Three Seasons Online Shop

Three Seasons Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Three Seasons Online Shop, Yangon.

04/11/2021
ထိမိနေရော 😁
20/10/2021

ထိမိနေရော 😁

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့©©©©©©©©©©©©©©သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးန...
19/10/2021

သီတင်းကျွတ်လပြည့် အဘိဓမ္မာ
အခါတော်နေ့
©©©©©©©©©©©©©©

သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင့်မိုပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဘူးသော သန္တုဿီတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ သမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။[၁]

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)

Credit

သခင်ကိုယ်တော်ဘန်း   credit
26/09/2021

သခင်ကိုယ်တော်ဘန်း

credit

နင့်မို့ခင်လို့ ပြောပြတာနော်ဆို အဲ့ဒါလူကုန်ပြီ 😂
20/09/2021

နင့်မို့ခင်လို့ ပြောပြတာနော်ဆို အဲ့ဒါလူကုန်ပြီ 😂

ဘယ်လိုတွေတောင် ချစ်စရာကောင်းလဲနော်
19/09/2021

ဘယ်လိုတွေတောင် ချစ်စရာကောင်းလဲနော်

🥴🥴
14/09/2021

🥴🥴

ဒီအချိန်မှာမိမိထက်ချမ်းသာတဲ့လူနဲ့လဲ မယှဉ်နဲ့မိမိထက် ဆင်းရဲတဲ့သူနဲ့လဲ မယှဉ်နဲ့ကိုယ့်ဘဝဟာ ကိုယ့်ဘဝပဲအဲ့လိုပဲလက်ထဲရှိတဲ့ပို...
11/09/2021

ဒီအချိန်မှာ
မိမိထက်ချမ်းသာတဲ့လူနဲ့လဲ မယှဉ်နဲ့
မိမိထက် ဆင်းရဲတဲ့သူနဲ့လဲ မယှဉ်နဲ့

ကိုယ့်ဘဝဟာ ကိုယ့်ဘဝပဲ

အဲ့လိုပဲ

လက်ထဲရှိတဲ့ပိုက်ဆံကို
ဒေါ်လာဈေးနဲ့လဲ မယှဉ်နဲ့
ရွှေဈေးနဲ့လဲ မယှဉ်နဲ့

ကိုယ့်လက်ထဲရှိတဲ့ပိုက်ဆံက ကိုယ့်ပိုက်ဆံပဲ

လက်ထဲရှိတဲ့ရွှေလဲကြောက်ပြီးမရောင်းနဲ့
လက်ထဲရှိတဲ့ပိုက်ဆံလဲကြောက်ပြီး ရွှေမဝယ်နဲ့တော့

ခဏစိတ်ငြိမ်ဖို့ကြိုးစား

အကြွေးပေးစရာရှိရင် အခုဆပ်ထား အဲ့ဒါအမြတ်ပဲ။ရုန်းကန်ဖို့မကြိုးစားနဲ့ လှုပ်လေမြုပ်လေဖြစ်မယ်။
ရပ်တည်လို့မရတော့ရင် အပြီးရပ်ပြစ်လိုက်။
ကျန်တာလေးနဲ့ စည်းကမ်းရှိရှိနေ။ အခြေအနေက ဒီထက်ဆိုးအုံးမယ့်သဘောမှာရှိတယ်။
အခြေအနေကောင်းတဲ့အချိန် ပြန်စနိုင်ဖို့သာ ပြင်ဆင်ထား။
ချိုးချံချွေတာပြီးနေ မလိုတာတွေလုံးဝမသုံးနဲ့။
ယံယံခေါက်ဆွဲတစ်ထုပ် ၅၀၀ ဝယ်ပြုတ်စားမယ့်အစား ရှမ်းခေါက်ဆွဲ ၅၀ သား ၆၀၀ ဝယ်ပြီးအိမ်မှာချက်စားရင် တစ်အိမ်လုံးစားလိုရတယ်။ ကျန်းမာရေးနဲ့လဲညီညွှတ်တယ်။ ငွေ ၁၀၀၀ ကိုတောင် အလဟသ မသုံးမိစေနဲ့။

အသက်ရှင်နေမယ်
နေဖို့ရှိမယ် စားဖို့မပူရဘူး ဆို အလွန်ကုသိုလ်ကံ ကောင်းနေပြီလို့ယူဆ။

ကျန်တာမတွေးနဲ့။ အရေးကြီးတာကိုလဲ မမေ့နဲ

ကြေကွဲ
05/09/2021

ကြေကွဲ

ထပ်တူကျနေပါပြီ
27/08/2021

ထပ်တူကျနေပါပြီ

🥴
08/08/2021

🥴

မြန်မာနိုင်ငံမှာ ခုဆို ကိုဗစ်က တတိယလှိုင်းပြန်စလာခဲ့ပါပြီ အရင်ကထက် ပိုကူးစက်မြန်တဲ့အတွက် Mask ကို ၂ထပ်တပ်မှ စိတ်ချရမယ်လိ...
03/07/2021

မြန်မာနိုင်ငံမှာ ခုဆို ကိုဗစ်က တတိယလှိုင်းပြန်စလာခဲ့ပါပြီ

အရင်ကထက် ပိုကူးစက်မြန်တဲ့အတွက် Mask ကို ၂ထပ်တပ်မှ စိတ်ချရမယ်လို့ ပညာရှင်တွေက အဆိုပြုထားပါတယ်

ဆေးရုံဆေးခန်းတွေ ခက်ခဲလာတဲ့အချိန်မှာ ကိုဗစ်ကူးစက်ခံရခဲ့ပါက WHO မှ ညွှန်ကြားထားသော အိမ်တွင်းကုသပုံကို မျှဝေပေးချင်ပါတယ်ရှင်

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Three Seasons Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share