31/08/2024
လေးစားချစ်ခင်ရသော တီချယ်နှင့်မိတ်ဆွေများအားလုံးမင်္ဂလာပါ။
အရင်ဦးဆုံး တီချယ်ကို အရမ်းကျေးဇူးတင်တယ်
ဒီ Heal your inner child အတန်းကြောင့် ကျွန်မကိုကျွန်မ ရှင်းရှင်းလင်းလင်းသိရှိလာတယ်။
ရှင်သန်နေတဲ့အချိန်ကာလမှာ ငါရဲ့အတွင်းစိတ်သဘောကို သိရှိရခြင်းဟာ ငါအတွက်အောင်မြင်မှုတစ်ခုပါတီချယ်။
ကျွန်မရဲ့ inner child မိဘဆီက နွေးထွေးမှုမရဘဲ ကြီးပြင်လာခဲ့ရတာ ဒီသင်တန်းတက်မှသိရတယ်။
မိဘမောင်နှမရှိရဲနဲ့ အဘိုးအဘွားရဲ့ရင်ခွင်မှာပဲ ကြီးပြင်လာရတဲ့ ကလေးလေး အထီးကျန်မှုတွေ၊ အားငယ်မှုတွေ၊ သိမ်ငယ်စိတ်တွေနဲ့ ရင်ဆိုင်ရတယ် ရည်မှန်းချက်အိပ်မက်ကြီးရှိပေးမဲ့ ရောက်အောင်သွားဖို့ စိတ်ဆန္ဒမပြင်းပြဘဲ အချိန်ဆွဲပြီးအလုပ်လုပ်တက်လာတာ ဒီအချက်ကြောင်းလည်းပါမယ်။
နွေးထွေးမှုလိုအပ်နေတဲ့ ငါရဲ့ inner child ကို ဘယ်လိုနှစ်သိမ့်ရမလဲ နည်းလမ်းပြောပြသင်ပြပေးသွားတဲ့ တီချယ်ကို အရမ်းကျေးဇူးတင်တယ်။
နာကျင်မှုတွေလွတ်ချတဲ့ lesson မှာ ငါအတွက် လွယ်လွယ်လေးပါလို့သိစိတ်ကပြောပေမဲ့လက်တွေ့မှာ ဒေါသ
ပိုပြင်းထန်လာသလိုသတိထားမိတယ်။
ကိုယ်စိတ်ကိုတော့ ထိန်းချုပ်လိုက်နိုင်တယ်။
ဒီသင်တန်းက အရမ်းအကျိုးရှိတယ် ငါမိသားစုတွေကိုပါ ပေးတက်လိုက်ချင်တဲ့အထိပဲ အရမ်းကို သဘောကျတယ်။
ဒီနာကျင်မှုတွေကပဲ ငါ့ကိုအလုပ်ပိုကြိုးစားတဲ့လူ အသိပညာ၊အတက်ပညာ အမြဲလေ့လာဆည်းပူတဲ့လူဖြစ်လာစေတယ်။
နောက်ဆုံးတော့ တီချယ်ရဲ့ heal your inner child အတန်းကြောင့် အတွင်းစိတ်ငြိမ်းချမ်းခြင်းကိုရရှိလာပြီး နေ့ရက်တိုင်းမှာ အကျိုးရှိရှိရှင်သန်ချင်စိတ်ဖြစ်လာစေတယ်။
Heal Your Inner Child (Batch-4)သင်တန်းသူလေးရဲ့
Feedback လေးဖြစ်ပါတယ်။
ခုလိုစကားလေးပြန်ကြားလို့လည်း အတိုင်းမသိ ဝမ်းသာပီတီဖြစ်ရပါတယ်။
စိတ် - သက်တန့် မေရီ Thet Thant Mary