Khaing Khaing Kyaw Traditional Restaurants

  • Home
  • Khaing Khaing Kyaw Traditional Restaurants

Khaing Khaing Kyaw Traditional Restaurants Service Department
7:00am - 7:00pm
09 977 202 170, 09 977 202 171, 𝗩𝗶𝗯𝗲𝗿 +95 9 977 202 172

1️⃣ ပါရမီဆိုင်ခွဲ
အမှတ်(၄၂-အေ)၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်၊၊
ဖုန်း 09-254 026 246

2️⃣ မင်္ဂလာဒုံဆိုင်ခွဲ
အမှတ်(၁၀)၊ ရှမ်းစု-ပျဉ်းမပင် ကျေးရွာအုပ်စု၊
ပြည်လမ်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်။
ဖုန်း 09-893 230 350

3️⃣ ပြည်သူ့ဥယျာဉ်ဆိုင်ခွဲ
ပြည်လမ်း၊ ပြည်သူ့ဥယျာဉ်ဝန်း၊ ဒဂုံမြို့နယ်၊
ရန်ကုန်၊၊
ဖုန်း 09-893 230 352
09-755166602

4️⃣ မြောက်ဥက္ကလာဆိုင်ခွဲ
အမှတ်(၃၆၀-အေ)၊ သုဓမ္မာလမ်း၊ ဇ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်၊၊
ဖုန်း 09-447 912 494

5️⃣ မြစ်ကြီးနားဆိုင်ခွဲ
အမှတ်(၄၃)၊ ဆွမ်ပရာဘွမ်လမ်းမကြီး၊ တပ်ကုန်းတောင်ရပ်ကွက်၊ အ.ထ.က(၅) အနီး၊
မြစ်ကြီးနားမြို့၊၊
ဖုန်း 09-893 559 210

6️⃣ ပြင်ဦးလွင်ဆိုင်ခွဲ
အမှတ်(၂၄-က)၊ မြို့ပတ်လမ်း၊ ရက်ကွက်ကြီး ၆၊ ပြင်ဦးလွင်မြို့၊၊
ဖုန်း 09-966 535 840

7️⃣ ၃၉မိုင်ဆိုင်ခွဲ
၃၉ မိုင်ယာဉ်ရပ်နားစခန်းဝန်း၊ ဘောနက်ကြီးကျေးရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊
ဘုရားကြီးမြို့၊ ပဲခူး၊၊
ဖုန်း 09-781 592 666

8️⃣ ကျိုက်ထိုဆိုင်ခွဲ
၁၀၅/၅ မိုင်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး၊ လက်ပြကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊၊
ဖုန်း 09-956 689 215

9️⃣ ပန်းတနော်ဆိုင်ခွဲ
၅၀ မိုင်၊ ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီး၊
ပန်းတနော်မြို့နယ်၊၊
ဖုန်း 09-421 006 055

🔟 မန္တလေးဆိုင်ခွဲ
၆၆ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းထောင့်၊
မန္တလေးမြို့၊၊
ဖုန်း 09-788 123 123

🏣ရုံးချုပ်
ပြည်လမ်း၊ ပြည်သူ့ဥယျာဉ်ဝန်း၊ ဒဂုံမြို့နယ်၊
ရန်ကုန်မြို့ ။
ဖုန်း 09-452 410 575/ 09-791 480 666

🎖️Customer Service
ပြည်လမ်း၊ ပြည်သူ့ဥယျာဉ်ဝန်း၊ ဒဂုံမြို့နယ်၊
ရန်ကုန်မြို့။
ဖုန်း 09-977 202 170~171~172

💚မေတ္တာတရားနှင့် ဝိုင်း၍ကူခိုင်ခိုင်ကျော်ရဲ့ …ရေဘေးအလှူ 🙏🏻ရေဘေးကို ကြုံတွေ့ခံစားနေရတဲ့ လေးမျက်နှာမြို့နယ်၊ဧရာဝတီတိုင်းသိ...
03/08/2026

💚မေတ္တာတရားနှင့် ဝိုင်း၍ကူ
ခိုင်ခိုင်ကျော်ရဲ့ …ရေဘေးအလှူ 🙏🏻

ရေဘေးကို ကြုံတွေ့ခံစားနေရတဲ့ လေးမျက်နှာမြို့နယ်၊ဧရာဝတီတိုင်းသို့ ရေဘေးကယ်ဆယ်ရေး သွားရောက်ကူညီလှူဒါန်းကြမည့် ပရဟိတအဖွဲ့များ သို့ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် မှ ထုတ်လုပ်ဖြန့်ချီထားသော အသင့်စားစည်သွပ်ဘူးများကို ပါဝင်လှူဒါန်းလိုပါသည်၊

သွားရောက်ကူညီကယ်ဆယ်လှူဒါန်းပေးမည့် ပရဟိတအသင်းအဖွဲ့များအနေနဲ့ Hotline နံပါတ် 📞09452410575နှင့် 📞 09791480666 သို့ရုံးချိန်အတွင်း ကြိုတင်ဆက်သွယ်၍ သတ်မှတ်ချက်များနှင့်အညီ တစ်ဖွဲ့ချင်းအလိုက် သတ်မှတ်ဘူးအရေအတွက်အတိုင်းထုတ်ယူလှူဒါန်းနိုင်ရန် စီစဉ်ပေးနေပါကြောင်း လေးစားစွာ အသိပေးဖိတ်ခေါ်အပ်ပါသည်၊

🙏🏻ခိုင်ခိုင်ကျော်နှင့်အတူ ရေဘေးအလှူပါဝင်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် 20% off လျှော့စျေးအလှူအနေဖြင့် ဝယ်ယူ၍ လှူဒါန်းနိုင်ပါသည်🙏🏻

❕❕❕ဆက်သွယ်ရန် ➡️
(ရုံးချူပ်) အမှတ် (၁၃၃) သီရိမင်္ဂလာလမ်း၊(၈)မိုင် မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
📞09452410575
📞09791480666 (ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည် )

#ခိုင်ခိုင်ကျော် #ရေဘေးအလှူ #ပရဟိတ #လေးမျက်နှာမြို့ #အလှူ

01/08/2026

🌿✨ ခိုင်ခိုင်ကျော် မှ မြန်မာ့ရိုးရာအရသာများကို ဂုဏ်ယူစွာဖြင့် တင်ဆက်ဖော်ထုတ်ပြသခြင်း ✨🌿

မြန်မာ့အစားအစာ ယဉ်ကျေးမှုနှင့်
ရိုးရာအရသာများကို ၂၀၀၃ ခုနှစ်ကတည်းက
အစဉ်တဆက် တန်ဖိုးထားထိန်းသိမ်းလာခဲ့သော

🥇 ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် မှ

𝐓𝐚𝐬𝐭𝐞𝐬 𝐨𝐟 𝐭𝐡𝐞 𝐆𝐨𝐥𝐝𝐞𝐧 𝐋𝐚𝐧𝐝 တွင်
ပါဝင်ဆင်နွှဲခဲ့ပြီး
ဂုဏ်ယူဖွယ်ရာ ဆုတံဆိပ်
🏆 (𝐆𝐨𝐥𝐝𝐞𝐧 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 𝐀𝐰𝐚𝐫𝐝 𝟐𝟎𝟐𝟔)
ကို ရရှိခဲ့ပါသည်။ 🏆✨

🥇 Myanmar Food Restaurant of the Year 2018
(Myanmore Awards) ရရှိထားသော

ခိုင်ခိုင်ကျော်၏ အရသာ၊ အရည်အသွေးနှင့် စေတနာများကို ယနေ့တိုင် ဆက်လက်ထိန်းသိမ်းကာ မြန်မာ့အစားအစာကောင်းများကို မျိုးဆက်သစ်များထံသို့
ဆက်လက်မျှဝေလျက်ရှိပါသည်။

ယခုပွဲတွင်လည်း

🌿 ခိုင်ခိုင်ကျော် မှ ထပ်မံမိတ်ဆက်သည့်
မြန်မာ့ရိုးရာဟင်းလျာအရသာများကို
အချိန်မရွေး လွယ်ကူစွာ ခံစားနိုင်မည့်
Ready to Eat Foodsများ
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ထုတ်လုပ်သော
သံဘူးထုတ်ကုန်များကို ခင်းကျင်းပြသရောင်းချခဲ့ပြီး လာရောက်အားပေးကြသော
မိတ်ဟောင်းမိတ်သစ်များနှင့်
တွေ့ဆုံခွင့်ရခဲ့ပါသည်။

မြန်မာတို့၏အရသာစစ်စစ်ကို
နိုင်ငံတကာသိအောင် ကြိုးစားထိုးဖောက်ကာ
အရည်အသွေး • သန့်ရှင်းမှု • စေတနာ တို့ဖြင့် ဆက်လက်ဖန်တီးပေးနေမည့်

💚 ခိုင်ခိုင်ကျော် ကို

အမြဲအားပေးကြသော မိတ်ဆွေများအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ရှင်။





🌕🙏 လပြည့်နေ့ မှာ အေးချမ်းငြိမ်းချမ်းခြင်းအလင်း 🙏🌕ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မြတ်တွင်…အိမ်တိုင်းအိမ်တိုင်းမှာနွေးထွေးတ...
29/07/2026

🌕🙏 လပြည့်နေ့ မှာ အေးချမ်းငြိမ်းချမ်းခြင်းအလင်း 🙏🌕

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မြတ်တွင်…

အိမ်တိုင်းအိမ်တိုင်းမှာ
နွေးထွေးတဲ့ မေတ္တာများ ပိုမိုပြည့်ဝပါစေ…

ထမင်းစားပွဲဝိုင်းတိုင်းမှာ
အပြုံးများ၊ ချစ်ခြင်းများနဲ့
ပျော်ရွှင်ခြင်းများ ပြည့်နှက်ပါစေ…

မြတ်ဗုဒ္ဓ၏ တရားအလင်းတော်အောက်မှာ
စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊
ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့နှင့်အတူ
နေ့ရက်တိုင်းကို အေးချမ်းစွာ
ဖြတ်သန်းနိုင်ကြပါစေကြောင်း…

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် မှ

လေးစားစွာဖြင့်
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏

🌿 ဝါဆိုလပြည့်နေ့မြတ်လေးမှာ
စိတ်ချမ်းသာခြင်းနှင့် ကုသိုလ်အလင်းများ ပွင့်လန်းကြပါစေ… 🌿

🌧️ မိုးတဖွဲဖွဲရွာတဲ့နေ့… ထမင်းတစ်နပ်ကို       ပိုပြီးပြည့်စုံစေမယ့် အရသာ 🍲မိုးရာသီရောက်လာပြီဆိုရင် နွေးနွေးထွေးထွေး ဟင်း...
12/07/2026

🌧️ မိုးတဖွဲဖွဲရွာတဲ့နေ့… ထမင်းတစ်နပ်ကို
ပိုပြီးပြည့်စုံစေမယ့် အရသာ 🍲

မိုးရာသီရောက်လာပြီဆိုရင် နွေးနွေးထွေးထွေး
ဟင်းတစ်ခွက်နဲ့ ထမင်းစားရတဲ့
အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် ရဲ့
Signature ဖြစ်တဲ့
"ဂျင်းငါးခူတောချက်"ကတော့

လတ်ဆတ်တဲ့ လယ်ငါးခူ၊ သင်းမွှေးတဲ့
ဂျင်းရနံ့၊ အရသာစိမ့်ဝင်နေတဲ့
ခရမ်းကျွတ်သီးတို့ကို
ရိုးရာချက်နည်းအတိုင်း အချိန်ယူပြီး ချက်ပြုတ်ထားတာကြောင့်
တစ်ဇွန်းစားလိုက်တိုင်း အရသာက
နူးညံ့ပြီး ခံတွင်းမြိန်စေမယ့်
မြန်မာ့ရိုးရာဟင်းလျာတစ်ခွက်ပါ။

မကျည်းရည်ရဲ့ အချဉ်အရသာလေး၊ ဟင်းခတ်အမွှေးအကြိုင်တို့ရဲ့ သင်းပျံ့တဲ့ရနံ့က ထမင်းတစ်ပန်းကန်ပြီး တစ်ပန်းကန် ဆက်စားချင်စေမယ့် အရသာကို ပေးစွမ်းပါတယ်။

အရည်ဟင်းပုံစံ နူးနူးညံ့ညံ့လေးဖြစ်တာကြောင့်
မိုးအေးအေးမှာ သုံးဆောင်ဖို့
အထူးလိုက်ဖက်ပြီး ခံတွင်းလည်းမြိန်စေတဲ့
ဆိုင်မှာ လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုးလည်း
ဖြစ်ပါတယ်။

🌿 ဒီမိုးရာသီမှာ အိမ်ထမင်းအရသာကို
လွမ်းနေတယ်ဆိုရင်…

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် မှာ
"ဂျင်းငါးခူတောချက်" လေးနဲ့ လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ထမင်းတစ်နပ်ကောင်းဖို့… ဟင်းတစ်ခွက်က အရေးကြီးပါတယ်။
တစ်ဇွန်းစားလိုက်တိုင်း… အိမ်အရသာကို ပြန်လည်ခံစားရစေမယ့် ဟင်းတစ်ခွက် 🍲

#ဂျင်းငါးခူတောချက်

ကျွန်မတို့ကို "အမေး"များစေခဲ့သော"မေးခွန်း"များ...(၂၀၀၃)ခုနှစ်က စတင်ပို့ဆောင်ပေးခဲ့တဲ့ချိုင့်ဆွဲလုပ်ငန်း..."ခိုင်ခိုင်ကျေ...
05/07/2026

ကျွန်မတို့ကို "အမေး"များစေခဲ့သော
"မေးခွန်း"များ...

(၂၀၀၃)ခုနှစ်က စတင်ပို့ဆောင်ပေးခဲ့တဲ့
ချိုင့်ဆွဲလုပ်ငန်း..."ခိုင်ခိုင်ကျော်"

"နာဂစ်" ကိုကျော်ဖြတ်…

"Covid"ကိုကြံ့ကြံ့ခံ နှစ်ပေါင်း(၂၃)တိုင်…

မေး။ချက်ပြုတ်ပြင်ဆင်တဲ့နေရာကိုလာကြည့်လို့ရပါသလား...?
ဖြေ။ရပါသည်၊ကြွရောက်လေ့လာနိုင်ပါသည်၊

မေး။ကျန်းမာရေးနဲ့ပတ်သက်ပြီး
ဘာတွေတာဝန်ယူထားလဲ...?
ဖြေ။အချိုမှုန့်မသုံးခြင်း၊ပဲဆီသန့်တစ်မျိုးသာသုံးခြင်း၊ဖော်မလင်၊ဓာတ်မြေဩဇာ၊ဆိုးဆေး များအတွက်
(SOP)စနစ်များဖြင့် သတ်မှတ်ကာကွယ်
တာဝန်ယူထားပါသည်၊

မေး။ချက်ပြုတ်တဲ့ စားဖိုမှူးတွေရဲ့ ကျန်းမာရေးရော...?
ဖြေ။(၆)လတစ်ကြိမ် စစ်ဆေးပြီးကျန်းမာရေးမှတ်တမ်းများလေ့လာနိုင်ပါသည်၊

မေး။စားဖိုမှူးများနဲ့ဆွေးနွေးပြီးစိတ်တိုင်းကျ (Menu)ပေးချက်နိုင်ပါလား...?
ဖြေ။စိတ်တိုင်းကျချက်ပေးနိုင်ပါသည်၊

မေး။မှာယူပြီးအကြောင်းကိစ္စတစ်ခုခုကြောင့် ဆက်မယူဖြစ်ရင် ဘယ်လိုစီစဉ်ပေးလဲ....?
ဖြေ။ယူတဲ့ရက်တွက် ပြန်နုတ်၍ငွေပြန်အမ်းပေးပါသည်၊

မေး။ခရီးသွား၊အလှူအတန်းရှိလို့ မယူဖြစ်တဲ့ရက်တွေအတွက် အစားထိုးပေးလား...?
ဖြေ။ရက်စားထိုးပေးပါသည်၊

မေး။တစ်ပတ်မှာပို့ရမဲ့နေရာ(၂)ခု
ဖြစ်နေရင်ရော ပို့ပေးလား...?
ဖြေ။ရန်ကုန်မြို့အနှံ့လမ်းကြောင်းများရှိ၍ ပို့ပေးနိုင်ပါသည်၊

မေး။တစ်ခါတစ်ရံ တရုတ်စာများ ထည့်ခိုင်းလို့ရပါလား...?
ဖြေ။ရပါသည်၊ဝါ့ရင့်တရုတ်စာ စားဖိုမှူးကြီးများနှင့်တွေ့ဆုံပါ၊

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် များနှင့်
ချိုင့်ဆွဲပို့ဆောင်ရေးလုပ်ငန်း၊
အမှတ်(၁၃၃)သိရီမင်္ဂလာလမ်းသွယ်၊(၈)မိုင်၊ရန်ကုန်မြို့၊
09-977202170၊09-977202171၊09-977202172၊

မြန်မာ တွင် မကမြန်မာအစားအစာ ကို ကမ္ဘာနိုင်ငံအနှံ့ဂုဏ်ယူစွာပြန်နှံ့ရောက်ရှိပြီး၊အစားအစာမှတစ်ဆင့် ဓလေ့၊ရိုးရာယဉ်ကျေးမှုမျာ...
27/06/2026

မြန်မာ တွင် မက
မြန်မာအစားအစာ ကို ကမ္ဘာနိုင်ငံအနှံ့
ဂုဏ်ယူစွာပြန်နှံ့ရောက်ရှိပြီး၊
အစားအစာမှတစ်ဆင့် ဓလေ့၊ရိုးရာယဉ်ကျေးမှု
များဆက်နွယ်ရရှိလာစေရန်💕

အတူတစ်ကွ လက်တွဲကြိုးစား မျှဝေကြပါစို့💪

မိမိလူမျိုးကိုလေးစားပါ၊
မြန်မာအစားအစာ ကိုတန်ဖိုးထားပါ၊

25 - 26 July, 2026
Yangon Convention Center (YCC)

🎉♥️🤍Happy Father’s Day 🤍♥️🎉ထမင်းဝိုင်းလေးတစ်ဝိုင်းမှာ…အရသာရှိတဲ့ ဟင်းလျာတွေထက် ပိုတန်ဖိုးရှိတာကမိသားစုအတူတူ ထိုင်စားရတဲ့...
21/06/2026

🎉♥️🤍Happy Father’s Day 🤍♥️🎉

ထမင်းဝိုင်းလေးတစ်ဝိုင်းမှာ…
အရသာရှိတဲ့ ဟင်းလျာတွေထက်
ပိုတန်ဖိုးရှိတာက
မိသားစုအတူတူ ထိုင်စားရတဲ့
အချိန်လေးများပါ…

နေ့စဉ် မိသားစုအတွက် အားမလျော့ဘဲ ကြိုးစားပေးနေတဲ့
အဖေများအားလုံးကို

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်မှ

လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်ရှင် 💚

အဖေများနေ့မှာ

ချစ်ခင်ရသူတွေနဲ့အတူ
နွေးထွေးတဲ့ ထမင်းဝိုင်းလေးတစ်ဝိုင်း
ဖန်တီးနိုင်ပါစေ…

အဖေ့ရဲ့ မေတ္တာက မိသားစုရဲ့ အားအင်ပါ ❤️



မြို့ပြင်ခရီးထွက်သူ့များအတွက်👍မင်္ဂလာဒုံဆိုင်ခွဲ Breakfast (မနက်ခင်းစာ)ထပ်မံတိုးချဲ့ရောင်းချနေမှု မိတ်ဆက်တင်ပြပါသည်၊တစ်ပ...
28/05/2026

မြို့ပြင်ခရီးထွက်သူ့များအတွက်👍

မင်္ဂလာဒုံဆိုင်ခွဲ Breakfast (မနက်ခင်းစာ)
ထပ်မံတိုးချဲ့ရောင်းချနေမှု မိတ်ဆက်တင်ပြပါသည်၊
တစ်ပွဲချင်းစျေးနှူံးဖြင့်ရောင်းချသလို၊
တစ်ဦးချင်း(ဘူးဖေး)စနစ် ၁၅၀၀၀ိ/
ကျပ် နှူံးဖြင့်ရောင်းချပေးလျှက်ရှိကြောင်းသတင်းကောင်းပါးအပ်ပါသည်။

07/05/2026

🎼🎤သူဟင်းထက်၊ငါ့
ဟင်းကပိုမိုက်တယ်...🎵...🎶...🎼

ချိုင့်ကလေးလှုပ်ပါဟေ့...ချိုင့်ကလေးလှုပ်ပါဟေ့🎶....🎵...🎼

သူနာမည်က🎼🎶🎵...ချိုင့်ဂေါ်လီ🎶

🕶️👓🧢🕶️👓🩳🥾🕺🏽👩‍🌾😹🤪😇🎤🎶

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်ပြည်သူဥယျာဉ်ဆိုင်ခွဲမှာယာဉ်ရပ်နားမှုအဆင်ပြေပြီး၊လူ(၃၀၀) AirCon ခန်းမ အသင့်ပါ၊လူကြီးမင်း ...
06/05/2026

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်
ပြည်သူဥယျာဉ်ဆိုင်ခွဲမှာ
ယာဉ်ရပ်နားမှုအဆင်ပြေပြီး၊
လူ(၃၀၀) AirCon ခန်းမ အသင့်ပါ၊

လူကြီးမင်း ဌားရမ်းအသုံးပြုနိုင်ပြီ၊

အခမ်းအနား၊မင်္ဂလာဆောင်၊ဧည့်ခံပွဲ
များကို(OneStop Service) ဖြင့်တရုတ်အစားအစာ၊မြန်မာအစားအစာများ ကိုအထူးတာဝန်ယူလက်ခံ ဆောင်ရွက်ပေးကြောင်းသတင်းကောင်းပါးအပ်ပါသည်၊

☎️ဆက်သွယ်ရန် 09-977202170၊09-977202171၊09-977202172

Address

People's Park, Pyay Road

11111

Opening Hours

Monday 05:30 - 19:00
Tuesday 05:30 - 19:00
Wednesday 05:30 - 19:00
Thursday 05:30 - 19:00
Friday 05:30 - 19:00
Saturday 05:30 - 19:00
Sunday 05:30 - 19:00

Telephone

+959977202170

Alerts

Be the first to know and let us send you an email when Khaing Khaing Kyaw Traditional Restaurants posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Restaurant?

Share