Hom Paung Food & Drinks

  • Home
  • Hom Paung Food & Drinks

Hom Paung Food & Drinks Location: Phaunggyi,Hlegu Township,Yangon

💦𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧💦မနှစ်ကသင်္ကြန်လိုပဲ ဒီနှစ်သင်္ကြန်မှာလည်း Hom Paung တို့ဆိုင်မှာ 𝟓𝟎𝟎𝟎 ဖိုးနှင့်အထက် မုန့်ဝယ်ယူသူများ...
12/04/2023

💦𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧💦

မနှစ်ကသင်္ကြန်လိုပဲ ဒီနှစ်သင်္ကြန်မှာလည်း Hom Paung တို့ဆိုင်မှာ 𝟓𝟎𝟎𝟎 ဖိုးနှင့်အထက် မုန့်ဝယ်ယူသူများကို (ကြိုက်နှစ်သက်ရာ 𝗧𝗵𝗮𝗶 𝗝𝘂𝗶𝗰𝗲 တစ်ခွက် လက်ဆောင်) ပေးသွားမှာဖြစ်ပါတယ်ရှင့်..။🥳❤️

မေတ္တာရပ်ခံချင်တာလေးကတော့..သင်္ကြန်တွင်းမှာတော့ ပိတ်ရက်မရှိဆိုင်ဖွင့်ပေမယ့် ပါဆယ်စနစ်ပဲရပါမယ်နော်.။ လာဝယ်တဲ့အခါ မစောင့်ချင်သူများအတွက်တော့ မုန့်လာမယူခင် နာရီဝက်လောက်ကြိုတင် ဖုန်းဆက်ပြီး order မှာနိုင်ပါတယ်ရှင့်..။😘😘

အစားကောင်းလေးတွေစားရင်း ပျော်ရွှင်စရာနှစ်သစ်အခါသမယလေးဖြစ်ပါစေလို့ 𝗛𝗼𝗺 𝗣𝗮𝘂𝗻𝗴 𝗙𝗮𝗺𝗶𝗹𝘆 မှ ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင့်..။🙏🙏🙏

☎️09-959524707

&drinks

မီးပျက်ပျက်ကြီးနဲ့ မနက် ၃နာရီကြီး ထပြင်ပေးရတဲ့ ဆီချက်အော်ဒါ အပွဲ(၆၀)ပါပဲ..✨🍝သင်္ကြန်တွင်းမှာလည်း Hom Paung တို့ဆိုင်ဖွင်...
12/04/2023

မီးပျက်ပျက်ကြီးနဲ့ မနက် ၃နာရီကြီး ထပြင်ပေးရတဲ့ ဆီချက်အော်ဒါ အပွဲ(၆၀)ပါပဲ..✨🍝

သင်္ကြန်တွင်းမှာလည်း Hom Paung တို့ဆိုင်ဖွင့်ပါတယ်နော်..💯
အလှူအတွက် ကုသိုလ်ယူချင်လို့ order တွေမှာချင်ရင်လည်း လက်ခံပေးပါတယ်ရှင့်..ရက်ချိန်းနဲ့ကြိုပြီးတော့ မှာပေးပါနော်..❤️

ဆိုင်လေးတစ်နှစ်ကျော်သက်တမ်းမှာ အားပေးကြတဲ့customer တစ်ဦးတစ်ယောက်ချင်းစီတ်ိုင်းကို ကျေးဇူးအထူးပါရှင်..🥳❤️

☎️09-959524707

Paung Food & Drinks

ဆိုင်မှာ မုန့်မှာချင်တဲ့ customers များး ဒီဆိုင်ဖုန်းလေးကို ပြောင်းလဲခေါ်ဆိုပေးပါနော်..။❤️မီးပျက်လို့ wifi မရတဲ့အခါ page...
08/01/2023

ဆိုင်မှာ မုန့်မှာချင်တဲ့ customers များး
ဒီဆိုင်ဖုန်းလေးကို ပြောင်းလဲခေါ်ဆိုပေးပါနော်..။❤️

မီးပျက်လို့ wifi မရတဲ့အခါ page cb ကစာဖြေတာreply ကြာနိုင်ပါတယ်..ဒါကြောင့်ဆိုင်ဖုန်းလေးကိုဆက်ပြီးပဲ မုန့်မှာပေးပါနော်..။❤️

အားပေးတဲ့ customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးပါရှင့်..။🙆‍♀️

☎️09-959524707

🎆𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐄𝐯𝐞𝐫𝐲𝐨𝐧𝐞!!🎆နှစ်သစ်မှာ အစစအရာရာအဆင်ပြေပြီး တစ်နှစ်ပတ်လုံးကံကောင်းခြင်းများနှင့်ပြည့်စုံအောင်မြင်နိုင်ကြပါ...
31/12/2022

🎆𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐄𝐯𝐞𝐫𝐲𝐨𝐧𝐞!!🎆

နှစ်သစ်မှာ အစစအရာရာအဆင်ပြေပြီး တစ်နှစ်ပတ်လုံးကံကောင်းခြင်းများနှင့်ပြည့်စုံအောင်မြင်နိုင်ကြပါစေလို့ Hom Paung Family မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်..။🙏🙏🙏

အားလုံးပဲ အေးချမ်း၊ပျော်ရွှင်၊အောင်မြင်ကြပါစေနော်..။✨🎉


𝟱𝟬𝟬𝟬 ဖိုးနှင့်အထက် မုန့်ဝယ်ပြီး အမောပြေ 𝗧𝗵𝗮𝗶 𝗝𝘂𝗶𝗰𝗲 အေးအေးလေးတစ််ခွက် လက်ဆောင်ရယူလိုက်ပါ..။🥤🥤နက်ဖြန် New Year နေ့မှာ ငါးထ...
30/12/2022

𝟱𝟬𝟬𝟬 ဖိုးနှင့်အထက် မုန့်ဝယ်ပြီး အမောပြေ 𝗧𝗵𝗮𝗶 𝗝𝘂𝗶𝗰𝗲 အေးအေးလေးတစ််ခွက် လက်ဆောင်ရယူလိုက်ပါ..။🥤🥤

နက်ဖြန် New Year နေ့မှာ ငါးထောင်ဖိုးနှင့်အထက် မုန့်ဝယ်ရင် ဟွမ်ပေါင်းတို့ဆိုင်ရဲ့ Customers တွေအကြိုက် နေ့စဉ်ရောင်းအားမပြတ်တဲ့ 𝗧𝗵𝗮𝗶 𝗝𝘂𝗶𝗰𝗲 မျိုးစုံတွေထဲမှ ကြိုက်နှစ်သက်ရာတစ်ခွက်ကို (31.12.2022) မှာ New Year လက်ဆောင်အနေနဲ့ ထည့်ပေးသွားမှာဖြစ်ပါတယ်..။🥤🥤

နက်ဖြန်တစ်ရက်ထဲပေးမှာမို့ “များများဝယ်ပြီး 𝗧𝗵𝗮𝗶 𝗝𝘂𝗶𝗰𝗲 လက်ဆောင်ယူ”လိုက်တော့နော်…🫶🏻❤️

🍗ကိုရီးယားကြက်ကြော်အစပ်လေးလည်း ဒီည order တင်လို့ရပါပြီ..
🍗အစပ်မစားနိုင်တဲ့ သူများအတွက် ကြက်ကြော်အချိုလည်း ရပါပြီနော်.🤩

📲09959524707


ဆိုင်မှာ “မွေးနေ့ပွဲ” လာရောက်ကျင်းပကြတဲ့ မွေးနေ့ရှင် မမလှလှလေးနဲ့သူငယ်ချင်းများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်..😚❤️ဟွမ်...
28/12/2022

ဆိုင်မှာ “မွေးနေ့ပွဲ” လာရောက်ကျင်းပကြတဲ့ မွေးနေ့ရှင် မမလှလှလေးနဲ့သူငယ်ချင်းများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်..😚❤️

ဟွမ်ပေါင်းတို့ဆိုင်မှာ မွေးနေ့ပွဲတွေလည်းကျင်းပလို့ရသလို menu အစုံလည်းရနိုင်တာမို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်လာရောက် စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်..❤️

မွေးနေ့ရှင်လေးလည်း မွေးနေ့မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေနော်..💐❤️


26/12/2022

ဒီနေ့နေ့လည်အတွက် ကြက်ကြော် -၃ပွဲစာလောက်ရပါဦးမယ်..။🍗🍗

နောက်ရက် order ကြိုမှာရမှာအဆင်မပြေရင် ဒီနေ့အတွက် ယူလို့ရပါပြီ။

၃ပွဲပဲထပ်ရမှာမို့ယူမယ်ဆို ခပ်သွက်သွက်လေး cb လာပေးပါနော်.😚❤️

🍗𝐊𝐨𝐫𝐞𝐚 𝐒𝐩𝐢𝐜𝐲 𝐂𝐡𝐢𝐜𝐤𝐞𝐧 𝐅𝐫𝐢𝐞𝐝🍗ရာသီဥတုလေးကလည်း အေးလာတော့ ပူစပ်စပ်လေးနဲ့ လျှာလည်သွားစေမယ့် ကိုရီးယားကြက်ကြော်အစပ်လေး ဟွမ်ပေါင...
25/12/2022

🍗𝐊𝐨𝐫𝐞𝐚 𝐒𝐩𝐢𝐜𝐲 𝐂𝐡𝐢𝐜𝐤𝐞𝐧 𝐅𝐫𝐢𝐞𝐝🍗

ရာသီဥတုလေးကလည်း အေးလာတော့ ပူစပ်စပ်လေးနဲ့ လျှာလည်သွားစေမယ့် ကိုရီးယားကြက်ကြော်အစပ်လေး ဟွမ်ပေါင်းတို့ဆိုင်မှာ ရနေပြီနော်..🤩🍗

ကိုရီးယားအနှစ်နဲ့သေချာနှပ်ပြီး ကြော်ထားတဲ့ ကြက်ကြော်အစပ်လေးရဲ့ အပေါ်ယံလွှာလေးကကြွပ်ယွပြီး အထဲမှာ အသားအိအိလေးရဲ့ အရသာကိုခံစားလို့ရမယ့်အပြင် ဆမ်းထားမယ့် ဆော့စ်အနှစ်လေးကလည်း ထမင်းနဲ့နယ်စားရင်တောင် အရသာရှိနေတာမျိုးလေးပါ..။🤤✅

အတွေးနဲ့တင် မှန်းမစားဘဲ တကယ်တမ်းစားချင်တယ်ဆိုရင်တော့ တစ်ပွဲ-၆၀၀၀ကျပ်နဲ့ တစ်ရက်ကြိုပြီး အော်ဒါတင်လို့ရပါပြီနော်..🥳

ကြက်ကြော်လေးက အချိန်ပေးကြော်ရတာဖြစ်လို့ တစ်ရက်ကြိုအော်ဒါတင်မှပဲ အဆင်ပြေမှာမို့ နက်ဖြန်နေ့လည်အတွက် ဒီနေ့ညကစပြီး အော်ဒါတွေ လက်ခံပါပြီရှင့်..။❤️

အော်ဒါတင်ရန် ..
📲09959524707 ဖုန်းဆက်၍လည်းရသလို
Cbကနေလဲ လာအော်ဒါလာတင်ထားလို့လည်းရပါတယ်ရှင့်။


❄️𝐇𝐨𝐦 𝐏𝐚𝐮𝐧𝐠’𝐬 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧𝐬❄️လာမယ့် 𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 18 ရက်နေ့မှာ ဟွမ်ပေါင်းရဲ့မွေးနေ့ရှိတာမို့လို့ (16.12.22-18.12.22) အထ...
16/12/2022

❄️𝐇𝐨𝐦 𝐏𝐚𝐮𝐧𝐠’𝐬 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧𝐬❄️

လာမယ့် 𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 18 ရက်နေ့မှာ ဟွမ်ပေါင်းရဲ့မွေးနေ့ရှိတာမို့လို့ (16.12.22-18.12.22) အထိ (5000ဖိုးနှင့်အထက်) စားသုံးသူတွေကို ကြိုက်နှစ်သက်ရာ Thai Juice တစ်ခွက် freeလက်ဆောင်ပေးပါမယ်ရှင်..။🎉❤️(Promotion time - 3days)

ထပ်ဆောင်းပရိုမိုးရှင်း အနေနဲ့ကတော့ 𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 18 ရက်နေ့ တစ်ရက်လုံး ဆိုင်မှာ ဘာလေးပဲလာစားစား ဆိုင်လာရင်ကို Thai juice free တိုက်ပါမယ်ရှင့်..။🥳🎉(𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 18 only)

ဒါတင်မပြီးသေးပါဘူး.. Birthday giveaway လေးပေးချင်ပါသေးတယ်.။🤭
ဒီ post လေးရဲ့ commentအောက်မှာ birthday wishလေး cmtပေးသွားမယ်ဆိုရင် cmtမန့်သူတွေထဲက 2ယောက်ကို…
-ရပ်နီးကသူဆိုရင်(မာလာရှမ်းကော + Thai Juice)လက်ဆောင်
-ရပ်ဝေးကသူဆိုရင် (ဖုန်းဘေ-5000)လက်ဆောင်နဲ့ စုစုပေါင်း 2ယောက် အပျော်giveaway လေးပေးသွားမှာပါ.။🎉🎊

☃️ဆိုင်နဲ့အနီးနားမှာနေတဲ့သူဆိုရင်(မာလာရှမ်းကော + Thai Juice) တစ် set လက်ဆောင်ရရှိမှာပါ။
☃️ရပ်ဝေးကသူဆိုရင်တော့ ph bill -5000 ရရှိမှာပါ။

ကံထူးသူများကို 𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 18 မှာ ကြေငြာပေးပါမယ်ရှင့်..။✅

Birthday wishပေးတဲ့ ရပ်ဝေးရပ်နီးကသူတွေ အားလုံးအဆင်ပြေအောင် ပေးတဲ့ giveaway လေးမို့ ခုကစပြီး ဟွမ်ပေါင်းအတွက် birthday wish လေးတွေမန့်ခဲ့ပြီး ကံစမ်းလို့ရပါပြီ..။😍🎉

&drinks

🌕တန်ဆောင်မုန်း လပြည့်နေ့🌕(သာမညဖလ အခါတော်နေ့)🪷ဗုဒ္ဓမြတ်စွာဘုရားရှင်မှ အဇာတသတ်မင်းကို အမှူးပြုပြီး ပုရိတ်သတ်တို့ကို “သာမညဖ...
07/11/2022

🌕တန်ဆောင်မုန်း လပြည့်နေ့🌕
(သာမညဖလ အခါတော်နေ့)🪷

ဗုဒ္ဓမြတ်စွာဘုရားရှင်မှ အဇာတသတ်မင်းကို အမှူးပြုပြီး ပုရိတ်သတ်တို့ကို “သာမညဖလသုတ္တံ”ဟောကြားတော်မူခဲ့ခြင်းကို အစွဲပြုပြီး “သာမညဖလ အခါတော်နေ့ “လို့လည်း ခေါ်ဆိုကြခြင်းဖြစ်ပါတယ်..။
“သာမညဖလ”ဆိုသည်မှာ “ရဟန်းပြုရခြင်း၏အကျိုး”လို့ အဓိပ္ပာယ်ရပါတယ်။

တန်ဆောင်မုန်း(ခေါ်) တန်ဆောင်မှုံး၏အဓိပ္ပာယ်ကတော့ “တန်ဆောင်”သည် “မီးတိုင်”ဖြစ်ပြီး “မှုံး”မှာ “ပျံ့နှံ့စေခြင်း”လို့ အဓိပ္ပာယ်ရတဲ့အတွက် တန်ဆောင်မုန်းလဟာ မီးတိုင်/ဆီမီးတို့ဖြင့် ထွန်းလင်းတောက်ပတဲ့လလို့ အဓိပ္ပာယ်ရပါတယ်..။
ဒါကြောင့် မြတ်စွာဘုရားရှင်အား အလင်းတိုင်များဖြင့် ပူဇော်ကြတဲ့လမြတ်မဟာလည်း ဖြစ်ပါတယ်..။🪔🪔🪔

“ဆေးပေါင်းခတဲ့ည”လို့လည်းပြောစမှတ်တွင်တဲ့ တန်ဆောင်မုန်းလပြည့်ညလေးမှာ မယ်ဇလီဖူးသုပ်လေးစားရင်း ကျန်းမာ၊ပျော်ရွှင်ကြပါစေလို့ “Hom Paung Food & Drinks “ မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်ရှင့်..။🙏🙏🙏

&drinks

Happy Thadingyut ပါရှင်..🪔🪔🪔🌕သီတင်းကျွတ်လပြည့်နေ့🌕(အဘိဓမ္မာအခါတော်နေ့) မှာ လူကြီးမိဘဆရာသမားများကို ရှိခိုးကန်တော့ခြင်းဖြ...
09/10/2022

Happy Thadingyut ပါရှင်..🪔🪔🪔

🌕သီတင်းကျွတ်လပြည့်နေ့🌕
(အဘိဓမ္မာအခါတော်နေ့) မှာ လူကြီးမိဘဆရာသမားများကို ရှိခိုးကန်တော့ခြင်းဖြင့် “အေးချမ်းပျော်ရွှင် အောင်မြင်ကြပါစေ”လို့ Hom Paung Family မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့်..။🙏🙏🙏

&drinks

ဟွမ်ပေါင်းတို့မိသားစု အိမ်မှာကိစ္စလေးရှိလို့ ၄ရက်လောက် စိတ်မကောင်းစွာနဲ့ ဆိုင်ခဏပိတ်လိုက်ရပါတယ်..။🙏အခုတော့ အရင်လိုဆိုင်ပ...
27/09/2022

ဟွမ်ပေါင်းတို့မိသားစု အိမ်မှာကိစ္စလေးရှိလို့ ၄ရက်လောက် စိတ်မကောင်းစွာနဲ့ ဆိုင်ခဏပိတ်လိုက်ရပါတယ်..။🙏

အခုတော့ အရင်လိုဆိုင်ပြန်ဖွင့်ပြီမို့ လာရောက်အားပေးလို့ရပါပြီရှင်..။✨❤️

Orderမှာချင်တဲ့သူများကလည်း page messenger ကတခါတလေ စာမတက်လာတတ်လို့ phဆက်ပြီးလည်းမှာယူနိုင်ပါတယ်ရှင်..။

📲09959524707

အစားကောင်းလေးတွေစားပြီး ကျန်းမာရေးလဲဂရုစိုက်ကြပါဦးနော်..။💐

&drinks

Address

Phaunggyi,Hlegu,Yangon Myanmar

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Hom Paung Food & Drinks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hom Paung Food & Drinks:

  • Want your business to be the top-listed Restaurant?

Share