27/02/2020
ဝက်နံရိုးပေါင်းလေး ပေါင်းစားကြည့်မလား။
ချက်ရလွယ်တဲ့ဟင်းတစ်မျိုးမို့ အလုပ်ရှုပ်သက်သာပါတယ်နော်။
ဝက်နံရိုးလေးတွေကို ပုံမှန်လေးပဲ တုံးပြီး အသားမှုန့် ထောင်းထားတဲ့ ကြက်သွန်ဖြူ ဂျင်း သကြားနည်းနည်း ဗီနီကာတစ်ဇွန်းလောက် ခရုဆီနည်းနည်း ငရုတ်ချဉ်အနှစ် ပဲငါးပိအနည်းငယ်တို့နဲ့ ရောနယ်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး presser cookerနဲ့ ဆယ်မိနစ်လောက် ပေါင်းပြီးတဲ့နောက် အိုးခဏပိတ်ပြီး Presser မသုံးပဲ ရေခမ်းခါနီးအထိ မီးအေးအေးနဲ့ ချက်ပေးပါတယ်။ ရေအနေအထားကတော့ ကြိုက်နှစ်သက်သလိုထားလို့ရပါတယ်။
သားလေးက အရည်လေးနဲ့စားတတ်တဲ့သူမို့ ကြည်သာကတော့ အရည်စပ်စပ်လေးနဲ့ ပေါင်းပါတယ်နော်။ ပန်းကန်ထဲ ထည့်ပြီးမှ အပေါ်က ကြက်သွန်မြိတ် ပါးပါးလှီးထားတာလေး ဖြူးထားလိုက်တာပါ။
ဆီလုံးဝမထည့်ပါဘူးနော်။