Sa ArkarHeing -AKH

Sa ArkarHeing -AKH Welcome to you in knowledge box

ကျွန်တော်တို့ ၁၈၊၁၉၊၂၀ အရွယ်တွေက လောကဓံ ကို အခံစားရဆုံးပဲအောင်မြင်မှုလည်း ဟုတ်တိပတိ မရှိသေးဘူးကျရှုံးမှုတွေချည်း ပဲ မိသာ...
07/12/2024

ကျွန်တော်တို့ ၁၈၊၁၉၊၂၀ အရွယ်တွေက လောကဓံ ကို အခံစားရဆုံးပဲ
အောင်မြင်မှုလည်း ဟုတ်တိပတိ မရှိသေးဘူး
ကျရှုံးမှုတွေချည်း ပဲ

မိသားစု ထဲမှာ လည်း ကိုယ်က အိမ်ကို ဘာမှ ပြန်မလုပ်ပေးနိုင်သေးတော့ မျက်နှာငယ်ရတယ်
ပညာရေးမှာလည်း လမ်းတစ်ဝက် ပဲ ရှိသေးတော့ မျက်နှာငယ်ရတယ်
ဆွေမျိုးတွေ ကြားမှာလည်း ကိုယ်က ဘာကောင်မှ မဟုတ်သေးတော့ အထင်ကြီးမခံရဘူး
အလုပ်လက်မဲ့၊ ငပျင်း လို့ ပဲ ထင်ကြတယ်
စိ_တ်ကျရောဂါအခံစားရဆုံးကလည်း ဒီအရွယ်တွေပဲ

ချမ်းသာတဲ့ အိမ်က ၁၈၊၁၉၊၂၀ တွေ အတွက်တော့ ဘယ်လိုမှမနေဘူး အလုပ်လက်မဲ့ ဖြစ်လည်း နောက် အိမ်စီးပွားရေးမှာ ပြန်ဝင်လုပ်ရုံပဲ၊ ပညာရေး တပိုင်းတစ ဖြစ်လည်း ပိုက်ဆံကလိုက်နိုင်တော့ Private University တွေကျောင်းကောင်းကောင်းတွေမှာထားပြီး အလုပ်ကောင်းကောင်း ရကြမှာပဲ

ကျွန်တော်တို့ လူလတ်တန်းစားတွေ က သာ ခုလိုအချိန်မှာ စိတ်အကျကြီးကျနေရတာပဲ
ဒါတွေ ကနေ ရုန်းထွက်ဖို့ ကလည်း ကိုယ့်မှာ အလုပ်ဆိုတဲ့ ဘဝအာမခံချက် မရှိသေးဘူး

နောက်ဆုံးမှာတော့ အလုပ်ရှိမှလူရာဝင်မယ်ထင်တဲ့ ကျွန်တော်တို့ မိဘ၊ဆွေမျိုး၊အသိုင်းအဝိုင်းတွေရဲ့ကြားမှာ ကျွန်တော်တို့ဟာ အသုံးမကျတဲ့သူတွေအဖြစ် အထင်မြင်သေးခံရေတာ ့တာပဲ

#ဥဿာလင်းယံ

အသက်မပြည့်သေးတဲ့ လူငယ်တစ်ယောက်ရဲ့လက်ထဲက စီးကရက်ကို ဆွဲမဖြဲပစ်ရဲဘဲနိုင်ငံတာဝန်ထမ်းဆောင်ဖို့ ကျွန်တော်တို့ ဘယ်ကအစသင်ယူရမှာ...
07/12/2024

အသက်မပြည့်သေးတဲ့ လူငယ်တစ်ယောက်ရဲ့လက်ထဲက စီးကရက်ကို ဆွဲမဖြဲပစ်ရဲဘဲ
နိုင်ငံတာဝန်ထမ်းဆောင်ဖို့ ကျွန်တော်တို့ ဘယ်ကအစသင်ယူရမှာလဲ ကိုငြိမ်း

ဆရာကြီးဦးအောင်သင်း ပြောခဲ့သလိုပါပဲ
ကျောင်းသန့်ရှင်းရေးလုပ်ဖို့ ကျောင်းစောစောလာဖို့ပဲမှာကြတာများတယ်တဲ့
အိမ်သန့်ရှင်းရေး လုပ်ပြီးမှ ကျောင်းလာကြဖို့ မတိုက်တွန်းကြပါဘူး

ဒီလိုပါပဲ ပုံးကြီးချဲပြီး ကမ္ဘာကြီးအကြောင်းပြောကြတယ်
မိမိပတ်ဝန်းကျင်ထိန်းသိန်းရေးဟာ စောက်ရေးမပါသလိုမျိုးပါပဲ
ဘယ်ကစရမလဲ ကိုငြိမ်း
စိတ်ဓာတ်လား စည်းကမ်းလား ပညာလား
အကုန်ရခဲ့ကြတယ် ဒါပေမယ့် အတုတွေကြီး

ကြယ်တွေကြွေမှ ငေးရဆွေးရ ခေတ်ပြန်ထကြတဲ့လူတွေ
စိတ်လိုလက်ရ ပျော်ပါးခွင့်ရတဲ့အခါ
စည်းမရှိ ကမ်းမရှိ
ပစ်ထည့်လိုက်တဲ့အမိုက်တွေလို လမ်းပေါ်လေလွင့်နေသမျှတော့ ဘယ်မြို့မှ လှလှပပ မရှိနိုင်တော့ပါဘူး ကိုငြိမ်း

ကိုယ်ဖြစ်ကိုယ်ခံစိတ်ရှိကြသူတွေ ထင်တယ် ကိုငြိမ်း
နောက်လူဖြစ်ရင် နောက်လူခံပါပဲ
အနာဂတ်မရှိတဲ့စိတ်တွေနဲ့ ကမ္ဘာကြီးမှာအတုယူစရာတွေတပုံကြီးထဲ အနာဂတ်ကိုဖုံးပြီး ပြုံးနိုင်နေသမျှတော့
စင်ကပူကို မပြောနဲ့ ယိုးဒယားတွေလောက်တောင် မှီမှာမဟုတ်ဘူး ကိုငြိမ်း

//ဘော်ဘီ
#အမှားထဲကရတဲ့တရားများ

Address

Pathein
Pathein

Telephone

+959685946635

Website

Alerts

Be the first to know and let us send you an email when Sa ArkarHeing -AKH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sa ArkarHeing -AKH:

Share

Category