ICDM 日本語

ICDM 日本語 Self Growth.Yoga.Knowledge.Nature.Creating a calm and meaningful life.

11/01/2026

ကျွန်တော်လဲဘာလိုလိုနဲ့ 27 ထဲရောက်လာပြီမို့ ဒီစာလေးကိုအရမ်းသဘောကျလို့ Shareပါရစေ
သင်အသက် ၂၇–၂၉ ကြားရှိရင် ဒီစာကိုဖတ်ကြည့်ပါ၊ စိတ်ဖိစီးမှုတစ်ချို့ လျော့ပါးသွားပါလိမ့်မယ်။

၁️။ ဒီကာလက လူကြီးဘဝရဲ့ အထွတ်အထိပ်ပါ 💼

အသက်၂၅ ဆိုတာ လူကြီးဘဝကို စတင်မိတ်ဆက်တဲ့အဆင့်ပါ။ ဦးနှောက်ဖွံ့ဖြိုးပြီး၊ ကိုယ့်ကိုကိုယ် လူကြီးလို ခံစားလာရပါပြီ။
အသက်၂၆ မှာတော့ လွတ်လပ်မှုလေး ရှိနေပါသေးတယ်။
ဒါပေမဲ့ အသက်၂၇–၂၉ မှာတော့ မတူတော့ပါဘူး၊ ဘဝက တကယ့်အမှန်အတိုင်း စတင်လုပ်ဆောင်လာတဲ့အချိန်ရောက်လာပါပြီ။
ဆုံးဖြတ်ချက်တိုင်းမှာ ဖိအားတွေရှိလာပြီး အကျိုးဆက်တွေကလည်း တကယ် ဖြစ်လာတတ်ပါတယ် ✔️

၂။ သင်အသက် ၂၉ ဆိုတာ ၃၀ မဖြစ်သေးပါဘူး😌

" ၂၉ ဆိုတာ ၃၀ နီးပါးပဲ " ဆိုတာ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းက ပြောဆိုလေ့ရှိတဲ့ အယူအဆတစ်ခုပါပဲ၊ ဒီအယူအဆကြောင့် ကိုယ့်အသက်နဲ့ပတ်သက်ပြီး ကြောက်စိတ်မဝင်ပါနဲ့။
➡️ သင်က ၂၇ပါ ✨
➡️ သင်က ၂၈ပါ ✨
➡️ သင်က ၂၉ ပါ✨
နှစ်တိုင်း တန်ဖိုးရှိပါတယ် 💎

တကယ်တော့ ၃၀ ဆိုတာကလည်း ❌ အဆုံးသတ်မဟုတ်ပါဘူး၊ အသက် ၃၀ရောက်သွားရင်တောင် ဘဝကမပြီးသေးပါဘူး၊ ဆက်လက်ရှင်သန်နေရဦးမှာပါ 🌱

၃။ ကိုယ့်ဘဝကို သူများဘဝတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့ 🙅‍♀️

ဒီလိုလိုက်နှိုင်းယှဉ်နေမယ်ဆိုရင် ကိုယ့်ကိုကိုယ် " နောက်ကျနေပြီ " လို့ ပိုပြီးခံစားလာရပါလိမ့်မယ်။ “နောက်ကျနေပြီ…” ဆိုတာ ဘယ်သူမှသတ်မှတ်ထားတဲ့ စံနှုန်းမရှိပါဘူး 🤷‍♀️ဘဝက 🏁 ပြိုင်ပွဲလမ်းကြောင်းလို ဖြောင့်တန်းနေမှာ မဟုတ်ပါဘူး —လမ်းလွဲတွေ၊ အကွေ့အကောက်တွေပါတဲ့ ရှုပ်ထွေးတဲ့ခရီးလမ်းပါ၊ အဲ့ဒီလမ်းလွဲတွေကပဲ တိုးတက်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ 🌿

၄။ ယုံကြည်ချက်နဲ့ သေချာဆုံးဖြတ်ပါ 🙏

ဘုရားက နီးစပ်စေချင်ရင် ➡️ ပိုပြီးနီးစပ်ပါ။
မေးခွန်းတွေရှိရင် ➡️ ဖြေရှင်းဖို့ကြိုးစားကြည့်ပါ။
သင့်ရဲ့ ၃၀ကျော်ဘဝမှာ ကြုံလာမယ့် မုန်တိုင်းတွေကို ရင်ဆိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အားကြီးတဲ့ စိတ်ခွန်အားတွေ အခုထဲကတည်ဆောက်ထားပါ။

5။ ကျန်းမာရေးကို အလေးထားပါ၊ လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပါ ❤️‍🩹

ကိုယ့်ခန္ဓာကိုယ်က သင့်ကို စကားပြောနေပါတယ်၊ တကယ့်ပြဿနာက ဘာလဲဆိုတာ သိအောင်လုပ်ပါ၊ “ငယ်သေးတယ်” ဆိုပြီး လက္ခဏာတွေကို လျစ်လျူမရှုပါနဲ့ — စောစောစီးစီးစစ်ရင် 👍 ပိုကောင်းပါတယ်။

၆။ ငွေစုတာကကောင်းပေမယ့် — ရင်းနှီးမြှုပ်နှံခြင်းက ပိုကောင်းပါတယ် 💰📈

ငွေစုတတ်လာပြီဆိုရင် အခုက ရင်းနှီးမြှုပ်နှံမှုကို လေ့လာရမယ့်အချိန်ပါ။ ငွေပဲ တရားသေစုထားမိရင်
ငွေဖောင်းပွမှုကြောင့် တန်ဖိုးလျော့နိုင်ပါတယ်။အခုအရွယ်မှာ
စတော့ရှယ်ယာ 📊
အငြိမ်းစားအကောင့်တွေ 🏦
အိမ်ခြံမြေတွေကို 🏠
နားလည်ဖို့ လိုပါတယ်၊ အခုက စလေ့လာမယ်ဆိုရင် သင့်၃၀ကျော်ဘဝမှာ အကျိုးပေးပါလိမ့်မယ်✔️

၇။ ကိုယ်ခန္ဓာက စတင်ပြောင်းလဲလာနေပါပြီ — လေ့ကျင့်ခန်းတွေ မဖြစ်မနေလုပ်ရပါမယ်🏃‍♀️💦

စွမ်းအင်တွေလျော့လာမယ် 🙃
ကိုယ်အလေးချိန်တက်လွယ်မယ် 😅
နေ့တိုင်း မိနစ်30 လမ်းလျှောက်တာဖြစ်ဖြစ်၊ ကိုယ်ခန္ဓာကို လှုပ်ရှားပေးပါ။
“နောက်မှစမယ်” မလုပ်ပါနဲ့ — အခုကစပါ 🔥

၈။ ခိုင်မာတဲ့အရာတစ်ခု မတည်ဆောက်ရသေးရင် အခုစလိုက်ပါ 💪

အလုပ် 👩‍💼
စီးပွားရေး 💼
ကျွမ်းကျင်မှု 🎯 ဘာမဆိုရပါတယ်။
“ဒီဘဝမှာ တစ်ခုခု လုပ်ခဲ့တယ်”ဆိုတာ သက်သေပြနိုင်တဲ့ အရာတစ်ခုရှိရပါမယ်၊ သင့် ၃၀ကျော်ဘဝက သင့်နောက်ဆုံး ၂၀ကျော်ဘဝမှာ ဘာတည်ဆောက်ခဲ့လဲဆိုတာကို ပြန်ကြည့်ပါလိမ့်မယ်✨

၉။ အဆင်မပြေမှုကို ရှောင်မပြေးဘဲ ခံနိုင်ရည်ရှိဖို့ သင်ယူပါ။

အခက်အခဲတွေကို Shopping 🛍️ ထွက်ရင်း၊ ပါတီလုပ်ရင်း🎉၊ Social Mediaသုံးရင်း📱 နဲ့ပဲ မဖုံးကွယ်ပါတော့နဲ့။ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု၊ အထီးကျန်မှုတွေကို ရင်ဆိုင်ပါ။
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဆိုတာ ခံစားချက်အားလုံးကို ခံစားခိုင်းပြီး
ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်နိုင်တာပါ✨

၁၀။ မိတ်ဆွေတွေကို သတ်မှတ်ပါ 👥

ဘယ်သူက အားပေးသူ 🤝
ဘယ်သူက စိတ်လျော့စေသူ 😮‍💨
ဘယ်သူက မလိုအပ်တော့တဲ့သူ ❌
ဘယ်သူက ဘယ်အမျိုးအစားလဲဆိုတာ ရှင်းလင်းအောင်သိထားပါ။
၂၀ကျော်မှာ အတူလျှောက်ခဲ့သူတိုင်း ၃၀ကျော်အထိ လိုက်လာရမယ် မဟုတ်ပါဘူး၊ လူတိုင်းကို မသယ်ဆောင်ရပါဘူး 🚶‍♀️အားထားရမယ့်လူတွေကတော့
အချိန်ရဲ့ စိန်ခေါ်မှုထဲမှာပဲ ကျန်နေတတ်ပါတယ် 🌟

ဒါတွေကိုမှတ်ထားပါ
✔️ နောက်မကျသေးပါ
✔️ ဘဝကမပြီးသေးပါဘူး
✔️ ကိုယ့်လမ်းက ကိုယ့်အချိန်အတိုင်း ဖွင့်လှစ်နေတုန်းပါ 🌄

07/01/2026

2026ရဲ့ Video အသစ်လေးပါ👏
Tokyo Metropolitan Government Building No.1
ရုံရှင်ထိုင်ကြည့်ခဲ့ရသလိုပဲ 😲
ဒီ Page မှာ ဘာမှလဲမတင်ဖြစ်ဘူး အခုကစပြီးကြိုးစားပြီးစိတ်ဝင်စားဖွယ်ရာလေးတွေလေ့လာပြီးတင်ပြသွားပါမယ် အားပေးကြပါဦးဗျ🙏❤️🙇

ဂျပန်နိုင်ငံမှာ အရမ်းနာမည်ကြီးပြီး ဂျပန်လူမျိုးတွေအရမ်းကြိုက်ကြတဲ့ わさび ငြုပ်သီးလဲမဟုတ်ပဲအရမ်းစပ်နေရတာဘာ့ကြောင့်များလဲ 😱🤔
09/01/2024

ဂျပန်နိုင်ငံမှာ အရမ်းနာမည်ကြီးပြီး ဂျပန်လူမျိုးတွေအရမ်းကြိုက်ကြတဲ့
わさび ငြုပ်သီးလဲမဟုတ်ပဲအရမ်းစပ်နေရတာဘာ့ကြောင့်များလဲ 😱🤔

01/11/2023

TOKYO 🗼 SKYTREE 👇🗼🗼🗼
ရောက်တုန်းအမှတ်တရတွေကို Share
လိုက်ပါပြီ 2000¥ ကျခဲ့တာ👍

25/10/2023

1.ထ👉おきます
2.ကြည့်👉みます
3.ရှိ👉います
4.ယူ👉かします(ချေးပေး)
5.ဆင်း👉おります
6.နိုင်👉できます
7.လုံ👉たります
8.ဝတ်👉きます
9.ချိုး👉あびます
ဒါလေးက N5, N4 ထဲက Group1လို့ထင်ရပေမယ့် Group2 ဖြစ်နေတဲ့ ことば တွေပါမှတ်ရလွယ်ကူအောင်လို့ပါ 🤔💪

24/10/2023

Yu Yu 日本語Podcast mini
お疲れ様 について話です。
အလုပ်ထဲမှာအမြဲသုံးတဲ့စကားလေးမို့နားထောင်ကြည့်ကြပါဦး💪

すいか🍉 Watermelon 🍉ဈေးကအရမ်းတန်နေလို့ဂျပန်ရောက်မှဝယ်စားကြပါ🤤😋🍉2139円
23/10/2023

すいか🍉 Watermelon 🍉
ဈေးကအရမ်းတန်နေလို့ဂျပန်ရောက်မှဝယ်စားကြပါ🤤😋🍉
2139円

18/10/2023

Studio podcast by Haru 👈
ဒီ Channel ကလဲ Listening and Speaking အတွက်ပါအတော်အဆင်ပြေပါတယ်👍ဂျပန်မလာခင် ことばとぶんぽうကိုလဲသေချာကျက် Listening and Speaking ကလဲအတော်အရေးကြီးပါတယ်👌

17/10/2023
N5 ことば ‌ကျက်လို့အတော်အဆင်ပြေမယ်ထင်တယ်ဗျ 👍💪💪💪
14/10/2023

N5 ことば ‌
ကျက်လို့အတော်အဆင်ပြေမယ်ထင်တယ်ဗျ 👍💪💪💪

အလုပ်ထဲမှာတခါတလေပြောလေ့ရှိတဲ့စကားလုံးလေးတွေ🤔
11/10/2023

အလုပ်ထဲမှာတခါတလေပြောလေ့ရှိတဲ့စကားလုံးလေးတွေ🤔

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ICDM 日本語 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share