19/02/2026
"အို... အလ္လာဟ်... မင်္ဂလာရှိသော ရမ်ဇာန်လ၏ ပထမဆုံးနေ့ကို ကျွန်တော်တို့အား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုနိုင်ခွင့် ပေးသနားတော်မူသော အရှင်မြတ်အား ရှကူရ်ပြုပါသည်။
အို... ကရုဏာတော်အရှင်... ဤမြတ်သောလ၏ အစကို ကျွန်တော်တို့အတွက် ကောင်းချီးမင်္ဂလာ၊ လမ်းညွှန်မှုနှင့် အေးချမ်းခြင်းတို့၏ အစအဖြစ် ပြုလုပ်ပေးသနားတော်မူပါ။ ဤလ၏ နေ့ရက်တိုင်းကို အရှင်မြတ်၏ အောက်မေ့ခြင်း၊ ကျေးဇူးတင်ခြင်းနှင့် အရှင့်အား ချစ်ခင်ရိုကျိုးသော နည်းလမ်းဖြင့် ကုန်လွန်စေရန် ကူညီပေးသနားတော်မူပါ။
အို... အလ္လာဟ်... ဤမြတ်သောလ၏ အစမှသည် အဆုံးတိုင်အောင် ကျွန်တော်တို့၏နှလုံးသားများကို အပြစ်များမှ သန့်စင်ပေးတော်မူပါ။ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၏ နာကျင်မှုကို သည်းခံနိုင်သော စိတ်ဓာတ်ကို ပေးသနားတော်မူပါ။ ညဉ့်တိုင်း၏ ဆုတောင်းခြင်းနှင့် နေ့တိုင်း၏ အစာရှောင်ခြင်းကို ကိုယ်တော်က လက်ခံတော်မူပါစေသား။
အို... သနားညှာတာတော်မူသော အရှင်... ဤရမ်ဇာန်လသည် ကျွန်တော်တို့အတွက် ကိုယ်တော်အရှင်မြတ်၏ဂရုဏာတော်နှင့် ကောင်းချီးများ ရရှိရန်၊ ကောင်းကင်ဘုံ၏တံခါးများ ဖွင့်လှစ်ခံရရန်နှင့် ငရဲမီး၏တံခါးများ ပိတ်ခံရရန် အကြောင်းခံပြုပေးသနားတော်မူပါ။
ရမ်ဇာန်လကုန်ဆုံးသောအခါ ကျွန်တော်တို့သည် အပြစ်များမှ လွတ်ငြိမ်းခွင့်ရပြီး ကိုယ်တော်အရှင်မြတ်၏ ဂရုဏာကို ရရှိသူများအဖြစ် နှုတ်ဆက်နိုင်ကြပါစေသား။
အာမီးန်။