Coffee CORNEr Basecamp

Coffee CORNEr Basecamp Welcome To The Base Camp Of Better Brews .

📢 ဆိုင်ပိတ်ရက်လေး အသိပေးချင်လို့ပါ Coffee CORNEr Basecamp ကို (၄) ရက်ကြာ ခေတ္တပိတ်ထားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ 🗓️ C...
26/04/2026

📢 ဆိုင်ပိတ်ရက်လေး အသိပေးချင်လို့ပါ

Coffee CORNEr Basecamp ကို (၄) ရက်ကြာ ခေတ္တပိတ်ထားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

🗓️ Closed: April 27 - April 30
🗓️ Re-open: May 1

အားပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူး
အထူးတင်ရှိပါတယ်။ May (1) ရက်နေ့ကြရင် အားလုံးနဲ့ ပြန်ဆုံချင်ပါတယ် 😍🙏🏻

24/04/2026

"Where the mountains meet the tracks, and the coffee meets the soul."

"📢 ဆိုင်ပိတ်ရက် အသိပေးခြင်း “ "နှစ်သစ်ကူး အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Coffee C...
17/04/2026

"📢 ဆိုင်ပိတ်ရက် အသိပေးခြင်း “

"နှစ်သစ်ကူး အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Coffee CORNEr မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏✨”

မြန်မာနှစ်ဆန်း (၁) ရက်နေ့ (ဧပြီလ ၁၇ ရက်) တွင် Coffee CORNEr ဆိုင်အား (၁) ရက်တာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဧပြီလ (၁၈) ရက်နေ့ကစပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်လို့ နှစ်သစ်ရဲ့ အစောဆုံး ကော်ဖီသောက်ဖို့ Coffee CORNEr Basecamp ကို လှမ်းခဲ့ကြပါဦးနော် ☕️

"

14/04/2026

သင်္ကြန်အကျနေ့မှာတော့ "မုန့်လက်ဆောင်း" စတုဒိသာလေး ကျွေးဖြစ်ပါတယ်ရှင့် 🥥✨

မနက်ဖြန် အကြတ်နေ့အတွက်လည်း
"မိုးကုတ် အုန်းနို့ကျောက်ကျော" လေး ကျွေးဖို့ ညကတည်းက အားတက်သရော ပြင်ဆင်နေကြပြီနော်။

ပျော်ရွှင်စရာ သင်္ကြန်ကာလလေး ပိုင်ဆိုင်နိုင်ကြပါစေရှင် ✨💦

14/04/2026

“သင်္ကြန်အကျနေ့ အတွက် မုန့်လက်ဆောင်း စတုဒိသာ အလှူ 🌿💦”

13/04/2026

"သင်္ကြန်အကြိုနေ့ရဲ့ နွေးထွေးတဲ့ နေရောင်ခြည်နဲ့ အေးမြတဲ့ ရေစက်လေးများ 🌿💦”

13/04/2026

မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

“ နှစ်သစ်မှာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားပြီး ဘေးဘယဝေးကွာကာ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ Coffee CORNEr မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ "

🌟 Congratulations to our "Employee of the Month" for March! 🌟ကျွန်တော်တို့ Coffee CORNEr Basecamp ရဲ့ March လအတွက် အကောင...
08/04/2026

🌟 Congratulations to our
"Employee of the Month" for March! 🌟

ကျွန်တော်တို့ Coffee CORNEr Basecamp ရဲ့ March လအတွက် အကောင်းဆုံးဝန်ထမ်းဆုကို Waiter အပိုင်းမှာ တက်တက်ကြွကြွနဲ့ တာဝန်ကျေပွန်ခဲ့တဲ့ ကိုအောင်မင်းထွန်း က ဆုရရှိသွားပါတယ်။

ဧည့်သည်တွေကို အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ ဝန်ဆောင်မှုပေးတတ်သလို၊ အလုပ်အပေါ်မှာလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးစားပေးလို့ ကျေးဇူးပါ ။ နောက်လတွေမှာလည်း ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🎉☕

Triple Fusion Surprise: Matcha Chili Mote Lone Yay Paw! 🍵🌶️🍡Coffee CORNEr မှာပဲရနိုင်မဲ့ Triple Fusion Surprise ကို စမ်း...
31/03/2026

Triple Fusion Surprise: Matcha Chili Mote Lone Yay Paw! 🍵🌶️🍡
Coffee CORNEr မှာပဲရနိုင်မဲ့ Triple Fusion Surprise ကို စမ်းသပ်ကြည့်ဖို့ အဆင်သင့်ပဲလား?
Tradition ကို Modern twist လေးနဲ့ ဆန်းသစ်လိုက်တဲ့ Matcha Chili Delight။ 🍵✨ Premium Matcha ရဲ့ Earthy ဖြစ်တဲ့ အရသာနဲ့အတူ မုန့်လုံးရေပေါ်ရဲ့ အိစက်ညက်ညောမှု၊ ပြီးတော့ ငရုတ်သီးရဲ့ Spicy Kick လေးကို တစ်ပြိုင်နက် ခံစားရမှာပါ။
April တစ်လတည်းသာ ရရှိနိုင်မယ့် Limited Edition မို့ အမြန်ဆုံး လာမြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ✨

ဝန်ထမ်းအလိုရှိသည်ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တွင်အသစ်ဖွင့်လှစ်ထားသော Coffee CORNEr Basecamp နှင့်လက်တွဲလုပ်က...
29/01/2026

ဝန်ထမ်းအလိုရှိသည်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တွင်အသစ်ဖွင့်လှစ်ထားသော Coffee CORNEr Basecamp နှင့်လက်တွဲလုပ်ကိုင်ရန် အောက်ပါဝန်ထမ်းများအလိုရှိပါသည်။

1. Kitchen Helper (2) post
• သန့်ရှင်းသပ်ရပ်စွာလုပ်ကိုင်နိုင်ရမည်။
• အလုပ်အပေါ် Respect ရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရမည်။
• ပေါင်းသင်းဆက်ဆံရေးအထူးကောင်းမွန်ရမည်။
• အသင်းအဖွဲ့နှင့် လိုက်လျှောညီထွေစွာ လုပ်ကိုင်နိုင်ရမည်။
• လစာ - ညှိနှိုင်း

2. Waiter / Waitress
• အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း ဖြစ်ရမည်။
• ကျန်းမာရေးကောင်းမွန်ပြီးသွက်လက်သူဖြစ်ရမည်။
• သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်တတ်သူဖြစ်ရမည်။
• ယဉ်ကျေးပျူငှာစွာပြောဆိုဆက်ဆံနိုင်သူဖြစ်ရမည်။
• လစာ - ညှိနှိုင်း

3. Purchaser (1) Post
• ကိုယ်ပိုင်ဆိုင်ကယ်အသုံးပြုသူဖြစ်ရမည်။
• တောင်ကြီးမြို့အတွင်းကျွမ်းကျင်စွာသွားလာနိုင်ရမည်။
• လိုအပ်သောပစ္စည်းများကို မှန်ကန်စွာဝယ်ယူနိုင်သူဖြစ်ရမည်။
• အဝယ်စာရင်းများကို တိကျစွာတင်ပြနိုင်ရမည်။
• လစာ - ညှိနှိုင်း

4. Security (1) Post
• ကျန်းမာသန်စွမ်း၍ ပင်ပန်းခံနိုင်သူဖြစ်ရမည်။
• အသောက်အစားကင်းရှင်းသူဖြစ်ရမည်။
• ဧည့်သည်များ၏ကား / ဆိုင်ကယ်များကို နေရာချထားပေးနိုင်ရမည်။
• လစာ - ညှိနှိုင်း

ဆက်သွယ်ရန်
+959 88 5544 331
+959 89 8689 500

“ အဆင်မပြေမှုများအတွက် Coffee CORNEr မှ တောင်းပန်ခြင်း “ Coffee CORNEr Basecamp စဖွင့်တဲ့ ဒုတိယမြောက်ရက်လေးမှာ လာရောက်အာ...
24/01/2026

“ အဆင်မပြေမှုများအတွက် Coffee CORNEr မှ တောင်းပန်ခြင်း “

Coffee CORNEr Basecamp စဖွင့်တဲ့ ဒုတိယမြောက်ရက်လေးမှာ လာရောက်အားပေးတဲ့ customers တဦးတယောက်ချင်းစီကို အထူးပဲကျေးဇူးတင်ပါတယ်ရှင့် 🥰

ဒီနေ့ တချိန်တည်းမှာ order တွေအရမ်းများသွားတာကြောင့်ရယ်၊ မီးအားအတက်အကျကြောင့် Pancake စက် အဆင်မပြေဖြစ်သွားတာရယ် ကြောင့် အကြာကြီးစောင့်လိုက်ရတဲ့ customers များနဲ့ အမှားအယွင်းဖြစ်သွားမှုများအပေါ် Coffee CORNEr team members များအားလုံးမှ အနူးအညွှတ်တောင်းပန်ပါတယ်ရှင့် 😢

“ လိုအပ်ချက်များကို အဖွဲ့သားများအားလုံး အကောင်းဆုံးပြင်ဆင်ပြီး ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားပါမယ်ရှင့်”

မင်္ဂလာပါ Coffee CORNEr မှ ကြိုဆိုပါတယ်ရှင့် 🎉လူကြီးမင်းတို့ရဲ့ နေ့ရက်တိုင်းကို လန်းဆန်းတက်ကြွစေဖို့ ကျွန်မတို့ Coffee C...
23/01/2026

မင်္ဂလာပါ Coffee CORNEr မှ ကြိုဆိုပါတယ်ရှင့် 🎉

လူကြီးမင်းတို့ရဲ့ နေ့ရက်တိုင်းကို လန်းဆန်းတက်ကြွစေဖို့ ကျွန်မတို့ Coffee CORNEr Basecamp ရဲ့ ဆိုင်ဖွင့်ချိန်လေးကို အသိပေးပါရစေရှင့် 📢

နေ့စဉ်ဆိုင်ဖွင့်လှစ်ချိန်:
[မနက် ၉:၀၀] နာရီ မှ [ည ၈:၀၀] နာရီအထိ ပိတ်ရက်
မရှိဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်ရှင့် 😍🥰

“ မွှေးရနံ့သင်းပျံ့တဲ့ ကော်ဖီတစ်ခွက်နဲ့အတူ သဘာဝတရားကြီးရဲ့ အလှအပကို ခံစားရင်း
အနားယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် “

☕️ ဒီနေ့ရော ကော်ဖီသောက်ပြီးပြီလား?

📍အမှတ် ၉၀/၁၇၇ ၊ ကမ္ဘောဇလမ်းသွယ် (၁)၊ သစ်တောရပ်ကွက် ၊ အောင်စင်္ကြာဆေးဝါးကျွမ်းကျင် ဘေးကပ်ရပ် ၊ တောင်ကြီးမြို့ ။

Ph - 09893382216 , 09794909294

Address

90/177, Kanbawza Lane (1), Thitdaw Quarter, Taunggyi . Near/Aung Sat Kyar Pharmacist
Taunggyi
06101

Website

Alerts

Be the first to know and let us send you an email when Coffee CORNEr Basecamp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category