Lu Phit Tae Kana Tr

Lu Phit Tae Kana Tr If you do good, you will reap the rewards

🩸Man on the Edge 🩸 2022_____________________&&ဒီတစ်ခါမှာတော့ Hong Kong Movieတွေကိုမျှော်လင့်နေတဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီး...
22/06/2022

🩸Man on the Edge 🩸 2022
_____________________&&

ဒီတစ်ခါမှာတော့ Hong Kong Movieတွေကိုမျှော်လင့်နေတဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးတိုအတွက်
Hong Kong Movie လေးတင်ဆက်ပေးပါရစေ

1997 ခုနစ် ဟောင်ကောင်ကို လက်လွှပြောင်းယူစအချိန်မှာတော့ ဟောင်ကောင်မှာရှိတဲ့ ဂိုဏ်းအဖွဲတွေကြားမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာပါတော့တယ်

အချင်းချင်းသတ်ဖြတ်မှုတွေကလည်း ပုံမှန်လိုဖြစ်လာခဲ့ပါတော့တယ်

အဲဒီအချိန်မှာပဲ အားလော့ တစ်ယောက်ကတော့ သူ့ရဲ့ ဂိုဏ်းခေါင်းဆောင် လင်ယောက်ချန်းရဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲ မစခင်မှာ အရေးကြီးတဲ့ကိစ္စတွေကိုင်တွယ်ရဖိုဖြစ်လာပါတော့တယ်

လင်ယောက်ချန်းရဲ့ လူယုံဖြစ်တဲ့ အားလော့က ဒီ ကိစ္စတွေကြောင့် အမှောင်နဲ့အလင်းကြားက စည်းပေါ်မှာလျှောက်လှမ်းနေရပါတော့တယ်

အဲဒီနောက်မှာတော့ အားလော့ တစ်ယောက် ဘယ်လိုမျိုးကိစ္စရပ်တွေကြုံတွေ့ရမလဲဆိုတာကိုတော့ "အမှောင်နဲ့အလင်းကြားက စည်းသတ်မျဉ်း" ဆိုတဲ့ Movieလေးမှာ စောင့်မျှော်ကြည့်ပေးကြပါဦးနော်

SoulKingdom

FB Link ....
https://www.facebook.com/102235382468527/posts/136822132343185/

Telegram Link ....
https://t.me/OnceUponInChina/444

Once Upon In China

🌲Barefoot Immortal 🌲《2022》ခြေဗလာကိုယ်တော်ကြီး ၂၀၂၂ ရုပ်ရှင် ____________________________ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားက ငယ်ငယ်က...
22/06/2022

🌲Barefoot Immortal 🌲《2022》
ခြေဗလာကိုယ်တော်ကြီး ၂၀၂၂ ရုပ်ရှင်
____________________________

ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားက ငယ်ငယ်ကကြည့်ခဲ့တဲ့ ကျိကုန်းကိုယ်တော်ကားချစ်သူတွေ အကြိုက်တွေ့မှာပါနော်

ဇာတ်လမ်းအကျဉ်း
ကောင်းကင်ဘုံက ခြေဗလာနတ်မင်းဟာ ပျောက်ဆုံးသွားတဲ့ ရတနာကို ရှာဖိုအတွက်လူ့ပြည်ကိုဆင်းသက်လာခဲ့တယ် မာနကြီးပြီးသဘောထားမပြည့်ဝတဲ့သူဟာ တဖြည်းဖြည်းနဲ့ကြင်နာတတ်လာတယ် ရဲဝံ့လာပြီးအကြင်နာတရားတွေထားတတ်လာတယ် အကြောင်းအရင်းကတော့ ခြေဗလာအမတဟာ လူလောကမှာကျင်လည်ရင်း သူ့ကိုကြိမ်ဖန်များစွာကယ်တင်ပေးဖူးတဲ့ရွာသူလေး ဖျန်းဖျန်း နဲ့တွေ့ဆုံခဲ့ပြီး နောက်ဆုံး ကိုယ့်ကိုကိုယ်တောင်အနစ်နာခံပြီး သူ့ကိုကာကွယ်ပေးခဲ့တာကြောင့်ပါပဲ အဲအချိန်ကစပြီး လူတွေရဲ့သဘာဝတရားလှပမှုတွေကိုစတင်နားလည်လာတော့တယ်

ကျီရှန်ရွာကရွာသူရွာသားတွေစည်းစည်းလုံးလုံးနဲ့တစ်ဦးကိုတစ်ဦးကူညီဖေးမပြီး ချင်းငှက် ကိုကာကွယ်ကြတာကိုသူကြည့်ရင်း ကျေးဇူးတရားရဲ့စစ်မှန်တဲ့ခံစားချက်ကိုသူသိမြင်ခွင့်ရခဲ့တယ် သူနေတဲ့နေရာမှာမရနိုင်တဲ့အရာတွေအားလုံး လူ့ပြည်မှာသူသိခွင့်မြင်ခွင့်ရခဲ့တာကြောင့် နောက်ဆုံး ကောင်းကင်ဘုံကိုပြန်ဖိုအခွင့်အရေးကိုလည်းလက်လွှတ်ပြီး ကမ္ဘာအနှံကပ်ဘေးဆိုက်နေတဲ့အချိန်မှာ လူတွေကိုအားပေးဖို ရွေးချယ်ခဲ့သတဲ့

ပုံမှန်တင်ဆက်နေကျဇာတ်လမ်းလေးတွေထဲကကွဲထွက်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေကို ရိုက်ကူးပုံဖော်ထားတာကြောင့် အချိန်ပေးကြည့်ရှုရတာတန်စေမဲ့ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်နော်

(SoulKingdom မှ ဘာသာပြန်တင်ဆက်သည်)

fb link>>>>
https://www.facebook.com/102235382468527/videos/528491482399098

Tele Link>>>>
https://t.me/OnceUponInChina/478

Mega Link>>>>
https://mega.nz/file/SZY0TbCY -ld-eMcI

Once Upon In China

Crazy Beggar SuQiEr (2020)ဒီဇာတ်ကားထဲမှာတော့ နန်းတွင်းထဲက အားကိုးရတဲ့ သိုင်းသမားကြီး စူးချန့်လန့် တစ်ယောက် ဘိန်းနဲ့ ပတ်သ...
19/06/2022

Crazy Beggar SuQiEr (2020)

ဒီဇာတ်ကားထဲမှာတော့ နန်းတွင်းထဲက အားကိုးရတဲ့ သိုင်းသမားကြီး စူးချန့်လန့် တစ်ယောက် ဘိန်းနဲ့ ပတ်သတ်တဲ့
အမှုတစ်ခုလိုက်ရင်း မတော်တဆ ဒဏ်ရာရသွားပြီးတော့ အတိတ်မေ့သွားခဲ့တယ်။

သူ့ကို သူတောင်းစားတွေကို အဆောင်နေရာ ဌားစားတဲ့ ပိုင်ရှင်ကျင်းသူဌေးမက ကူညီပြီးခေါ်ထားရင်းနဲ့ စူးလူကြီးမင်းတစ်ယောက်
သူတောင်းစားဘဝကို ရောက်မှန်းမသိ ရောက်သွားပါတော့တယ်။

နောက်ဆုံးမှာ စူးချန့်လန့်ကြီး သူ့အရင်ကကိစ္စတွေကို ပြန်သတိရနိုင်မလား၊ သူ ထောက်လှမ်းခဲ့တဲ့ အမှုရဲ့ နောက်ကွယ်ကရော
ဘာတွေရှိနေမလဲဆိုတာကို ကြည့်ရှုရင်း အားပေးလိုက်ပါဦး

Link👇👇👇

https://m.facebook.com/story.php?story_fbid=555344806303752&id=100054847128104

"ထန်မင်းဆက်မှမြေခွေးမိစ္ဆာအမှုတွဲကြီး"မြန်မာစာတန်းထိုးအသစ်(2022)တစ်ကားတည်းအပြီးးဇာတ်ကားကြည့်ရန်👇👇https://www.facebook.co...
09/06/2022

"ထန်မင်းဆက်မှမြေခွေးမိစ္ဆာအမှုတွဲကြီး"
မြန်မာစာတန်းထိုးအသစ်(2022)
တစ်ကားတည်းအပြီးး
ဇာတ်ကားကြည့်ရန်👇👇

https://www.facebook.com/events/862577591198848/permalink/939901580133115/?app=fbl


Imaikkaa Nodigal   _  2018   မြန်မာစာတန်းထိုး==============================ရဲနဲ့ ရာဇဝတ်ကောင်နဲ့ကြား ဉာဏ်ကစားတဲ့စုံထောက်က...
09/06/2022

Imaikkaa Nodigal _ 2018 မြန်မာစာတန်းထိုး
==============================

ရဲနဲ့ ရာဇဝတ်ကောင်နဲ့ကြား ဉာဏ်ကစားတဲ့
စုံထောက်ကားကောင်းကြိုက်သူ ပရိတ်သတ်တွေအတွက် ဂျင်းမဟုတ်တဲ့ အမှန်အကန်ကားပါ plot twist တွေ အများကြီးနဲ့ကြည့်နေရင်း ဟာတွေ ဟင်တွေ ဟုတ်တယ်ဟတွေ ဘာတွေ ညာတွေ ဖြစ်ကုန်မယ်

ဒီဇာတ်လမ်း ဟာ ဖြစ်ရပ်နှစ်ခုကို အခြေခံထားပါတယ် ရူဒရာဆိုတဲ့ လူသတ်သမားဟာ လူသုံးယောက်ကိုပြန်ပေးဆွဲတယ်

ငွေသန်း၂၀ ဆီတောင်းပြီး ငွေရပြီးတာနဲ့ ပြန်ပေးဆွဲခံထားရသူတွေကို သွေးကြောတွေဖြတ် သွေးထွက်လွန်ပြီး သေအောင်သတ်တယ် အလောင်းတွေကို မိဘတွေဆီပြန်ပို့ ခဲ့ပါတယ်

ဒီအမှုကို အန်ဂျလီ လို့ခေါ်တဲ့ CBI အရာရှိတစ်ယောက်ကဖော်ထုတ်ခဲ့ပြီး ရူဒရာကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်

ဒါကတစ်ပိုင်း ဒီလိုနဲ့နောက် ငါးနှစ်ကြာတဲ့အခါ ရူဒရာ နံမည် နဲ့ပုံစံတူ လူသတ်မှုတွေ ထပ်ဖြစ်လာပြန်ပါတယ်

ဒီအခါမှာလည်း အန်ဂျလီ ဦးဆောင်ပြီး ရူဒရာ ဆိုသူကို ဖမ်းဖို့ကြိုးစားခဲ့ပေမယ့် ဒီတစ်ခေါက် ရူဒရာ ဟာအရမ်းဉာဏ်များပြီး

စေ့စပ်သေချာလွန်းတဲ့အစီအစဉ်တွေကြောင့်
ဖမ်းဖို့ကြိုးစားတိုင်း ရဲတွေ အရူးလုပ်ခံရပြီး
မီဒီယာတွေရှေ့မှာ အရှက်ကွဲရပါတော့တယ်

ဒီလို ဉာဏ်များလွန်းတဲ့ ရူဒရာ ကို ဘယ်လိုဖမ်းမလဲရူဒရာက ရဲတွေကိုဘယ်လိုတစ်ပါတ်ရိုက်လဲ
ရူဒရာဆိုတာ.ဘယ်သူလဲ လွန်ခဲ့တဲ့ ငါးနှစ်က ရူဒရာ နဲ့အတူတူပဲလား ဆိုတာတွေကို

ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ
..................................................................

ပြီးတော့ မှာချင်တာက သီချင်းသံကြားတာနဲ့ ရစ်တာမျိုး မလုပ်ပါနဲ့ သီချင်းတိုတိုလေးတွေပါ
ကြားထဲကအရေးကြီးတဲ့ ဇာတ်ကွက်လေးတွေ လွတ်သွားမှာစိုးလို့ပါ

ဇာတ်ကားကြည့်ရန်👇👇👇
https://www.facebook.com/groups/5309202819168988/permalink/5443172565772012/

Telegram Link👇👇👇
https://t.me/KhantMinHtet2022/1497



ပုံအောက်,မာလင့်ရှိတယ် #ဇာတ်ကားကောင်းများ ကြည့်ရန် အောက်ကလင့်ကို Follow လုပ်ထားပေးပါ
08/06/2022

ပုံအောက်,မာလင့်ရှိတယ်

#ဇာတ်ကားကောင်းများ ကြည့်ရန် အောက်ကလင့်ကို Follow လုပ်ထားပေးပါ

Taxiwaala (2018) မြန်မာစာတန်းထိုး=========================IMDb Rating :: :: 7.5/10Google Users :: :: 95%ဒီကားလေးက တမီးလ်...
08/06/2022

Taxiwaala (2018) မြန်မာစာတန်းထိုး
=========================

IMDb Rating :: :: 7.5/10
Google Users :: :: 95%

ဒီကားလေးက တမီးလ်နာဒူးပြည်နယ်ကမင်းသားချော ဗီဂျေးရဲ့ 2018 မှာ ထွက်ခဲ့တဲ့ ကားကောင်းတွေထဲက တစ်ကားပါ။

ပထမ ရုံမတင်ခင် အွန်လိုင်းပေါ် ပျံ့သွားခဲ့ဖူးဖူးပေမဲ့ခုချိန်မှ စာအမှန်တက်လာခဲ့တာပါ။

ဇာတ်ကားနာမည်က Taxiwala ။ ဟုတ်တယ်။

နာမည်အတိုင်းပဲ တက္ကစီမောင်းသမားတစ်ယောက်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုအကြောင်းကို ရိုက်ပြထားတာ။

ဘာတွေထူးခြားလဲ။ ဟုတ်ကဲ့. . .

ခေါင်းဆောင်မင်းသားကArjun Reddy တို့ Getha Govinda တို့မှာ သရုပ်ဆောင်တဲ့ နောက်တက်မင်းသား Vijay Deverakonda(ဗီဂျေး ဒီဗာရာကွန်ဒါ) ပါ။

အရှေ့မှာထွက်ခဲ့ဖူးတဲ့ အဲ့ဒီနှစ်ကားကိုခံစားဖူးသူတွေက မင်းသားဗီဂျေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်မယ်မထင်ပါဘူး။

ပုံမှန် အလုပ်လက်မဲ့ ကောင်လေးတစ်ယောက် ဘဝကနေ ဦးလေးဖြစ်သူ အကူအညီနဲ့ ရရာအလုပ်ကိုဝင်လုပ်ရင်းဘယ်လိုမှ အဆင်မပြေတဲ့အချိန်ကြော်ငြာဘုတ်တစ်ခုပေါ်ကတွေ့တဲ့လစာကောင်း တက္ကစီဒရိုင်ဘာဘဝကိုရောက်ခဲ့ရသူပေါ့။

တက္ကစီမောင်းရင်းနဲ့ အာနူးဆိုတဲ့မိန်းမချောလေးနဲ့လည်း မေတ္တာသက်ဝင်မိကြသေး။

ဒီအကြောင်းတွေကို ဇာတ်ကားရဲ့ပထမပိုင်း နာရီဝက်စာလောက်မှာ ကြည့်ရမှာပါ။

ဒီနေရာလောက်အထိ အချစ်ကားလို့ ထင်မိသွားတယ်။

ဒါပေမယ့် တက်တက်စင်အောင် လွဲပါတယ်။

သူအငှါးမောင်းတဲ့ ကားကတစ်ခါတစ်လေ သရဲခြောက်သလိုထူးခြားဖြစ်စဉ်တွေ ဖြစ်လာတယ်

ဒါဖြင့် သရဲကားလား။ မဟုတ်ပြန်ဘူး ခင်ဗျ။

သရဲကားဆိုရင် ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေကို ခေါ်မယ်။ ကားမှာစွဲကပ်နေတဲ့ သရဲတစ္ဆေကို မောင်းထုတ်မယ်။ဇာတ်သိမ်းမယ်။

ဒီလိုဇာတ်လမ်းတွေက ရိုးအီလာလို့ ထင်ပါရဲ့။

တစ်နာရီနောက်ပိုင်းလည်း ရောက်ရော. . .

ဇာတ်လမ်းက ဖြတ်ကနဲ့ သိပ္ပံနယ်လွန်ဘက်ကို ကူးပြောင်းသွားပြန်ရော. . .။

ဝိညာဉ်ခွဲ(အရပ်အခေါ် လိပ်ပြာခွဲ)တာတွေ၊ သိပ္ပံနည်းကျ ကောက်နှုတ်ချက်တွေ၊သဘာဝအလွန်က အဖြစ်အပျက်တွေကမူရင်း ဇာတ်လမ်းကျောရိုးထဲကိုခုန်ပေါက် ကဆုန်စိုင်းပြီး ဝင်လာတယ်။

ဟိုတစ်စ ဒီတစ်စ ဆက်စပ်မရသလိုမျိုးမဟုတ်ဘူးနော်။

မထင်မှတ်တဲ့ ဇာတ်လမ်းအလှည့်မပြောင်းကြောင့် မူလဘူတ ဦးတည်လာတဲ့ဇာတ်လမ်းကျောရိုးကနေဖြောင့်ဖြောင့်ကြီး ခွဲထွက်ပြသွားတာ။

ဇာတ်ကားဟာ ကြောက်မက်ဖွယ်၊ သည်းထိတ်ရင်ဖိုနဲ့ဟာသလေးတွေလည်း နှောထားတဲ့အတွက်ကြည့်ရှုရတာ ပျင်းမနေစေပါဘူး။

မင်းသားနဲ့အတူ ဇာတ်လမ်းကို ပိုလှရှိစေဖို့အားဖြည့်ထားတာကတော့ မင်းသမီးချော ပရီယန်ကာပါ။(ဘောလိဝုဒ်က ပရီယန်ကာမဟုတ်ပါ)

(အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)

ဇာတ်ကားကြည့်ရန်👇🖤👇
https://www.facebook.com/groups/2198880986952993/permalink/2217867318387693/

Telegram Link👇🖤👇
https://t.me/KhantMinHtet2022/1174



Badrinath [2011] မြန်မာစာတန်းထိုး==============Action, Romance | Imdb - 4.4/ 10 ..... ဘာသာတရားအတွက် အသက်စွန့်မယ့် ဘက်ဒရီ...
08/06/2022

Badrinath [2011] မြန်မာစာတန်းထိုး
==============

Action, Romance | Imdb - 4.4/ 10
.....
ဘာသာတရားအတွက် အသက်စွန့်မယ့် ဘက်ဒရီနာ့ထ်ကိုယ့်အသက်ကိုထိပါးရင်တောင် ပြန်မတုံ့ပြန်ပဲ အသေခံသွားဖို့ သစ္စာဆိုထားပေမယ့်

ဘုရားသခင်ကို စော်ကားမှုပြုလုပ်လာရင်တော့ မိုင်ထောင်ချီအကွာအဝေးကနေ မိုးကြိုးပစ်သလိုရောက်လာမယ့်

ဘက်ဒရီနာ့ထ်ဘုရားအတွက် အသက်တမျှချစ်ရတဲ့ ချစ်သူကိုတောင် မျက်ကွယ်ပြုရဲတဲ့ ဘက်ဒရီနာ့ထ်

ဇတ်ကားကြည့်ရန့်👇👇👇
https://www.facebook.com/groups/415819483419475/permalink/427466612254762/

Telegram Link👇👇👇
https://t.me/KhantMinHtet2022/1520



☯️ဓားရဲ့ကြမ္မာစေစားရာ ☯️ 2022 သိုင်းစစ်စစ်________________________________ပြိုင်ဘက်ကင်းစွမ်းရည်များနဲ့ မျက်မမြင် "ဓားသမာ...
06/06/2022

☯️ဓားရဲ့ကြမ္မာစေစားရာ ☯️ 2022 သိုင်းစစ်စစ်
________________________________

ပြိုင်ဘက်ကင်းစွမ်းရည်များနဲ့ မျက်မမြင် "ဓားသမား" မျက်မမြင်ချန်(ချန်ရှားကျီ)ဟာ တစ်မိသားစုလုံးသတ်ဖြတ်ခံရပြီးနောက် စော်ကားခံနေရတဲ့ အရက်ဆိုင်ကကောင်မလေးနီယန်းနဲ့တွေ့ဆုံခဲ့ပါတယ်။
ကနဦးမှာ ဘာမှဝင်မစွက်ဖက်ချင်ခဲ့တဲ့ သူဟာ တဖြည်းဖြည်းနဲ့ မှောင်မိုက်ပြီး အင်အားကြီးမားတဲ့ အငြင်းအခုန်ကြီးထဲကို ဆွဲသွင်းခံလိုက်ရပြီး မျက်မမြင်ချန်(ချန်ရှားကျီ)ဟာ အမှန်တရားကိုရှာဖွေပြီး လက်စားချေမဲ့လမ်းကို စတင်ခြေချလိုက်ရင်း သူ့ရဲ့သရုပ်မှန်ကလည်းပေါ်ထွက်လာပါတော့တယ်.....

Xie Miao နဲ့ Gao Weimanတို‌ ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ Ancient Costume , Crime, Actionကားဖြစ်ပြီး တကယ့်ကိုတိုက်ခိုက်ခန်းအကြမ်းစား၊အလန်းစားကြီးတွေပါမှာဖြစ်တဲ့အပြင် ပဟေဠိလေးတွေလည်းပါမှာဖြစ်လို အတိုက်အခိုက်ကြိုက်သူတွေ မလွတ်တမ်းစောင့်ကြည့်ရမယ့်ကားကောင်းလေးပဲဖြစ်ပါတယ်။

(The SoulKingdom)

FB Link ....
https://www.facebook.com/102235382468527/posts/133466672678731/

Telegram Link ....
https://t.me/OnceUponInChina/390


Ala Vaikunthapurramuloo(2020) ===========================ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက...
06/06/2022

Ala Vaikunthapurramuloo(2020)
===========================

ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီ

း သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။

ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာ

မိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်… အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့

ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။

ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။

ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။

….. ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။

အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်း

သီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့

ခံစားကြည့်ကြပါဉီး…

ဇာတ်ကားကြည့်ရန်👇👇👇
https://www.facebook.com/groups/384252953751601/permalink/384736723703224/

Telegram Link👇👇👇
https://t.me/KhantMinHtet2022/1402



RX 100  [2018] မြန်မာစာတန်းထိုး============(Action -Drama)IMDb rating : : 7.4အချစ်ဟာ နူးညံ့တယ်..သိမ်မွေ့တယ်..နှစ်လိုဖွယ်...
06/06/2022

RX 100 [2018] မြန်မာစာတန်းထိုး
============

(Action -Drama)

IMDb rating : : 7.4

အချစ်ဟာ နူးညံ့တယ်..သိမ်မွေ့တယ်..နှစ်လိုဖွယ်အတိနဲ့သူ့အကြောင်းလေး တွေးနေရရင်ကို အိပ်မပျော်တဲ့ညတွေ...

အရာရာကို မေ့လျော့သွားတဲ့ အခိုက်အတန့်တွေ ရှိတယ်။

အချစ်ဦးဆိုရင် ပိုလို့တောင် ရင်ဖိုဖို့ကောင်းသေး၊
ဒါကြောင့်လည်း ရှေးလူကြီးတွေက "အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး" လို့ ဆိုရိုး ထားခဲ့ပုံပါပဲ....။

ဒါက ဒီကားထဲက ဇာတ်ကောင်ဖြစ်တဲ့ ဆီဗာ့ ကိုယ် စား ကျွန်တော် ခံစားမိတာလေးပေါ့။

တစ်ဖက်က ကြည့်တော့ ကိုယ့်ဘက်က ဘယ် လောက် ပဲ ချစ်ချစ် အချစ်ဆိုတာ ခဏတာ အ ထိအတွေ့ကို ယစ်မူးရုံလောက်သာ သဘောထား ပြီး
ယောက်ျားဆိုတာ သူ့အတွက် ကစားစရာလို့သတ် မှတ် ထားတဲ့ အင်ဒူးလို မိန်းကလေးတွေလည်း ရှိနေသေးတယ်။

ဘယ်ယောက်ျားကို ဘယ်လိုပဲ ကစားကစား ပြသနာမရှိပေမယ့် သူ့ကို ရူးခါနေအောင် ချစ်နေတဲ့
ဆီဗာလို အချစ်ရူးတစ်ယောက်နဲ့တွေ့တော့ အချစ်ဟာ အပျက်အပျက်နဲ့နှာခေါင်းသွေး ထွက်လာနိုင်တဲ့ အနေအထားကို ရုတ်ချည်း ပြောင်းလဲသွားတယ်။

အများကြီး မညွှန်းလိုတော့ပါဘူး ၊ ကျွန်တော က တော့ ဒီကားကို လူငယ်တွေရဲ့အချစ်ရေးနဲ့ပက်သက်ပြီး ပညာယူသင့်တဲ့ကားလို့မြင်မိပါတယ်။

ကျွန်တော့်ရင်ဘတ်ကို တည့်တည့်ကြီး ထိမှန်သွားတဲ့ အချစ်ရူးတစ်ယောက်ရဲ့ အတ္ထုပတ္တိဆိုရင်လည်း မမှားဘူးပေါ့။

ဇာတ်ကားကြည့်ရန်💙⤵
https://www.facebook.com/groups/1840876526115977/permalink/1846007568936206/

Telegram Link💙⤵
https://t.me/KhantMinHtet2022/1699



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lu Phit Tae Kana Tr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category