Arirang Sakura Language Academy-ASLA

Arirang Sakura Language Academy-ASLA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arirang Sakura Language Academy-ASLA, Sitkwin.

광주광역시 해남မှာ ရှိတဲ့ 대흥사ကို 문화체험သွားခဲ့တာလေးပါဒီမှာလည်း လက်ဖက်ရည်ကို တကယ် အလေးထားပြီး သောက်ကြတဲ့ Culture ရှိတာမလို့ သူတို့...
28/04/2026

광주광역시 해남မှာ ရှိတဲ့ 대흥사ကို 문화체험သွားခဲ့တာလေးပါ
ဒီမှာလည်း လက်ဖက်ရည်ကို တကယ် အလေးထားပြီး သောက်ကြတဲ့ Culture ရှိတာမလို့ သူတို့က လေ့လာရေး အစီအစဉ်အနေနဲ့ပါ ထည့်ထားပြီး သေချာရှင်းပြပေးတာမျိုးပါ

ကိုယ်တိုင် လက်ဖက်ညွန့်ခူး နေလှန်း လှော်တာတွေထိ သင်ပေးပါတယ်
ပြီးတာနဲ့ ခဏနား နေ့လည်စာစားပြီး အဲ့ဒီက ဘုန်းတော်ကြီးက လက်ဖက်ရည်နဲ့ပတ်သက်တဲ့ သမိုင်းတွေ ရှင်းပြပေးတာပါ

မြန်မာက လက်ဖက်နဲ့ လက်ဖက်ခြောက်ကိုလည်း သတိရသွားရင်း အတွေ့အကြုံလည်း shareချင်လို့ မှတ်တမ်းယူလာဖြစ်သွားပါတယ်

ဘုန်းတော်ကြီးနဲ့ စကားပြောဖြစ်ရင်း အဲ့ဒီဒေသရဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေအကြောင်းပါ မေးကြည့်ဖြစ်သွားလို့ စိတ်ဝင်စားစရာလေးတွေလည်း သိလာခဲ့ရပါတယ်
အဲ့တာတွေလည်း တစ်ခုချင်း ဆက်တင်ပေးသွားပါမယ်နော်

도시의 밤은 조용하지 않아요.မြို့ပြတွေရဲ့ ညတွေဟာ တိတ်ဆိတ်မနေခဲ့ပါဘူး누군가는 아직 퇴근길에 있고, 누군가는 혼자 창가에 앉아 하루를 정리하고 있죠.တစ်စုံတစ်ယောက်ကတော့ ...
16/10/2025

도시의 밤은 조용하지 않아요.
မြို့ပြတွေရဲ့ ညတွေဟာ တိတ်ဆိတ်မနေခဲ့ပါဘူး

누군가는 아직 퇴근길에 있고, 누군가는 혼자 창가에 앉아 하루를 정리하고 있죠.
တစ်စုံတစ်ယောက်ကတော့ အခုထိ အိမ်ပြန်လမ်းပေါ်မှာပဲ ရှိနေသေးတယ်/ တစ်စုံတစ်ယောက်ကတော့ ပြတင်းပေါက်နားက ခုံလေးမှာထိုင်ရင်း တနေ့တာကို ပြန်သုံးသပ်နေတာပေါ့

작은 불빛 하나 켜진 방을 보면, 괜히 마음이 따뜻해져요.
မီးရောင်မှိန်မှိန်လေး ထွန်းထားတဲ့ အခန်းလေးကို လှမ်းကြည့်လိုက်ရင် အလိုလိုနေရင်း စိတ်ကလေးက နွေးထွေးသွားရတယ်

아, 나만 외로운 게 아니구나. 모두 이렇게 하루를 버티고 있구나.
အော်…ကိုယ်ပဲ အထီးကျန်နေတာ မဟုတ်ဘူးပဲ / အကုန်လုံးက ဒီလိုပဲ တနေ့တာကို သည်းခံကျော်ဖြတ်နေကြတာပဲ

그 생각 하나로, 묘하게 안심이 돼요. 오늘도 잘 견뎠다고 스스로를 토닥이게 되니까요.
အဲ့လို အတွေးတစ်ခုနဲ့ပဲ ထူးဆန်းစွာနဲ့ စိတ်သက်သာရာ ရသွားတယ် / ဒီနေ့လည်း ကောင်းကောင်း သည်းခံနိုင်ခဲ့တာပဲဆိုပြီးတော့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးနိုင်သွားတာမလို့လေ

가을바람이 불면 길가에 코스모스가 고개를 내밀어요.ဆောင်းလေညင်းလေးတွေ တိုက်ခတ်လာပြီဆိုရင် လမ်းဘေးဝဲယာမှာ Cosmos ပန်းကလေးတွေ ခေါင်းပြူလာကြပြီလေ연...
15/10/2025

가을바람이 불면 길가에 코스모스가 고개를 내밀어요.
ဆောင်းလေညင်းလေးတွေ တိုက်ခတ်လာပြီဆိုရင် လမ်းဘေးဝဲယာမှာ Cosmos ပန်းကလေးတွေ ခေါင်းပြူလာကြပြီလေ
연약해 보이지만, 거친 바람에도 부드럽게 흔들리며 제자리를 지키죠.
အားနည်း ပျော့ညံ့တဲ့ပုံစံ ဖြစ်နေပေမယ့် လေပြင်းတိုက်ခတ်လာရင်တောင် အလိုက်သင့်လေး ယိမ်းနွဲ့ရင်း ပုံစံမပျက်ရှိနေတတ်ကြပါတယ်
그 모습이 마치 우리 같아요 — 힘들어도, 부서질 것 같아도 결국 다시 피어나는 존재.
အဲ့ဒီပုံစံလေးက ကြည့်လိုက်ရင် ကျွန်တော်တို့လိုပဲ မထင်ရဘူးလား…ပင်ပန်းနေရင်တောင် ပြိုလဲကျမတတ်ဖြစ်နေရင်တောင် နောက်ဆုံးမှာ ကြိုးစားရှင်သန်သွားကြတာမျိုးပေါ့
코스모스는 화려하지 않아도 계절을 아름답게 완성시켜요.
Cosmos ပန်းလေးတွေက ဆန်းသစ်လှပမနေဘူးဆိုရင်တောင် ဒီရာသီတစ်ခုကို လှပပြည့်စုံသွားအောင် ပါရမီဖြည့်ပေးနေကြပါတယ်
우리의 하루도 그렇지 않을까요? 작고 평범해도, 결국은 누군가의 풍경을 완성하는 순간이 되니까요.
ကျွန်တော်တို့ရဲ့ တစ်နေ့တာကလည်း ဒီလိုပဲမဟုတ်ပါလားခင်ဗျာ၊ သေးငယ်ပြီး ရိုးရှင်းလှတဲ့ ဖြစ်တည်မှုလေးဆိုရင်တောင် အနည်းဆုံးတော့ တစ်ယောက်ယောက်ရဲ့ စက္ခုအာရုံကို ပြီးပြည့်စုံစေတဲ့ အချိန်လေးဖြစ်နေတတ်တာမလို့လေ

가끔은 앞만 보고 달리느라 지금의 풍경을 놓칠 때가 있어요.တခါတလေတော့ ရှေ့ကိုပဲကြည့်ပြီး ပြေးလွှားနေရတာနဲ့ လက်ရှိ ပစ္စုပန်ရဲ့ မြင်ကွင်းတွေကို မမြင...
14/10/2025

가끔은 앞만 보고 달리느라 지금의 풍경을 놓칠 때가 있어요.
တခါတလေတော့ ရှေ့ကိုပဲကြည့်ပြီး ပြေးလွှားနေရတာနဲ့ လက်ရှိ ပစ္စုပန်ရဲ့ မြင်ကွင်းတွေကို မမြင်လိုက်ရတာမျိုး ဖြစ်တတ်ပါတယ်
잠시 멈춰 서서 숨을 고르고, 하늘을 올려다보세요.
ခဏလောက်လေး ရပ် / အသက်လေးဝအောင်ရှူပြီးတော့ ကောင်းကင်ကို မော့ကြည့်လိုက်ပါ
그 순간의 바람, 냄새, 소리가 지금 당신의 하루를 완성해 줍니다.
အဲ့ဒီအချိန် အခိုက်အတန့်လေးရဲ့ လေထု အငွေ့အသက်နဲ့ အသံလေးတွေက အခု မင်းရဲ့ တစ်နေ့တာကို ပြီးပြည့်စုံစေမှာပါ
‘빨리 가는 것’보다 ‘제대로 느끼는 것’이 더 값질 때가 있으니까요.
‘မြန်မြန်သွား’တာ ထက်စာရင် ‘သေချာလေး တွေ့ကြုံခံစား’တာက ပိုပြီး တန်ဖိုးရှိတဲ့အခါလည်း ရှိပါတယ်

“이것 꿈인가?”하면 진짜 꿈입니다.“ဒါအိပ်မက်များလား”လို့ တွေးမိရင် တကယ် အိပ်မက်မက်နေတာပါ현실엔 그런 순간이 쉽게 일어나지 않습니다.လက်တွေ့ဘဝမှာ ဒီလိုအခို...
14/09/2025

“이것 꿈인가?”하면 진짜 꿈입니다.
“ဒါအိပ်မက်များလား”လို့ တွေးမိရင် တကယ် အိပ်မက်မက်နေတာပါ
현실엔 그런 순간이 쉽게 일어나지 않습니다.
လက်တွေ့ဘဝမှာ ဒီလိုအခိုက်အတန့်မျိုးက လွယ်လွယ် ဖြစ်မလာနိုင်ပါဘူး
실제로 꿈이 이루어진 순간엔 “이것 꿈인가?”라는 것 보다 “해냈나”라고 실감이 납니다.
အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတဲ့ အခိုက်အတန့်မျိုးမှာ “ဒါအိပ်မက်များလား”ဆိုတာထက် “လုပ်နိုင်ခဲ့ပြီပဲ”လို့ အမှန်တကယ် ခံစားရမှာဖြစ်ပါတယ်
이런 상황이 오기엔 꾸준한 노력이 필요하고
ဒီလိုအခြေအနေမျိုး ရောက်လာဖို့အတွက်တော့ စဉ်ဆက်မပြတ် ကြိုးစားနေဖို့လိုအပ်ပြီး
그 노력의 성과를 얻을 땐 “수고했어”라고 스스로 칭찬하게 됩니다.
အဲ့ဒီကြိုးစားမှုရဲ့ ရလဒ်ကို ခံစားရချိန်မှာတော့ “တာဝန်ကျေခဲ့ပါတယ်”လို့ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းမိပါလိမ့်မယ်
꿈이 작고 큰 것과 상관 없이 자신의 노력만이 꿈을 이루는 진정한 방법입니다.
အိပ်မက်တွေ သေးတာကြီးတာနဲ့ မဆိုင်ပဲ မင်းရဲ့ ကြိုးစားမှုကသာ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စစ်မှန်တဲ့ နည်းလမ်းဖြစ်ပါတယ်

21/07/2025
သံရုံး seal (Notarized) process လေးပါ20ရက်နေ့က 2နာရီမှာ ဝင်ခဲ့တာပါ2နာရီထိုးတာနဲ့ အပြင်မှာ ကိုယ်ယူထားတဲ့ booking နာမည်နဲ့...
21/02/2025

သံရုံး seal (Notarized) process လေးပါ
20ရက်နေ့က 2နာရီမှာ ဝင်ခဲ့တာပါ
2နာရီထိုးတာနဲ့ အပြင်မှာ ကိုယ်ယူထားတဲ့ booking နာမည်နဲ့ passport မူရင်း/ မှတ်ပုံတင်မူရင်းကို တိုက်စစ်ပြီး security check ပြီးမှ ဝင်ခိုင်းပါတယ်
ဖုန်းနဲ့ ပိုက်ဆံအိတ်ရယ် စာရွက်ဖိုင်ရယ်ပဲ ယူခိုင်းပါတယ် တခြားလွယ်အိတ်တွေက အပြင်မှာ ချိတ်ထားခဲ့ရတာပါ

အထဲရောက်ရင် counterပေါ်မှာ နာမည်နဲ့ ဝင်ချိန် ဖုန်းနံပါတ်ဘာညာ ဖြည့်ရပါတယ်
ပြီးရင် waiting roomထဲသွားပြီး အဲ့က formလေးကိုဖြည့် Token No.လေး ထုတ်ပြီး ကိုယ့်အလှည့်စောင့်ရုံပါပဲ

စာရွက်တွေ တင်ရမယ့်နေရာရောက်ရင်
Passport မူရင်း
မှတ်ပုံတင် မူရင်း
Waiting roomမှာ ဖြည့်လာတဲ့ form
ဒီသုံးခုကို အရင်စစ်ပါတယ်

အဓိက အချက်တွေက ဒီမှာပါ

၁။ စာရွက်သေချာစီသွားပါ
စာရွက် အမျိုးအစားတစ်ခုစီကို နိုတြီ/မူရင်း/မူရင်းရဲ့ မိတ္တူ အစဉ်လိုက် စီပါ
ဥပမာ
အိမ်ထောင်စု နိုတြီ (ကိုယ်က နှစ်စုံလုပ်မှာဆို နှစ်ရွက် တခါတည်း ထပ်လို့ရ)
အိမ်ထောင်စု မူရင်း
အိမ်ထောင်စု မူရင်းရဲ့ မိတ္တူ
အဲ့တာကို paper clip တစ်ခါတွဲပါ
*အိမ်ထောင်စုစာရင်းကို မိတ္တူကူးတဲ့အခါ A4 sizeပြောင်းရပါတယ်နော်*
တခြား မှတ်ပုံတင် / ဘွဲ့လက်မှတ်တွေကိုလည်း တစ်မျိုးချင်း အပေါ်က အစဉ်အတိုင်းပဲ စီပြီး paper clipညှပ်ပါ

၂။ Dollar ကို သေချာစစ်ပါ
20/10/5$ စသဖြင့် အနုတ်ပဲ ယူသွားပါ
ပြဲတာ စွန်းတာ ခေါက်ချိုးနေတာ လုံးဝ လက်မခံပဲ ပြန်လဲခိုင်းနေတာ တွေ့ခဲ့ပါတယ်
တတ်နိုင်ရင် ပိုယူသွားပါ
လက်မခံမှ ထွက်လဲရရင် တအားအလုပ်ရှုပ်ပါတယ်
နိုတြီ တစ်စုံ(ဘယ်နှစ်ရွက်ပါပါ) 4$ ပါ
ကိုယ်က ဆယ်ရွက်စီ နှစ်စုံလုပ်ခဲ့တာမို့ 8$ပေးရပါတယ်

၃။ နိုတြီပြန်ထားတဲ့ စာရွက်တွေထဲမှာ မြန်မာလို Mg/Maတွေ မပါပါစေနဲ့
သူတို့ လက်မခံပဲ ပြန်ပေးပါတယ်
ကိုယ့်ဟာကိုယ် သေချာပြန်စစ်ထားကြပါ

Seal booking ကလည်း ရဖို့ အများကြီးပိုခက်လာတာမလို့ ရထားတဲ့သူများ သေချာပြင်ဆင်ပြီးမှ သွားကြဖို့ အကြံပြုလိုက်ပါတယ်
Seal booking serviceက လွဲလို့ တခြား သိချင်တာရှိရင် မေးလို့ရပါတယ်ဗျ

31/12/2024

TOPIK Lvl 6ရအောင် ဘယ်လိုလုပ်ကြမလဲ??
မင်မင်နဲ့ အတူတူ နည်းလမ်းလေးတွေ ရှာကြည့်ရအောင်နော်🫶🏻
2025မှာ အားလုံးပဲ 6급ရနိုင်ကြပါစေ🌟🤩

Mofa process အတွေ့အကြုံလေး sharing ပါ 15.3.2025 Updates 🚨Mofaက အခုဆို တန်းစီ ကြိုစာရင်းပေးထားပြီးမှ ဝင်ရတဲ့ အခြေအနေဖြစ်သ...
25/12/2024

Mofa process အတွေ့အကြုံလေး sharing ပါ

15.3.2025 Updates 🚨
Mofaက အခုဆို တန်းစီ ကြိုစာရင်းပေးထားပြီးမှ ဝင်ရတဲ့ အခြေအနေဖြစ်သွားပါပြီ
အရင်လို အနားနီးမှ သွားဝင်လိုက်မယ်မလုပ်ပဲ ကြိုလုပ်ထားကြပါ
အရေးကြီးတဲ့သူများက အကျိုးအကြောင်း သေချာရှင်းပြပြီး (Seal booking မီအောင်လုပ်ရမှာ ဖြစ်ကြောင်းပြောပြီး) booking ရက်ကို ညှိကြည့်ကြပါ
Blacklistရှေ့နေ update ကို အမြဲသတိထားပါ
Notaryကို ယုံကြည်စိတ်ချရပြီး update ဖြစ်တဲ့ဆိုင်မျိုးမှာ အပ်ကြပါ
အားလုံးအဆင်ပြေကြပါစေခင်ဗျာ

(24.12.2024)
တချို့ အပြောင်းအလဲလေးတွေ မသိကြသေးတဲ့သူတွေရှိမှာစိုးလို့ပါ
1. ဘဏ် ၅ နေရာပြောင်းထားပါတယ် အရင်နေရာ လသာဘက်မဟုတ်တော့ပဲ ပန်းဆိုးတန်း Yangon Stock Exchange နားက လမ်းထဲမှာ ပြောင်းဖွင့်ထားပါတယ် ဘဏ် ၄ရဲ့ အပေါ်ထပ်ပါ
ဝင်ဝင်ချင်း တွေ့တဲ့ ညာဘက်ကောင်တာမှာ ငွေသွင်းရမှာပါ
Formက တစ်စောင်ကို ၂၀၀ပေးရပါတယ် အဲ့တာက အတွင်းထဲက စားပွဲတစ်ခုမှာ အရင် သွားဝယ်ရပါတယ်
ဖြည့်ပြီး ငွေသွင်းရုံပါပဲ ရှေ့မှာ ငွေအသွင်းအထုတ်တွေ ရှုပ်မနေရင် ပိုမြန်ပါတယ်

2. Notary အတွက် Blacklist ရှေ့နေ နှစ်ယောက် ထပ်တိုးပါတယ်
၁။ U S** T**t Y*
၂။ U N***n C**n လို့ ကြားလိုက်ပါတယ် (မှားနိုင်)
Mofaရုံးရှေ့မှာ ထွက်လာပြောပေးတာပါ အဲ့ဒီရှေ့နေတွေနဲ့ဆို လုံးဝမရပါဘူးတဲ့
ကိုယ်က အစောင် ၃၀မှာ ၁၀စောင်က နံပါတ် ၁။ရှေ့နေနဲ့မလို့ Mofa မရခဲ့ပါဘူး

3. Mofa ရုံးရှေ့မှာ ဘဏ်ချလန်သေချာရောင်းပေးပါတယ် ဘဏ်သွားဖို့ အဆင်မပြေတဲ့သူများ ရုံးရှေ့ရောက်မှသာ ဝယ်ကြပါ
ဆယ်နာရီမှ ဖွင့်တာမလို့ ၈နာရီလောက် သွားတန်းစီရင်ကို ရပါတယ်
ရုံးဖွင့်ခါနီး လက်မှတ်လာထိုးခိုင်းပြီး နံပါတ်စဉ်တွေပေးပါတယ် ခေါ်တဲ့အတိုင်း ဝင်သွားလိုက်ရင် ရပါပြီ
တစ်ရက်ကို အယောက် ၁၀၀ပေးတယ်
ပြည့်သွားရင် နောက်ရက်အတွက် ကြိုစာရင်းပေးခဲ့ပြီး နောက်ရက် ၉:၅၀လောက် ရုံးဖွင့်ခါနီးကို ပြောဝင်လို့ရပါတယ်တဲ့

4. စာရွက်တွေကို တစ်မျိုးစီ အစုံလိုက်ထပ်သွားပါ
ဥပမာ ဘဏ်ချလန်ကို အပေါ်ဆုံးက ထားပြီး
၁၊ မှတ်ပုံတင်ကတ် (မူရင်း)
၂၊ မှတ်ပုံတင် နိုတြီ
၃၊ မှတ်ပုံတင် နိုတြီရဲ့ မိတ္တူ
၄၊ မှတ်ပုံတင်ကတ်(မူရင်း)ရဲ့ မိတ္တူ
(Paper clipတွဲပါ)

၁၊ အိမ်ထောင်စု မူရင်း
၂၊ အိမ်ထောင်စု နိုတြီ
၃၊ အိမ်ထောင်စု နိုတြီရဲ့ မိတ္တူ
၄၊ အိမ်ထောင်စု မူရင်းရဲ့ မိတ္တူ
(Paper clipတွဲပါ)
အဲ့လို အစုံလိုက်လေးတွေ ထပ်ပြီး fileအိတ်နဲ့ ထည့်ပါ ဖိုင်အိတ်မပါလို့ မရပါဘူး

ရုံးထဲရောက်ရင် ဖိုင်တွေကို ၁-၄ရွက်က ကောင်တာ တစ်ခု
၅ရွက်ကျော်ရင်က ကောင်တာတစ်ခုမှာ ထပ်ထားခိုင်းပါတယ်
ပြီးရင် နာမည်ခေါ်ပြီး ဖြည့်ရမယ့်ဖောင်ကို ရောင်းပေးပါတယ်
တစ်စောင်ကို တစ်ထောင်
နိုတြီ ၃မျိုးစာ ရေးလို့ရပါတယ်
ဖြည့်ပြီး ပြန်သွားပေးလိုက်ရင် ရပါပြီ
နည်းရင် တခါတည်း ရပါတယ်
များရင်တော့ ညနေဘက်(သို့) နောက်တစ်ရက် ညနေမှ ပြန်လာယူခိုင်းပါတယ်

✨Learn new idiom and write comments for your example sentences.🤩👇🏻👇🏻
17/11/2024

✨Learn new idiom and write comments for your example sentences.🤩👇🏻👇🏻

16/11/2024

Pre-Intermediate student
Thwe Zin

Presenting about places to visit in Myanmar👏👏👏

Address

Sitkwin

Telephone

+959763564593

Website

Alerts

Be the first to know and let us send you an email when Arirang Sakura Language Academy-ASLA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share