Thinking,Writing and Sharing

Thinking,Writing and Sharing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thinking,Writing and Sharing, Yangon.

14/03/2026

ဘဝမှာ ဘယ်တော့ အောင်မြင်မလဲ မမေးနဲ့ ညီလေး အချိန်အတိအကျတော့အစ်ကိုလဲမသိဘူး အစ်ကိုသိတာ တစ်ခုပဲရှိတယ် အဲဒါက ခုန်နေဖို့ပဲ မှန်မှန်လေးပဲခုန်နေညီလေး အခွင့်အရေးနဲ့ကြုံတဲ့အချိန် မင်းအမြင့်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်သွားလိမ့်မယ်

**ခုန်နေတယ်ဆို ပုံမှန်လမ်းလျောက်တာထက်တော့ပင်ပန်းမှာပေါ့ ဒါပေမယ့် မင်းကအမြဲနိုးကြား‌ေနတော့ အခွင့်အရေးလာတဲ့အချိန် မင်းအမိအရဖမ်းဆုတ်နိုင်ဖို့ အတွေ့အကြုံရနေပြီ မင်းခုန်နေကျမို့ သာသာလေးအမြင့်ခုန်နိုင်မယ်**

#တွေးမယ်ရေးမယ်မျှဝေမယ်

နိုင်ငံရှိလျှက် နိုင်ငံပျောက်နေရတယ် ကိုယ့်မြေနဲ့ကို ငွေဝယ်ကျွန်တွေဖြစ်နေရတယ် ငါတို့မှာ အနာဂတ်တွေ ပျောက်ခဲ့ရပြီလေ
08/03/2026

နိုင်ငံရှိလျှက် နိုင်ငံပျောက်နေရတယ်
ကိုယ့်မြေနဲ့ကို ငွေဝယ်ကျွန်တွေဖြစ်နေရတယ်
ငါတို့မှာ အနာဂတ်တွေ ပျောက်ခဲ့ရပြီလေ

ဧည့်သည်ဖြစ်သွားသော အိမ်ရှင်

ခရီးသွားဖို့ လမ်းမပေါ်တက်လိုက်တာနဲ့ ကျွန်တော်တို့က ဧည့်သည်ထက် ပိုဧည့်သည်ဆန်သွားပါတယ်။

ဂိတ်တစ်ခုရောက်တိုင်း "ဘယ်ကလာလဲ၊ ဘယ်သွားမလဲ၊ မှတ်ပုံတင်ထုတ်ပါ" ဆိုတဲ့ မေးခွန်းတွေက ရွတ်ဖတ်သံတွေလို ဆက်တိုက်ပဲ။

ဒါပေမဲ့ ဘေးကနေ ဖြတ်သွားတဲ့ မြန်မာ စကားတောင် မပြောတတ်တဲ့ ကျားဖြန့် လိုလို လူ တွေ ကိုကျတော့ "Welcome" ဆိုတဲ့ အပြုံးနဲ့ လက်ပြနှုတ်ဆက်လိုက်တာ မြင်ရင်၊ ကိုယ့်မှတ်ပုံတင်ကို ကိုယ်ပြန်ကြည့်ပြီး "ငါကရော ဘယ်နိုင်ငံသားပါလိမ့်" လို့ တွေးမိစေပါတယ်။

အိမ်ခြံမြေကွက်စျေးနဲ့ "အပျင်းပြေ" ဝယ်သူများ

မြေကွက်စျေးနှုန်းတွေကို ကြည့်လိုက်ရင်တော့ ပိုတောင် ရင်နာဖို့ကောင်းပါသေးတယ်။
မြေစျေး တက်တာ အကြောင်းမဲ့ မဟုတ် သရေစာ လို ပက်ခနဲ ဝယ်နိုင်တဲ့သူ တွေ ရှိလို့ပါ။

ကျွန်တော်တို့ နိုင်ငံသားတွေအတွက်ကတော့ တစ်သက်လုံး ရှာသမျှ စုဆောင်းပြီး "တစ်ကွက်" ရဖို့ နတ်ပြည်တက်ရသလို ခက်ခဲနေချိန်မှာ၊ ထိုသူ တွေအတွက်ကတော့ အဲဒီစျေးနှုန်းက "ညစာစားတဲ့ ဘေလ်" လောက်ပဲ ရှိတာပါ။

မိမိ နိုင်ငံသားအတွက်: "ဒီမြေကွက်လေးရဖို့ ဆယ်သက်လောက် စုရမလားမသိဘူး။"

ထိုသူတို့ အတွက်: "အိုး... ဒီနေရာလေးက ရှုခင်းလှသားပဲ။ စျေးကလည်း အပျင်းပြေ ဝယ်ထားလို့ရတဲ့ စျေးလေးပဲ။ တစ်မြို့လုံး သိမ်းလိုက်ရင် ကောင်းမလား။"

စစ်တိုက်စရာ မလိုပါဘူး။ ငွေစက္ကူလေးတွေနဲ့တင် အဓိက နေရာတွေကို ဝယ်သိမ်းပြီး "ဧည့်သည်က အိမ်ရှင်၊ အိမ်ရှင်က အိမ်ငှါး ပြန် ဖြစ်နေကြတာပါ။”

Brand New ကားနဲ့ "ပြတိုက်"

Brand New ကားတစ်စီးဆိုတာ မြန်မာနိုင်ငံသားတွေအတွက်တော့ Showroom မှန်လုံအိမ်ထဲမှာပဲ ထားကြည့်ရတဲ့ "ပြတိုက်ထဲက ပစ္စည်း" လိုဖြစ်နေပါပြီ။

စျေးနှုန်းက ဂဏန်းတွေအများကြီးနဲ့ အလှမ်းဝေးလွန်းလို့ အိမ်မက်တောင် သေချာမမက်ရဲဘူး။ နှစ်ဆွေးကားတွေ ကို တသသ စီးနေရ။

ဒါပေမဲ့ ထိုသူတို့ အမြင်မှာတော့ အဲဒီကားစျေးက "စက်ဘီးတစ်စီး ဝယ်ရသလောက်" ပဲ စျေးပေါနေသလိုမျိုး။

နိဂုံး

ကိုယ့်တိုင်းပြည်မှာ ကိုယ်နေရတာက တခါတလေကျတော့ ဟိုတယ်တစ်ခုမှာ ခဏလာတည်းတဲ့ ဧည့်သည်လိုပါပဲ။

စစ်ဆေးမေးမြန်းမှုတွေကြားမှာ ခေါင်းငုံ့နေရပြီး၊ စျေးနှုန်းတွေကြားမှာ အသက်ရှူကျပ်နေရတယ်။
ဧည့်သည်တွေကတော့ အိမ်ရှင်ထက် ပိုပြီး လွတ်လပ်၊ ပိုပြီး ချမ်းသာ၊ ပိုပြီး ပိုင်စိုးပိုင်နင်းနဲ့။

တကယ်တော့ ကျွန်တော်တို့က အိမ်ရှင်တွေ မဟုတ်တော့ပါဘူး။ "အိမ်လခ မပေးနိုင်လို့ နှင်ထုတ်ခံရတော့မယ့် အိမ်ငှားတွေ" များ ဖြစ်နေပြီလားလို့တောင် သံသယဝင်မိပါတော့တယ်။

ငါကဘယ်မြို့နယ်မှာ နေတာကွ ငါက ev ငါက ဆီကား တွေ့လား ငါ ဝယ် တာ မှန်တယ် မင်းတို့ ဒုက္ခ ရောက်ပြီ မလား ဆိုပြီး ဘဝ တူ အချင်းချင်း ကြွားစရာ မဟုတ် ပြိုင်ဆိုင် ကြွား ဝါ နေချိန် ထိုသူ တို့က မိမိ တို့ အခွင့် အရေး အနာဂါတ် တွေ ကို တဖြည်းဖြည်း ဝါးမျို နေပြီ ဖြစ်နေပြီ ဆိုတာ သတိချပ်ကြ ဖို့ လိုပါတယ်။

( တဆင့်ကူးယူ လျှင် မူရင်း ရေးသားသူ The Sarcastic Saint ကို credit ပေးကြပါရန်)

The Sarcastic Saint

03/02/2026

သတ္တိ

သတ်ရဲဖြတ်ရဲ သေရဲတာကိုမှ သတ္တိလို့ထင်ခဲ့ဖူးတယ်
ရဲစွမ်းသတ္တိရှိတဲ့လူ ဆိုတာ သွေးတွေပေကျံနေတဲ့သတ္တိခဲလူလို ထင်ခဲ့ဖူးတယ်
ကျောင်းသားဘဝမှာလဲ ဒီစကားလှိုင်လှိုင်သုံးခဲ့ကြဖူးတယ်
"သတ္တိရှိရင် မင်းနဲ့ငါချမလား"

ခုတော့ သတ္တိဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်ကို ကျွန်တော်သိခဲ့ပြီလေ

တကယ်တော့

-သည်းခံရမည့် နေရာမှာ သည်းခံနိုင်တဲ့သတ္တိရှိရမယ်

-ကိုယ်အတွက် အကျိုးမရှိတဲ့ အရာတွေအတွက် အချင်းမများပဲ ကိုယ့်အချိန်မဖြုန်းသင့်တဲ့ လူတွေကိုလျစ်လျှူရှုကျော်သွားနိုင်ဖို့ သတ္တိရှိရမယ်

-ကိုယ်မှားသွားတဲ့ကိစ္စမှာ ဝန်ခံရဲတဲ့သတ္တိရှိရမယ်

-ကိုယ်လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးအပြစ်တွေကိုလဲ ရင်ဆိုင်ရဲ့တဲ့သတ္တိရှိရမယ်

-ကိုယ်ဘဝ ကိုယ်ပတ်ဝန်းကျင်အတွက် တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်

ဒါမှ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့လူလို့ ခေါ်နိုင်မယ်

ကျွန်တော်တို့တတွေလဲ သတ္တိရှိတဲ့ လူတွေဖြစ်နိုင်အောင် ကြိုးစားရအုံးမည်

Address

Yangon

Telephone

+959780471848

Website

Alerts

Be the first to know and let us send you an email when Thinking,Writing and Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thinking,Writing and Sharing:

Share