Thamee Naung Food Service

  • Home
  • Thamee Naung Food Service

Thamee Naung Food Service Fresh, Clean & Safe Foods For You

သမီးနောင်းချစ်သူများအတွက် မုန်လာဥနီစားသုံးခြင်းဖြင့် ကင်ဆာရောဂါအများစုကို ကာကွယ်နိုင်စွမ်းရှိကြောင်းကို မျှဝေပေးချင်ပါတယ...
22/01/2026

သမီးနောင်းချစ်သူများအတွက် မုန်လာဥနီစားသုံးခြင်းဖြင့် ကင်ဆာရောဂါအများစုကို ကာကွယ်နိုင်စွမ်းရှိကြောင်းကို မျှဝေပေးချင်ပါတယ်။
မုန်လာဥနီမှာပါဝင်တဲ့ ပေါ်လီအဆီတိုင်လင်း (Polyacetylene) ဟာ အူမကြီးကင်ဆာ ကာကွယ်ရာမှာ အလွန်အစွမ်းထက်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ (Dietary fibers) ဝမ်းမှန်စေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ အူမကြီးကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သူ့မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ကယ်ရိုတီနွိုက်တွေ၊ဗီတာမင်တွေနဲ့ အိုမီဂါ-၃ ဟာ ကင်ဆာကာကွယ်ရေးအတွက် အဓိက အထောက်အကူပြုပါတယ်။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ မုန်လာဥနီကို စားသုံးတဲ့အခါ ဘယ်လိုပုံစံမျိုးတွေနဲ့ စားသုံးသင့်ပါသလဲ❓❓

မုန်လာဥနီရဲ့ အပေါ်ယံအလွှာကို ဖယ်ရှားပြီး မလှီးခင် ရေဆေးပြီးမှသာ အစိမ်းအတိုင်းဖြစ်ဖြစ်၊ ကြော်လှော်ချက်ပြုတ်ပြီးဖြစ်ဖြစ် စားသုံးရပါမယ်။ ဒါ့အပြင် မုန်လာဥနီကို အပူချိန်များများနဲ့ အချိန်အကြာကြီး ချက်ပြုတ်တာကို ရှောင်ကြဉ်ရပါမယ်။ အဲ့ဒါမှ အာဟာရဓာတ်တွေပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းကောင်းတစ်ခွက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

မုန်လာဥနီကို ဖျော်ရည် ပြုလုပ်သောက်သုံးရာမှာလည်း အနေတော်လေးတွေတုံးပြီး နို့အနည်းငယ်ထည့်ပြီး သဘာဝအတိုင်း ဖျော်သောက်သင့်ပါတယ်။ သတိပြုရမယ့် အချက်အနေနဲ့ကတော့ မုန်လာဥနီဟာ မြေကြီးထဲမှာရှိတဲ့ ဓာတ်ပစ္စည်းတွေကို စုပ်ယူလေ့ရှိတာကြောင့် စိုက်ပျိုးထုတ်လုပ်ရာမှာ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေ မသုံးထားတဲ့ အော်ဂဲနစ်မုန်လာဥ အမျိုးအစားဖြစ်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါ တိုက်ဖျက်တဲ့နေရာမှာ စားသုံးမယ်ဆိုရင် ဒီအချက်ဟာ အထူးအရေးပါလှပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အော်ဂဲနစ်မုန်လာဥ အမျိုးအစားကို ပြောင်းလဲစိုက်ပျိုးသင့်ပါတယ်။

ဒုတိယအချက်ကတော့ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်အေဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင် အမျိုးအစား (Fat soluble vitamin) ဖြစ်တာကြောင့် စားသုံးဆီအနည်းငယ် ထည့်ပြီး ချက်ပြုတ်စားသုံးပါက အူနံရံကနေ စုပ်ယူမှု အရမ်းကောင်းမွန်စေပြီး အာနိသင် ပိုမိုထိရောက်စေပါတယ်။
Credit to original writer

သမီးနောင်းချစ်သူများအတွက် အာဟာရပြည့်ဝတဲ့ကြက်ဥပြုတ်နည်းလေး မျှဝေပေးချင်ပါတယ်။✅ကြက်ဥ ပြုတ်စားတယ်။ကြက်ဥ ပြုတ်ပြီး ချက်စားတယ...
07/12/2025

သမီးနောင်းချစ်သူများအတွက် အာဟာရပြည့်ဝတဲ့ကြက်ဥပြုတ်နည်းလေး မျှဝေပေးချင်ပါတယ်။

✅ကြက်ဥ ပြုတ်စားတယ်။
ကြက်ဥ ပြုတ်ပြီး ချက်စားတယ်။

✅အချိန် ဘယ်လောက်ကြာကြာ ပြုတ်ကြတာလဲ၊
ကြက်ဥ ဘဲဥ ပြုတ်တာပဲ
မိနစ် ၃၀ ကြာလည်းပြသာနာမရှိဘူး။

✅ကြက်ဥကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲ ထမင်းချက်ရင် ထည့်ထားလိုက်၊

✅ထမင်းကျက်ရင် ကြက်ဥလည်းကျက်မယ်။ အဲ့လို လုပ်ကြတဲ့ လူ တော်တော်များများပါ။

🙅‍♀️နည်းလမ်းမှားနေတဲ့ အမှားကြီးပါ။
ကြက်ဥ အကြာကြီးပြုတ်ထားရင် ပုံမှာ ပြထားတဲ့ အတိုင်း ခဲရောင် ဖြစ်နေတယ်ဆိုရင် သင့်ကြက်ဥက လိုအပ်ချိန်ထက် ပိုပြုတ်လိုက်လို့ ကြက်ဥက ပေးတဲ့ အာနိသင် ကုန်နေပြီဆိုတာ
ပြနေတာဖြစ်ပါတယ်။

✅ဒါဆို ကြက်ဥ ပြုတ်ရင် အချိန် ဘယ်လောက်ယူရမှာလဲ မေးစရာရှိလာပြီ၊

✅၈ မိနစ် နှင့် ၁၃ မိနစ် ကြား
ပြုတ်ရင် သင်ပြုတ်တဲ့ ကြက်ဥ က သင့်အတွက် ကောင်းကျိူး ရစေမှာပါ။

to original writer & original photographer

19/08/2024

cooking noodle fried rice အယ်လဲ့

Thamee Naung မာလာရှမ်းကောကို ခုထိ တသသ ဖြစ်နေသေးတဲ့ အမရေကျေးဇူးပါရှင့်၊တချိန်ချိန် ပြန်ရောင်းနိုင်အောင် ကြိုးစားပါအုံးမယ်...
27/04/2024

Thamee Naung မာလာရှမ်းကောကို ခုထိ တသသ ဖြစ်နေသေးတဲ့ အမရေ
ကျေးဇူးပါရှင့်၊
တချိန်ချိန် ပြန်ရောင်းနိုင်အောင် ကြိုးစားပါအုံးမယ်နော်၊ 😘😘

Thamee Naung ချစ်သူများအတွက် ပန်းဂေါ်ဖီ (cauli flower) နဲ့ ပန်းဂေါ်ဖီစိမ်း (broccoli) ဘယ်တစ်ခု ပိုကောင်းမလဲဆိုတာလေး မျှဝ...
08/02/2024

Thamee Naung ချစ်သူများအတွက် ပန်းဂေါ်ဖီ (cauli flower) နဲ့ ပန်းဂေါ်ဖီစိမ်း (broccoli) ဘယ်တစ်ခု ပိုကောင်းမလဲဆိုတာလေး မျှဝေပေးပါရစေရှင့်။

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! ဆိုတော့ ၂ မျိုးစလုံးက အာဟာရဓာတ် ပြည့်ဝသလို အရသာလည်း ရှိပါတယ်။ ကျန်းမာရေးကိုလည်း ကောင်းကျိုးပြုကြသလို တစ်မျိုးစီမှာ မတူညီတဲ့ ကျန်းမာရေး အာနိသင် ထူးလေးတွေလည်း ရှိကြပါတယ်။

ပန်းဂေါ်ဖီစိမ်းက ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေသလို ဗီတာမင် K ၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဒြပ်ပေါင်း တစ်ခုဖြစ်တဲ့ sulforaphane လည်း ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီမှာ ဗီတာမင် C ပါဝင်မှုက ပန်းဂေါ်ဖီစိမ်းမှာလောက် မများပေမယ့် အမျှင်ဓာတ် နဲ့ ကယ်လ်ဆီယမ် ပါဝင်မှုကတော့ မလျော့ပါဘူး။ ဒါတွေအပြင် ဗီတာမင် K၊ ခိုလင်း တို့လိုမျိုး ဦးနှောက်ကို အကျိုးပြုပေးနိုင်တဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အ​ရောင် ကျစေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။

သဘာဝကနေရတဲ့ အသီးအရွက်တိုင်းက ကျန်းမာရေး ကောင်းကျိုးပြုတာကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက် တစ်မျိုးမျိုးကို ပါဝင်အောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

Credit- Helloဆရာဝန်

အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ငှက်ပျောသီးရဲ့ အကျိုးကျေးဇူးတွေကို Thamee Naung ချစ်သူများအတွက် မျှဝေပေးလိုက်ပါတယ်ရှင့်။၁) ရိ...
08/01/2024

အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ငှက်ပျောသီးရဲ့ အကျိုးကျေးဇူးတွေကို Thamee Naung ချစ်သူများအတွက် မျှဝေပေးလိုက်ပါတယ်ရှင့်။

၁) ရိုးတွင်းချဉ်ဆီလျော့လာပြီး
အရိုးအဆစ်နာကျင်သူများ ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတဇွန်း တို့၍နေ့စဉ်စားပါ

၂) အစာအိမ်ကင်ဆာသမားများနှင့်အရိုးကင်ဆာသမားများ ငှက်ပျောသီးကို နနွင်းမှုန့်နဲနဲနဲ့ တို့စားပါ

၃) စိတ်ဖိစီးပြီးစိတ်ညစ်မှု ဝေဒနာဖြစ်ရင် ငှက်ပျောသီး၃လုံးကိုပျားရည်နဲ့ကြော်စားပါ

၄) ကျောက်ကပ်အားနည်းကျောက်ကပ်နာကျင်မှုအတွက် သဘာဝပိုတက်စီယံ ဖြည့်စွက်စာအဖြစ် (ဖီးကြမ်း)ငှက်ပျောသီးကို သာစားပါ

၅) အူမကြီးမြန်ဆန်စွာအလုပ်လုပ်နိူင်ရန် နှင့်အူသန့်စင်စေရန် ဖီးကြမ်းငှက်ပျောသီးမှည့်အိပျော်နေတာကိုဆားမီးလှော် /ဆားမီးဖုတ်နဲ့တို့စားပါ

၆) မျက်စိမှုန်ခြင်း မျက်စိတိမ်ကပ်ခြင်းများအတွက် ငှက်ပျောသီး အသား ကို ချေပီး မျက်ကွင်းအောက်နားတဝိုက်ကို ၁၀မိနစ်ခန့်သုတ်ထားပြီးရေနွေးနွေးနဲ့ပြန်ဆေးချပါ။

၇) ဝမ်းချူပ်ပြီးအပူအပုပ် ထွက်စေရန် ငှက်ပျောသီးကို ဒိန်ချဉ် ၃ဇွန်းနဲ့စားပါ

၈) ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိဖြစ်နေပါက ငှက်ပျောသီး ကို အုန်းနို့နဲ့ပေါင်းစားပါ

၉) လေးဘက်နာအဆစ်အမြစ်ကိုက်ခဲနေသူများ ငှက်ပျောသီးကို ထိပ်နဲ့ဖင် ဖြတ် အခွံကျွမ်းအောင် မီးကင် ၍ အထဲမှအသားကိုစားပါ။

၁၀) တင်းတိပ်နဲ့အမည်းစက်များ မီးလောင် ဒဏ်ရာများမှေးမှိန်ချင်ရင် ငှက်ပျောသီးအသားနဲ့ ဒိန်ချဉ်ကိုရောမွှေ၍ ပါးပါးလူးပေးပြီးဆယ်မိနစ်မှာရေနွေးနွေးနဲ့ဆေးချပါ။

ရင်ကျပ်နေချိန် မစားရ။
နေပူပူထဲသွားလာရင်းမစားရ။
ငှက်ဖျားဖြစ်ဖူးသူများ သီးမွှေး ငှက်ပျောသီးမတည့်ပါ။
ကိုယ်ပူနေချိန် ငှက်ပျောသီး ကိုအဖန်ရည်ထွက်အောင် ပြုတ်ပီးမှစားပါ ။
ပုံမှန်ကျန်းမာနေသူများ အာဟာရဖြည့်ရန်စားလိုပါက သီးမွှေး၊ဖီးကြမ်း ၊ ဘယ်ငှက်ပျောသီးမဆို စားနိုင်ပါတယ် ။

(အားရှိတာနဲ့ ဝိတ်တက်တာ မသဲကွဲတဲ့သူတွေ စာဖတ်ပါ လေ့လာပါ )

အမှန်တကယ် ပိုနားလည်လိုသူများအာဟာရပညာရှင် များနဲ့ ပညာကြေးပေးဂါရဝထားပြီး ဆွေးနွေးပါ

!
#ငှက်ပျောသီး ကောင်းကျိုး
Khin Cham Myae Thu (I T O)
Diploma By အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC)

အသီးအရွက်မကြိုက်တဲ့သူတောင် မငြင်းမဆန်ပဲ စားကြတဲ့ (အရိုးရှင်းဆုံး) ကန်စွန်းရွက်ကြော်ဟင်းတစ်ခွက်ကနေ_ရနိုင်တဲ့_အကျိုးကျေးဇူ...
14/11/2023

အသီးအရွက်မကြိုက်တဲ့သူတောင် မငြင်းမဆန်ပဲ စားကြတဲ့ (အရိုးရှင်းဆုံး) ကန်စွန်းရွက်ကြော်ဟင်းတစ်ခွက်ကနေ_ရနိုင်တဲ့_အကျိုးကျေးဇူးများ ကို Thamee Naung ချစ်သူများအတွက် sharing လုပ်ပေးပါရစေရှင့်၊

ကန်စွန်းရွက် ဆိုတာနဲ့ ကန်စွန်းပလိန်း ပူပူလေးကို ပြေးမြင်ကြမှာပါပဲ။ ကန်စွန်းရွက်ကို ကြော်စား၊ ချဉ်ရည်ချက်စားကြသလို လူကြိုက်များတဲ့ ကော်ရည်ခေါက်ဆွဲ၊ ဟော့ပေါ့၊ မာလာရှမ်းကော တို့မှာလည်း သူပါတာပဲလေ။

ဒီလို အမြဲစားနေကျ ကန်စွန်းရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါတယ်၊ ဘာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲ ဆိုတာ မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေး ဖတ်ပြီး ကန်စွန်းရွက် မကြာမကြာ စားဖြစ်တယ်ဆို ဘယ်လောက် အကျိုးထူးသွားလိုက်မလဲ။ ကန်စွန်းရွက်က –

#သွေးတွင်းကိုလက်စထရောကျစေတယ်
ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက် စားပေးတာက Triglycoside လိုမျိုး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေတာပါ။

#အသည်းအတွက်ကောင်းတယ်

ကန်စွန်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အသည်းကို အဆိပ်အတောက် ကင်းစင်စေဖို့နဲ့ အသည်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ပြန်လည်ကုစားရာမှာ အထောက်အကူပေးပါတယ်။ အဆိပ်ပြေစေတယ် လို့ဆိုကြတဲ့ ကန်စွန်းရွက်ရဲ့ အစွမ်းသတ္တိတွေပေါ့။

#သွေးအားနည်းရောဂါ_ကာကွယ်တယ်
သံဓာတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာဆို သံဓာတ်ကို ပိုပြီး အရေးတကြီး လိုအပ်ပါတယ်။ သံဓာတ် ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုကို အားပေးပြီး သွေးအားကောင်းစေမှာပါ။ ကန်စွန်းရွက်နုနုလေးတွေဟာ သွေးအားနည်းသူတွေအတွက် အကောင်းဆုံး ဓာတ်စာပါပဲ။

#အစာကြေစေတယ်၊ ဝမ်း မှန်စေတယ်
ကန်စွန်းရွက် ရဲ့ အမျှင်ဓာတ်တွေ က အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် လုံလောက်အောင် ရရှိတဲ့အခါ အစာချေဖျက်နိုင်စွမ်း ပိုကောင်းစေတယ်၊ ဝမ်းမှန်စေတယ်။ ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားတာနဲ့ ရေလုံပြုတ်စားတာမျိုး ပြုလုပ်ပေးပါ။

#မျက်စိအားကောင်းစေတယ်
မျက်စိအားကောင်းချင်တယ်ဆို ကန်စွန်းရွက်လေး စားပေးပါ။ ကန်စွန်းရွက် မှာ မျက်စိကျန်းမာရေးအတွက် အဓိက အရေးပါတဲ့ ဗီတာမင် အေ နဲ့ lutein ဓာတ်တွေ ပါဝင်တယ်လေ။ ကန်စွန်းရွက်က မျက်စိအတွင်းတိမ် ဖြစ်ခြင်းကို ကာကွယ်ပေးတဲ့ glutathione ပမာဏ ကိုလည်း မြှင့်တင်ပေးပါတယ်။

#ကိုယ်ခံအားကောင်းစေတယ်
ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပါသေးတယ်။ ကန်စွန်းရွက်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ free radicals တွေကို လျှော့ချပေးတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ရှိနေတဲ့အပြင် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အစွမ်းကြောင့် ကိုယ်ခံအားစနစ် ကျန်းမာစေဖို့ အထောက်အကူဖြစ်စေတာပါ။

#နှလုံးကျန်းမာစေတယ်
ကိုလက်စထရော တွေကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ မဖြစ်စေတော့ဘဲ နှလုံးနဲ့ လေဖြတ်တာတွေ လျှော့ကျစေပါတယ်။

ဗီတာမင် အေ နဲ့ စီ တို့လို မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါရှိတဲ့ အပြင် သွေးတွင်းကိုလက်စထရောပါ ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောပိတ်တာ၊ နှလုံးထိခိုက်တာ၊ လေဖြတ်တာတွေ ကာကွယ်ပြီးသားဖြစ်စေပါတယ်။

ဖောလိတ်ဓာတ် ပါဝင်မှု ကြောင့် နှလုံးထိခိုက်၊ လေဖြတ်ခြင်း တို့ကို ဖြစ်စေတဲ့ အန္တရာယ်ဓာတ်ပစ္စည်း homocysteine ကို ဟန့်တားပေးနိုင်တယ်၊ မဂ္ဂနီဆီယမ် ကြောင့် သွေးဖိအားကို ကျစေပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

#ဆီးနဲ့ကျောက်ကပ်ကျန်းမာရေးကိုကောင်းကျိုးပြုတယ်
ကျောက်ကပ် မကျန်းမာလို့၊ ဆီး ပြဿနာတွေ ရှိလို့ ခံစားနေရတယ် ဆိုရင်လည်း ကန်စွန်းရွက် စားပေးတာ ကောင်းပါတယ်။ ကန်စွန်းရွက်မှာ ရေဓာတ် ပါဝင်မှု များတာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုတာပါ။ ဒါဆိုရင် ကျောက်ကပ် ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။

#အရေပြားကျန်းမာရေးအတွက်ကောင်းတယ်
ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အရေပြားဆဲလ်တွေ အသစ် ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်။

အရေပြားမှာ အမာရွတ် ဖြစ်ပေါ်ခြင်း၊ အနီစက်တွေ ဖြစ်ပေါ်စေခြင်းကို သက်သာစေနိုင်ပါတယ်။ အင်းဆက် ကိုက်တာကြောင့် အမာရွတ် ကျန်ခြင်းကို သက်သာစေချင်တယ် ဆိုရင် အနာပေါ် ကန်စွန်းရွက် အေးအေးလေး ကပ်ပေးတာနဲ့ အဆင်ပြေသွားနိုင်ပါတယ်။

Hello ဆရာဝန်

Thamee Naung ချစ်သူများအတွက် #ကျန်းမာရေး ဗဟုသုတ မျှဝေပါရစေနော်။ကိုယ်ခံအားကိုမြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်းအလွန်ရိုးရ...
18/07/2023

Thamee Naung ချစ်သူများအတွက်
#ကျန်းမာရေး ဗဟုသုတ မျှဝေပါရစေနော်။

ကိုယ်ခံအားကိုမြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်း

အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်းတစ်မျိုးကို ကျန်းမာရေးသတင်းများစာမျက်နှာမှ မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီသံပုရာဆမ်း ဖြစ်ပါတယ်။

(၁) ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။

(၂) ပုံထဲကအတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေးပါနဲ့။

(၃) ကြက်သွန်နီပေါ်ကို သံပုရာသီးညှစ်ထည့်ပါ။

(၄) ချိုတဲ့အရသာပေါ်လာပါမည်။ မွှန်တဲ့အနံ့များ ပျောက်သွားမည်။

(၅) ၄င်းကြက်သွန်နီသံပုရာဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့်သော်၄င်း၊ အခြားအစားအစာများနှင့်သော်၄င်း တွဲစားနိုင်ပါသည်။

ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။
ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်လုပ်၍ စားသုံးနိုင်ပါတယ်။

ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ဝါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။

ကြက်သွန်နီသံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်

(၁) ကိုယ်ခံအားကို မြင့်တက်စေမည်။
(၂)လေထဲတွင်ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။
(၃) ပိုးမွှားများကို သေစေနိုင်ပါသည်။
(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။
(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။
(၆) အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်။
(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။
(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။

ရိုးရှင်းလွယ်ကူသော ကြက်သွန်နီသံပုရာဆမ်းနည်းကို အလွယ်တကူ ပြုလုပ်၍ စားသုံးခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

တဆင့် ပြန်လည်မျှဝေပါသည်။
မူရင်းပို့စ်ပိုင်ရှင်ကို Credit. ပေးပါတယ်။

(ဆီဈေးတွေတက်နေချိန်မှာ တချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ရအောင် Thamee Naung ချစ်သူများကို sharing လုပ်ပေးလိုက်ပါတယ်ရှင့်) လူတေ...
11/09/2022

(ဆီဈေးတွေတက်နေချိန်မှာ တချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ရအောင် Thamee Naung ချစ်သူများကို sharing လုပ်ပေးလိုက်ပါတယ်ရှင့်)

လူတော်တော်များများကကြော်ထားတဲ့အရာတွေကို စားသုံးရတာ ခံတွင်းတွေ့ကြပါတယ်။ အာလူးချောင်းကြော်၊ ကြက်ကြော်၊ ငါးကြော်၊ အသားကြော်တွေ အပြင် အမျိုးမျိုးသော အကြော်တွေကို ခံတွင်းတွေ့စွာနဲ့ စားသုံးကြပါတယ်။ကြော်ထားတာတွေက တာရှည်ခံသလို စားသုံးရတာလည်း အဆင်ပြေ အရသာတွေ့တာကြောင့် ဆီကြော်တွေစားသုံးမှုက တစ်နေ့တခြားစားသုံးမှုများလာခဲ့ပါတယ်။ တကယ်တော့ ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေက ကယ်လ်လိုရီပါဝင်မှုများသလို အသွင်ပြောင်းအဆီတွေပါဝင်မှုလည်းတော်တော်လေးများပါတယ်။ ဒါကြောင့်ဆီကြော်အစားအစာတွေကို စားမယ်ဆိုရင် ကျန်းမာရေးအပေါ်မှာ ထိခိုက်နိုင်တဲ့ အတိုင်းအတာကတော်တော်လေးများပါတယ်။

မနက်စာကနေစလို့ ညအိပ်ရာမဝင်ခင်အထိ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ဆီနဲ့ကြော်ထားတဲ့အစားအစာတွေက မပါမဖြစ်ပါဘဲ။ ဒီအစားအစာတွေက အစာခြေစနစ်အပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို ထိခိုက်စေနေတာပါ။ ဆီကြော်ဆိုလို့ မနက်စာစားလေ့ရှိတဲ့ စမူဆာ၊ ပလာတာ၊ အီကြာကွေးတွေတင်မဟုတ်ပါဘူးနော်။ မုန့်ဟင်းခါးတွေ၊အသုပ်တွေထဲမှာ ထည့်စားလေ့ရှိတဲ့ အကြော်တွေ၊ အကြော်စုံ၊နေ့ခင်စားအဖြစ်စားတတ်တဲ့ ကြက်ကြော်၊ငါးကြော်တွေနဲ့ ဆီနဲ့ကြွပ်ကြွပ်ကြော်ထားတဲ့ အစားအစာတွေ၊ အသင့်စားအာလူးကြော်တွေ၊ ငါးမုန့်ကြော်တွေမှာလည်းပြည့်ဝဆီတွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်အတွက် မကောင်းတာကတော့ အမှန်ပါပဲ။ ဒါကြောင့် အကောင်းဆုံးသောနည်းလမ်းကနေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆီကြော်တွေစားသုံးမှုကိုလျှော့စားဖို့ပြောပါရစေ။

Credit- Aye Thi Mon
Hello Sayawon

Thamee Naung ချစ်သူများ ကွန်ပြူတာ၊ ဖုန်းအကြည့်များပြီး၊ အမြင်အာရုံချို့ယွင်းလာပါက မျက်စိကျန်းမာရေးအတွက် စားသုံးသင့်သည်မျ...
04/08/2022

Thamee Naung ချစ်သူများ ကွန်ပြူတာ၊ ဖုန်းအကြည့်များပြီး၊ အမြင်အာရုံချို့ယွင်းလာပါက မျက်စိကျန်းမာရေးအတွက် စားသုံးသင့်သည်များကို မျှဝေပေးလိုက်ပါတယ်ရှင့်၊

ကြက်ဥ
ကြက်ဥမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓာတ်တွေအပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

ရေ
ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးမှ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာ၊ မျက်စိအမြင်အာရုံချို့ယွင်းတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ငါး
ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓာတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။

ပဲ နဲ့ အခွံမာသီး အမျိုးမျိုး
အခွံမာသီးနဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ပဲနီလေးတို့ကို စားပေးရင် မျက်စိအားကောင်းစေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အစေ့အဆန်
နေကြာစေ့၊ ဖရုံစေ့၊ ပင်ပွားစေ့၊ ပီစတာချီရိုစေ့၊ ဗာဒံစေ့ တို့လို အစေ့အဆန်တွေမှာ ကြွယ်ဝတဲ့ဗီတာမင် E ကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။ ဒါတွေပုံမှန်စားပေးရင် အသက်ကြီးရင်တောင် မျက်စိတော်တော်နဲ့မမှုန်ပါဘူးတဲ့။

ဗီတာမင် C သစ်သီးတွေ
သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူ ဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြား ပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓာတ် ပါဝင်တာကြောင့် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။

မုန်လာဥနီ
လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။

ကန်စွန်းဥ
ဘီတာကယ်ရိုတင်းကြွယ်ဝပြီး ဗီတာမင် E ဓာတ်အပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

Hello Health Group

Address

Tosta Plaza, Thingangyun Township

Telephone

+959421081561

Website

Alerts

Be the first to know and let us send you an email when Thamee Naung Food Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Restaurant?

Share