Hnin's Era

Hnin's Era Hi, I'm Hnin and welcome in my era. I sincerely would like to share my life how I have been going through and the knowledge that I've got in the UK.

10/08/2026

ပင်လယ်နဲ့မြို့လေးပေါင်းစပ်ထားတဲ့ Dartmouth ⛵️

A Day in Dartmouth, Devon 🇬🇧 Dartmouth က England ရဲ့ South Devon ဘက်မှာရှိတဲ့ ချစ်စရာ English coastal town လေးတစ်ခုပေါ့ ...
09/08/2026

A Day in Dartmouth, Devon 🇬🇧

Dartmouth က England ရဲ့ South Devon ဘက်မှာရှိတဲ့ ချစ်စရာ English coastal town လေးတစ်ခုပေါ့

Dartmouth ကို ရောက်တာနဲ့ ပထမဆုံး သတိထားမိတာကတော့ ပင်လယ်နဲ့ မြစ်ကြားက လှပတဲ့ harbour town လေး 🤍

ရေပြင်ပေါ်မှာ လှေ လေးတွေ အများကြီးရှိပြီး တစ်ဖက်ကနေ ကြည့်လိုက်ရင် ရောင်စုံအိမ်လေးတွေ တောင်စောင်းပေါ်မှာ တစ်ဆင့်ပြီးတစ်ဆင့် ဆောက်ထားတာကို မြင်ရတယ်.

လမ်းလေးတွေကလည်း တချို့နေရာတွေမှာ ကျဉ်းကျဉ်းလေးနဲ့ အတက်အဆင်းလေးတွေရှိတော့ လမ်းလျှောက်ရင်း explore လုပ်ရတာ အရမ်းသဘောကျစရာကောင်းတယ် 😍

Harbour ဘက်မှာ လမ်းလျှောက်ရင်း view လေး တွေကြည့်လိုက်၊ café လေးတွေတွေ့ရင် ခဏဝင်ထိုင်လိုက် ပြီးတော့ ရေပြင်နဲ့ town view လေးတွေကို ဓာတ်ပုံရိုက်လိုက်နဲ့…တစ်နေ့လုံး အေးအေးဆေးဆေး ဖြတ်သန်းလို့ကောင်းတဲ့နေရာလေးပါ ☕️🌊

A new chapter begins. I’m officially a ICT Consultant in the UK 🇬🇧 UK ကိုရောက်လာပြီးတဲ့နောက်မှာ အရာအားလုံးက အမြဲတမ်း လွယ...
08/08/2026

A new chapter begins. I’m officially a ICT Consultant in the UK 🇬🇧

UK ကိုရောက်လာပြီးတဲ့နောက်မှာ အရာအားလုံးက အမြဲတမ်း လွယ်ကူခဲ့တာတော့မဟုတ်ဘူး. ကိုယ့်နိုင်ငံရဲ့အခြေအနေနဲ့ယှဉ်ရင်တော့ လွတ်လပ်ပြီး အသက်ရှူချောင်ပေမဲ့ ကိုယ်ရှိနေတဲ့နေရာတစ်ခုကို လွှတ်ချခဲ့ပြီးတော့ completely opposite ဖြစ်တဲ့ တိုင်းပြည်မှာ ရပ်တည်နိုင်ဖို့အတွက် အားလုံးကို သုညကနေပြန်စခဲ့ရတယ်

ခုတော့ IT consultant အဖြစ် အလုပ်ရရှိခဲ့ပါပြီ. ဒီအလုပ်ရဖို့ ကြားထဲ့မှာ 4လ လောက် ကြာခဲ့တယ်. ကျောင်းတက်ကတည်းကနေ ဒီအလုပ်မရခင်ထိ Part time jobs သုံး လေး ခုလောက် လုပ်ခဲ့တယ်. အကြာဆုံးလုပ်ခဲ့တဲ့ အလုပ်ကတော့ Japanese restaurant တစ်ခုမှာ Manager အနေနဲ့လုပ်ခဲ့တာပဲ.

လုပ်နေရင်းနဲ့ အားတဲ့အချိန်မှာ အလုပ်လျှောက်ဖို့ သေချာလေး focus လုပ်ခဲ့တယ်. Company ၂၀ ကျော်လောက်ကို CV သေချာလေးပြင်ပြီး လျှောက်ခဲ့တယ်. အဲ့ဒီထဲမှာ interview second stage လောက်ထိပါပြီး reject ဖြစ်တာတွေလဲရှိတယ်. Ghost လုပ်ခံရတာတွေလဲရှိတယ်. ပထမဆုံး interview ဖြေပြီး reject ခံရတုန်းကဆို စိတ်ဓါတ်တွေကျပြီး ကိုယ့်ကိုကိုယ် လုပ်နိုင်ပါ့မလားဆိုပြီး give up လုပ်ပြီး comfort zone ထဲမှာပဲနေဖို့ တွေးမိလိုက်သေးတယ်. အဲ့ဒိအချိန်မှာ ကိုယ့်ကို ဘေးကနေ အားပေးခဲ့တဲ့ သူကိုလည်း တကယ်ကျေးဇူးတင်တယ်.

နောက်ပြီး ကိုယ့်စိတ်ကလေ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ သေချာသိပြီး ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို အမြဲ ကိုယ့်ကိုကိုယ် manifesting လုပ်ပါ. အဓိက က ဘယ်လိုပဲ reject ဖြစ်ခံရပါစေ စိတ်ဓာတ်မကျပဲ consistency ရှိဖို့ပဲ.

Purple postcards 🪻💜
04/08/2026

Purple postcards 🪻💜

03/08/2026

Trust the season you’re in 🪻🪻

England ရဲ့ အလှဆုံးနဲ့ နာမည်အကြီးဆုံး village လေးတွေထဲက တစ်ခုဖြစ်တဲ့ Bourton on the water လေးရောက်ခဲ့တယ်. အဲ့ကို နှစ်စဉ်...
01/07/2026

England ရဲ့ အလှဆုံးနဲ့ နာမည်အကြီးဆုံး village လေးတွေထဲက တစ်ခုဖြစ်တဲ့ Bourton on the water လေးရောက်ခဲ့တယ်. အဲ့ကို နှစ်စဉ် tourists တွေ သန်းပေါင်းများစွာ လာလည်ကြတယ်. ဒီ season ကတော့ အများဆုံးပေါ့. Travel bloggers တွေ social influencers တွေ ဓါတ်ပုံလာရိုက်ကြတာ တွေ့ခဲ့တယ်

ဘာကြောင့် အဲ့ဒီရွာလေးက နာမည်ကြီးတာလဲဆိုတော့ 🧡

ရွာလယ်တည့်တည့်ကို River Windrush မြစ်လေးစီးဆင်းနေပြီး မြစ်ပေါ်မှာ ကျောက်တံတားလေးတွေထိုးထားတယ်. အဲ့ရွာလေးကို The Venice of the Cotswolds လို့လဲခေါ်ကြတယ်

ဒီရွာလေးမှာ honey-coloured နဲ့ stone အိမ်လေးတွေ အရမ်းကိုလှတဲ့ ပန်းခြံလေးတွေ ရှိတဲ့အတွက် ပုံပြင်လေးထဲက ထွက်လာတဲ့ ရွာလေးတစ်ရွာလို အရမ်းအေးချမ်းတဲ့ vibe ကိုခံစားရတယ်. နေရာတိုင်းလိုလိုက ဓာတ်ပုံရိုက်ဖို့ အရမ်းလှတယ် အဲ့ဒါကြောင့်လဲ bloggers တွေအရမ်းသဘောကျကြတာ

16/06/2026

အုန်းနို့ခေါက်ဆွဲ craving ဖြစ်နေတာနဲ့ ချက်စားဖြစ်တာလေး 🥰

10/06/2026

My favourite spots in North Devon ❤️

One of my favourite coastal town in the UK 🇬🇧 🌊 North Devon is one of the hidden gems in England ❤️လမ်းတစ်လျှောက် countr...
09/06/2026

One of my favourite coastal town in the UK 🇬🇧 🌊

North Devon is one of the hidden gems in England ❤️
လမ်းတစ်လျှောက် countryside view တွေက တကယ်လှပြီး ရောက်သွားတဲ့အချိန်မှာ အရမ်းလှတဲ့ coastline ကြီးတွေ dramatic waves တွေမြင်လိုက်ရတဲ့အခိုက် စိတ်ထဲအရမ်း အေးချမ်းတဲ့ feeling မျိုးကို ပေးတယ်.

I’d definitely visit this beautiful place again 💙

Address

Yangon

Telephone

+959897308544

Website

Alerts

Be the first to know and let us send you an email when Hnin's Era posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share