Pae Kai Café

Pae Kai Café ကော်ဖီကြိုက်တဲ့ပင်လယ်ပျော်တွေ

Weekend ညတွေမှာ ဘော်ဒါတွေနဲ့ အေးဆေး Chill ဖို့ စီစဉ်နေပြီလား..?ပဲ့ကိုင်ကို လာခဲ့ပါ။ ပဲ့ကိုင်ရဲ့ သဘော် ကုန်းပတ်ပေါ်မှာ အေ...
04/09/2026

Weekend ညတွေမှာ ဘော်ဒါတွေနဲ့ အေးဆေး Chill ဖို့ စီစဉ်နေပြီလား..?

ပဲ့ကိုင်ကို လာခဲ့ပါ။

ပဲ့ကိုင်ရဲ့ သဘော် ကုန်းပတ်ပေါ်မှာ အေးဆေးငြိမ့်ညောင်းစွာ ပျော်ရွင်မှုတွေကို မျှဝေကြရအောင်

လူဦးရေအလိုက် ကိုက်ညီမဲ့ Package တွေကို ပုံတွေကို အသေးစိတ် ထောက်ကြည့်နိုင်ပါတယ်

ကဲ လာပါ...တူတူရွက်လွင့်ကြရအောင်ဗျာ

သူငယ်ချင်းအဖွဲ့လိုက်ပဲ Private Birthday Party လေးလုပ်မလား၊ Community နဲ့ Activities တွေပဲလုပ်မလား ပင်လယ်ပျော်တို့အတွက် အ...
03/09/2026

သူငယ်ချင်းအဖွဲ့လိုက်ပဲ Private Birthday Party လေးလုပ်မလား၊ Community နဲ့ Activities တွေပဲလုပ်မလား

ပင်လယ်ပျော်တို့အတွက် အဆင်ပြေမယ့် Combo Set တွေ၊ Package တွေအပြည့်နဲ့ "ပဲ့ကိုင်" Café က အကောင်းဆုံး ရွေးချယ်မှုပါပဲ

- နေရာကလည်း Private ဖြစ်ပြီး သက်သောင့်သက်သာရှိတယ်

- အစားအသောက်တွေလည်း အရသာရှိတယ်

ချစ်ရတဲ့လူတွေနဲ့အတူ ကာဖီသောက်ရင်း စကားစမြည်ပြောနိုင်ဖို့ လိပ်စာနဲ့တကွ ကြေညာပေးလိုက်ပါတယ်ဗျို့

13(A)Min Street, Sanchaung Tsp(Near Asia Royal Hospital), Yangon (10am-6pm)

Close-Every Tuesday

Ph-09768632377

03/09/2026

အဲ့ဒီညက စမ်းချောင်းလမ်းပေါ်မှာ ငါ ရန်မရှာပါဘူး

-------------------------

နောက်လူ ထပ်မတင်တော့ပါ
နောက်လူ ထပ်မတင်တော့ပါ
နောက်လူ ထပ်မတင်တော့ပါ

ကားဆရာဟာ မျက်ရည် ပိုးပိုးပိုးပေါက် ကျလာတယ်
အဲ့ဒီညက စမ်းချောင်းလမ်းပေါ်မှာ ငါ ရန်မရှာပါဘူး ကံဇာတာ ညံ့ခဲ့တယ်

မောင်ခိုင်လင်း

Pae Kai Café

13(A)Min Street, Sanchaung Tsp(Near Asia Royal Hospital), Yangon (10am-6pm)

Close-Every Tuesday
Ph-09768632377

03/09/2026

🏴‍☠️စောစောထတဲ့ငှက် ကာဖီပိုသောက်ရတယ်တဲ့…☕️🐧

13(A)Min Street, Sanchaung Tsp(Near Asia Royal Hospital),Yangon(10am-6pm)

Close-Every Tuesday

Ph-09768632377

02/09/2026

ဒီကော်ဖီခွက်ကုန်ရင်တော့
နိဗ္ဗာန်ရောက်မယ်ထင်တာပါပဲ

တိတ်ဆိတ်ခြင်းတခွက်စာ
_

သစ်ရွက်ခြောက်တွေကို ထမ်းထားရတာ
မြေကြီးက မောလှပါပြီတဲ့။
ဘဝကို ပိုးထားရတာ
ကော်ဖီခွက်က ပန်းလှပါပြီတဲ့။
ကဗျာတပုဒ်ကို တင်ထားရတာ
စာရွက်က နွမ်းလှပါပြီတဲ့။

ညနေခင်းတွေမှာ လမထွက်တာကြာပြီ
မနက်ခင်းတွေမှာ နှင်းမကျတာကြာပြီ
ဒီနေ့လည်း မိုးမရွာဘူး။

ဒီကော်ဖီခွက်ကုန်ရင်တော့
နိဗ္ဗာန်ရောက်မယ်ထင်တာပါပဲ
ကဗျာကလည်း မရတာကြာပြီ။

▪မောင်ခေ
၂၂ ၊ ၂ ၊ ၂၆။

Pae Kai Café
13(A)Min Street, Sanchaung Tsp(Near Asia Royal Hospital), Yangon (10am-6pm)
Close-Every Tuesday
Ph-09768632377

01/09/2026

သတိရလို့
_
ချစ်လို့
မုန်းချင်ယောင်ဆောင်ရသောအခါ...
လွမ်းလို့
နွေသို့မီးလျှံများကိုကြည့်နေရသောအခါ...
လမ်းသလားခဲ့သူ
လမ်းကိုမေ့ထားရသောအခါ...
ကိုယ်မပျော်တာကို
သူရယ်မောနိုင်ပါစေ...
အနာတရတွေအားလုံး
ကိုယ်ပဲရပါစေ...
အိမ်မြှောင်သို့
ကိုယ်ပဲစုတ်ထိုးပါရစေ...
တောက်တဲ့သို့
ကိုယ်ပဲကြို့ထိုးပါရစေ
ဥသြသို့
ညချမ်းချိန်ခါ
သူ့အသံသာပါစေ
ကောင်းသောအိမ်မက်
သူ့ထံရောက်ပါစေ ။ ။-

ခင်ဇော်မြင့်

Pae Kai Café

13(A)Min Street, Sanchaung Tsp(Near Asia Royal Hospital), Yangon (10am-6pm)

Close-Every Tuesday

Ph-09768632377

Attention, Pirates...! 🏴‍☠️A brand-new Combo Set is dropping soon at Pae Kai Café.Something is brewing in the kitchen......
30/08/2026

Attention, Pirates...! 🏴‍☠️

A brand-new Combo Set is dropping soon at Pae Kai Café.

Something is brewing in the kitchen....Stay tuned!

Pae Kai Café

13(A)Min Street, Sanchaung Tsp(Near Asia Royal Hospital), Yangon (10am-6pm)

Close-Every Tuesday

Ph-09768632377

30/08/2026

အငွေ့အသက်
-------------

အချစ်ရေ...
ငါ့မြစ်ဖျားက
မေခ,မလိခ မဟုတ်
ရေဆိုးမြောင်းတို့ဝန်းရံရာ
အိမ်မဆန်တဲ့ အိမ်ပဲ။

မင်းကို
အပျို စစ်မစစ်ထက်
ငါ့အ‌ပေါ် ဘယ်လောက်ချစ်မချစ်ထက်
လေကောင်းလေသန့် ဖြစ်ထွန်းတဲ့အိမ်မှာသာ
မင်း နေထိုင်သင့်ပါတယ်။
ဒီကနေ့အဖို့
ဖုန်မှုန့်တွေ သရုပ်ဆောင်တဲ့ ဇာတ်ရုံထဲ
ဘာကိစ္စ အချိန်ကုန်ခံမလဲကွာ
ငါ့အနမ်းတစ်ပန်းကန်က
ရုပ်ရှင်ထက်တောင် ဖျော်ဖြေရေးဆန်သေးရဲ့။

ငါ့အလွမ်းကို ပိတ်ဆို့ထားတဲ့အခါ
မင်းမျက်ရည်ဟာ လွတ်မြောက်လာလိမ့်မယ်
ငါ့အော်သံတစ်ဘဝမှာ
မင်းတစ်ယောက်ပျော်ပါးဖို့ နှစ်ပေါင်းများစွာ။ ။

-မိုဃ်းဇော်
ချယ်ရီမဂ္ဂဇင်း၊ ၂၀၁၈

Pae Kai Café

13(A)Min Street, Sanchaung Tsp(Near Asia Royal Hospital), Yangon (10am-6pm)

Close-Every Tuesday

Ph-09768632377

28/08/2026

ဂန္တဝင်မမ ( ကဗျာရှည် ) - အောင်ချိမ့်

Pae Kai Café

13(A)Min Street, Sanchaung Tsp(Near Asia Royal Hospital), Yangon (10am-6pm)

Close-Every Tuesday

Ph-09768632377

ဒီည ပဲ့ကိုင် ရဲ့  ည ၈ နာရီ ကဗျာစာမျက်နှာမှာ  Friday Special အနေနဲ့ဆရာအောင်ချိမ့်ရဲ့  ဂန္တဝင်မမ ( ကဗျာရှည် ) ရွတ်ပြပါမယ်ခ...
28/08/2026

ဒီည ပဲ့ကိုင် ရဲ့ ည ၈ နာရီ ကဗျာစာမျက်နှာမှာ Friday Special အနေနဲ့
ဆရာအောင်ချိမ့်ရဲ့ ဂန္တဝင်မမ ( ကဗျာရှည် ) ရွတ်ပြပါမယ်ခင်ဗျာ

Happy TGIF Guys....!

Pae Kai Café

13(A)Min Street, Sanchaung Tsp(Near Asia Royal Hospital), Yangon (10am-6pm)

Close-Every Tuesday

Ph-09768632377

Address

13(A)Min Street
Sanchaung
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Pae Kai Café posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category