထည့်ကာ ယခင်အတိုင်းမျက်လုံးအစုံကို
ပြန်မှတ်ကာအာရုံလေးပြုပါ။

ယခုအခါမှာတော့မိမိခန္ဓာကိုယ်ပေါ်တင်မဟုတ်ပဲ
စက်ဝိုင်းအတွင်းမှာထားရှိတဲ့ အဆောင်ပစ္စည်းလေး
ပေါ်ရော ၊ ပုံလေးဆွဲထားတဲ့လက်မှတ်လေးအပေါ်
ရောစွမ်းအင်တွေစီးကျနေတယ်လို့အာရုံလေးပြု
ပေးရပါတော့မယ်။

အချိန်အားဖြင့်မိမိစိတ်ကနေပြီးအားရကျေနပ်သည်
အထိပြုလုပ်ပေးပြီးအာရုံပြုခြင်းကိုရပ်ပြီး
မျက်စိအစုံကိုဖွင့်နိုင်ပါပြီ။

ထို့အတူ အိတ်အသေးလေးထဲကို ပုံဆွဲထားတဲ့
စာရွက်အပိုင်းအစလေးနဲ့ အဆောင်ပစ္စည်းလေးကို
အတူပေါင်းထည့်ကာစက်ဝိုင်းအတွင်းမှာတစ်ည
ထားပြီးသင်အနားယူအိပ်စက်လို့ရပါပီ။

ဖယောင်းတိုင်ကိုမငြိမ်းပဲထားခဲ့လို့ရသလို
မီးငြိမ်းတဲ့အခါ ပါးစပ်ဖြင့်လေမှုတ်ငြိမ်းသတ်တာ
မျိုးမလုပ်ပါနဲ့ အစီအရင်ကိုပယ်ဖျက်တယ်လို့
သဘောသက်ရောက်ပါတယ်။
ထို့ကြောင့်မီးရေးအန္နရာယ်ကြောင့်ငြိမ်းသတ်မယ်
ဆိုပါကတစ်ခုခုနဲ့ဖိပြီးငြိမ်းသတ်တာမျိုးလေးသာ
လုပ်ဖို့အကြံပြုပါရစေ။

​ဒီအချက်လေးတွေပြည့်စုံသွားရင်
နောက်ရက်မနက်ကစပြီးသင့်မှာအဆောင်
ပစ္စည်းလေးတစ်ခုရသလိုအမြဲလိုလိုဝတ်ဆင်
ပေးထားမယ်ဆိုအန္နာရယ်ကင်းစေသလို
မိမိစိတ်ကူးပုံဖော်တဲ့အရာရယ် အဆောင်ပစ္စည်းမှာ
ရှိပြီးသားသဘာဝဓာတ်ရယ်ပေါင်းပြီး
အခြားသောစွမ်းအင်လေးတစ်ခုခုကိုပါရရှိတတ်
ပါတယ်။ ၎င်းစွမ်းအင်တွေဟာတည်မြဲတဲ့စွမ်းအင်
တွေမဟုတ်တဲ့အတွက် တပတ်တစ်ခါပြန်လောက်
ယခုနည်းလေးအတိုင်းစွမ်းအင်ပေးမှုလေးပြုပေး
လေလေအကျိုးထူးလေလို့အကြံပြုရင်း
ဆောင်းပါးလေးကိုဒီမှာတင်ပဲရပ်နားပါရစေ။
စာလုံးပေါင်းအမှားအယွင်းလေးများရှိရင်
ဖြည့်တွေးနားလည်ပေးပါခမျ။

CRD ဆရာ ရဲထက်မွန်
🌸 ခါတော်မှီ 🌸

မင်မင်အမြဲရွတ်လေ့ရှိတဲသုဂတောငါးချက်လိုအပ်သူများအတွက်
15/03/2023

မင်မင်အမြဲရွတ်လေ့ရှိတဲ

သုဂတောငါးချက်

လိုအပ်သူများအတွက်

 #ရှယ်ငပိကြော်နည်းထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့ငပိကြော် ကြော်နည်းလေးပါထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာဒီလိုအကြော်မျိုးစာ...
08/12/2022

#ရှယ်ငပိကြော်နည်း
ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့
ငပိကြော် ကြော်နည်းလေးပါ
ထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာ
ဒီလိုအကြော်မျိုးစားရတက်ပါတယ်

ကြော်နည်းလေးရေးပေးလိုက်ပါတယ်
ပထမဆုံးကြက်သွန်နီတွေကိုပါးပါးလှီးပြီးကြွပ်အောင်ကြော်
ပြီးဆီစစ်ထားပါ
မန်ကျည်းသီးမှည့်တွေကိုရေနွေးအနည်းငယ်နဲ့စိမ်ပြီး
နယ်ထားပါ
ကြော်မယ့်အိုးထဲမှာ
ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထည့်
ဆီများများနဲ့ကြော်ပါ
ကြက်သွန်တွေကြွပ်ခါနီးမှာ
ငရုတ်သီးခွဲခြမ်း တွေထည့်ပြီးကြော်ပါ
ပြီးရင်
မန်ကျည်းသီးမှည့်၊စိမ်းစားငပိ၊ပုစွန်ခြောက်မှုန့်၊သကြား၊
ငန်ပြာရည်တို့ထည့်ပြီးမီးနည်းနည်းနဲ့ဆက်ကြော်ပါ
အချဉ်အရသာပိုအောင်ငန်ပြာရည်လျှော့ထည့်ပါ
မကြာခဏမွှေကြော်ပေးပါ
ဒါမှအရသာတွေအားလုံးရောနှောသွားမှာပါ
ငန်ပြာရည်နဲ့မန်းကျည်းသီးမှည့်တွေအစိုပျောက်အောင်ကြော်ပြီး
နောက်ဆုံးမှ
ကြော်ထားတဲ့ကြက်သွန်နီကြော်ကိုဖြူးးထည့်ပါ
အစပ်ကြိုက်ရင်
ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ကြော်လို့ရပါတယ်။
Credit

Address

Layhteet Strret
Yangon

Website

Alerts

Be the first to know and let us send you an email when ZAK Onlineshopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category