23/01/2026
ပိုမိုခက်ခဲလာတော့မယ့် F & B လောက
1 . ပြည်ပထွက်ခွါခြင်း
2 . သင်တန်းဆင်းများ
3 . Bar & Restaurant ပေါများလာခြင်း
4 . SOP တိကျသေချာစွာချမှတ်မထားခြင်း
1 . ပြည်ပထွက်ခွါခြင်းဆိုတဲ့နေရာမှာ အသိပညရှင် ၊ အတတ်ပည်ရှင်တွေအနေနဲ့ မိမိ Skill နဲ့ကိုက်ညီတဲ့ပြည်ပနေရာတခုခုကို ထွက်ခွါသွားကြတဲ့အခါ ကျန်ရှိနေတဲ့အနည်းငယ်သောပညာရှင်တွေအနေနဲ့ များပြားလာတဲ့ Bar & Restaurant တွေကို ပုံဖေါ်နိုင်ဖို့အခက်ခဲဖြစ်ပေါ်လာပါတယ် ။
ဆိုလိုချင်တာက Bar & Restaurant တွေကများလာပြီး တကယ်တမ်းထိန်းချုပ်၊လုပ်ကိုင်ပေးနိုင်တဲ့ ပညာရှင်တွေကနည်းပါးလာပါတယ် ။ အဲ့ဒီမှာစပြီး Operation မနိုင်သေးတဲ့သူတွေနဲ့အလုပ်စတင်လုပ်ကြရတဲ့ Bar & Restaurant ပေါင်းများစွာပေါ်ပေါက်လာပါတော့တယ် ။
အချို့သောဆိုင်များကတော့ တမင်လစနှိမ်ပြီးပေးတဲ့အတွက် ထိုက်တန်တဲ့လုပ်ကိုင်သူတွေနဲ့ကြုံဆုံရပြီး အမှားပေါင်းများစွာကိုကြုံဆုံရပါတော့တယ် ။
နောက်ဆက်တွဲအနေနဲ့က ဝန်ဆောင်မှုတွေကျဆင်းလာတော့တာပါပဲ ။ ဝန်ဆောင်မှုဆိုတဲ့နေရာမှာ ဆိုင်အပြင်ဆင်ဝန်ဆောင်မှု ၊ ဧည့်ဝတ်ဝန်ဆောင်မှု ၊ နေရာထိုင်ခင်းဝန်ဆောင်မှု ၊ အရသာဝန်ဆောင်မှု ၊ ဈေးနှုန်းဝန်ဆောင်မှု စတာတွေကိုဆိုလိုပါတယ် ။
စကားချပ်အနေနဲ့ကျနော်တို့ F&B လုပ်ငန်းသည် အစားအစာနဲ့အဖျော်ယမကာကိုရောင်းချသောဝန်ဆောင်မှုကိုရည်ညွှန်းခြင်းမဟုတ်ပဲ ဝန်ဆောင်မှုကိုရောင်းချသောလုပ်ငန်းဖြစ်တယ်ဆိုတာကို မေ့လျော့ထားကြတဲ့ဆိုင်ပေါင်းများစွာလည်းပေါ်ပေါက်လာပါတော့တယ် ။
2 . သင်တန်းဆင်းများ
ဒီအချက်မှာတော့ လစဉ်သင်တန်းပေါင်းများစွာကမွေးထုတ်ပေးနေတဲ့ သင်တန်းသားဦးရေသည်ရာဂဏန်းရှိကြပါတယ် ။ ဝန်ထမ်းရှားပါးမှုကြောင့်ဒီလိုသင်တန်းဆင်းတွေကို Bar & Restaurant တွေအနေနဲ့မျက်စိကျလာကြပါတယ် ။
ကောင်းတဲ့ဘက်ကကြည့်ရင် အလုပ်အကိုင်ပေါများလာတယ်လို့ယူဆလို့ရပေမယ့် ဆိုးတဲ့ဘက်ကကြည့်ရင်ဒီသင်တန်းဆင်းတွေကို လအနည်းငယ်အတွင်းရာထူးတစ်ခုပေးပြီးခေါင်းဆောင်နေရာတာဝန်ပေးလိုက်ကြတာပါပဲ ။
သင်တန်းဆိုတဲ့နေရာမှာ ဘယ်သင်တန်းကမှ SOP , Rules & Regulations စတာတွေကိုအထူးတလည်သင်ကြားထားခြင်းမရှိပါဘူး ။ ဒီအရာတွေကိုမသိနားမလည်တဲ့သူတွေကို လစာနည်းနည်းနဲ့ရာထူးပေးပြီး နေရာတခုပေးလိုက်ကြတာဟာကိုယ့်ဆိုင်ကို ကိုယ်တိုင်နှပ်ကွပ်လိုက်ခြင်းပါပဲ ။
ဒါတောင်မှ SOP , Rules & Regulations ပဲရှိပါသေးတယ် ။ ကျန်ရှိနေတဲ့အခြားသော Skill တွေ Knowledge တွေ Experience စတာတွေဆိုရင်တော့ ပြောစရာမလိုလောက်တော့ပါဘူး ။
3 . Bar & Restaurant ပေါများလာတယ်ဆိုကိုလည်း အားလုံးသိပြီးသားဖြစ်မှာပါ ။ 2019 မတိုင်ခင်ကာလအထိ ဝန်ထမ်းခေါ်တဲ့ပိုစ့်အောက်မှာ အလုပ်လိုအပ်သူတွေတန်းစီပြီးရှိနေခဲ့ကြပေမယ့် အခုလိုအချိန်မှာတော့ အလုပ်ရှာတဲ့ပိုစ့်အောက်မှာ လုပ်ငန်းရှင်တွေကပြန်ပြီးတန်းစီနေကြရတာအမြင်ပါပဲ ။
ခေတ်ကပြောင်းပြန်ဖြစ်လာတဲ့အခါ ဝန်ထမ်းအရည်ချင်းကောင်းရဖို့ထက် ဝန်ထမ်းရဖို့ကပိုပြီးအရေးကြီးလာတဲ့အခါ ရရာဝန်ထမ်းတွေကိုအပြိုင်ဆိုင်ခေါ်ကြရပါတော့တယ် ။ အရည်ချင်းကိုက်ညီမှုသေချာစွာမစစ်ခဲ့ရတဲ့အတွက် လုပ်ငန်းနဲ့အံ့ဝင်ခွင်ကျဖြစ်မှု ၊ စိတ်နေစိတ်ထား ၊ စာရိတ္တ ၊ ဗဟုသုတစတာတွေကိုမေ့ထားလိုက်ရပါတော့တယ် ။
နောက်ဆက်တွဲအနေနဲ့ အရည်ချင်းကိုက်ညီမှုမရှိသည့်ပြဿနာ ၊ လုပ်ငန်းနဲ့အံ့ဝင်ခွင်ကျမဖြစ်ခြင်း ၊ စိတ်နေစိတ်ထားပြဿနာ ၊ စာရိတ္တပြဿနာ ၊ ဗဟုသုတနည်းပါးခြင်းစတာတွေဖြစ်ပေါ်လာပြီး လုပ်ငန်းခွင်အတွက်ကြီးမားတဲ့အခက်ခဲတွေပေါ်ပေါက်လာပါတော့တယ် ။
4 . SOP တိကျသေချာစွာချမှတ်မထားခြင်း
အစကတည်းက ရရာဝန်ထမ်းတွေကိုခန့်အပ်ထားရတဲ့အထဲ လုပ်ငန်းရှင်ဘက်မှ တိကျသေချာတဲ့ SOP Standard Operating Procedure ကိုချမှတ်မထားတဲ့အခါ Operation ကို အခက်အခဲများစွာထပ်မံပေါ်ပေါက်လာစေပါတယ် ။
SOP ဆိုတာကိုဘာလို့တွင်တွင်ကျယ်ကျယ်သုံးနှုန်းနေကြသလဲဆိုရင် စည်းစနစ်တကျချမှတ်ထားတဲ့စည်းကမ်းဆိုတာကို အရေးတကြီးလိုအပ်နေကြလို့ပါပဲ ။
အပေးအယူဆိုတဲ့စကားနဲ့ပြောရမယ်ဆိုရင် SOP ချမှတ်ပြီး ပေးစရာရှိတာပေးမယ် ယူစရာရှိတာပြန်ပြီးယူကြမယ် ဒါပါပဲ ။
ဘာတွေပေးပြီးဘာတွေပြန်ယူကြမလဲ ။
ဝန်ထမ်းနားရက် ၊ နားချိန် စတာတွေကို သေသေချာချာပေးမယ်
လုပ်ငန်းခွင်အတွင်လုပ်ဆောင်ရမယ့်အချက်တွေကိုပြန်ယူမယ်
ဝန်ထမ်းနားနေဆောင် ၊ အစားအသောက် သေသေချာပေးမယ်
လုပ်ငန်းခွင်အတွင်းလုံးဝမလုပ်ရမယ့်အချက်တွေကိုပြန်ယူမယ်
ဘယ်လိုတွေပေးပြီး ၊ ဘယ်လိုတွေပြန်ယူကြမလဲဆိုတာကတော့
မိမိဆိုင်ကိုဘယ်လောက်အထိမျှော်မှန်ထားလဲဆိုတာအပေါ်မူတည်နေပါတယ် ။
လူကြီးမင်းတို့၏ Restaurant , Bar မှ Kitchen ထဲမှာ
ခန့်မှန်းကုန်ကျစရိတ်ထက် ပိုပြီးကုန်ကျနေပါသလား?
ခန့်မှန်းအမြတ်ငွေထက် ပိုပြီးလျော့နည်းနေပါသလား?
ရောင်းအားအသင့်တင့်ရှိသော်လည်း အမြတ်ငွေမပေါ်တာမျိူးဖြစ်နေပါသလား ?
Kitchen တစ်ခုအတွက်ဖြစ်စေ ဆိုင်တစ်ဆိုင်လုံးအတွက်ဖြစ်စေ စီမံခန့်ခွဲရန်လိုအပ်နေပါသလား?
ဤအခက်အခဲ အားလုံးကို ကူညီ
ဖြေရှင်းပေးနေပါပြီ။
*09 979635598
* 09 662 650558