22/03/2022
💢 #နွားနို့ ကို ပျားရည် နဲ့ တွဲသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူး တွေ
နွားနို့ ကို သကြား နဲ့မသောက်ဘဲ ပျားရည် နဲ့သောက်ပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူး ရှိသလဲဆိုတာ မျှဝေပေးသွားပါမယ်။ ပျားရည် နဲ့နွားနို့ တွဲသောက်မယ်ဆိုရင်တော့ အရသာကလည်း ကောင်းသလို ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း အနွေးဓာတ်ပေးပါတယ်။ အခုလို သောက်ပေးတာဟာ ကျန်းမာရေး အတွက်များစွာ အကျိုးကျေးဇူး ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ပျားရည် နဲ့ နွားနို့ မှာ ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်း တွေ၊ မှို ဆန့်ကျင်ပစ္စည် တွေ၊ Antioxidant တွေကြွယ်၀စွာပါ၀င်လို့ပါပဲ။ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေလည်းပါ၀င်ပြီး အသက်ရှုလမ်းကြောင်းအတွက်လည်း အကျိုးကျေးဇူးများစွာရှိနေပါတယ်။
ဗီတာမင် A, B Complex, D စတဲ့ဓာတ်တွေလည်းပါ၀င်ပြီး ကယ်လ်ဆီယမ် လည်း ကြွယ်၀စွာပါ၀င်ပါတယ်။ ဒါ့အပြင် ပရိုတင်းနဲ့ လက်တစ်အက်ဆစ်လည်းပါ၀င်ပါတယ်။
၁။ အသားအရေ ကို ကာကွယ်ပေးတယ်။
သင် အသားအရေ ကို ကြည်လင်စေပြီး မမြင်နိုင်တဲ့ ဘက်တီးရီးယား တွေကနေ ကာကွယ်ပေးပါတယ်။ အရေပြား အတွင်းပိုင်းကနေ အားဖြည့်ပေးလို့လည်း အသားအရေ အတွက်ကောင်းမွန်ပါတယ်။ ပျားရည်နဲ့ နွားနို့ ကိုရောပြီး ရေချိုး ပေးချင်လည်းရပါတယ်။
၂။အစာချေ စနစ် ကိုကောင်မွန်စေတယ်။
အစာချေ စနစ် ကိုကောင်းမွန်စေပြီး အူလမ်းကြောင်း ကိုလည်းကျန်းမာစေပါတယ်။ ဒါ့ကြောင့် ၀မ်းချုပ်တာ၊ ၀မ်းကိုက်တာ၊ လေပွတာတွေကို သက်သာစေပါတယ်။
၃။ ခုခံအား တိုးမြင့်စေခြင်း
နွားနို့နဲ့ ပျားရည်ကို မနက်တိုင်းသောက်ပေးမယ်ဆိုရင် ခံနိုင်ရည်စွမ်းအားတိုးမြင့်ပေးပါတယ်။ ကာဘွန်ဟိုက်ဒရိတ်ပါ၀င်လို့လည်း ဇီဝြဖစ်စဉ်ကို မြင့်တင်ပေးနိုင်ပါတယ်။
၄။ အရိုး ကျန်းမာရေး
READ ငယ်ရွယ်သူတွေရဲ့သွေးရည်ကြည်က အိုမင်းရင့်ရော်မှု ကိုထိန်းပေးမည့် ကုထုံးတစ်ခုဖြစ်လာနိုင်
ကယ်လ်ဆီယမ် ပါ၀င်လို့ ပျားရည် နဲ့ နွားနို့ ကို တွဲပြီးသောက်ပေးရင် အရိုး တွေကို ကျန်းမာ သန်စွမ်းစေပါတယ်။ အဟာရဓာတ်တွေကိုလည်း အလွယ်တကူစုပ်ယူမှု အားကောင်းစေပါတယ်။ အဆစ်အမြစ်ရောင်ရမ်းနာကျင်တာမျိုးအပြင် အရိုးပွာရောဂါကိုပါ ကာကွယ်ပေးပါတယ်။
၅။ အိပ်ရေးဝစေခြင်း
ပျားရည် နဲ့ နွားနို့ပူပူကို အိပ်ယာ မ၀င်ခင်သောက်ပေးရင် အိပ်မပျော်တဲ့ဝေဒနာကို သက်သာစေပြီး သင့်ကိုအိပ်ရေးဝါစေမှာပါ။
၆။ အိုမင်းရင့်ရော်မှု ကို တားဆီးပေးခြင်း
အိုမင်းရင့်ရော်မှု ကို နှောင့်နှေးစေပြီး သင့်ကို အရွယ်တင်နုပျိုစေပါတယ်။ Antioxidant ပါ၀င်လို့လည်း သင့်ကို လှပ ကျန်းမာစေမှာပါ။
#နွားနို့
#ပျားရည်
#ကျန်းမာရေး
Credit : myfood