Sar Taw Chet Sichuan Restaurant

Sar Taw Chet Sichuan Restaurant "စစ်မှန်တဲ့ စီချွမ်အရသာ"

20/08/2026

စားကောင်းတာထက်ပိုတဲ့ အရာတစ်ခုရှိပါတယ်… ❤️

ဧည့်သည်တွေ စိတ်ချမ်းသာပျော်ရွှင်စွာ
အတူတူစား၊ အတူတူရယ်ပြီး
အချိန်ကောင်းလေးတွေ ဖြတ်သန်းနေကြတာကို မြင်ရတာပါ။ 🥢🌶️

ဒီလိုပျော်ရွှင်တဲ့အချိန်လေးတွေကို
ကျွန်တော်တို့ဆိုင်မှာ ဖန်တီးပေးနိုင်တာ
တကယ်ဝမ်းသာပါတယ်။ ❤️

လာရောက်အားပေးကြတဲ့ ဧည့်သည်တိုင်းကို
ကျေးဇူးအများကြီးတင်ပါတယ်။ 🙏

#မြစ်ကြီးနား #စားတော်ချက်

19/08/2026

ဒီလိုမြင်ကွင်းမျိုးက
ဆိုင်ပိုင်ရှင်တစ်ယောက်အနေနဲ့ အမြဲမြင်ချင်တဲ့ မြင်ကွင်းပါ ❤️‍🔥

ဆိုင်ထဲမှာ ထိုင်ခုံတွေပြည့်၊
စားပွဲတိုင်းမှာ ဧည့်သည်တွေနဲ့ပြည့်နေတဲ့အချိန်…

ကျွန်တော်တို့ကို ယုံကြည်ပြီး
လာရောက်အားပေးကြတဲ့အတွက်
တကယ်ကို ကျေးဇူးတင်ပါတယ်။ 🙏❤️

ဒီထက်ပိုကောင်းတဲ့ အရသာ၊
ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှုနဲ့
ပြန်လည်ပေးဆပ်နိုင်အောင် ဆက်ကြိုးစားပါမယ်။ 🌶️🥢

#မြစ်ကြီးနား #စားတော်ချက်

18/08/2026

ဒီနေ့ထက် မနက်ဖြန်ပိုကောင်းတဲ့ စားတော်ချက် ဖြစ်အောင်
ဆက်ပြီးကြိုးစားနေပါတယ် ❤️🌶️

နေ့တိုင်း သင်ယူတယ်၊
နေ့တိုင်း မှားခဲ့တဲ့အမှားတွေကနေ ပြန်သင်ယူတယ်၊
နေ့တိုင်း မနေ့ကထက် ပိုကောင်းအောင် ကြိုးစားရမယ်။ 💪

#စားတော်ချက် # မြစ်ကြီးနား

🌶️ စားတော်ချက် စီချွမ်စားသောက်ဆိုင်ရေရှည်လက်တွဲလုပ်ကိုင်မည့် အဖွဲ့ဝင်အသစ်များကို ဖိတ်ခေါ်နေပါသည်စစ်မှန်သော စီချွမ်အရသာ န...
18/08/2026

🌶️ စားတော်ချက် စီချွမ်စားသောက်ဆိုင်

ရေရှည်လက်တွဲလုပ်ကိုင်မည့် အဖွဲ့ဝင်အသစ်များကို ဖိတ်ခေါ်နေပါသည်

စစ်မှန်သော စီချွမ်အရသာ နှင့် ကောင်းမွန်သောဝန်ဆောင်မှု ကို ပေးအပ်ရန် အစဉ်ကြိုးစားနေသော “စားတော်ချက် စီချွမ်စားသောက်ဆိုင်” တွင် ရိုးသားကြိုးစားပြီး ရေရှည်တိုးတက်လိုသူများကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

⸻

📌 ခေါ်ယူနေသောရာထူးများ

🍽️ Waitress – (၃) ဦး

* အသက် (၁၆) နှစ်မှ (၂၅) နှစ်အတွင်း

👨‍🍳 Junior Cook – ကျား/မ (၂) ဦး

* အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း

🥬 Kitchen Helper – မ (၂) ဦး

* အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်း

⸻

✅ လိုအပ်ချက်များ

✔️ ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။

✔️ ရိုးသား၍ တာဝန်ယူမှုရှိပြီး အလုပ်ကြိုးစားလိုစိတ်ရှိသူ ဖြစ်ရမည်။

✔️ စားသောက်ဆိုင်လုပ်ငန်းကို စိတ်ဝင်စားသူ ဖြစ်ရမည်။

✔️ တစ်ကိုယ်ရေသန့်ရှင်းမှုကောင်းမွန်ပြီး လူမှုဆက်ဆံရေးပြေပြစ်ရမည်။

✔️ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

✔️ အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

✔️ အနည်းဆုံး (၁) နှစ် ရေရှည်လုပ်ကိုင်နိုင်သူများသာ လျှောက်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်
Junior Cook ရာထူးအတွက် အတွေ့အကြုံရှိသူကို ဦးစားပေးမည်ဖြစ်ပြီး၊ အတွေ့အကြုံမရှိသော်လည်း သင်ယူလိုစိတ်ရှိသူများလည်း လျှောက်ထားနိုင်ပါသည်။

⸻

🎁 ခံစားခွင့်များ

🌶️ လစာညှိနှိုင်းပေးမည်။

🌶️ နေထိုင်စရာနှင့် စားသောက်စရိတ် စီစဉ်ပေးမည်။

🌶️ လစဉ် နားရက်ခံစားခွင့်ရှိသည်။

🌶️ လုပ်သက်နှင့် စွမ်းဆောင်ရည်အပေါ်မူတည်၍ နှစ်စဉ် Bonus ခံစားခွင့်ရှိသည်။

🌶️ စားသောက်ဆိုင်လုပ်ငန်းနှင့် ဟင်းချက်ကျွမ်းကျင်မှုများကို သင်ယူလေ့လာနိုင်မည့် အခွင့်အရေးရှိသည်။

🌶️ ရိုးသားကြိုးစားသူများအတွက် ရာထူးတိုးတက်နိုင်မည့် အခွင့်အရေးရှိသည်။

⸻

📍 လျှောက်ထားရန်

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါလိပ်စာသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

🏠 လိပ်စာ
အမှတ် (၁၂၀)၊ ကချင်စုရပ်ကွက်၊ ဆမားဘုံကျောင်းရှေ့၊ မြစ်ကြီးနားမြို့

📞 ဆက်သွယ်ရန်
09 450 042 948

⸻

🌶️ စားတော်ချက်နှင့်အတူ ရေရှည်လက်တွဲပြီး အတူတကွ တိုးတက်လိုပါက ယခုပဲ လာရောက်လျှောက်ထားလိုက်ပါ။

17/08/2026

သင်တန်းမဖွင့်ဘူးလား? သင်တန်းလေး ဖွင့်ပေးပါလား? မေးထားတဲ့ ညီကိုမောင်နှမများအတွက် Reply လေးပါခင်ဗျာ 🙏

စားတော်ချက်ကို ယုံယုံကြည်ကြည်နဲ့ အမြဲအားပေးလာကြတဲ့ ဧည့်သည်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ❤️

#စားတော်ချက် #မြစ်ကြီးနား

16/08/2026

ထိုင်စရာနေရာတောင် မလောက်အောင်
အားပေးကြတဲ့ ဒီမြင်ကွင်းလေး… ❤️‍🔥

ကျွန်တော်တို့အတွက်တော့
“ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားတစ်ခွန်းနဲ့ မလုံလောက်ပါဘူး။ 🙏

အားပေးကြတဲ့ ဧည့်သည်တစ်ယောက်ချင်းစီကို
အရသာကောင်းကောင်းနဲ့ ပြန်လည်ပေးဆပ်နိုင်အောင်
အမြဲကြိုးစားနေပါမယ်။ 🌶️🥢

#မြစ်ကြီးနား

11/08/2026

2022 ကတည်းက အခု 2026 ထိ… ❤️

ဆိုင်လေးစဖွင့်ခါစအချိန်ကတည်းက
အခုထိ မမေ့ဘဲ အားပေးနေကြတဲ့ Customer တွေရှိနေတာက
ကျွန်တော်တို့အတွက် တကယ်တန်ဖိုးရှိပါတယ်။ 🥹

ဆိုင်ကြီးလာတာထက်
နှစ်တွေကြာလာလည်း
“ဒါ စားတော်ချက်ရဲ့အရသာပဲ”
လို့ ခံစားရစေနိုင်တာကို ပိုဂုဏ်ယူချင်ပါတယ်။ ❤️

2022 ကတည်းက အခုထိ
အမြဲအားပေးခဲ့တဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်။ 🙏❤️

#စားတော်ချက် #မြစ်ကြီးနား

09/08/2026

“၅ နှစ်ကြာပြီးမှ ပြန်တွေ့လိုက်ရတဲ့ Table No လေး …
တစ်ချိန်က လမ်းဘေးဆိုင်လေးရဲ့ အမှတ်တရ။ ❤️”

#စားတော်ချက်

09/08/2026

“၅ နှစ်ကြာပြီးမှ ပြန်တွေ့လိုက်ရတဲ့ Table No လေး တစ်ချိန်က လမ်းဘေးဆိုင်လေးရဲ့ အမှတ်တရ။ ❤️”

#မြစ်ကြီးနား #စားတော်ချက်

09/08/2026

“၅ နှစ်ကြာပြီးမှ ပြန်တွေ့လိုက်ရတဲ့ Table No လေး တစ်ချိန်က လမ်းဘေးဆိုင်လေးရဲ့ အမှတ်တရ။ ❤️”

#မြစ်ကြီးနား #စားတော်ချက်

Address

No. 120, Kachinsu Main Road, Kachinsu Quarter, Myitkyina Township
Myitkyina

Opening Hours

Monday 11:00 - 20:00
Tuesday 11:00 - 20:00
Wednesday 11:00 - 20:00
Thursday 11:00 - 20:00
Friday 11:00 - 20:00
Saturday 11:00 - 20:00
Sunday 11:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Sar Taw Chet Sichuan Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category