Swę Matĕ Ţă

Swę Matĕ Ţă Foodstuff

23/09/2023

သံဒယ်တွေကို စတင်မကြော်မှီ ဆီဝအောင် ကျင့်ပေးရပါတယ် အဲ့ဒါမှသာ အိုးလည်း မကပ်တော့သလို ရိုးရိုးဒယ်တွေနဲ့ မတူတဲ့ စွဲမက်ဖွယ် ဟင်းလျာရဲ့ အနံ့ကိုလည်း ရရှိမှာ ဖြစ်ပါတယ်
သံဒယ်နဲ့ ကြော်လှော် ချက်ပြုတ်ခြင်းကြောင့် Metal poisoning ဖြစ်ခြင်းအတွက် စိုးရိမ်စရာမလိုတော့သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓါတ်ကိုလည်း အပြည့်အဝ ရရှိမှာပဲ ဖြစ်ပါတယ်

Crd; Video uploader

ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေး ဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ 🍀🍀ကိ...
27/07/2022

ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့
ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေး ဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ 🍀🍀

ကိုယ့်အတွေ့အကြုံလေးကိုsharingလုပ်ပေးပါရစေ ကိုယ်လည်းအဲ့ဒုက္ခကိုတော်တော်ခံစားခဲ့ရတာ ဘယ်လောက်ဆိုးသလဲဆို
မနက်ပိုင်းချက်ထားတဲ့ထမင်းကို
ညနေမမှောင်ခင်အပြေအလွှားစားမှမှီတယ်
မဟုတ်ရင်စားခါနီးကျထမင်းကသိုးရော
ထမင်းကြိုက်တဲ့လူဆိုတော့ ထိုင်ငိုချင်စိတ်ပါပေါက်တာ အဲ့လိုဖြစ်ပေါင်းများလို့ခေါင်းဆွဲပြုတ်နဲ့ညားရတာအခါခါပါပဲ

ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့
ဆန်ဆေးရင်ဆန်ကိုသေချာပြောင်အောင်ဆေးရမယ် ပြီးရင်ထည့်ချက်မယ့်ရေကလည်းသန့်ရမယ်
ပြီးရင်အိုးကလည်းသန့်ရမယ်လို့ အမြဲမှတ်ထားပါတယ်

ခဏခဏသိုးတဲ့အိုးကိုအရင်ဆုံးရေထည့်ပြီး
ပွက်ပွက်ဆူနေအောင်တည်ပြီးပိုးသတ်ပါတယ်
ပြီးရင်အဲ့ရေနွေးကိုသွန်ပြီးအိုကို‌အခြောက်ခံပြီး
ဆားနဲ့နာနာတိုက်ပါတယ် ကိုယ်တော့နာရီဝက်လောက်ကိုထိုင်‌တိုက်တာ
အိုးမှာရှိတဲ့ဂျေးတွေကဆားနဲ့အတူပါသွားပြီး
ဆားကမဲညစ်ညစ်အရောင်ပြောင်းသွားလိမ့်မယ်
ကိုယ်စိတ်ကျေနပ်လောက်တဲ့အနေအထားရောက်ရင် ပန်ကန်ဆေးအစိမ်းဖတ်ထဲဆပ်ပြာထည့်ပြီးသေချာပွတ်ဆေးလိုက်ပါ
အဲ့ဒါဆိုရင်မသိုးတော့တဲ့အိုးဖြစ်သွားပါလိမ့်မယ်
ကိုယ်တော့အဲ့လိုလုပ်ပြီးကတည်းကထမင်းမသိုးတော့တာ နှစ်ရက်လောက်ထားလဲထမင်းကနဂိုအတိုင်းလေးပဲ
တစ်ခါတလေနှစ်ညအိပ်တွေဘာတွေတောင်ဖြစ်ကုန်တာ ဒါတောင်မသိုးတော့ဘူး

အားလုံးလည်းအဆင်ပြေကြပါစေ
ကိုယ်အဆင်ပြေတဲ့နည်းလေးကိုပြန်မျှဝေပေးတာပါ


🍀

Pizza History (ပီဇာ သမိုင်းကြောင်း)Pizza က ဘယ်ကစတာလဲ 🍕🍕🍕Examiner.com မှာပြောထားတာကတော့ Pizzaကအခုနာမည်ကြီးတဲ့ Italyကနေစတင...
18/07/2022

Pizza History (ပီဇာ သမိုင်းကြောင်း)

Pizza က ဘယ်ကစတာလဲ 🍕🍕🍕

Examiner.com မှာပြောထားတာကတော့ Pizzaကအခုနာမည်ကြီးတဲ့ Italyကနေစတင်ခဲ့တာမဟုတ်ပါဘူး။
တကယ်တမ်းတော့ Italy မှာမစခင်တည်းက Pizzaပေါ်တာ သက်တမ်းကြာပြီးဖြစ်ပါတယ်။

Italyမှာမစခင် ဟိုးအရင်တုန်းကတော့ ဂရိနဲ့ဖိုနီးရှား (Phoenicians)လူမျိုးတွေက အမွှေးနံ့သာ ရသာမှုန့်တွေနဲ့စားကြတယ့် (seasoned flatbread) ပါမုန့်ပြားတစ်ချပ်သာဖြစ်တယ်။

Plankuntosလို့တော့ ဂရိတွေကခေါ်ကြတယ်။ ဂရိတွေက Plankuntosခေါ်flatbreadတွေကို စားလို့ရတယ့်ပန်းကန်ပြား (edible plate)အနေနဲ့လုပ်တာဖြစ်ပြီး အပေါ်မှာ အသားနဲ့အရွက်ရောချက်ထားတဲ့stews ဒါမှမဟုတ် စွတ်ပြုတ်(broth)ထည့်ပြီးလည်း စားကြတယ်။

တဖြည်းဖြည်းနဲ့ Plankuntos ကို Italyက Pizzas လို ပြောင်းခေါ်ခဲ့တယ်။ ဒီလိုနဲ့ Plankuntosပါမုန့်ပြား လုပ်နည်းကို Italyနိုင်ငံ Naples ဆီရောက်သွားပြီး Naplesမြို့လမ်းတွေပေါ်မှာ၊စျေးတွေမှာ အခြေခံလူတန်းစားတွေအတွက် စတင်ရောင်းခဲ့တယ်။

Pizza ကို လမ်းဘေးစျေးသည် အထူးသဖြင့် ကောင်လေးတွေက ခေါင်းပေါ်မှာ မီးဖိုသေးလေးတွေရွက်ပြီး Pizzaကို လမ်းတွေပေါ်မှာ ရောင်းကြတယ်။ဒီ Pizzaတွေကိုစျေးပေါပေါနဲ့လုပ်ရောင်းခဲ့ကြတယ်။ သဘာဝအတိုင်းဘာမှမပါတဲ့ ပါမုန့်အပြားကြီးတွေထဲ ဆီနဲ့အမွှေးနံ့သာရွက်တွေပဲထည့်ဖုတ်ပေမယ့် အရသာရှိပြီး ဗိုက်ပြည့်စေတယ်။

တနေ့ ဘုရင် Umbertoနဲ့ ဘုရင်မ Margheritaက Naplesမြို့တွင်း လှည့်လည်ရင်း Pizzeria Brandi ဆိုင်ကိုဝင်ရောက်ကြည့်ရူပြီး Chef Raffaele Esposito ကို pizza အမျိုးမျိုးလုပ်ပေးခိုင်းခဲ့တယ်။

Chef Raffaele Espositoလည်း Italyရဲ့အလံအရောင်တွေဖြစ်တဲ့အနီ၊အဖြူနဲ့ အစိမ်းတို့ကို ကိုယ်စားပြုတဲ့ pizza တစ်မျိုးကို ခရမ်းချဉ်သီး (အနီ)၊ Mozzarella cheese (အဖြူ) နဲ့ ပင်စိမ်း (အစိမ်း)တို့ကိုသုံးပြီး ပြုလုပ်ပေးလိုက်တယ်။

ဒီpizzaကဘုရင်မရဲ့အကြိုက်ဆုံးpizza ဖြစ်ခဲ့ပြီး Pizza Magherita လို့နာမည်ပေးလိုက်တယ်။

အဲ့ချိန်ကစပြီး pizzaက Italyကနေ USနဲ့ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များနာမည်ကြီးလာတဲ့ fast foodတစ်မျိုးဖြစ်လာပါတော့တယ်။🍕🍕🍕🍕

အီတလီနိုင်ငံမှာဟိုးရှေးယခင်ကဆင်းရဲသားများစားသုံးခဲ့ရတဲ့အစားအသောက် တခုဖြစ်ပြီးယခုမျက်မှောက်ခေတ် မှာလူတန်းစားအသီးသီးရဲ့အစားအသောက် ဖြစ်နေတဲ့ Pizza အကြောင်း.

Pizza History

၁၆ ရာစုလောက်က အီတလီနိုင်ငံ နေပယ်မြို့နဲ့အနီးပတ်ဝန်းကျင်ဒေသက Flat bread (ပေါင်မုန့်အပြား)ဟာ ဒီခေါတ်မှာစားသုံးနေတဲ့ပီဇာ ရဲ့အခြေခံ ပါဘဲ..ဒါပေမဲ့ ပီဇာဟာ နေပယ်မြို့ကဆင်းရဲသားတွေစားဖို့လမ်းဘေးမှာရောင်းတဲ့မုန့်တခုထက်မပိုခဲ့ပါဘူး..

၁၆ရာစုနောက်ပိုင်း ကိုလံဘတ်စ် တို့အမေရိကကိုရောက်ရှိပြီး ခရမ်းချဉ်သီးပင်လည်းဥရောပကိုရောက်ရှိခဲ့ပါတယ်..အဲ့ဒီ့နောက်ပိုင်းမှာပီဇာကိုခရမ်းချဉ်သီးအနှစ်.. သံလွင်ဆီ..ငါးတို့ကို Top up လုပ်လာပါတယ်..

Italy နိုင်ငံကိုစည်းရုံးတည်ထောင်နိုင်ခဲ့တဲ့ဘုရင်ကြီးberto နဲ့ သူ့မိဘုရား Margherita (မာဂရီတာ)တို့ဟာ နေပယ်မြို့ကို ၁၈၈၉ ခုနှစ်မှာအလည်ရောက်ရှိလာပါတယ်..မင်းမျိုးမင်းနွယ်တွေဆိုတော့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ပြင်သစ်အစားအစာတွေစားရတာငြီးငွေ့လာပုံရပါတယ်..မိဘုရားက ပီဇာတခုလောက်စားချင်တယ်လို့သိတဲ့အခါ..နေပယ်မြို့ကပီဇာဖုတ်တဲ့သူ Raffaele Esposito ဆိုသူက ပီဇာတခုကိုမိဘုရားကိုဆက်သခဲ့ပါတယ်..
ပီဇာမှာပါဝင်တာကတော့ အဖြူရောင်ဖြစ်တဲ့ဂျုံဖတ်(dough)နဲ့မိုဇာရွဲလားချိစ်..အနီရောင်ဖြစ်တဲ့ ခရမ်းချဉ်သီးအနှစ်..အစိမ်းရောင်ဖြစ်တဲ့ ပင်စိမ်းရွက်(Basil leave)ကိုအပေါ်မှာတင်ပေးလိုက်တာပါပဲ..အဲဒီအရောင်သုံးရောင်ဟာ.အီတလီအမျိုးသားအလံ မွာပါတဲ့ နီဖြူစိမ်း သုံးရောင်ကိုကိုစားပြုထားတာပါလို့လဲဆိုပါတယ်...မိဘုရားကပီဇာကိုကြိုက်နှစ်သက်တဲ့အတွက်..

အဲဒီပီဇာကို မာဂရီတာပီဇာ(Margherita Pizza)ရယ်လို့ယခုခေတ်အထိနံမယ်တွင်နေခဲ့ပါတယ်..ဒါပေမဲ့ပီ ဇာဟာ နေပယ်မြို့နဲ့ပတ်ဝန်းကျင်မွာသာခေါတ်စားခဲ့တာသာဖြစ်ပြီး၁၉၄၀ခုနှစ် ဒုတိယကမ်ဘာစစ်အတွင်းကြမှအီတလီတပြည်လုံးပြန့်နံ့ခဲ့ပါတယ်..အရင်ကဆင်းရဲသားများသာစားသုံးကြတဲ့ Food ဖြစ်ပေမဲ့ မျက်မှောက်ခေတ်မှာတော့ ဟော်တယ်နဲ့စားသောက်ဆိုင် ကြီးများတွင်ပါရောင်းချနေသည်အထိ လူကြိုက်များလာကြပါပြီ။

Greek Cheese, Nut နဲ့ တခြားထည့်စားချင်တဲ့အရာတွေကိုထည့်စားခဲ့ကြပါတယ်..

1889ခုနစ် ဇွန်လမှာPizzeria Brandi ရဲ့ Chef Raffaele Esposito ဆိုသူက အီတလီဘုရင်မ Queen Margherita ကို ဂုဏ်ပြုတဲ့အနေနဲ့ အီတလီနိုင်ငံရဲ့National Flag အရောင်ကိုမှီညမ်းပြီး Daisy ပုံသဏ္ဍာန်ဖြင့် Pizza Margheritaကို တီထွင်ခဲ့ပါတယ်။

အဲ့အချိန်မှစပီး အီတလီတောင်အလယ်ပိုင်းမှာ Pizza ကို တွင်တွင်ကျယ်ကျယ်အစားများလာပီးကမ္ဘာအနှံ့ကိုပျံ့နှံလာခဲ့ပါတယ်။
အခုလက်ရှိ Paratha, Nan စတဲ့ အာရှအစားအစာတွေဟာလဲ Pizzaကိုပုံတူယူပီးပြုထားတယ်လို့ စာတွေမှာဖော်ပြထားပါတယ်။

ပြင်သစ်ကChefတွေက Pizza ဟာအောက်ခြေလူတန်းတွေအများစုစားသုံးကြတဲ့အစားအစာဟုသတ်မှတ်ကြပြီး... သူတို့ရဲ့Puffနဲ့ပြုလုပ်ထားတဲ့ မုန့်အပြားကို Pizza ကဲ့သို့ပြုလုပ်ပြီးစားသုံးခဲ့ကြပါတယ်။

1957ခုနှစ်မှာ Pizza ကို ပထမဆုံး Frozen Pizza အနေနဲ့ US Supermarkets တွေမှာစတင်ရောင်းချလာခဲ့ပြီး ပုံသဏ္ဍာန်အရွယ်အစားပေါင်းစုံပြုလုပ်ပြီးစားသုံးလာကြပါတယ်။

Credit Original Writer
Edit RCphyo

မြန်မာနိုင်ငံမှာ အမဲနှပ်နည်းက နှစ်မျိုးရှိတာဗျ။ ကုလားနည်းနဲ့ ဗမာနည်းပါ။တမျိုးစီ ကောင်းကြတယ်။ဒီနည်းကတော့ ကုလားနည်းပါ။အတုံ...
15/07/2022

မြန်မာနိုင်ငံမှာ အမဲနှပ်နည်းက နှစ်မျိုးရှိတာဗျ။
ကုလားနည်းနဲ့ ဗမာနည်းပါ။တမျိုးစီ ကောင်းကြတယ်။
ဒီနည်းကတော့ ကုလားနည်းပါ။အတုံးမပျက် နူးအိပြီး လက်သီးဆုပ်လောက်ရှိတဲ့ အတုံးကြီးတွေမို့ မြင်ယုံနဲ့တင် သွားရည်ကျစရာပါ။
ကျနော်ကတော့ အမဲပေါင်မိုးခိုလို့ခေါ်တဲ့ Beef cube Roll ကိုသုံးတယ်။ပေါင်သားလှလှသုံးလည်းရပါတယ်။ အပေါ်ယံ အကြောလေးတွေရှင်းပီး အသားတုံးကို ကြီးကြီး သာ ရဲရဲ တုံးလိုက်ပါ။
ပီးရင် အမဲ တစ်ပိသာကို ဒိန်ချဉ် တဆယ်သား၊ဆားဆနွင်း၊ကြက်သားမှုန့်၊ဂျင်းနှင့်ကြက်သွန်ဖြူကြိတ်ထားတဲ့ အရည်၊ဇီယာမှုန့်၊နံနံမှုန့်၊ရောင်တင်မှုန့်၊ငရုပ်သီးမှုန့် တို့နဲ့ နယ်ပီး နှစ်နာရီလောက် နှပ်ထားပါ။
မြစ်သားကြက်သွန်75ကျပ်သားကို ပါးပါး လှီးပြီး ရွှေဝါရေင်သန်းသည်ထိကြော်ပါ။
ဆီနှစ်ဆယ်သားကို အိုးထဲထည့်၍ပူလာလျှင် သစ်ကြမ်းပိုးခေါက်၊ဖာလာစေ့၊ကရဝေးရွက်တို့ကို အရောင်ပြောင်းသည်ထိကြော်ပါ။ ထို့​​ေနာက် ကြက်သွန်နီ အနည်းငယ်ကို အရည်ညှစ်ထားတဲ့ ဂျင်း ကြက်သွန်ဖြူတို့နှင့်ဆီသတ်ပါ။ပြီးလျှင် နှပ်ထားတဲ့ အမဲသားကို ထည့်မွှေပါ။လုံးတယ်လို့လည်းခေါ်ပါတယ်။တဖြည်းဖြည်း အရည်ခမ်းလာပါစေ။မတူးပါစေနှင့်။
အဆီပြန်လာလျှင် ကြက်သွန်နီကြော်ထည့် ရေမြုတ်သည်ထိထည့်၍ မီးသွေးမီးအေးအေးဖြင့်နှပ်ပါ။15မိနစ်တခါ မွှေပေးပါ။ ရေလိုလျှင် ထပ်ထည့်ပါ။ 3နာရီလောက်ကြာရင်တော့ နူးအိနေတဲ့အမဲသားရပါမယ်။ အနှစ်ကို ရေကုန်ပြီး ဆီပြန်သည် အထိ ခမ်းအောင်ထားပါ။
အသားဟာ ကျစ်ပြီး ကိုက်လိုက်ရင် နူးညံ့ စိမ့်မွှေးတဲ့ကုလားအမဲနှပ်ကို ရပါမယ်ဗျ။

Crd; Htun Htun

ဝက်သားနီချက်နည်း(နည်းလမ်းသစ်)*********************အိမ်မှာ စားချက်တဲ့အချိန့ ချက်စားလို့ရအောင်💓Like /Share ထားလို့ရပါတယ်.....
06/07/2022

ဝက်သားနီချက်နည်း(နည်းလမ်းသစ်)
*********************
အိမ်မှာ စားချက်တဲ့အချိန့ ချက်စားလို့ရအောင်
💓Like /Share ထားလို့ရပါတယ်..

ဝက်သားနီချက်ဆိုတာ နာမည်နဲ့လိုက်အောင်
အသားတုံးရော အခေါက်လေးပါ လေး နီရဲနေမှ လှတာပါ။
ခုချက်နည်းမှာ အသားရော အခေါက်ပါ နီရဲနေအောင်
ချက်ပြပေးထားပါတယ်။

ဝက်သားနီချက်နည်းတွေက
တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။

အချို့ ဝက်သားနီချက်နည်းတွေမှာ
ငရုတ်သီး အစိမ်းမှုန့်ထည့်ကြပါတယ်။

ကျမကတော့ ဝက်သားရဲ့ နီတဲ့အရောင်ကို
ငရုတ်သီး အစိမ်းမှုန့်ရဲ့ နီတဲ့ အရောင်နဲ့ မရောစေချင်တာကြောင့်
ငရုတ်သီး အစိမ်းမှုန့် မသုံးပါဘူး။

_________________________________________________

ပါဝင်ပစ္စည်းများ
*************
ဝက်သား သုံးထပ်သား
မြေပဲဆီ
ဆား,သကြား,ဟင်းချိုမှုန့်
ဂျင်း ( ထောင်းထားပါ )
ကြက်သွန်ဖြူ ( ထောင်းထားပါ ( သို့ ) ကြိတ်ထားပါ )
ကြက်သွန်နီ ( အကွင်းကွင်းထားပါ )

_________________________________________________

ချက်ပါတော့မယ်။

ချက်မယ့်အိုးထဲကို ဆီထည့်ပီး အပူပေးပါ။
ဆီပူလာရင် သကြားထည့်ပါ။
သကြားများ အရည်ပျော်လာပီး
ထညက်ရည် လိုဖြစ်လာတဲ့အထိ မွှေပေးပါ။

ပီးရင် မီးပိတ်၍ ဝက်သားထည့်ပီးမှ မီးပြန်ဖွင့်ပါ။

ဟိုဖက် ဒီဖက် လှန်ကာ မွှေပေးပါ။

ဝက်သားအရောင်များပါ နီရဲလာပါလိမ့်မယ်။

မိမိစိတ်ကြိုက် အနီရောင်လေးရမှ
ဝက်သားကို ရေနွေးပူ မြုပ်အောင် ထည့်ပါ။

ကြက်သွန်ဖြူ/နီ , ဂျင်း များထည့်ပါ။

အဖုံးအုပ်ပြီး မီးအား အနေတော်နဲ့သာ ချက်ပေးပါ။

ရေများ လုံးဝခန်းသွားပီး ဆီပျံလာရင်တော့
ကြက်သွန်ဖပ်လေးများလည်း နူးအိသွားပါပီ။
ဒါဆိုရင်တော့ အရသာရှိလှတဲ့ ဝက်သားနီချက် အိအိလေး ရပါပီ။

သူ့အပူရှိန်နဲ့သူ အဖုံးအုပ်ပီး နှပ်ထားပေးပါ။

_________________________________________________

ဝက်သနီချက်မှာ အဓိက က
ဝက်သားတုံးလေးတွေ အနီရောင်သန်းနေပီး
အသားရော အခေါက်ပါ အိစက်နေစေဖို့ပါပဲ။

အသားရော အခေါက်ပါ အိစက်နေစေဖို့အတွက်
မီးအား မပြင်းစေပဲ, မီးအား အသင့်အတင့်နဲ့
အဖုံးအုပ်ထားပီး စိတ်ရှည်ရှည်နဲ့ ချက်ရပါမယ်။

အားလုံးပဲ ချမ်းမြေ့ကြပါစ
💓💓💓💓💓
ဟင်းချက်နည်းများ

ဟမ်ဘာဂါ လုပ်နည်း(Bu**er)🥪🍔🍔🍔🍔🍔🍔ဆိုင်တွေက လက်ရာအတိုင်း အရသာရှိတဲ့ Bu**er လေးတွေလုပ်စားရအောင်လုပ်ကျွေးလိုက်တော့နော်/ဆိုင်မ...
06/07/2022

ဟမ်ဘာဂါ လုပ်နည်း(Bu**er)🥪
🍔🍔🍔🍔🍔🍔
ဆိုင်တွေက လက်ရာအတိုင်း အရသာရှိတဲ့ Bu**er လေးတွေလုပ်စားရအောင်
လုပ်ကျွေးလိုက်တော့နော်/ဆိုင်မှာဝယ်စားမှကောင်းတာမဟုတ်ပါဘူး
နည်းလမ်းသိရင် အိမ်မှာ ကိုယ်တိုင်လုပ်စားလည်း အရမ်းကောင်းပါတယ်
👍❤️
(Share သိမ်းထားလို့ရပါတယ်)
❤️❤️❤️❤️❤️❤️💪
ကျနော်လည်း ဟမ်ဘာဂါဆိုရင်အလွန်
ကြိုက်ပါတယ်။ အထူးသဖြင့်ဂျုံဖြစ်အစားအစာမျိုးကိုပိုကြိုက်ပါတယ်။ ဂျုံဖြစ်အစားအစာအနေနဲ့
တစ်နေ့ကို အနည်းဆုံးတစ်နပ်စားဖြစ်ပါတယ်။ အထူးသဖြင့်ပေါင်မုန့်ကို မနက်စာအဖြစ် ကောဖီ
နဲ့ နွားနို့နိုင်နိုင်အမြဲ စားဖြစ် သောက်ဖြစ်ပါတယ်။ ဂျုံဖြစ်အစားအစာစားဖြစ်သွားတာက အမေရိက
ကျနော့်သူငယ်ချင်းတွေအကြံပေးလို့ဖြစ်ပါတယ်။ သူတို့က ဘာလို့ အမြဲတက်ကြွနေတယ်၊
အရပ်ရှည်တယ် အသားဖြူတယ် ဘာကြောင့်လဲလို့မေးတော့ သူတို့က ဂျုံဖြစ်အစားအစာကို
များများစားပေးဖို့ ပြီးတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့အကြံပြုကြပါတယ်။ ကျနော်လည်း
သူတို့ပေးတဲ့အကြံအတိုင်း စွဲစွဲမြဲမြဲလုပ်ဖြစ်သွားပါတယ်။ ဂျုံကဖြစ်တဲ့အစားအစာကို စားရင်
အစာခံတယ်၊ ပြီးတော့ ထမင်းဟင်းများလို အဆီရစ်တာမျိုးမရှိတော့ လန်းဆန်းတက်ကြွတဲ့
အကျိုးကျေးဇူး လက်ငင်းရပါတယ်။ (ဒါက ဂျုံဖြစ်အစားအစာအနေနဲ့ ပတ်သက်လို့ ကိုယ်တွေ့
ဖောက်သည်ချပြတာပါ) ဟမ်ဘာဂါကို မိသားစုနဲ့ ကိုယ့်အိမ်မှာပဲ ရိုးရှင်းလွယ်ကူပြီး အကုန်ကျလဲသက်သာ
လူတိုင်းအိမ်မှာလုပ်စားလို့ရတဲ့နည်းကို Dar Lay တင်ထားတာတွေ့လို့ အောက်ပါအတိုင်း
ပြန်တင်ပြပေးပါတယ်။

၁။ ကြက်သား အစိတ်သားကို ရေစင်အောင်ဆေး အရိုးဖယ်..
၂။ ကြိတ်စက် ဖြင့်ကြိတ်ပြီး ငရုတ်ကောင်းမှုန့် ကြက်သားမှုန့်
၃။ ကော်မှုန့်စတီးဇွန်း၂ဇွန်း ထောပတ်၁ဇွန်း ကြက်ဥ၁လုံးနဲ့
၄။ သမအောင်နယ်ပြီး ဒယ်အိုးထဲဆီထည့်ပြီး ဆူပြီဆို အဝိုင်းလေးတွေလုပ်ပြီး
၅။ မီးအေးနဲ့ကြော်ပေးပါ အညိုရောင်သန်းပြီဆိုဆယ်ထားပါ .။

၁။ ဆလပ်ရွပ် သခွားသီး ခရမ်းချဉ်သီး ရေဆေး ပါးပါးလှီးပါ
၂။ ဘာဂါပေါင်မုန့်ကိုအလယ်ကနေ ကပ်ကြေးနဲ့ညှပ်ပါ
၃။ ဒယ်အိုးထဲထောပတ်၁ဇွန်းထည့်ပြီး ညှပ်ထားတဲ့ပေါင်မုန့်ကို
၄။ အိုးပူတိုက်ပါ ဒါမှပေါင်မုန့်အရသာပိုမွှေးစေမှာပါ ..။

ကင်ထားတဲ့ပေါင်မုန့်တခြမ်းကိုမရောနစ်သုတ် ပါဝင်တဲ့အသီးအရွက်
ကြော်ထားတဲအသားလေးတွေတင် ချိစ်ပြားကြိုက်ရင်ထည့် ကျန်တခြမ်းကို ဆောစ့်ချဉ်လေး
သုတ် အုပ်လိုက်ပါ။ အရမ်းစားကောင်းတယ် ဆိုင်မှာဆို၁လုံးကို၂၅၀၀ကျပ်ရှိပါတယ်..
အိမ်မှာလုပ်စားရင် အကုန်ကျသက်သာပြီး တမိသားစုလုံးလဲ စားလို့ရပါတယ်..။

Credit : Dar Lay
Credit - တက္ကသိုလ် ခွန်Rကာ

ကြက်ကြော်ဘာဂါ
---------------------------
ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံသား - ၁ ခြမ်း (၁၆၀ ဂရမ်)
ဘာဂါပေါင်မုန့် - ၄ လုံး
သကြားရည်အတွက်
လိုအပ်တာတွေကတော့
သကြား - ၁ ခွက်
ရေ - ခွက်တစ်ဝက်

Marinate အတွက်
လိုအပ်တာတွေကတော့
ပဲငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သွန်ဖြူမှုန့်ရည် - စားပွဲဇွန်း ၁ ဇွန်း
(ကြက်သွန်ဖြူကို ထောင်းပြီး အရည်ညှစ်ယူပါ)
ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့် } လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
အမည်း
Coating အတွက် လိုအပ်တာတွေကတော့
ဂျုံမှုန့် - ၁ ခွက်
ပြောင်းဖူးမှုန့် - ၁/၂ ခွက်
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် } လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
အမည်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အသားကို ကြက်ဥထဲနှစ်ရန်
ကြက်ဥ - ၁ လုံး
နွားနို့ - စားပွဲဇွန်း ၄ ဇွန်း

Sauce အတွက် လိုအပ်တာတွေကတော့
မရောနိစ် - စားပွဲဇွန်း ၄ ဇွန်း
ငရုတ်သီးဆော့စ် - စားပွဲဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီးဆော့စ် Ketchup - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
ကြက်ရင်ပုံသားကို နှစ်ခြမ်း ခြမ်းပါ။ ပြီးလျှင် ပါး သွားအောင် ထုပေးပါ။ ဇလုံထဲကို ABC ပဲငံပြာရည် အကြည်၊ ဆား၊ ကြက်သွန်ဖြူရည်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းထည့်ပြီး မွှေပါ။ ပြီးလျှင် ထုထားတဲ့ ကြက်သားထည့်ပြီး နယ်ပါ။ ၂၀ မိနစ်ခန့် နှပ်ထားပါ။ ဆော့စ်မွှေရန်အတွက် ဇလုံထဲကို မရောနိစ်၊ ငရုတ်သီး ဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်ကို ရောပြီး မွှေပါ။ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်၊ ငရုတ်သီးမှုန့်၊ ဆားတို့ကို ဗန်းတစ်ခုထဲ မှာ ထည့်ပြီး မွှေထားပါ။ ကြက်ဥနဲ့ နွားနို့ကို ဇလုံ တစ်လုံးထဲထည့်ပြီး ခေါက်ထားပါ။ နှပ်ထားတဲ့ ကြက်သားကို ဂျုံတွင်လူးပါ။ ပြီးလျှင် ခေါက်ထားတဲ့ ကြက်ဥတွင်နှစ်ပါ။ ပြီးလျှင် ဂျုံပြန်လူးပါ။ ကြက်ဥတွင် ဒုတိသအကြိမ် နှစ်ပါ။ နောက်ဆုံးမှာ ဂျုံတွင် ပြန်လူးပြီး ပန်းကန်ပြားထဲ ထည့်ထားပါ။ ကပ်နေတဲ့ ဂျုံမှုန့်အနည်းငယ်ကို ခါချပါ။ ပြီးလျှင် ဆီပူတွင် တစ်ဖက်ကို ၃-၄ မိနစ် ခန့်ကြော်ပါ။

Coleslaw အတွက် လိုအပ်တာတွေကတော့
ဂေါ်ဖီ - ၁၅၀ ဂရမ်(သေးသေးလှီးထားပါ)
မုန်လာဥနီ - ၁/၂ ချောင်း (ခြစ်ဖြင့်ခြစ်ထားပါ)
သံပရာရည် - ၁ ခြမ်း
မရောနိစ် - စားပွဲဇွန်း ၄ ဇွန်း
ဆား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်

ပြုလုပ်နည်း
Coleslaw အတွက် လိုအပ်တာတွေကို ဇလုံထဲ ထည့်ပြီး မွှေထားပါ။ ကြော်ထားတဲ့ ကြက်သား ၁ ခြမ်း ကို ၂ ပိုင်းဖြတ်ပါ။ ကြက်သား ၂ ခြမ်းဆိုတော့
ကြက်သားကြော် ၄ ပိုင်းရပါမယ်။ ဘာဂါပေါင်မုန့်ကို ထက်ခြမ်း ခြမ်းပါ။ တစ်ခြမ်းမှာ စက်ထားတဲ့ ဆော့စ် သုတ်ပေးပါ။ ပြီးလျှင် ကြက်သားကြော် ၁ ပိုင်း တင်ပါ။ ခရမ်းချဉ်သီး ၂ ကွင်းကို ကြက်သားပေါ်မှာ တင်ပါ။ ပြီးလျှင် ဆလတ်ရွက်ကို ခရမ်းချဉ်သီးပေါ်မှာ တင်ပါ။ နောက်ဆုံးမှာ Coleslaw များများတင်ပြီး ဘာဂါ တစ်ခြမ်းကို တင်လိုက်ပါ။
------------------------------

အသီးအရွက်အသားငါးတွေကို ဘယ်လိုသိမ်းမလဲစျေးခဏခဏမသွားနိုင်တဲ့ကာလမှာ အသားငါး အသီးအရွက်အစုံရေခဲသေတ္တာထဲခံအောင် ကြာကြာထားလို့ရ...
06/07/2022

အသီးအရွက်အသားငါးတွေကို ဘယ်လိုသိမ်းမလဲ

စျေးခဏခဏမသွားနိုင်တဲ့ကာလမှာ
အသားငါး အသီးအရွက်အစုံ
ရေခဲသေတ္တာထဲခံအောင်
ကြာကြာထားလို့ရတဲ့ အာနိသင်လည်းရှိတဲ့
ပြုလုပ်လေ့ရှိတဲ့
နည်းလမ်းလေးတွေပါ 🍐🍎🍏🍐🍉🥭🍑🍒🍓🍇

အသားဆို ဆားနနွင်းနယ်ပြီး ကော်ဘူးထဲထည့်သိမ်းလို့ရပါတယ် (ကြက် ၀က် အမဲသား ဘဲသား အသားစုံထိုနည်းအတိုင်းပါ)

ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကျက်နေအောင်ပြုပ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်🍤🍤🍤

ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်

ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်

ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး
စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး
သိမ်းနိုင်ပါတယ်

ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်

ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်

ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်

မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ် 🥕🥕🥕

မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်

မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ် 🥬🥬🥬

မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်

ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်

ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်

ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်

ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ်
အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်

နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး
အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်

ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ်
ဖြန့်ထားကာ ထားနိုင်ပါတယ် 🌶🌶🌶

ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်🥦🥦🥦

ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်

ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ် 🍆🍆🍆

သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ် 🍋🍋🍋

သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်

ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်

အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ် 🍎🍇🍊🍋

ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါ
အရောင်တင်မှုန့်ထည့်ပြီး
ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ
သိမ်းနိုင်ပါတယ်

ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ အမှည့်ကြာစေတာမို့
အပြင်မှာဘဲထားစားပါ

ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ

ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဖူး အနံ့တွေနံတတ်လို့ပါ သိမ်းချင်ရင်နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်😇

မီးဖိုချောင်အတွက်ပြည့်ပြည့်စုံစုံရေးထားလို့ မူရင်းရေးသူကို credit ပေးပါတယ်နော်။
Credit to Original Writer

ကျန်းမားရေး အတွက်လည်း ကောင်းသလို အားလည်းရှိ အရသာလည်းရှိ ကော်လာဂျင်ဓါတ်လည်းရမည့် ဟင်းချိုမှုန့် (လုံးဝ)အသုံးမပြုထားတဲ့ ဆိ...
05/07/2022

ကျန်းမားရေး အတွက်လည်း ကောင်းသလို အားလည်းရှိ အရသာလည်းရှိ ကော်လာဂျင်ဓါတ်လည်းရမည့် ဟင်းချိုမှုန့် (လုံးဝ)အသုံးမပြုထားတဲ့ ဆိတ်စွပ်ပြုတ် ရပါပြီ
တစ်ပွဲ/3000
လုံးဝအညီနံ့မရအောင် စနစ်တကျ ချက်ပြုတ် ထားပါသည်

*ဆိတ်ကုန်ကြမ်း ရှားပါးပြီး စျေးကြီးသည့်အတွက်အများကြီးထည့် မရောင်းနိုင်တာကို နားလည်ပေးစေလိုပါတယ်*

#ဆွေမိတ္တစားသောက်ဆိုင်
*နမ့်စန်-ခိုလမ်.. သို့သွားသည့်မိန်းလမ်းမပေါ်
*သိန်းသန်း တည်းခိုခန်းမျက်စောင်းထိုး/
Gold Family အထည်ဆိုင်ရှေ့တည့်တည့်ပါဗျ
Ph. 09-880188917
Ph. 09-784369875

28/06/2022
Coming soonMongolion Beef
20/06/2022

Coming soon

Mongolion Beef

Coming soonကြက်ဆာတေး
20/06/2022

Coming soon

ကြက်ဆာတေး

Address

Pyi Hyaung Su
Namsang

Opening Hours

Monday 07:30 - 22:00
Tuesday 07:30 - 22:00
Wednesday 07:30 - 22:00
Thursday 07:30 - 22:00
Friday 07:30 - 22:00
Saturday 07:30 - 22:00
Sunday 07:30 - 22:00

Telephone

+959784369875

Website

Alerts

Be the first to know and let us send you an email when Swę Matĕ Ţă posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swę Matĕ Ţă:

Share

Category