Myue Cafe

Myue Cafe coffee slow bar & snacks

28/05/2025

Start a fresh day with 𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚🥤🥤🥤

📍𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚
📌𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 : 𝗞𝗮𝗻𝘁 𝗞𝗮𝘄 𝟱𝘁𝗵 𝘀𝘁𝗿𝗲𝗲𝘁,𝗧𝗮𝘂𝗻𝗴 𝗡𝘆𝗼 𝗥𝗱
𝗡𝗮𝘆 𝗣𝘆𝗶 𝗧𝗮𝘄
⏰ 𝙏𝙞𝙢𝙚 : 𝟭𝗽.𝗺 𝘁𝗼 𝟴𝗽.𝗺

☎ 𝙏𝙚𝙡 :𝟬𝟵𝟰𝟯𝟭𝟴𝟮𝟬𝟮𝟴

🌿 𝗦𝗶𝗽.𝗥𝗲𝗹𝗮𝘅.𝗥𝗲𝗽𝗲𝗮𝘁


ဒီနေ့ဘာသောက်ရမလည်း မသိတဲ့သူတွေအတွက် 𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚 ရဲ့ 𝙄𝙘𝙚 𝙇𝙚𝙢𝙤𝙣 𝙏𝙚𝙖 လေးကPerfect Choice ပါပဲ...🥤ပူပြင်းတဲ့ နေ့လည်ခင်းမှာ 𝙄𝙘𝙚 ...
27/05/2025

ဒီနေ့ဘာသောက်ရမလည်း မသိတဲ့သူတွေအတွက်
𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚 ရဲ့ 𝙄𝙘𝙚 𝙇𝙚𝙢𝙤𝙣 𝙏𝙚𝙖 လေးက
Perfect Choice ပါပဲ...

🥤ပူပြင်းတဲ့ နေ့လည်ခင်းမှာ 𝙄𝙘𝙚 𝙇𝙚𝙢𝙤𝙣 𝙏𝙚𝙖 ရဲ့ ချိုချဥ်လန်းဆန်းတဲ့ အရသာကို ခံစားလိုက်ပါ 🧊🧊

📍𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚
📌𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 : 𝗞𝗮𝗻𝘁 𝗞𝗮𝘄 𝟱𝘁𝗵 𝘀𝘁𝗿𝗲𝗲𝘁,𝗧𝗮𝘂𝗻𝗴 𝗡𝘆𝗼 𝗥𝗱
𝗡𝗮𝘆 𝗣𝘆𝗶 𝗧𝗮𝘄
⏰ 𝙏𝙞𝙢𝙚 : 𝟭𝗽.𝗺 𝘁𝗼 𝟴𝗽.𝗺

☎ 𝙏𝙚𝙡 :𝟬𝟵𝟰𝟯𝟭𝟴𝟮𝟬𝟮𝟴

🌿 𝗦𝗶𝗽.𝗥𝗲𝗹𝗮𝘅.𝗥𝗲𝗽𝗲𝗮𝘁

အရသာရှိသော ကော်ဖီတစ်ခွက်နဲ့ သာယာတဲ့နေ့ရက်လေးကို 𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚 မှာ ခံစားလိုက်ပါ....🥤သဘာဝအရသာနဲ့ပြင်ဆင်ထားတဲ့ ကော်ဖီ၊ လတ်ဆတ်တဲ...
24/05/2025

အရသာရှိသော ကော်ဖီတစ်ခွက်နဲ့ သာယာတဲ့နေ့ရက်လေးကို 𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚 မှာ ခံစားလိုက်ပါ....🥤
သဘာဝအရသာနဲ့ပြင်ဆင်ထားတဲ့ ကော်ဖီ၊ လတ်ဆတ်တဲ့ သောက်စရာတွေနဲ့ စိမ်းစိုလှပသော ပတ်ဝန်းကျင်ကိုခံစားလိုက်ပါ 🤎

📍𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚
📌𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 : 𝗞𝗮𝗻𝘁 𝗞𝗮𝘄 𝟱𝘁𝗵 𝘀𝘁𝗿𝗲𝗲𝘁,𝗧𝗮𝘂𝗻𝗴 𝗡𝘆𝗼 𝗥𝗱
𝗡𝗮𝘆 𝗣𝘆𝗶 𝗧𝗮𝘄
⏰ 𝙏𝙞𝙢𝙚 : 𝟭𝗽.𝗺 𝘁𝗼 𝟴𝗽.𝗺

☎ 𝙏𝙚𝙡 :𝟬𝟵𝟰𝟯𝟭𝟴𝟮𝟬𝟮𝟴

🌿 𝗦𝗶𝗽.𝗥𝗲𝗹𝗮𝘅.𝗥𝗲𝗽𝗲𝗮𝘁

ကော်ဖီကောင်းကောင်းကြိုက်တတ်တဲ့ customer တွေအတွက် 𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚 မှ speciality coffee bean ကိုအသုံးပြုပြီး ဖျော်စပ်ထားတဲ့ Sign...
18/05/2025

ကော်ဖီကောင်းကောင်းကြိုက်တတ်တဲ့ customer တွေအတွက် 𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚 မှ speciality coffee bean ကိုအသုံးပြုပြီး ဖျော်စပ်ထားတဲ့ Signture coffee ကို စမ်းသောက်ကြည့်ဖို့ တိုက်တွန်းပါရစေဗျာ.....☕☕

📍𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚
📌𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 : 𝗞𝗮𝗻𝘁 𝗞𝗮𝘄 𝟱𝘁𝗵 𝘀𝘁𝗿𝗲𝗲𝘁,𝗧𝗮𝘂𝗻𝗴 𝗡𝘆𝗼 𝗥𝗱
𝗡𝗮𝘆 𝗣𝘆𝗶 𝗧𝗮𝘄
⏰ 𝙏𝙞𝙢𝙚 : 𝟭𝗽.𝗺 𝘁𝗼 𝟴𝗽.𝗺

☎ 𝙏𝙚𝙡 :𝟬𝟵𝟰𝟯𝟭𝟴𝟮𝟬𝟮𝟴

🌿 𝗦𝗶𝗽.𝗥𝗲𝗹𝗮𝘅.𝗥𝗲𝗽𝗲𝗮𝘁

𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚 မှာ 𝘽𝙪𝙗𝙗𝙡𝙚 𝙢𝙞𝙡𝙠𝙩𝙚𝙖 အရသာလေးစမ်းသောက်ကြည့်ပြီးပြီလား....နူးညံ့ ချိုမြိန် တဲ့အရသာလေး ကို မြည်းစမ်းကြည့်ဖို့ဧည့်ခံ...
17/05/2025

𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚 မှာ 𝘽𝙪𝙗𝙗𝙡𝙚 𝙢𝙞𝙡𝙠𝙩𝙚𝙖 အရသာလေးစမ်းသောက်ကြည့်ပြီးပြီလား....

နူးညံ့ ချိုမြိန် တဲ့အရသာလေး ကို မြည်းစမ်းကြည့်ဖို့
ဧည့်ခံပါရစေဗျာ 🥤

📍𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚
📌𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 : 𝗞𝗮𝗻𝘁 𝗞𝗮𝘄 𝟱𝘁𝗵 𝘀𝘁𝗿𝗲𝗲𝘁,𝗧𝗮𝘂𝗻𝗴 𝗡𝘆𝗼 𝗥𝗱
𝗡𝗮𝘆 𝗣𝘆𝗶 𝗧𝗮𝘄
⏰ 𝙏𝙞𝙢𝙚 : 𝟭𝗽.𝗺 𝘁𝗼 𝟴𝗽.𝗺

☎ 𝙏𝙚𝙡 : 𝟬𝟵𝟰𝟯𝟭𝟴𝟮𝟬𝟮𝟴

🌿 𝗦𝗶𝗽.𝗥𝗲𝗹𝗮𝘅.𝗥𝗲𝗽𝗲𝗮𝘁


🧊 𝗘𝘀𝗰𝗮𝗽𝗲 𝘁𝗵𝗲 𝗵𝗲𝗮𝘁 𝘄𝗶𝘁𝗵 𝗮 𝗳𝗶𝘇𝘇𝘆 𝘀𝗶𝗽! 🧊    "ရိုးရှင်း ၊ အေးမြ ၊ လန်းဆန်း ''🥤Blue Ocean Soda🌊🥤Strawberry Soda 🍓🥤Passion Sod...
09/05/2025

🧊 𝗘𝘀𝗰𝗮𝗽𝗲 𝘁𝗵𝗲 𝗵𝗲𝗮𝘁 𝘄𝗶𝘁𝗵 𝗮 𝗳𝗶𝘇𝘇𝘆 𝘀𝗶𝗽! 🧊

"ရိုးရှင်း ၊ အေးမြ ၊ လန်းဆန်း ''

🥤Blue Ocean Soda🌊
🥤Strawberry Soda 🍓
🥤Passion Soda🍸
🥤Kiwi Soda 🥝
🥤Blueberry Soda💜
🥤Green Apple Soda🍏
🥤Concentrated Sour plum Soda❤

📍𝙈𝙮𝙪𝙚 𝙘𝙖𝙛𝙚
📍 ပိတောက်လမ်းမကြီး ရွှေရည်တိုးစတိုး အရှေ့ နေပြည်တော်
☎ 𝟎𝟗𝟒𝟑𝟏𝟖𝟐𝟎𝟐𝟖

. .

Beat the summer heat with our Iced Signture Coffee 🥤🥤
24/04/2025

Beat the summer heat with our
Iced Signture Coffee 🥤🥤

❤ Myue Cafe Valentine's Day Special Offer!❤ချစ်သူနဲ့အတူ Myue Cafe မှာ ချစ်ခြင်းရဲ့ချိုမြိန်မှုကို သောက်သုံးလိုက်ပါ။ Vale...
13/02/2025

❤ Myue Cafe Valentine's Day Special Offer!❤

ချစ်သူနဲ့အတူ Myue Cafe မှာ ချစ်ခြင်းရဲ့ချိုမြိန်မှုကို သောက်သုံးလိုက်ပါ။ Valentine's Day မှာ အတူလာသောက်တဲ့ Couple များအတွက် အထူးလျှော့စျေးလေးတွေ ပြင်ဆင်ပေးထားပါတယ်ဗျာ။💘💘
☕ ကိုယ်ချစ်ရတဲ့သူ ခေါ်ပြီး လာသောက်တဲ့ ချစ်သူတိုင်းကို10% discountပေးမှာဖြစ်ပါတယ်။
☕ သောက်နေတဲ့ ကော်ဖီခွက်လေးရဲ့ပုံကိုsocial mediaပေါ်တင်ပြီး Myue Cafe ကို tag လုပ်ပေးရင် နောက်ထပ်5% discountထပ်ပေးမှာမို့ စုစုပေါင်း15% discountရရှိမှာဖြစ်ပါတယ်။
📸📸 ပုံတင်ဖို့မမေ့နဲ့နော်!
Facebook, Instagram ဒါမှမဟုတ် TikTok မှာ နဲ့ tag လုပ်ပေးပါ။
ချစ်သူနဲ့အတူ ပျော်ရွှင်စရာအချိန်လေးကို မျှဝေလိုက်ပါ။
📅 ရက်စွဲ:Feb 14
📍 နေရာ:Myue Cafe, [ကံကော် ၅လမ်း သပြေကုန်းမြို့နယ်]
ချစ်သူတွေရဲ့ ချစ်ခြင်းကို ကော်ဖီတစ်ခွက်နဲ့ ချိုမြိန်စေမယ့် Myue Cafe မှာ လာရောက်တွေ့ဆုံကြပါဦး။

Juice Soda နှင့် ပင်ပန်းမှုများကို အမောဖြေလိုက်ပါ...
04/02/2025

Juice Soda နှင့် ပင်ပန်းမှုများကို အမောဖြေလိုက်ပါ...

Myue's Sandwiches!!!!! Fish & Creamy sandwich ( ငါးသေတ္တာ အသားညှပ်)Egg Mayonise sandwich.  (ကြက်ဥမရောနစ်)French Toast (န...
30/01/2025

Myue's Sandwiches!!!!!

Fish & Creamy sandwich ( ငါးသေတ္တာ အသားညှပ်)
Egg Mayonise sandwich. (ကြက်ဥမရောနစ်)
French Toast (နို့ကြက်ဥပေါင်မုန့်ကြော်)


ကော်ဖီလှော်ခြင်းအဆင့်တွေကြောင့် ကော်ဖီအရသာတွေဘယ်လိုပြောင်းလဲနိုင်သလဲ?(Coffee Knowledge)ဟာ..ကော်ဖီကြီးကခါးလိုက်တာ၊ချဉ်လို...
28/01/2025

ကော်ဖီလှော်ခြင်းအဆင့်တွေကြောင့် ကော်ဖီအရသာတွေဘယ်လိုပြောင်းလဲနိုင်သလဲ?
(Coffee Knowledge)

ဟာ..ကော်ဖီကြီးကခါးလိုက်တာ၊ချဉ်လိုက်တာ၊ခါးတူးနေရောပဲ…ဘယ်လောက်တောင်ဆိုးလိုက်တဲ့ကော်ဖီလဲကွာ။

ကျွန်တော့်မိတ်ဆွေတွေထဲမှာအချိုကြိုက်တဲ့သူတွေဟာ coffee shop တစ်ခုရောက်တဲ့အခါ ဘာမှာရမလဲမသိပဲ မှာလိုက်တဲ့ကော်ဖီတစ်ခွက်ဟာ ခါးနေရင်၊ချဉ်နေရင် မိတ်ဆွေတို့ကကော်ဖီမကောင်းဘူးလို့ယူဆကြပါလိမ့်မယ်…အဲ့လိုဆိုရင်တော့မိတ်ဆွေရဲ့ခွက်ထဲကကော်ဖီရယ် ဖျော်ပေးတဲ့baristaရယ်ကို မလေးစားရာကျပါတယ်။တကယ်တော့ကော်ဖီအရသာမကောင်းတာမဟုတ်ပါဘူး မိတ်ဆွေကကော်ဖီစစ်စစ်ကို မသောက်တတ်သေးတာပါ။

ကဲ…ဒါဆိုဘာကြောင့်ချဉ်တာလဲခါးတာလဲဆိုတာရဲ့ တစ်စိပ်တစ်ဒေသလေးကို ကျွန်တော့်စာဖတ်သူကိုပြောပြပါမယ်။

📕Coffee roasting( ကော်ဖီလှော်ခြင်း)

-ကော်ဖီလှော်တယ်ဆိုတာကတော့ ကော်ဖီစေ့ထဲမှာရှိနေတဲ့ကောင်းမွန်တဲ့အနံ့နဲ့အရသာတွေကိုပေါ်ထွက်လာအောင် ကော်ဖီစေ့တွေကို အပူပေးပြီးလှော်ခြင်းဖြစ်ပါတယ်။ဒီလိုလှော်လိုက်လို့ရလာတဲ့ကော်ဖီစေ့ကို English လို roasted bean လို့ပညာရှင်တွေကခေါ်ကြပါတယ်။
ဟုတ်တာပေါ့..မလှော်ရသေးတဲ့ကော်ဖီစေ့လေးတွေကျတော့ စိမ်းဖန့်ဖန့်အရောင်လေးတွေလေ..အဲ့လိုမလှော်ရသေးတဲ့ကော်ဖီစေ့လေးတွေကိုကျတော့ un roasted bean (or) green bean လို့လဲခေါ်ပြန်ပါသေးတယ်။
ဒီ green bean အခြေနေမှာရှိနေတဲ့ကော်ဖီစေ့တွေကတော့ ထူးခြားတဲ့ အရသာနဲ့မွှေးရနံ့ကိုရအုံးမှာမဟုတ်ပါဘူး။

ဘာလို့ coffee roasting အကြောင်းကိုအရင်ပြောပြတာလဲဆိုရင် ကော်ဖီလှော်ခြင်းကြောင့်ဖြစ်လာတတ်တဲ့ အရသာပြောင်းလဲမှု့ကိုပြောပြချင်တာမို့ပါ။ရာနှုန်းပြည့် ကော်ဖီလှော်ခြင်းအပိုင်းတစ်ခုထဲကြောင့် ဒီအရသာတွေရတာ၊ပြောင်းလဲတာမျိုးတော့မဟုတ်ပါဘူး..ကော်ဖီမျိုးစိပ်၊စိုက်ပျိုးမှု့စနစ်၊လှော်ခြင်း၊ဖျော်စပ်မှု့နည်းပညာ စတာတွေကြောင့်ကော်ဖီအရသာကလဲပြောင်းတတ်ပါသေးတယ်။

Coffee roasting မှာ level 3 မျိုးရှိတယ်လို့အကြမ်းမျဉ်းပြောလို့ရပါတယ်..အဲ့တာတွေကတော့
-Light Roast
-Medium Roast
-Dark Roast တို့ပဲဖြစ်ပါတယ်။
ဒီ roasting levels တွေကြောင့်ကော်ဖီဟာချဉ်တယ်၊ခါးတယ်ဆိုပြီးဖြစ်လာတတ်တာပါ။

📕Light Roast

-ကော်ဖီဟာချယ်ရီသီးမျိုးစိပ်ထဲကလာတာဖြစ်တဲ့အတွက်ကြောင့် ကော်ဖီသီးရဲ့မှည့်နေတဲ့အသားနဲ့အစေ့ထဲမှာ organic acid လေးတွေပါဝင်ပြီး အချဉ်ဓာတ်လေးဟာကော်ဖီရဲ့မူလဇစ်မြစ်အရသာ (original flavour) ဖြစ်ပါတယ်။ဒါကြောင့်ကော်ဖီရဲ့မူလအရသာစစ်စစ်ကိုသောက်ချင်ရင်၊သောက်မိရင် အချဉ်ဓာတ် (sour) လေးကိုလဲခံစားမိပါလိမ့်မယ်။

Light roast အဆင့်ဟာကြာကြာလှော်ထားတာမဟုတ်သေးတဲ့အတွက်ကြောင့် ကော်ဖီစေ့ထဲမှာရှိတဲ့ဒြပ်ပေါင်းတွေကလည်း အများကြီးမပြောင်းလဲသေးပါဘူး။ ဒီ light roast အဆင့်မှာပဲကော်ဖီရဲ့ အနံ့ထဲကသစ်သီးရနံ့တွေ၊ဟင်းခတ်အမွှေးကြိုင်ရနံ့တွေနဲ့သကြားညိုရနံ့တွေလဲရတတ်ပါသေးတယ်။

Light roast ဖြစ်မဖြစ်ကို physically အရသိချင်ရင်ကော်ဖီစေ့ရဲ့အရောင်လေးကိုကြည့်တဲ့အခါ အညိုနုရောင်(သစ်ဂျပိုးခေါက်အရောင်)လေးရှိနေပါလိမ့်မယ်။Light roast ကိုတစ်နည်းအားဖြင့် cinnamon roast လိုလဲခေါ်ကြပါသေးတယ်ဗျ။ မိတ်ဆွေကအချဉ်ကိုကြိုက်တတ်တယ် ချဉ်တဲ့အသီးတွေကိုစားလေ့ရှိတယ်ဆိုရင်တော့ ကော်ဖီရဲ့ကောင်းမွန်ပြီးလန်းဆန်းစေတဲ့အချဉ်ဓာတ်လေးကိုလဲခံစားကြည့်ပါအုံး။

📕Medium Roast

-အပေါ်မှာပြောခဲ့light roastအဆင့်မှာလှော်တာကိုမရပ်ပဲ ဆက်လှော်နေရင်တော့ ကော်ဖီစေ့လေးတွေရဲ့အရောင်ဟာ အညိုနုရောင်ထက်ပိုရင့်လာပြီး medium roast အဆင့်ကိုရောက်လာပါလိမ့်မယ်။Medium ကတော့ light roast ထက်အချိန်တစ်ခုပေးပြီးလှော်ထားတာဖြစ်တဲ့အတွက်ကြောင့် ကော်ဖီစေ့ထဲမှာရှိတဲ့ ဒြပ်ပေါင်းလေးတွေဟာ စတင်သိသာစွာအနည်းငယ်ပြောင်းလဲစပြုလာပါပြီ။

-Medium roastမှာကော်ဖီရဲ့အရသာက အချဉ်ဓာတ်(sour)ရယ် အခါးဓာတ်(bitter) ရယ်အရသာနှစ်မျိုးဟာညီမျှသွားပြီး နူးညံ့ပြီးသောက်လို့ကောင်းတဲ့ လှော်ခြင်းအဆင့်တစ်ခုဖြစ်လာပါတယ်။ဒီအဆင့်မှာဆိုရင်ဘယ်ရီသီးရနံ့၊ပန်းရနံ့နဲ့သကြားမီးသင်းရနံ့လေးတွေရတတ်ပါတယ်။Medium roast ကိုနောက်တစ်မျိုး city roast လို့လဲခေါ်ပါတယ်။

-Medium roast ဟာ light roastလို အချဉ်မစူးတာကြောင့် ပုံမှန်ကော်ဖီသောက်နေတဲ့သူတွေအတွက် ကော်ဖီရဲ့အချဉ်ဓာတ်နဲ့မိတ်ဆက်ပေးခွင့်ရလို့ Roaster များနဲ့ speciality coffee (အထူးတန်းဝင်ကော်ဖီ)ထုတ်လုပ်သူများက သဘောတွေ့ကြတဲ့လှော်ခြင်းအဆင့်တစ်မျိုးလဲဖြစ်ပါတယ်။သူက ဒြပ်ပေါင်းတွေပြောင်းလဲပေမဲ့လဲ အများကြီးမပြောင်းလဲသေးတာကြောင့် ကော်ဖီရဲ့မူလအရသာကိုခံစားနေရအုံးမှာပါ။

ကျွန်တော့်စာဖတ်သူကဒီစာကိုဖတ်ပြီးကော်ဖီရဲ့အချဉ်ကိုစမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ medium roast levelရှိတဲ့ကော်ဖီဟာ မိတ်ဆွေကို ကောင်းမွန်တဲ့အချဉ်ဓာတ်လေးနဲ့ ကောင်းကောင်းမိတ်ဆက်ပေးပါလိမ့်မယ်။

📕Dark Roast

-အချိန်ပိုကြာကြာလှော်လာရင်တော့ကော်ဖီဟာ dark roast အဆင့်ကိုရောက်သွားပြီ။ဒီအဆင့်ကိုရောက်သွားတဲ့ကော်ဖီဟာ အစေ့ရဲ့မျက်နှာပြင်ပေါ်မှာအဆီပျံနေပြီး dark roast ကနေ အချဉ်ဓာတ်မပေးနိုင်တော့ပဲ ပါးစပ်ထဲစွဲနေစေမယ့်အခါးဓာတ်ပြင်းပြင်းကိုခံစားမိပါလိမ့်မယ်။

-Dark roast အဆင့်ကိုရောက်သွားတဲ့ကော်ဖီကမီးခိုးနံ့သင်းနေတတ်ပါတယ်။ဒါပေမဲ့ဒါကိုမကောင်းဘူးလို့လဲပြောလို့မရဘူးဗျ..ဘာလို့လဲဆိုတော့တစ်ချို့ကော်ဖီမျိုးစိပ်တွေက သူတို့ရဲ့မူလအရသာတွေပြောင်းလဲသွားပေမဲ့လဲ အဲ့အချိန်မှာချောကလက်၊အစေ့အဆံနဲ့သကြားမီးသင်းတဲ့အရသာကောင်းမျိုးကို ရရှိတတ်ပါသေးတယ်။
အထူးတန်းဝင်ကော်ဖီထုတ်လုပ်လုပ်သူတွေကတော့ မူလဇစ်မြစ်အရသာလုံးဝပြောင်းလဲသွားတာဖြစ်တဲ့အတွက်ကြောင့် dark roast level ကိုအသုံးနည်းတာတွေ့ပါတယ်။
Dark roast ကို Vienna roast လို့လဲခေါ်ပါတယ်။
Roasting level 3ခုလုံးရဲ့အရောင်တွေကို မြင်ဖူးအောင်အောက်မှာပုံလေးထည့်ပေးထားပါတယ်။

ဒီလောက်ဖတ်ပြီးရင်တော့ လှော်ခြင်းအဆင့်တွေဟာမိတ်ဆွေရဲ့ကော်ဖီအရသာကို ဘယ်လိုအကျိုးသက်ရောက်မှု့ရှိလဲဆိုတာကို အကြမ်းမျဉ်းတော့နားလည်သွားပါပြီ။သို့ပေမဲ့လဲ လှော်သားဘယ်လောက်ကောင်းကောင်း စနစ်ကျတဲ့ brewing methods တွေကိုနားမလည်ဘူးဆိုရင်တော့ ကောင်းမွန်တဲ့ကော်ဖီရဲ့အရသာအပြည့်အဝကို ကော်ဖီမှုန့်တွေထဲကနေမိတ်ဆွေ ဆွဲထုတ်ဖျော်စပ်သောက်သုံးနိုင်အုံးမှာမဟုတ်ပါဘူး။

ဒါကြောင့် ကော်ဖီရဲ့ထူးခြားတဲ့အနံ့အရသာတွေကို နည်းစနစ်တကျဖျော်တတ်ဖို့ စာရေးသူဖွင့်ထားတဲ့ “Story Of Espresso” barista training center မှာ coffee brewing training တွေလာ join လို့ရပါတယ်။လစဉ်အပတ်စဉ်တိုင်းမှာ group sections, private sections တွေလဲရှိပြီး လာမယ့် 3.2.2025 ကနေ 8.2.2025 ထိဖွင့်မယ့် “Professional Barista Course”ကိုလဲ join ဖို့မှီသေးတယ်နော်။

ကျွန်တော်မျှဝေပေးထားတာကတော့ coffeeပညာရဲ့ တစ်စိပ်တစ်ပိုင်းလေးကို မိတ်ဆွေတို့နားလည်လွယ်အောင်ရေးသားပေးထားတာဖြစ်တာမို့ ကြိုက်နှစ်သက်ရင် ကိုယ်သိလိုက်ရသလို မိတ်ဆွေတို့ရဲ့သူငယ်ချင်းတွေပါသိအောင် ပြန်လည်မျှဝေပေးပါအုံးနော်။”မျှဝေခြင်းဟာမင်္ဂလာတစ်ပါး”ဖြစ်ကြောင်းမှာကြားရင် ကျွန်တော့်စာလေးကို ဒီမှာနိဂုံးချုပ်လိုက်ပပါတယ်။

(စာဖတ်သူရှု့ထောင့်ကနေနားလည်လွယ်အောင်လိုတိုရှင်းရေးပြထားတာဖြစ်တဲ့အတွက် လိုအပ်ချက်များရှိရင် professional roaster များကဖြည့်တွေးနားလည်ပေးစေလိုကြောင်း မေတ္တာရပ်ခံပါတယ်)

Brew with love….☕️🤎

Written by Nay Min Myat (Story of Espresso)

Crd to original post

Address

Zabuthiri Township, Tha Pyay Gone, Taungnyo Road
Nay Pyi Taw

Telephone

+95943182028

Website

Alerts

Be the first to know and let us send you an email when Myue Cafe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myue Cafe:

Share

Category