02/04/2020
https://m.facebook.com/story.php?story_fbid=1388212238033600&id=440949986093168
ဒိန်ချဉ်သည် လွန်စွာမှဆေးဖက်ဝင်သော အစားအသောက်တစ်မျိုး ဖြစ်ပါသည်။ နွားနို့ကိုအချဉ်ဖောက်ပြီး ရလာသောအစားအစာဖြစ်သည့် ဒိန်ချဉ်တွင် ပရိုဘိုင်အိုတစ် များစွာပါဝင်ခြင်းကြောင့် သက်စောင့်ဆေးဟုလည်း ပြော၍ရပါသည်။ ဒိန်ချဉ်သည် ဆုံးရှုံးသွားသော အကျိုးပြုဘက်တီးရီးယားများကို ပြန်ဖြည့်ပေးသောကြောင့် ကျန်းမာရေးအတွက် များစွာအကျိုးရှိပါသည်။ ထို့ကြောင့် ဒိန်ချဉ်ကို အသက် (၂) နှစ်ကျော် ကလေးမှစ၍ သက်ကြီးရွယ်အိုများ နေ့စဉ် စားသုံးသင့်ပါသည်။
ဒိန်ချဉ်တွင်ပါဝင်သော လက်တိုဘေ့စ်စီလပ် ဘက်တီးရီးယားများသည် အစားအစာထဲတွင်ပါသော ကိုလက်စထရောများကို ချေဖျက်စားသောက်ပါသည်။ အထူးသဖြင့် အယ်ဒီအယ် (LDL) နှင့် ထရိုင်ဂလစ်စရိုက် (Triglyceride) များကို အဓိကကျစေပြီး သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်သောကြောင့် သွေးတိုးရောဂါရှိသူများအတွက် များစွာအကျိုးရှိပါသည်။ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။ ထိုမျှမက ရောဂါပိုးများကို တိုက်ရိုက်သတ်ဖြတ်ပေးမည့် ဆဲလ်များ (Natural killer cells) နှင့် ဗိုင်းရပ်စ်ပိုးများ ဝင်မလာအောင် တိုက်ခိုက်နိုင်စွမ်းရှိသော အင်တာဖရွန် (Interferon) ကဲ့သို့ ဓာတ်ပစ္စည်းများထွက်စေရန် လှုံ့ဆော်ပေးပါသည်။